တစ်ပွဲထက်တစ်ပွဲ ခြေစွမ်းတက်လာတဲ့ အာဂျင်တီးနားအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီမီ မာတီနက်ဇ်၊ ခံစစ်မှာ ရိုမဲရိုး၊ အော့တာမန်ဒီ၊ တာဂလီယာဖီကိုနဲ့ မိုလီနာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒီပေါလ်၊ အန်ဇို ဖာနန်ဒက်ဇ်နဲ့ မက္ကယ်လစ္စတာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မက်ဆီ၊ ဒီမာရီယာနဲ့ အယ်လ်ဗာရက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ချန်ပီယံ အသည်းနှလုံးနဲ့ အသင်းလို့ မြှောက်ပင့်ခံနေရတဲ့ ပြင်သစ်တို့ကတော့ ဂိုးသမား လိုရစ်၊ ခံစစ်မှာ အူပါမီကာနို၊ ဗာရွန်း၊ ကွန်ဒီနဲ့ သီယို ဟာနန်ဒက်ဇ်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ချွာမင်နီ၊ ဟာဗျိုနဲ့ ဂရစ်ဇ်မန်းတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အမ်ဘာပေ၊ ဒမ်ဘီလီနဲ့ ဂျီရူးတို့ကို တွဲဖက်ပေးလာခဲ့တာပါ။
ပွဲစတာနဲ့ ဘောလုံးပညာပြခဲ့တဲ့ အာဂျင်တီးနားတို့အနေနဲ့ ဘာစီလိုနာစတိုင်မျိုး ကစားပြနေခဲ့ချိန်မှာ ပြင်သစ်တို့ကတော့ ကွင်းလယ်မှာ ခပ်မာမာ ကစားရင်းနဲ့ ကောင်တာပြန်နိုင်ဖို့သာ ကြိုးစားနေခဲ့ပြီး နည်းပြ ဒေးရွှမ့်စ်အနေနဲ့ မက်ဆီ ဦးဆောင်တဲ့ တိုက်စစ်ကို ချေဖျက်ဖို့ ပလန်ကောင်းကောင်း မရှိခဲ့ဘူးလို့ ဆိုရမှာဖြစ်သလို ဖျားနာထားတဲ့ ကစားသမားတွေကြောင့်လည်း အထနှေးနေခဲ့ပါတယ်။
ပွဲချိန် ၂၃ မိနစ်မှာတော့ အာဂျင်တီးနားတို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဒီမာရီယာရဲ့ လိမ်ခေါက်ပြီး ဧရိယာထဲ ဆွဲဝင်လာမှုကို နောက်ကနေ ကလေးအထာနဲ့ ခြေချိတ်မိခဲ့တဲ့ ဒမ်ဘီလီကြောင့် ရတဲ့ ပင်နယ်တီကို မက်ဆီက ပြင်သစ်ဂိုးသမား လိုရစ်ကို ဒိုက်ပစ်အောင် စောင့်ပြီးမှ ဆန့်ကျင်ဘက်ကို အသာအယာ ကန်သွင်းယူသွားခဲ့တာပါ။
အိမ်စာ သေချာလုပ်ထားပုံရတဲ့ အာဂျင်တီးနားတို့ရဲ့ ကွင်းလယ်က Passing Lane တွေနဲ့ ရသမျှ Channel တွေကြားကနေ ပေးပို့မှုတွေကို ပြင်သစ်တို့ ဖြတ်တောက်နိုင်ခြင်း မရှိတာကြောင့် မက်ဆီနဲ့အဖွဲ့က ပွဲကို ကောင်းကောင်းထိန်းကစားနိုင်ခဲ့သလို ပြင်သစ်ရဲ့ အသက်အရွယ်ထောက်စပြုနေတဲ့ ဂျီရူးနဲ့ ဂရစ်ဇ်မန်းတို့အနေနဲ့ အလုပ်မဖြစ်ဘဲ ရှိနေခဲ့ပါတယ်။
ပွဲချိန် ၃၆ မိနစ်မှာတော့ အာဂျင်တီးနားတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ မက်ဆီက ညာခြမ်းကို ထုတ်ပေးရာမှာ အယ်လ်ဗာရက်ဇ်က ပြေးတက်လာတဲ့ မက္ကယ်လစ္စတာရဲ့ လမ်းကြောင်းထဲ ထည့်ပေးခဲ့ပြီး ဘရိုက်တန်ကွင်းလယ်လူက ဂိုးရှေ့အရောက်မှာ ဘယ်ခြမ်းကို ဖြတ်ချိုးပေးတဲ့ အနိမ့်ဘောကို ဒီမာရီယာက ချိန်သားကိုက် ပြေးပိတ်ပြီး ရယူနိုင်ခဲ့တာပါ။
