International World Cup

အမ်ဘာပေက မက်ဆီကို မမီသေးဘူးလို့ ပြောခဲ့တဲ့ မန်စီးတီးဂန္တဝင်

မန်ချက်စတာစီးတီးဂန္တဝင် ဆာဂျီယို အဂွေရိုက ခီလီယန် အမ်ဘာပေဟာ ပြင်သစ်နဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထူးခြားဆန်းကြယ်ခဲ့ပေမယ့်လည်း အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမား ဖြစ်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးနဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟောင်း အဂွေရိုက အမ်ဘာပေဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားဖြစ်ခဲ့လားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးကို ချီူးကျူးပြီး တုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ခီလီယန်နဲ့ပတ်သက်ပြီး ဘာပြောရမလဲ။ သူက ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ၃ ဂိုးသွင်းယူခဲ့ပြီး အဆုံးအဖြတ်ဖြစ်တဲ့အချိန်မှာ ပင်နယ်တီကနေ ဂိုးအဖြစ် ပြောင်းလဲပေးခဲ့တယ်။ သူလည်း အရမ်းကောင်းတဲ့ ကမ္ဘာ့ဖလားကို ပိုင်ဆိုင်ခဲ့တာပါပဲ”

ဒါပေမယ့်လည်း ဆာဂျီယို အဂွေရိုက အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယွန်နယ် မက်ဆီက ကမ္ဘာ့ဖလား ရရှိသွားခဲ့သူဖြစ်တယ်ဆိုတာကို ထောက်ပြခဲ့ပေမယ့်လည်း အမ်ဘာပေက အာဂျင်တီးနားဂန္တဝင်ရဲ့ အဆင့်အတန်းကို ရောက်ရှိနိုင်ဖို့ အချိန်ရှိသေးတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒါပေမယ့် ဒီနေ့မှာ လီယိုက ကမ္ဘာ့ဖလားရခဲ့ပါတယ်။ အမ်ဘာပေက အသက် ၂၃ နှစ်ပဲ ရှိသေးပြီး ကမ္ဘာ့ဖလားချန်ပီယံနဲ့ ဒုတိယတောင်ဖြစ်ပြီးပါပြီ။ သူက ဒီထက်ပိုပြီးတော့ ဆုဖလားတွေ ရဦးမှာသေချာပါတယ်။ ဘာလို့လဲဆိုတော့ သူက အရမ်းကို အရည်အချင်းရှိပြီး အရမ်းကို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ကစားသမားဖြစ်နေလို့ပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက်လုံး ပြင်သစ်အသင်းအတွက် ကြီးကျယ်ခမ်းနားခဲ့သူဖြစ်ပြီး အသင်းက ဆုဖလားမရရှိခဲ့ပေမယ့်လည်း သွင်းဂိုး ၈ ဂိုးနဲ့ ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီကလည်း အာဂျင်တီးနားအသင်းရဲ့ အောင်မြင်မှုမှာ အဓိကလူ ဖြစ်ခဲ့တာဖြစ်ပြီး ကာတာမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ကမ္ဘာ့ဖလား ရွှေဘောလုံးဆုကို ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးဂႏၲဝင္ ဆာဂ်ီယို အေဂြ႐ိုက ခီလီယန္ အမ္ဘာေပဟာ ျပင္သစ္နဲ႔အတူ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ထူးျခားဆန္းၾကယ္ခဲ့ေပမယ့္လည္း အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ ကမာၻေပၚက အေကာင္းဆုံးကစားသမား ျဖစ္ေနဆဲျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးနဲ႔ အာဂ်င္တီးနားတိုက္စစ္မႉးေဟာင္း အေဂြ႐ိုက အမ္ဘာေပဟာ ကမာၻေပၚက အေကာင္းဆုံးကစားသမားျဖစ္ခဲ့လားလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးကို ခ်ီဴးက်ဴးၿပီး တုံ႔ျပန္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ခီလီယန္နဲ႔ပတ္သက္ၿပီး ဘာေျပာရမလဲ။ သူက ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ၃ ဂိုးသြင္းယူခဲ့ၿပီး အဆုံးအျဖတ္ျဖစ္တဲ့အခ်ိန္မွာ ပင္နယ္တီကေန ဂိုးအျဖစ္ ေျပာင္းလဲေပးခဲ့တယ္။ သူလည္း အရမ္းေကာင္းတဲ့ ကမာၻ႔ဖလားကို ပိုင္ဆိုင္ခဲ့တာပါပဲ”

ဒါေပမယ့္လည္း ဆာဂ်ီယို အေဂြ႐ိုက အသက္ ၃၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ လီယြန္နယ္ မက္ဆီက ကမာၻ႔ဖလား ရရွိသြားခဲ့သူျဖစ္တယ္ဆိုတာကို ေထာက္ျပခဲ့ေပမယ့္လည္း အမ္ဘာေပက အာဂ်င္တီးနားဂႏၲဝင္ရဲ႕ အဆင့္အတန္းကို ေရာက္ရွိႏိုင္ဖို႔ အခ်ိန္ရွိေသးတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဒါေပမယ့္ ဒီေန႔မွာ လီယိုက ကမာၻ႔ဖလားရခဲ့ပါတယ္။ အမ္ဘာေပက အသက္ ၂၃ ႏွစ္ပဲ ရွိေသးၿပီး ကမာၻ႔ဖလားခ်န္ပီယံနဲ႔ ဒုတိယေတာင္ျဖစ္ၿပီးပါၿပီ။ သူက ဒီထက္ပိုၿပီးေတာ့ ဆုဖလားေတြ ရဦးမွာေသခ်ာပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက အရမ္းကို အရည္အခ်င္းရွိၿပီး အရမ္းကို ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိတဲ့ ကစားသမားျဖစ္ေနလို႔ပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲတေလွ်ာက္လုံး ျပင္သစ္အသင္းအတြက္ ႀကီးက်ယ္ခမ္းနားခဲ့သူျဖစ္ၿပီး အသင္းက ဆုဖလားမရရွိခဲ့ေပမယ့္လည္း သြင္းဂိုး ၈ ဂိုးနဲ႔ ကမာၻ႔ဖလား ေ႐ႊဖိနပ္ဆုကို ရရွိခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီကလည္း အာဂ်င္တီးနားအသင္းရဲ႕ ေအာင္ျမင္မႈမွာ အဓိကလူ ျဖစ္ခဲ့တာျဖစ္ၿပီး ကာတာမွာ ျပသခဲ့တဲ့ စြမ္းေဆာင္ရည္ေတြေၾကာင့္ ကမာၻ႔ဖလား ေ႐ႊေဘာလုံးဆုကို ေပးအပ္ခ်ီးျမႇင့္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.