International World Cup

ပရိသတ်တွေ ထိန်းမရလို့ ဟယ်လီကော်ပတာနဲ့ခေါ်ထုတ်တာခံခဲ့ရတဲ့ အာဂျင်တီးနားအသင်းသားများ

အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလား အောင်ပွဲခံလှည့်လည်မှုဟာ ကစားသမားတွေကို ဟယ်လီကော်ပတာနဲ့ ခေါ်ထုတ်ခဲ့ရတာကြောင့် ပွဲပျက်ခဲ့ရပါတယ်။

ဗွေနိုး ဇာရီစ်မြို့မှာ ထိန်းမနိုင်သိမ်းမရ အောင်ပွဲခံမှုတွေဟာ ပရိသတ်တွေက တံတားပေါ်ကနေ အာဂျင်တီးနားအသင်းရဲ့ အမိုးဖွင့် ဘတ်စ်ကားပေါ်ကို ခုန်ချခဲ့ချိန်မှာ ပိုလို့တောင် ဆိုးရွားသွားခဲ့တာဖြစ်ပါတယ်။

ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်ထဲမှာ ပရိသတ်တစ်ဦးဟာ ခုံးကျော်တံတားပေါ်ကကနေ ဘတ်စ်ကားပေါ်ကို ခုန်ချခဲ့တာကို မြင်တွေ့ခဲ့ရပြီး ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ကားပေါ်ကို ခုန်ချခဲ့တဲ့ အာဂျင်တီးနားပရိသတ်ဟာ ခြေချော်ပြီးတော့ ဘတ်စ်ကားပေါ်ကနေ နောက်လန်လဲကျခဲ့ပြီးနောက် လူပင်လယ်ထဲကို ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ်ဗီဒီယိုဖိုင်တစ်ခုထဲမှာလည်း တစ်စုံတယောက်ကို ထမ်းစင်နဲ့ ခေါ်ထုတ်သွားခဲ့ရတာကို မြင်တွေ့ခဲ့ရပြီး ဘတ်စ်ကားပေါ်ကနေ ပြုတ်ကျခဲ့တဲ့လူပဲလားဆိုတာကိုတော့ မသိရသေးတာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းရဲ့ ကမ္ဘာ့ဖလားနဲ့ အောင်ပွဲခံလှည့်လည်မှုဟာ ဝရုန်းသုန်းကားအခြေအနေ ဖြစ်သွားခဲ့တာဖြစ်ပြီး ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့တဲ့အချိန်မှာ ပရိသတ်တွေက လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့် သတင်းရင်းမြစ်တွေပြောတာကတော့ ရော်နယ်လ်ဒို ပရိသတ်က သူ့အတွက် ကမ္ဘာ့ဖလားကို ခိုးပေးဖို့ ကြိုးပမ်းတာလို့ သိရပါတယ်”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ဟာသဖောက်ခဲ့ပြီး နောက်ထပ်တွစ်တာအသုံးပြုသူတစ်ဦးကလည်း “သူတို့အတွက် ဒီလိုထိုင်ခုံတွေနဲ့ပတ်သက်ပြီး ပြန်စဉ်းစားရမယ့်အချိန်လို့ ထင်တယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ရလဒ်အနေနဲ့ အာဂျင်တီးနားအသင်းရဲ့ အောင်ပွဲခံလှည့်လည်မှု အစီအစဉ်ကို ရပ်တန့်ခဲ့ရပြီး ဘတ်စ်ကားနဲ့ ရှေ့ဆက်သွားလို့မရဘဲ ပိတ်မိနေတာကြောင့် ဟယ်လီကော်ပတာနဲ့ နေရာကနေ စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။

“အာဂျင်တီးနားဘေားလုံးအသင်း ကစားသမားတွေဟာ မြို့ထဲမှာ စုဝေးနေတဲ့ ပရိသတ်အုပ်စုကြီးကို ဟယ်လီကော်စတာနဲ့ ကျော်လွှားပြီး လှည့်လည်အောင်ပွဲခံမှုကို အဆုံးသတ်ခဲ့ပါတယ်။ သူတို့တွေ လူအုပ်ကြီးရဲ့အလယ်မှာ ဘတ်စ်ကားနဲ့ ရှေ့ဆက်သွားလို့မရနိုင်တော့ဘူးဆိုတာကို စိစစ်ပြီးမှ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါ”လို့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားရဲ႕ ကမာၻ႔ဖလား ေအာင္ပြဲခံလွည့္လည္မႈဟာ ကစားသမားေတြကို ဟယ္လီေကာ္ပတာနဲ႔ ေခၚထုတ္ခဲ့ရတာေၾကာင့္ ပြဲပ်က္ခဲ့ရပါတယ္။

