International World Cup

Topless နဲ့ အောင်ပွဲခံခဲ့လို့ ထောင်ကျနိုင်တဲ့ အာဂျင်တီးနားဖန် ကောင်မလေး

အာဂျင်တီးနားပရိသတ် ကောင်မလေးတစ်ဦးဟာ အာဂျင်တီးနားအသင်းက ပြင်သစ်အသင်းကို တနင်္ဂနွေနေ့ညမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အပေါ်ပိုင်း ဗလာကျင်းပြီး အောင်ပွဲခံခဲ့တာကို တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေခဲ့တဲ့ ပရိသတ်တွေအားလုံး မြင်တွေ့ခဲ့ရပြီးနောက် ကာတာမှာ ထောင်ဒဏ်ကျခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဂွန်ဇာလို မွန်တီရယ်ရဲ့ အဆုံးအဖြတ်ပင်နယ်တီ ကန်သွင်းပြီးနောက် ကင်မရာတွေက အောင်ပွဲခံနေတဲ့ အာဂျင်တီးနားပရိသတ်တွေဘက်ကို လှည့်ခဲ့တာဖြစ်ပြီး ပရိသတ်တွေထဲမှာ ဆံပင်ရွှေရောင်နဲ့ အမျိုးသမီးငယ်တစ်ဦးကို ကင်မရာက မျှော်လင့်ထားတာထက် အချိန်ကြာကြာ ရိုက်ကူးပြသခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်ကတည်းက ပရိသတ်တွေဟာ ကာတာရဲ့ တင်းကြပ်တဲ့ ဓလေ့ထုံးတမ်းတွေကို လေးစားဖို့ လိုအပ်တဲ့အကြောင်း သတိပေးခြင်းခံခဲ့ရတာဖြစ်ပြီး ကာတာ ခရီးသွားလာရေးဌာန အာဏာပိုင်တွေက “ဧည့်သည်တွေ(အမျိုးသမီးရော အမျိုးသားပါ)သည် လူမြင်ကွင်းမှာ အဝတ်အစားကို အလွန်အကျွံ ဖော်ကျူးဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် ဒေသတွင်း ယဉ်ကျေးမှုကို လေးစားမှု ပြသဖို့ မျှော်လင့်မိပါတယ်”

“ယေဘုယျအားဖြင့် အမျိုးသားများနဲ့ အမျိုးသမီးများကို ပုခုံးနဲ့ ဒူးကို သေချာစွာ ဖုံးအုပ်တဲ့ဝတ်ဆင်မှု ပြုလုပ်ကြဖို့ ထောက်ခံချက်ပေးချင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရှေးရိုးစွဲဓလေ့ထုံးတမ်းစဉ်လာကို ကျင့်သုံးတဲ့ ကာတာနိုင်ငံမှာ အမျိုးသမီးတွေဟာ ကိုယ်ခန္ဓာအလှကို ပေါ်လွင်စေမယ့် တင်းကြပ်တဲ့အဝတ်အစားတွေနဲ့ အတိုအပြတ်တွေကို ဝတ်ဆင်ခြင်းကို ပိတ်ပင်ထားပြီး ကာတာနိုင်ငံသားအမျိုးသမီးမဟုတ်သူတွေအနေနဲ့ နဖူးကနေ ခြေဖျားအထိ ဖုံးအုပ်ထားတဲ့ အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ဖို့တော့ မလိုအပ်တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ခရီးသွားတွေအနေနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ဝတ်စားဆင်ယင်မှုတွေမှာ ၎င်းတို့ရဲ့ ရင်ညွှန့်နဲ့ ပုခုံးကို သေချာစွာ ဖုံးကွယ်ထားရမှာဖြစ်ပြီး အောက်ပိုင်းမှာတော့ စကတ်၊ ဘောင်းဘီ ဝတ်ဆင်ရာမှာလည်း ဒူးခေါင်းကို ဖုံးကွယ်ထားရမှာ ဖြစ်ပါတယ်။

ကမ္ဘာကျော် ဘောလုံးသမားတွေရဲ့ ဇနီးတွေဟာလည်း ရင်ဘတ်ကို ဖုံးအုပ်ထားနိုင်ဖို့အတွက် လည်ပတ်မှာ မာဖလာတွေ ဝတ်ဆင်ထားဖို့ အကြံပေးခြင်းခံခဲ့ရတာဖြစ်ပြီး အာဂျင်တီးနားပရိသတ်ရဲ့လုပ်ရပ်ကို လူမှုကွန်ရက်ပေါ်က ပရိသတ်တစ်ဦးက “ကျွန်တော် သူ့ကို မြင်လိုက်တယ်။ အရမ်းကို သတ္တိရှိတာပဲ။ သူသာ သတိမထားရင် အဲဒီမှာ အဖမ်းဆီးခံရနိုင်တယ်”လို့ ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “မက်ဆီနဲ့ အာဂျင်တီးနားတို့ရဲ့ ကမ္ဘာ့ဖလားကို အောင်ပွဲခံဖို့ ကျွန်မရဲ့ ရင်သားပုံကို ပြီးရင် တင်ပေးမယ်”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားပရိသတ္ ေကာင္မေလးတစ္ဦးဟာ အာဂ်င္တီးနားအသင္းက ျပင္သစ္အသင္းကို တနဂၤေႏြေန႔ညမွာ ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ အေပၚပိုင္း ဗလာက်င္းၿပီး ေအာင္ပြဲခံခဲ့တာကို တိုက္႐ိုက္ထုတ္လႊင့္မႈကို ၾကည့္ရႈေနခဲ့တဲ့ ပရိသတ္ေတြအားလုံး ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ကာတာမွာ ေထာင္ဒဏ္က်ခံရမယ့္ အေရးနဲ႔ ရင္ဆိုင္ေနရတယ္လို႔ သိရပါတယ္။