ပွဲချိန် ၄၁ မိနစ်မှာတော့ ပြင်သစ်နည်းပြ ဒေးရွှမ့်စ်အနေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို စောစောစီးစီး ချမှတ်ခဲ့ပြီး ဂျီရူးနဲ့ ဒမ်ဘီလီတို့အစား သူရမ်နဲ့ ကိုလို မူအာနီတို့ကို လူစားလဲခဲ့သလို တိုက်စစ်မှာ Physical ဆန်ဆန်နဲ့ မြန်နှုန်းမြင့်ကစားဖို့ ဆုံးဖြတ်ခဲ့ပြီး ခံစစ်အားနည်းတဲ့ အာဂျင်တီးနားကို ဖိအားပေးဖို့ ကြိုးစားလာခဲ့ပြီး ပထမပိုင်း မပြီးခင်မှာ တုံ့ပြန်ခြိမ်းခြောက်နိုင်တဲ့ အရိပ်အယောင်တွေ ပြသလာနိုင်ခဲ့ပါတယ်။
ပထမပိုင်းကို အာဂျင်တီးနားတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ အမ်ဘာပေ ဦးဆောင်တဲ့ ဘယ်ခြမ်းကနေ ပြင်သစ်တို့ ပြန်လည်ထိုးဖောက်နေခဲ့သလို အာဂျင်တီးနားတို့ကလည်း ကွင်းလယ်မှာ တွဲလုံးတွေနဲ့ ပြင်သစ်တို့ကို ပြန်လည်ဖြတ်ကျော်ပြီး ကန်သွင်းနေခဲ့ရာမှာ ဂိုးသမား လိုရစ် ကောင်းနေခဲ့လို့သာ ဂိုးထပ်မရခဲ့တာပါ။
တဖြည်းဖြည်းနဲ့ ကျဆင်းလာတဲ့ ကွင်းလယ်နဲ့ ခံစစ်မှာ ဒဏ်ရာရထားတဲ့ ဒီပေါလ်နဲ့ ကုန်နေတဲ့ အော့တာမန်ဒီတို့က အသင်းရဲ့ ဘယ်ခြမ်းခံစစ်ကို ကွက်လပ်များစွာ ဖြစ်ပေါ်စေချိန်မှာ ဒီမာရီယာကို ပွဲချိန် ၆၄ မိနစ်မှာ အကူညာနဲ့ စောစောစီးစီး လူစားလဲခဲ့တာက မှားတယ်လို့ ဆိုနိုင်ပြီး ကွင်းလယ်နဲ့ တောင်ပံသမားတစ်ဦးကို ထည့်သင့်တဲ့အစား ခံစစ်ကို အားပြုလိုက်တဲ့အတွက် ပြင်သစ်တို့ ဖိအားပေးခွင့် ပိုရလာခဲ့ပါတယ်။
အာဂျင်တီးနားနည်းပြ စကာလိုနီနဲ့ အဖွဲ့ကတော့ မနူးမနပ်နဲ့ ခံစစ်ကို အားဖြည့်ရမယ့်အစား ပျက်ကွက်နေချိန်မှာ ပြင်သစ်တို့ကတော့ ကစားအား တင်ဖို့အတွက် ဂရစ်ဇ်မန်းနဲ့ ဟာနန်ဒက်ဇ်တို့အစား ကိုမွန်နဲ့ ကာမာဗင်ဂါတို့ကို နည်းပြ ဒေးရွှမ့်စ်က ထည့်သွင်းပြီး ကွင်းလယ်မှာ Overload လုပ်ခဲ့သလို ပွဲကို တဖြည်းဖြည်း ထိန်းချုပ်လာခဲ့ပါတယ်။
ပွဲချိန် မိနစ် ၈၀ မှာတော့ ပြင်သစ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ အာဂျင်တီးနားရဲ့ အညံ့ဆုံး ကစားသမားဖြစ်နေတဲ့ အော့တာမန်ဒီရဲ့ ကျွံလာတဲ့ ဘောလုံးကို စောစောစီးစီး ရှင်းမထုတ်နိုင်ဘဲ နောက်ကနေ လိုက်လံရယူသွားတဲ့ ကိုလို မူအာနီကို ဧရိယာထဲ ဆွဲလှဲမိတာကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကနေ အမ်ဘာပေက ညာဘက်ကို ဒိုက်ပစ်တဲ့ မာတီနက်ဇ်ထက် ပိုမြန်အောင် ကန်သွင်းယူသွားခဲ့တာပါ။
