International World Cup

ကမ္ဘာ့ဖလားအပြီး တသက်တာအကောင်းဆုံးကစားသမား ၅ ဦးကို သတ်မှတ်ခဲ့တဲ့ ကာရေဂါ

လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက ၎င်းရဲ့ တသက်တာအကောင်းဆုံး ဘောလုံးသမား ၅ ဦးစာရင်းထဲမှာ အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ် မက်ဆီနဲ့ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို ထည့်သွင်းခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်းကို တနင်္ဂနွေနေ့ညမှာ ကမ္ဘာ့ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် တသက်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် ပြင်သစ်နဲ့ ကစားခဲ့တဲ့ပွဲစဉ် ပုံမှန်ပွဲကစားချိန်အတွင်း ၂ ဂိုး သွင်းယူပေးခဲ့သူဖြစ်ပြီး ကစားသမားဘဝမှာ အလိုအပ်ဆုံးဖြစ်တဲ့ ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနား၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့အတွက် ပွဲပေါင်း ၁၀၀၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၇၉၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃၈၇ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ ၁၈ နှစ်ကြာ ကစားသမားဘဝအတွင်း ဆုဖလားပေါင်း ၄၂ လုံးအထိ အံ့အားသင့်ဖွယ် ကိုင်မြှောက်ထားနိုင်ခဲတာဖြစ်ပြီး ရော်နယ်လ်ဒိုကလည်း ကလပ်အသင်းနဲ့နိုင်ငံအသင်းတို့အတွက် တောက်ပတဲ့စွမ်းဆောင်ရည်တွေကြောင့် တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ယူဆခြင်းခံထားရတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပေါ်တူဂီ၊ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဗျူဗင်တပ်၊ စပိုပတင်းလစ္စဘွန်းအသင်းတို့အတွက် ပွဲပေါင်း ၁၁၄၅ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၈၁၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၆၆ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး ဆုဖလားပေါင်း ၃၄ လုံး ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

တွစ်တာမှာ စကားပြောဆိုရာမှာ ကာရေဂါက တသက်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ထားတဲ့ ၎င်းရဲ့စာရင်းကို ထုတ်ဖော်ပြောကြားခဲ့ပြီး လီယွန်နယ် မက်ဆီက ပထမ၊ အာဂျင်တီးနားဂန္တဝင် မာရာဒိုနာက ဒုတိယ၊ ဘရာဇီးလ်ဂန္တဝင် ပီလီက တတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ပြင်သစ်ဂန္တဝင်ကွင်းလယ်ကစားသမား ဇီဒန်းတို့ကတော့ အဆင့် ၄၊ ၅ နေရာတွေမှာ အသီးသီး ရပ်တည်နိုင်ခဲ့ကြတာဖြစ်ပြီး ကာရေဂါက ဇီဒန်းရဲ့နေရာမှာ နယ်သာလန်ဂန္တဝင် ယိုဟန် ခရိုက်ဖ်နဲ့ လဲရင်လည်း လဲနိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါက ၎ရဲ႕ တသက္တာအေကာင္းဆုံး ေဘာလုံးသမား ၅ ဦးစာရင္းထဲမွာ အာဂ်င္တီးနားၾကယ္ပြင့္ လီယြန္နယ္ မက္ဆီနဲ႔ ေပၚတူဂီၾကယ္ပြင့္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ကို ထည့္သြင္းခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနားအသင္းကို တနဂၤေႏြေန႔ညမွာ ကမာၻ႔ဖလား ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီးေနာက္ တသက္တာအေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရသူျဖစ္ပါတယ္။ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးဟာ ကမာၻ႔ဖလားဗိုလ္လုပြဲအျဖစ္ ျပင္သစ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္ ပုံမွန္ပြဲကစားခ်ိန္အတြင္း ၂ ဂိုး သြင္းယူေပးခဲ့သူျဖစ္ၿပီး ကစားသမားဘဝမွာ အလိုအပ္ဆုံးျဖစ္တဲ့ ဆုဖလားႀကီးကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနား၊ ဘာစီလိုနာနဲ႔ ပီအက္စ္ဂ်ီအသင္းတို႔အတြက္ ပြဲေပါင္း ၁၀၀၃ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၇၉၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃၈၇ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိ အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးဟာ ၁၈ ႏွစ္ၾကာ ကစားသမားဘဝအတြင္း ဆုဖလားေပါင္း ၄၂ လုံးအထိ အံ့အားသင့္ဖြယ္ ကိုင္ေျမႇာက္ထားႏိုင္ခဲတာျဖစ္ၿပီး ေရာ္နယ္လ္ဒိုကလည္း ကလပ္အသင္းနဲ႔ႏိုင္ငံအသင္းတို႔အတြက္ ေတာက္ပတဲ့စြမ္းေဆာင္ရည္ေတြေၾကာင့္ တသက္တာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ ယူဆျခင္းခံထားရတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ေပၚတူဂီ၊ မန္ခ်က္စတာယူႏိုက္တက္၊ ရီးရဲလ္မက္ဒရစ္၊ ဗ်ဴဗင္တပ္၊ စပိုပတင္းလစၥဘြန္းအသင္းတို႔အတြက္ ပြဲေပါင္း ၁၁၄၅ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၈၁၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂၆၆ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီး ဆုဖလားေပါင္း ၃၄ လုံး ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

တြစ္တာမွာ စကားေျပာဆိုရာမွာ ကာေရဂါက တသက္တာအေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ထားတဲ့ ၎ရဲ႕စာရင္းကို ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး လီယြန္နယ္ မက္ဆီက ပထမ၊ အာဂ်င္တီးနားဂႏၲဝင္ မာရာဒိုနာက ဒုတိယ၊ ဘရာဇီးလ္ဂႏၲဝင္ ပီလီက တတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ျပင္သစ္ဂႏၲဝင္ကြင္းလယ္ကစားသမား ဇီဒန္းတို႔ကေတာ့ အဆင့္ ၄၊ ၅ ေနရာေတြမွာ အသီးသီး ရပ္တည္ႏိုင္ခဲ့ၾကတာျဖစ္ၿပီး ကာေရဂါက ဇီဒန္းရဲ႕ေနရာမွာ နယ္သာလန္ဂႏၲဝင္ ယိုဟန္ ခ႐ိုက္ဖ္နဲ႔ လဲရင္လည္း လဲႏိုင္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.