ဂြန္ဇာလို မြန္တီရယ္ရဲ႕ အဆုံးအျဖတ္ပင္နယ္တီ ကန္သြင္းၿပီးေနာက္ ကင္မရာေတြက ေအာင္ပြဲခံေနတဲ့ အာဂ်င္တီးနားပရိသတ္ေတြဘက္ကို လွည့္ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြထဲမွာ ဆံပင္ေ႐ႊေရာင္နဲ႔ အမ်ိဳးသမီးငယ္တစ္ဦးကို ကင္မရာက ေမွ်ာ္လင့္ထားတာထက္ အခ်ိန္ၾကာၾကာ ႐ိုက္ကူးျပသခဲ့တာျဖစ္ပါတယ္။

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ကတည္းက ပရိသတ္ေတြဟာ ကာတာရဲ႕ တင္းၾကပ္တဲ့ ဓေလ့ထုံးတမ္းေတြကို ေလးစားဖို႔ လိုအပ္တဲ့အေၾကာင္း သတိေပးျခင္းခံခဲ့ရတာျဖစ္ၿပီး ကာတာ ခရီးသြားလာေရးဌာန အာဏာပိုင္ေတြက “ဧည့္သည္ေတြ(အမ်ိဳးသမီးေရာ အမ်ိဳးသားပါ)သည္ လူျမင္ကြင္းမွာ အဝတ္အစားကို အလြန္အကြၽံ ေဖာ္က်ဴးဝတ္ဆင္ျခင္းကို ေရွာင္ၾကဥ္ျခင္းျဖင့္ ေဒသတြင္း ယဥ္ေက်းမႈကို ေလးစားမႈ ျပသဖို႔ ေမွ်ာ္လင့္မိပါတယ္”

“ေယဘုယ်အားျဖင့္ အမ်ိဳးသားမ်ားနဲ႔ အမ်ိဳးသမီးမ်ားကို ပုခုံးနဲ႔ ဒူးကို ေသခ်ာစြာ ဖုံးအုပ္တဲ့ဝတ္ဆင္မႈ ျပဳလုပ္ၾကဖို႔ ေထာက္ခံခ်က္ေပးခ်င္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေရွး႐ိုးစြဲဓေလ့ထုံးတမ္းစဥ္လာကို က်င့္သုံးတဲ့ ကာတာႏိုင္ငံမွာ အမ်ိဳးသမီးေတြဟာ ကိုယ္ခႏၶာအလွကို ေပၚလြင္ေစမယ့္ တင္းၾကပ္တဲ့အဝတ္အစားေတြနဲ႔ အတိုအျပတ္ေတြကို ဝတ္ဆင္ျခင္းကို ပိတ္ပင္ထားၿပီး ကာတာႏိုင္ငံသားအမ်ိဳးသမီးမဟုတ္သူေတြအေနနဲ႔ နဖူးကေန ေျခဖ်ားအထိ ဖုံးအုပ္ထားတဲ့ အနက္ေရာင္ ဝတ္႐ုံရွည္ကို ဝတ္ဆင္ဖို႔ေတာ့ မလိုအပ္တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခရီးသြားေတြအေနနဲ႔ ခႏၶာကိုယ္အေပၚပိုင္း ဝတ္စားဆင္ယင္မႈေတြမွာ ၎တို႔ရဲ႕ ရင္ၫႊန႔္နဲ႔ ပုခုံးကို ေသခ်ာစြာ ဖုံးကြယ္ထားရမွာျဖစ္ၿပီး ေအာက္ပိုင္းမွာေတာ့ စကတ္၊ ေဘာင္းဘီ ဝတ္ဆင္ရာမွာလည္း ဒူးေခါင္းကို ဖုံးကြယ္ထားရမွာ ျဖစ္ပါတယ္။

ကမာၻေက်ာ္ ေဘာလုံးသမားေတြရဲ႕ ဇနီးေတြဟာလည္း ရင္ဘတ္ကို ဖုံးအုပ္ထားႏိုင္ဖို႔အတြက္ လည္ပတ္မွာ မာဖလာေတြ ဝတ္ဆင္ထားဖို႔ အႀကံေပးျခင္းခံခဲ့ရတာျဖစ္ၿပီး အာဂ်င္တီးနားပရိသတ္ရဲ႕လုပ္ရပ္ကို လူမႈကြန္ရက္ေပၚက ပရိသတ္တစ္ဦးက “ကြၽန္ေတာ္ သူ႔ကို ျမင္လိုက္တယ္။ အရမ္းကို သတၱိရွိတာပဲ။ သူသာ သတိမထားရင္ အဲဒီမွာ အဖမ္းဆီးခံရႏိုင္တယ္”လို႔ ေရးသားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “မက္ဆီနဲ႔ အာဂ်င္တီးနားတို႔ရဲ႕ ကမာၻ႔ဖလားကို ေအာင္ပြဲခံဖို႔ ကြၽန္မရဲ႕ ရင္သားပုံကို ၿပီးရင္ တင္ေပးမယ္”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.