ပွဲချိန် ၈၂ မိနစ်မှာ ပြင်သစ်တို့ပဲ သရေကျစေမယ့် ဒုတိယ ချေပဂိုးကို ရရှိခဲ့ကြသလို ဒီဂိုးကိုတော့ မက်ဆီကို ဖိအားပေးပြီး လုယူသွားခဲ့တဲ့ ကိုမွန်က ညာခြမ်းက ဖြတ်တင်ပေးရာမှာ အမ်ဘာပေက ခေါင်းတိုက်ချခဲ့တဲ့ ဘောလုံးကို ခံစစ်မှာ ငပေါကြီးလုပ်နေတဲ့ အော့တာမန်ဒီကြောင့် တာဝန်ပိုနေခဲ့ပြီး လူမကပ်နိုင်တော့တဲ့ ရိုမဲရိုးကို သူရမ်က ကျော်တင်ပေးခဲ့ရာမှာ အမ်ဘာပေက အလျင်အမြန် Volley ကန်သွင်းပြီး မာတီနက်ဇ်ကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။
အော့တာမန်ဒီရဲ့ စိတ်ပျက်စရာ ခြေစွမ်းနဲ့တော့ အာဂျင်တီးနားတို့ ကမ္ဘာ့ဖလား မရသင့်ဘူးလို့တောင် ပြောလို့ရခဲ့ပြီး ဒါကို ပွဲအစအဆုံး သုံးခဲ့တဲ့ စကာလိုနီရဲ့ ဉာဏ်ရည်ကလည်း စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် ကွင်းထဲမှာတော့ မက်ဆီရဲ့ ဦးဆောင်ကစားမှုနောက်ကို တစ်ညီတစ်ညွတ်တည်း လိုက်ခဲ့ကြတဲ့ အသင်းသားတွေကြောင့်သာ အပေါင်းလက္ခဏာ ဆောင်ခဲ့သလို ဒုတိယပိုင်းအပြီးမှာတော့ နှစ်ဂိုးစီသရေကျနေခဲ့ကြတာပါ။
အချိန်ပို ဆက်လက်ကစားရာမှာတော့ အာဂျင်တီးနားတို့ဘက်က မိုလီနာအစား မွန်တီယယ်လ် ဝင်လာခဲ့သလို ပြင်သစ်တို့ကတော့ ဟာဗျိုအစား ဖိုဖာနာကို ထည့်သွင်းခဲ့ပြီး ပထမပိုင်းမှာတော့ နှစ်သင်းစလုံး အပြန်အလှန် သွေးတိုးစမ်းခဲ့အပြီးမှာ ချန်ပီယံဖြစ်ချင်နေတဲ့ အာဂျင်တီးနားတို့အနေနဲ့ ကွင်းလယ်နဲ့ တိုက်စစ်မှာ ကုန်သွားတဲ့ ဒီပေါလ်နဲ့ အယ်လ်ဗာရက်ဇ်တို့အစား ပါရေးဒက်စ်နဲ့ လော်တာရို မာတီနက်ဇ်တို့ကို ထပ်ထည့်ခဲ့ပါတယ်။
အချိန်ပို ဒုတိယပိုင်းမှာတော့ အာဂျင်တီးနားတို့ ဖိကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၀၈ မိနစ်မှာ တတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူသွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ အန်ဇို ဖာနန်ဒက်ဇ် ချပေးတာကို လော်တာရို မာတီနက်ဇ်က ညာခြမ်းကနေ ကန်သွင်းခဲ့ရာမှာ လိုရစ် ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို မက်ဆီက ပိတ်သွင်းယူသွားခဲ့တာပါ။
ဒီဂိုးရအပြီးမှာ အာဂျင်တီးနားတို့ ပိတ်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ကံမကောင်းခဲ့ဘဲ ပွဲချိန် ၁၁၈ မိနစ်မှာ ချေပဂိုး ထပ်ပေးခဲ့ရသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ အမ်ဘာပေ ကန်သွင်းတာကို တံတောင်နဲ့ ထိမိတဲ့ မွန်တီယယ်လ်ကြောင့် ဒိုင်လူကြီးက မပေးလဲရတဲ့ ပင်နယ်တီကို ခွင့်ပြုခဲ့ရာမှာ အမ်ဘာပေကပဲ သူ့ရဲ့ ဟက်ထရစ်အဖြစ် ပြောင်းလဲသွားနိုင်ခဲ့လို့ ပွဲချိန်အပြည့်မှာ သုံးဂိုးစီ သရေဖြစ်နေခဲ့ပါတယ်။