ေဗြႏိုး ဇာရီစ္ၿမိဳ႕မွာ ထိန္းမႏိုင္သိမ္းမရ ေအာင္ပြဲခံမႈေတြဟာ ပရိသတ္ေတြက တံတားေပၚကေန အာဂ်င္တီးနားအသင္းရဲ႕ အမိုးဖြင့္ ဘတ္စ္ကားေပၚကို ခုန္ခ်ခဲ့ခ်ိန္မွာ ပိုလို႔ေတာင္ ဆိုး႐ြားသြားခဲ့တာျဖစ္ပါတယ္။

ပ်ံ႕ႏွံ႔လာတဲ့ ဗီဒီယိုဖိုင္ထဲမွာ ပရိသတ္တစ္ဦးဟာ ခုံးေက်ာ္တံတားေပၚကကေန ဘတ္စ္ကားေပၚကို ခုန္ခ်ခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ေၾကာက္မက္ဖြယ္ ျမင္ကြင္းတစ္ခုကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ကားေပၚကို ခုန္ခ်ခဲ့တဲ့ အာဂ်င္တီးနားပရိသတ္ဟာ ေျခေခ်ာ္ၿပီးေတာ့ ဘတ္စ္ကားေပၚကေန ေနာက္လန္လဲက်ခဲ့ၿပီးေနာက္ လူပင္လယ္ထဲကို ျပဳတ္က်သြားခဲ့တာ ျဖစ္ပါတယ္။

ေနာက္ထပ္ဗီဒီယိုဖိုင္တစ္ခုထဲမွာလည္း တစ္စုံတေယာက္ကို ထမ္းစင္နဲ႔ ေခၚထုတ္သြားခဲ့ရတာကို ျမင္ေတြ႕ခဲ့ရၿပီး ဘတ္စ္ကားေပၚကေန ျပဳတ္က်ခဲ့တဲ့လူပဲလားဆိုတာကိုေတာ့ မသိရေသးတာျဖစ္ပါတယ္။ အာဂ်င္တီးနားအသင္းရဲ႕ ကမာၻ႔ဖလားနဲ႔ ေအာင္ပြဲခံလွည့္လည္မႈဟာ ဝ႐ုန္းသုန္းကားအေျခအေန ျဖစ္သြားခဲ့တာျဖစ္ၿပီး ဗီဒီယိုဖိုင္ေတြ လူမႈကြန္ရက္ေပၚ ပ်ံ႕ႏွံ႔လာခဲ့တဲ့အခ်ိန္မွာ ပရိသတ္ေတြက လ်င္လ်င္ျမန္ျမန္ပဲ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ့္ သတင္းရင္းျမစ္ေတြေျပာတာကေတာ့ ေရာ္နယ္လ္ဒို ပရိသတ္က သူ႔အတြက္ ကမာၻ႔ဖလားကို ခိုးေပးဖို႔ ႀကိဳးပမ္းတာလို႔ သိရပါတယ္”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ဟာသေဖာက္ခဲ့ၿပီး ေနာက္ထပ္တြစ္တာအသုံးျပဳသူတစ္ဦးကလည္း “သူတို႔အတြက္ ဒီလိုထိုင္ခုံေတြနဲ႔ပတ္သက္ၿပီး ျပန္စဥ္းစားရမယ့္အခ်ိန္လို႔ ထင္တယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ရလဒ္အေနနဲ႔ အာဂ်င္တီးနားအသင္းရဲ႕ ေအာင္ပြဲခံလွည့္လည္မႈ အစီအစဥ္ကို ရပ္တန႔္ခဲ့ရၿပီး ဘတ္စ္ကားနဲ႔ ေရွ႕ဆက္သြားလို႔မရဘဲ ပိတ္မိေနတာေၾကာင့္ ဟယ္လီေကာ္ပတာနဲ႔ ေနရာကေန စြန႔္ခြာဖို႔ ဆုံးျဖတ္ခဲ့ရတာျဖစ္ပါတယ္။

“အာဂ်င္တီးနားေဘားလုံးအသင္း ကစားသမားေတြဟာ ၿမိဳ႕ထဲမွာ စုေဝးေနတဲ့ ပရိသတ္အုပ္စုႀကီးကို ဟယ္လီေကာ္စတာနဲ႔ ေက်ာ္လႊားၿပီး လွည့္လည္ေအာင္ပြဲခံမႈကို အဆုံးသတ္ခဲ့ပါတယ္။ သူတို႔ေတြ လူအုပ္ႀကီးရဲ႕အလယ္မွာ ဘတ္စ္ကားနဲ႔ ေရွ႕ဆက္သြားလို႔မရႏိုင္ေတာ့ဘူးဆိုတာကို စိစစ္ၿပီးမွ ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့တာပါ”လို႔ အာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္ ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.