လီယွန်နယ် မက်ဆီဟာ တနင်္ဂနွေနေ့ညက အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် လက်ရှိမှာ တသက်တာအကောင်ဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ လူဆေးလ်ကွင်းမှာ တစ်ဖက် ၃ ဂိုးစီ သရေရလဒ်နဲ့ပွဲပြီးဆုံးခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ အာဂျင်တီးနားက ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
ဗိုလ်လုပွဲမတိုင်ခင်တုန်းက လူအများအပြားက ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ထဲက ဘယ်သူက တရားဝင် တသက်တာအကောင်းဆုံးကစားသမားလဲဆိုတာကို အငြင်းအခုံ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိမှာတော့ အဲဒီ အငြင်းအခုံက ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး တကမ္ဘာလုံးက ပရိသတ်တွေဟာ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့အတွက် အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို တသက်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ကမ္ဘာ့ဖလားမှာ ပွဲအများဆုံး(၂၆ ပွဲ)ကစားခဲ့တဲ့ကစားသမား၊ ကမ္ဘာ့ဖလားအဆင့်တိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမား စတဲ့စံချိန်တွေအပါအဝင် စံချိန် ၇ ခုအထိ ရိုက်ချိုးခဲ့တာဖြစ်ပါတယ်။
ကိန်းဂဏန်းအရဆိုရင်လည်း လီယွန်နယ် မက်ဆီဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ နှိုင်းယှဉ်ရင် တောက်ပတဲ့ ကမ္ဘာ့ဖလားကာလကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်က သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့ချိန်မှာ ရော်နယ်လ်ဒိုက သွင်းဂိုး ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုလုံး(ခြေစစ်ပွဲအပါအဝင်)မှာ စုစုပေါင်း သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ချိန်မှာ ရော်နယ်လ်ဒိုက သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်ရဲ့ ကမ္ဘာ့ဖလားက သွင်းဂိုး ၁၃ ဂိုးဟာ အာဂျင်တီးနားအတွက်တော့ စံချိန်တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက်လုံး ချီးကျူးပြောဆိုမှုတွေ ခံခဲ့ရတာဖြစ်ပြီး တစ်ဖက်မှာတော့ ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းကို ကမ္ဘာ့ဖလားအောင်မြင်မှု ရရှိအောင် မဦးဆောင်နိုင်ခဲ့ဘဲ နည်းပြရဲ့ အရန်ခုံထိုင်ခိုင်းခြင်းကို ခံခဲ့ရပြီးနောက် မော်ရိုကိုအသင်းကို ကွာတားဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တဲ့အတွက် မျက်ရည်တွေနဲ့သာ နှုတ်ဆက်သွားခဲ့ရတာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
လီယြန္နယ္ မက္ဆီဟာ တနဂၤေႏြေန႔ညက အာဂ်င္တီးနားအသင္းကို ကမာၻ႔ဖလားရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီးေနာက္ လက္ရွိမွာ တသက္တာအေကာင္ဆုံးကစားသမားအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရၿပီျဖစ္ပါတယ္။
အာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာ လူေဆးလ္ကြင္းမွာ တစ္ဖက္ ၃ ဂိုးစီ သေရရလဒ္နဲ႔ပြဲၿပီးဆုံးခဲ့တဲ့ပြဲစဥ္မွာ ၂ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တာျဖစ္ၿပီး ပင္နယ္တီအဆုံးအျဖတ္မွာ အာဂ်င္တီးနားက ၄-၂ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။
ဗိုလ္လုပြဲမတိုင္ခင္တုန္းက လူအမ်ားအျပားက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ထဲက ဘယ္သူက တရားဝင္ တသက္တာအေကာင္းဆုံးကစားသမားလဲဆိုတာကို အျငင္းအခုံ ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။
လက္ရွိမွာေတာ့ အဲဒီ အျငင္းအခုံက ၿပီးဆုံးသြားခဲ့ၿပီျဖစ္ၿပီး တကမာၻလုံးက ပရိသတ္ေတြဟာ ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့အတြက္ အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီကို တသက္တာအေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္လိုက္ၿပီျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္း ကမာၻ႔ဖလားမွာ ပြဲအမ်ားဆုံး(၂၆ ပြဲ)ကစားခဲ့တဲ့ကစားသမား၊ ကမာၻ႔ဖလားအဆင့္တိုင္းမွာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ပထမဆုံးကစားသမား စတဲ့စံခ်ိန္ေတြအပါအဝင္ စံခ်ိန္ ၇ ခုအထိ ႐ိုက္ခ်ိဳးခဲ့တာျဖစ္ပါတယ္။
ကိန္းဂဏန္းအရဆိုရင္လည္း လီယြန္နယ္ မက္ဆီဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ႏႈိင္းယွဥ္ရင္ ေတာက္ပတဲ့ ကမာၻ႔ဖလားကာလကို ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္က သြင္းဂိုး ၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ခ်ိန္မွာ ေရာ္နယ္လ္ဒိုက သြင္းဂိုး ၁ ဂိုးသာ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။
မက္ဆီဟာ ကမာၻ႔ဖလားၿပိဳင္ပြဲတစ္ခုလုံး(ေျခစစ္ပြဲအပါအဝင္)မွာ စုစုေပါင္း သြင္းဂိုး ၁၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ခ်ိန္မွာ ေရာ္နယ္လ္ဒိုက သြင္းဂိုး ၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္ရဲ႕ ကမာၻ႔ဖလားက သြင္းဂိုး ၁၃ ဂိုးဟာ အာဂ်င္တီးနားအတြက္ေတာ့ စံခ်ိန္တစ္ခုျဖစ္ခဲ့တာျဖစ္ပါတယ္။
အာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲတေလွ်ာက္လုံး ခ်ီးက်ဴးေျပာဆိုမႈေတြ ခံခဲ့ရတာျဖစ္ၿပီး တစ္ဖက္မွာေတာ့ ေရာ္နယ္လ္ဒိုဟာ ေပၚတူဂီအသင္းကို ကမာၻ႔ဖလားေအာင္ျမင္မႈ ရရွိေအာင္ မဦးေဆာင္ႏိုင္ခဲ့ဘဲ နည္းျပရဲ႕ အရန္ခုံထိုင္ခိုင္းျခင္းကို ခံခဲ့ရၿပီးေနာက္ ေမာ္႐ိုကိုအသင္းကို ကြာတားဖိုင္နယ္မွာ ရႈံးနိမ့္ခဲ့တဲ့အတြက္ မ်က္ရည္ေတြနဲ႔သာ ႏႈတ္ဆက္သြားခဲ့ရတာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.