ဒါကြောင့် ပင်နယ်တီ ကန်သွင်းခဲ့ရပြီး ပြင်သစ်တို့ဘက်က စတင်ကန်သွင်းခဲ့ရာမှာ အမ်ဘာပေရဲ့ ပထမဆုံး ကန်ချက်က ဂိုးသမား မာတီနက်ဇ်ရဲ့ လက်ဖျားနဲ့ထိပြီး ဝင်သွားခဲ့အပြီးမှာ မက်ဆီကတော့ ဂိုးသမား လိုရစ်ကို ဟန်ချက်ပျက်အောင်လုပ်ပြီးမှ ဘယ်ဘက်ကို ကန်သွင်းယူခဲ့လို့ တစ်ဂိုးစီ သရေဖြစ်နေခဲ့တာပါ။
ဒုတိယ ပင်နယ်တီကို ပြင်သစ်ဘက်က ကိုမွန်ရဲ့ ကန်ချက်က ထောင့်ဘက် မရောက်ခဲ့လို့ ဂိုးသမား မာတီနက်ဇ်က မှန်မှန်ကန်ကန် ခန့်မှန်းပြီး ပုတ်ထုတ်သွားနိုင်ခဲ့သလို အာဂျင်တီးနားတို့ဘက်ကတော့ ဒီဘားလားက ဂိုးသမား လိုရစ်ကို ဘေးဘက်ဒိုက်ပစ်အောင် လှည့်စားပြီး အလယ်တည့်တည့်ကို အနိမ့်ဘော ကန်သွင်းသွားခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။
တတိယအလုံးမှာတော့ ပြင်သစ်ဘက်က ချွာမင်နီရဲ့ ကန်ချက်ကို မာတီနက်ဇ်က မှန်မှန်ကန်ကန် ဒိုက်ပစ်ပြခဲ့ပြန်တာကြောင့် အားပိုထည့်လိုက်တဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူရဲ့ ကန်ချက်က တိုင်ဘေးက ထွက်သွားခဲ့ပြီး အာဂျင်တီးနားဘက်က ပါရေးဒက်စ် ကန်သွင်းရာမှာတော့ ဂိုးသမား လိုရစ် မကာကွယ်နိုင်ခဲ့လို့ သုံးဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။
စတုတ္ထ ပင်နယ်တီကိုတော့ ပြင်သစ်ဘက်က မဝင်ရင် ပွဲပြီးသွားမယ့်အချိန်မှာ ကိုလို မူအာနီက ဂိုးသမား မာတီနက်ဇ်ကို လှည့်စားပြီး အလယ်ကို အပြင်းကန်သွင်းယူသွားခဲ့တာကြောင့် မျှော်လင့်ချက် ရှိနေသေးခဲ့ပေမယ့် အာဂျင်တီးနားဘက်ကတော့ ရာနှုန်းပြည့်ဝင်အောင် နောက်ခံလူ မွန်တီယယ်လ်က ဘယ်ဘက်တိုင်ခြေကို ဂိုးသမား လိုရစ်နဲ့ တခြားစီ ကန်သွင်းနိုင်ခဲ့လို့ လေးဂိုး-နှစ်ဂိုးနဲ့ ပွဲသိမ်းခဲ့တာဖြစ်ပါတယ်။
ပင်နယ်တီကန်ဖို့ လုပ်ကတည်းက လေးလံတဲ့ လိုရစ်နဲ့ ပင်နယ်တီ ဖမ်းစားနေတဲ့ မာတီနက်ဇ်တို့ရဲ့ လက်စွမ်းကွာဟမှုကြောင့် အာဂျင်တီးနားပရိသတ်တွေအနေနဲ့ ယုံကြည်မှု မြင့်မားခဲ့ကြသလို သူတို့ရဲ့ ပရိသတ်တွေ နေရာယူထားတဲ့ ဂိုးဘက်ခြမ်းမှာ ကန်ခွင့်ရတာကလည်း သူတို့အတွက် ပိုမိုအားတက်စရာဖြစ်ခဲ့ချိန်မှာ ကစားသမားတွေအနေနဲ့ ရာနှုန်းပြည့်ကန်သွင်းယူနိုင်မှုနဲ့အတူ ဆုဖလားကို ပိုင်ဆိုင်နိုင်ခဲ့ကြတာပါ။
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီအတွက်တော့ GOAT ဘွဲ့နောက်မှာ ကမ္ဘာ့ဖလားလို့ ကွင်းခတ်ပြီး အမြီးတပ်နိုင်ခဲ့ပြီဖြစ်သလို အကောင်းဆုံးဆိုတာ တစ်ခုပဲ ရှိတယ်ဆိုတဲ့ စကားအတိုင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ရှေ့ကနေ ကမ္ဘာ့ချန်ပီယံအဖြစ် ဂုဏ်ခံနိုင်ခဲ့တာဖြစ်ပြီး တန်ဂိုတွေရဲ့ အင်္ကျီရင်ဘတ်က အသင်းတံဆိပ်မှာတော့ ကြယ်တစ်လုံးထပ်တိုးလာခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
တစ္ပြဲထက္တစ္ပြဲ ေျခစြမ္းတက္လာတဲ့ အာဂ်င္တီးနားအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီမီ မာတီနက္ဇ္၊ ခံစစ္မွာ ႐ိုမဲ႐ိုး၊ ေအာ့တာမန္ဒီ၊ တာဂလီယာဖီကိုနဲ႔ မိုလီနာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒီေပါလ္၊ အန္ဇို ဖာနန္ဒက္ဇ္နဲ႔ မကၠယ္လစၥတာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ မက္ဆီ၊ ဒီမာရီယာနဲ႔ အယ္လ္ဗာရက္ဇ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။
ခ်န္ပီယံ အသည္းႏွလုံးနဲ႔ အသင္းလို႔ ေျမႇာက္ပင့္ခံေနရတဲ့ ျပင္သစ္တို႔ကေတာ့ ဂိုးသမား လိုရစ္၊ ခံစစ္မွာ အူပါမီကာႏို၊ ဗာ႐ြန္း၊ ကြန္ဒီနဲ႔ သီယို ဟာနန္ဒက္ဇ္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ခြၽာမင္နီ၊ ဟာဗ်ိဳနဲ႔ ဂရစ္ဇ္မန္းတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ အမ္ဘာေပ၊ ဒမ္ဘီလီနဲ႔ ဂ်ီ႐ူးတို႔ကို တြဲဖက္ေပးလာခဲ့တာပါ။
ပြဲစတာနဲ႔ ေဘာလုံးပညာျပခဲ့တဲ့ အာဂ်င္တီးနားတို႔အေနနဲ႔ ဘာစီလိုနာစတိုင္မ်ိဳး ကစားျပေနခဲ့ခ်ိန္မွာ ျပင္သစ္တို႔ကေတာ့ ကြင္းလယ္မွာ ခပ္မာမာ ကစားရင္းနဲ႔ ေကာင္တာျပန္ႏိုင္ဖို႔သာ ႀကိဳးစားေနခဲ့ၿပီး နည္းျပ ေဒး႐ႊမ့္စ္အေနနဲ႔ မက္ဆီ ဦးေဆာင္တဲ့ တိုက္စစ္ကို ေခ်ဖ်က္ဖို႔ ပလန္ေကာင္းေကာင္း မရွိခဲ့ဘူးလို႔ ဆိုရမွာျဖစ္သလို ဖ်ားနာထားတဲ့ ကစားသမားေတြေၾကာင့္လည္း အထေႏွးေနခဲ့ပါတယ္။
ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ အာဂ်င္တီးနားတို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဒီမာရီယာရဲ႕ လိမ္ေခါက္ၿပီး ဧရိယာထဲ ဆြဲဝင္လာမႈကို ေနာက္ကေန ကေလးအထာနဲ႔ ေျခခ်ိတ္မိခဲ့တဲ့ ဒမ္ဘီလီေၾကာင့္ ရတဲ့ ပင္နယ္တီကို မက္ဆီက ျပင္သစ္ဂိုးသမား လိုရစ္ကို ဒိုက္ပစ္ေအာင္ ေစာင့္ၿပီးမွ ဆန႔္က်င္ဘက္ကို အသာအယာ ကန္သြင္းယူသြားခဲ့တာပါ။
အိမ္စာ ေသခ်ာလုပ္ထားပုံရတဲ့ အာဂ်င္တီးနားတို႔ရဲ႕ ကြင္းလယ္က Passing Lane ေတြနဲ႔ ရသမွ် Channel ေတြၾကားကေန ေပးပို႔မႈေတြကို ျပင္သစ္တို႔ ျဖတ္ေတာက္ႏိုင္ျခင္း မရွိတာေၾကာင့္ မက္ဆီနဲ႔အဖြဲ႕က ပြဲကို ေကာင္းေကာင္းထိန္းကစားႏိုင္ခဲ့သလို ျပင္သစ္ရဲ႕ အသက္အ႐ြယ္ေထာက္စျပဳေနတဲ့ ဂ်ီ႐ူးနဲ႔ ဂရစ္ဇ္မန္းတို႔အေနနဲ႔ အလုပ္မျဖစ္ဘဲ ရွိေနခဲ့ပါတယ္။
ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ အာဂ်င္တီးနားတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန မက္ဆီက ညာျခမ္းကို ထုတ္ေပးရာမွာ အယ္လ္ဗာရက္ဇ္က ေျပးတက္လာတဲ့ မကၠယ္လစၥတာရဲ႕ လမ္းေၾကာင္းထဲ ထည့္ေပးခဲ့ၿပီး ဘ႐ိုက္တန္ကြင္းလယ္လူက ဂိုးေရွ႕အေရာက္မွာ ဘယ္ျခမ္းကို ျဖတ္ခ်ိဳးေပးတဲ့ အနိမ့္ေဘာကို ဒီမာရီယာက ခ်ိန္သားကိုက္ ေျပးပိတ္ၿပီး ရယူႏိုင္ခဲ့တာပါ။
ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ျပင္သစ္နည္းျပ ေဒး႐ႊမ့္စ္အေနနဲ႔ ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ကို ေစာေစာစီးစီး ခ်မွတ္ခဲ့ၿပီး ဂ်ီ႐ူးနဲ႔ ဒမ္ဘီလီတို႔အစား သူရမ္နဲ႔ ကိုလို မူအာနီတို႔ကို လူစားလဲခဲ့သလို တိုက္စစ္မွာ Physical ဆန္ဆန္နဲ႔ ျမန္ႏႈန္းျမင့္ကစားဖို႔ ဆုံးျဖတ္ခဲ့ၿပီး ခံစစ္အားနည္းတဲ့ အာဂ်င္တီးနားကို ဖိအားေပးဖို႔ ႀကိဳးစားလာခဲ့ၿပီး ပထမပိုင္း မၿပီးခင္မွာ တုံ႔ျပန္ၿခိမ္းေျခာက္ႏိုင္တဲ့ အရိပ္အေယာင္ေတြ ျပသလာႏိုင္ခဲ့ပါတယ္။
ပထမပိုင္းကို အာဂ်င္တီးနားတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ အမ္ဘာေပ ဦးေဆာင္တဲ့ ဘယ္ျခမ္းကေန ျပင္သစ္တို႔ ျပန္လည္ထိုးေဖာက္ေနခဲ့သလို အာဂ်င္တီးနားတို႔ကလည္း ကြင္းလယ္မွာ တြဲလုံးေတြနဲ႔ ျပင္သစ္တို႔ကို ျပန္လည္ျဖတ္ေက်ာ္ၿပီး ကန္သြင္းေနခဲ့ရာမွာ ဂိုးသမား လိုရစ္ ေကာင္းေနခဲ့လို႔သာ ဂိုးထပ္မရခဲ့တာပါ။
တျဖည္းျဖည္းနဲ႔ က်ဆင္းလာတဲ့ ကြင္းလယ္နဲ႔ ခံစစ္မွာ ဒဏ္ရာရထားတဲ့ ဒီေပါလ္နဲ႔ ကုန္ေနတဲ့ ေအာ့တာမန္ဒီတို႔က အသင္းရဲ႕ ဘယ္ျခမ္းခံစစ္ကို ကြက္လပ္မ်ားစြာ ျဖစ္ေပၚေစခ်ိန္မွာ ဒီမာရီယာကို ပြဲခ်ိန္ ၆၄ မိနစ္မွာ အကူညာနဲ႔ ေစာေစာစီးစီး လူစားလဲခဲ့တာက မွားတယ္လို႔ ဆိုႏိုင္ၿပီး ကြင္းလယ္နဲ႔ ေတာင္ပံသမားတစ္ဦးကို ထည့္သင့္တဲ့အစား ခံစစ္ကို အားျပဳလိုက္တဲ့အတြက္ ျပင္သစ္တို႔ ဖိအားေပးခြင့္ ပိုရလာခဲ့ပါတယ္။
အာဂ်င္တီးနားနည္းျပ စကာလိုနီနဲ႔ အဖြဲ႕ကေတာ့ မႏူးမနပ္နဲ႔ ခံစစ္ကို အားျဖည့္ရမယ့္အစား ပ်က္ကြက္ေနခ်ိန္မွာ ျပင္သစ္တို႔ကေတာ့ ကစားအား တင္ဖို႔အတြက္ ဂရစ္ဇ္မန္းနဲ႔ ဟာနန္ဒက္ဇ္တို႔အစား ကိုမြန္နဲ႔ ကာမာဗင္ဂါတို႔ကို နည္းျပ ေဒး႐ႊမ့္စ္က ထည့္သြင္းၿပီး ကြင္းလယ္မွာ Overload လုပ္ခဲ့သလို ပြဲကို တျဖည္းျဖည္း ထိန္းခ်ဳပ္လာခဲ့ပါတယ္။
ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ ျပင္သစ္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ အာဂ်င္တီးနားရဲ႕ အညံ့ဆုံး ကစားသမားျဖစ္ေနတဲ့ ေအာ့တာမန္ဒီရဲ႕ ကြၽံလာတဲ့ ေဘာလုံးကို ေစာေစာစီးစီး ရွင္းမထုတ္ႏိုင္ဘဲ ေနာက္ကေန လိုက္လံရယူသြားတဲ့ ကိုလို မူအာနီကို ဧရိယာထဲ ဆြဲလွဲမိတာေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကေန အမ္ဘာေပက ညာဘက္ကို ဒိုက္ပစ္တဲ့ မာတီနက္ဇ္ထက္ ပိုျမန္ေအာင္ ကန္သြင္းယူသြားခဲ့တာပါ။
ပြဲခ်ိန္ ၈၂ မိနစ္မွာ ျပင္သစ္တို႔ပဲ သေရက်ေစမယ့္ ဒုတိယ ေခ်ပဂိုးကို ရရွိခဲ့ၾကသလို ဒီဂိုးကိုေတာ့ မက္ဆီကို ဖိအားေပးၿပီး လုယူသြားခဲ့တဲ့ ကိုမြန္က ညာျခမ္းက ျဖတ္တင္ေပးရာမွာ အမ္ဘာေပက ေခါင္းတိုက္ခ်ခဲ့တဲ့ ေဘာလုံးကို ခံစစ္မွာ ငေပါႀကီးလုပ္ေနတဲ့ ေအာ့တာမန္ဒီေၾကာင့္ တာဝန္ပိုေနခဲ့ၿပီး လူမကပ္ႏိုင္ေတာ့တဲ့ ႐ိုမဲ႐ိုးကို သူရမ္က ေက်ာ္တင္ေပးခဲ့ရာမွာ အမ္ဘာေပက အလ်င္အျမန္ Volley ကန္သြင္းၿပီး မာတီနက္ဇ္ကို အႏိုင္ယူခဲ့တာျဖစ္ပါတယ္။
ေအာ့တာမန္ဒီရဲ႕ စိတ္ပ်က္စရာ ေျခစြမ္းနဲ႔ေတာ့ အာဂ်င္တီးနားတို႔ ကမာၻ႔ဖလား မရသင့္ဘူးလို႔ေတာင္ ေျပာလို႔ရခဲ့ၿပီး ဒါကို ပြဲအစအဆုံး သုံးခဲ့တဲ့ စကာလိုနီရဲ႕ ဉာဏ္ရည္ကလည္း စိတ္ပ်က္စရာျဖစ္ခဲ့ေပမယ့္ ကြင္းထဲမွာေတာ့ မက္ဆီရဲ႕ ဦးေဆာင္ကစားမႈေနာက္ကို တစ္ညီတစ္ၫြတ္တည္း လိုက္ခဲ့ၾကတဲ့ အသင္းသားေတြေၾကာင့္သာ အေပါင္းလကၡဏာ ေဆာင္ခဲ့သလို ဒုတိယပိုင္းအၿပီးမွာေတာ့ ႏွစ္ဂိုးစီသေရက်ေနခဲ့ၾကတာပါ။
အခ်ိန္ပို ဆက္လက္ကစားရာမွာေတာ့ အာဂ်င္တီးနားတို႔ဘက္က မိုလီနာအစား မြန္တီယယ္လ္ ဝင္လာခဲ့သလို ျပင္သစ္တို႔ကေတာ့ ဟာဗ်ိဳအစား ဖိုဖာနာကို ထည့္သြင္းခဲ့ၿပီး ပထမပိုင္းမွာေတာ့ ႏွစ္သင္းစလုံး အျပန္အလွန္ ေသြးတိုးစမ္းခဲ့အၿပီးမွာ ခ်န္ပီယံျဖစ္ခ်င္ေနတဲ့ အာဂ်င္တီးနားတို႔အေနနဲ႔ ကြင္းလယ္နဲ႔ တိုက္စစ္မွာ ကုန္သြားတဲ့ ဒီေပါလ္နဲ႔ အယ္လ္ဗာရက္ဇ္တို႔အစား ပါေရးဒက္စ္နဲ႔ ေလာ္တာ႐ို မာတီနက္ဇ္တို႔ကို ထပ္ထည့္ခဲ့ပါတယ္။
အခ်ိန္ပို ဒုတိယပိုင္းမွာေတာ့ အာဂ်င္တီးနားတို႔ ဖိကစားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၁၀၈ မိနစ္မွာ တတိယ ဦးေဆာင္ဂိုး ထပ္မံသြင္းယူသြားႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန အန္ဇို ဖာနန္ဒက္ဇ္ ခ်ေပးတာကို ေလာ္တာ႐ို မာတီနက္ဇ္က ညာျခမ္းကေန ကန္သြင္းခဲ့ရာမွာ လိုရစ္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ျပန္ထြက္လာတဲ့ ေဘာလုံးကို မက္ဆီက ပိတ္သြင္းယူသြားခဲ့တာပါ။
ဒီဂိုးရအၿပီးမွာ အာဂ်င္တီးနားတို႔ ပိတ္ကစားဖို႔ ႀကိဳးစားခဲ့ေပမယ့္ ကံမေကာင္းခဲ့ဘဲ ပြဲခ်ိန္ ၁၁၈ မိနစ္မွာ ေခ်ပဂိုး ထပ္ေပးခဲ့ရသလို ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန အမ္ဘာေပ ကန္သြင္းတာကို တံေတာင္နဲ႔ ထိမိတဲ့ မြန္တီယယ္လ္ေၾကာင့္ ဒိုင္လူႀကီးက မေပးလဲရတဲ့ ပင္နယ္တီကို ခြင့္ျပဳခဲ့ရာမွာ အမ္ဘာေပကပဲ သူ႔ရဲ႕ ဟက္ထရစ္အျဖစ္ ေျပာင္းလဲသြားႏိုင္ခဲ့လို႔ ပြဲခ်ိန္အျပည့္မွာ သုံးဂိုးစီ သေရျဖစ္ေနခဲ့ပါတယ္။
ဒါေၾကာင့္ ပင္နယ္တီ ကန္သြင္းခဲ့ရၿပီး ျပင္သစ္တို႔ဘက္က စတင္ကန္သြင္းခဲ့ရာမွာ အမ္ဘာေပရဲ႕ ပထမဆုံး ကန္ခ်က္က ဂိုးသမား မာတီနက္ဇ္ရဲ႕ လက္ဖ်ားနဲ႔ထိၿပီး ဝင္သြားခဲ့အၿပီးမွာ မက္ဆီကေတာ့ ဂိုးသမား လိုရစ္ကို ဟန္ခ်က္ပ်က္ေအာင္လုပ္ၿပီးမွ ဘယ္ဘက္ကို ကန္သြင္းယူခဲ့လို႔ တစ္ဂိုးစီ သေရျဖစ္ေနခဲ့တာပါ။
ဒုတိယ ပင္နယ္တီကို ျပင္သစ္ဘက္က ကိုမြန္ရဲ႕ ကန္ခ်က္က ေထာင့္ဘက္ မေရာက္ခဲ့လို႔ ဂိုးသမား မာတီနက္ဇ္က မွန္မွန္ကန္ကန္ ခန႔္မွန္းၿပီး ပုတ္ထုတ္သြားႏိုင္ခဲ့သလို အာဂ်င္တီးနားတို႔ဘက္ကေတာ့ ဒီဘားလားက ဂိုးသမား လိုရစ္ကို ေဘးဘက္ဒိုက္ပစ္ေအာင္ လွည့္စားၿပီး အလယ္တည့္တည့္ကို အနိမ့္ေဘာ ကန္သြင္းသြားခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။
တတိယအလုံးမွာေတာ့ ျပင္သစ္ဘက္က ခြၽာမင္နီရဲ႕ ကန္ခ်က္ကို မာတီနက္ဇ္က မွန္မွန္ကန္ကန္ ဒိုက္ပစ္ျပခဲ့ျပန္တာေၾကာင့္ အားပိုထည့္လိုက္တဲ့ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူရဲ႕ ကန္ခ်က္က တိုင္ေဘးက ထြက္သြားခဲ့ၿပီး အာဂ်င္တီးနားဘက္က ပါေရးဒက္စ္ ကန္သြင္းရာမွာေတာ့ ဂိုးသမား လိုရစ္ မကာကြယ္ႏိုင္ခဲ့လို႔ သုံးဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။
စတုတၳ ပင္နယ္တီကိုေတာ့ ျပင္သစ္ဘက္က မဝင္ရင္ ပြဲၿပီးသြားမယ့္အခ်ိန္မွာ ကိုလို မူအာနီက ဂိုးသမား မာတီနက္ဇ္ကို လွည့္စားၿပီး အလယ္ကို အျပင္းကန္သြင္းယူသြားခဲ့တာေၾကာင့္ ေမွ်ာ္လင့္ခ်က္ ရွိေနေသးခဲ့ေပမယ့္ အာဂ်င္တီးနားဘက္ကေတာ့ ရာႏႈန္းျပည့္ဝင္ေအာင္ ေနာက္ခံလူ မြန္တီယယ္လ္က ဘယ္ဘက္တိုင္ေျခကို ဂိုးသမား လိုရစ္နဲ႔ တျခားစီ ကန္သြင္းႏိုင္ခဲ့လို႔ ေလးဂိုး-ႏွစ္ဂိုးနဲ႔ ပြဲသိမ္းခဲ့တာျဖစ္ပါတယ္။
ပင္နယ္တီကန္ဖို႔ လုပ္ကတည္းက ေလးလံတဲ့ လိုရစ္နဲ႔ ပင္နယ္တီ ဖမ္းစားေနတဲ့ မာတီနက္ဇ္တို႔ရဲ႕ လက္စြမ္းကြာဟမႈေၾကာင့္ အာဂ်င္တီးနားပရိသတ္ေတြအေနနဲ႔ ယုံၾကည္မႈ ျမင့္မားခဲ့ၾကသလို သူတို႔ရဲ႕ ပရိသတ္ေတြ ေနရာယူထားတဲ့ ဂိုးဘက္ျခမ္းမွာ ကန္ခြင့္ရတာကလည္း သူတို႔အတြက္ ပိုမိုအားတက္စရာျဖစ္ခဲ့ခ်ိန္မွာ ကစားသမားေတြအေနနဲ႔ ရာႏႈန္းျပည့္ကန္သြင္းယူႏိုင္မႈနဲ႔အတူ ဆုဖလားကို ပိုင္ဆိုင္ႏိုင္ခဲ့ၾကတာပါ။
အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီအတြက္ေတာ့ GOAT ဘြဲ႕ေနာက္မွာ ကမာၻ႔ဖလားလို႔ ကြင္းခတ္ၿပီး အၿမီးတပ္ႏိုင္ခဲ့ၿပီျဖစ္သလို အေကာင္းဆုံးဆိုတာ တစ္ခုပဲ ရွိတယ္ဆိုတဲ့ စကားအတိုင္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ေရွ႕ကေန ကမာၻ႔ခ်န္ပီယံအျဖစ္ ဂုဏ္ခံႏိုင္ခဲ့တာျဖစ္ၿပီး တန္ဂိုေတြရဲ႕ အက်ႌရင္ဘတ္က အသင္းတံဆိပ္မွာေတာ့ ၾကယ္တစ္လုံးထပ္တိုးလာခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.