International World Cup

မက်ဆီ အနိုင်ရမယ့်ဘက်ကနေ ဒေါ်လာ ၁ သန်းလောင်းထားတဲ့ ဒရိတ်ခ်

ကနေဒါ ရက်ပါ ဒရိတ်ခ်က လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနားက ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အနိုင်ရရှိမယ့်ဘက်ကနေ အမေရိကန်ဒေါ်လာ ၁ သန်း လောင်းကြေးထည့်ထားတယ်လို့ သိရပါတယ်။

ဒရိတ်ခ်ဟာ လီယွန်နယ် မက်ဆီရဲ့အသင်းကသာ ပြင်သစ်အသင်းကို လူဆေးလ်ကွင်းမှာ အနိုင်ယူပြီး ကမ္ဘာ့ဖလားကို ကိုင်မြှောက်သွားနိုင်ခဲ့မယ်ဆိုရင် ဒေါ်လာ ၁.၇၅ သန်းအထိ ရရှိသွားမှာ ဖြစ်ပါတယ်။

GOAL ရဲ့ ဖော်ပြချက်အရ ဒရိတ်ခ်ဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းက ၎င်းတို့ရဲ့ တတိယမြောက် ကမ္ဘာ့ဖလားကို ရရှိသွားမယ့်ဘက်ကနေ ဒေါ်လာ ၁ သန်းအထိ လောင်းကြေးထပ်ခဲ့တယ်လို့ သိရပြီး ကနေဒါရက်ပါ ဘောလုံးပွဲလောင်းတာက အထူးအဆန်းတော့မဟုတ်တော့ဘဲ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ကြီးမားတဲ့ လောင်းကြေးထည့်ခဲ့တာဖြစ်ပါတယ်။

ဒရိတ်ခ်ဟာ ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို အယ်လ်ကလက်စီကိုပွဲစဉ်မှာ အနိုင်ရရှိသွားမယ့်ဘက်၊ အာဆင်နယ်က လိဒ်စ်ယူနိုက်တက်ကို အနိုင်ရမယ့်ဘက်ကနေ ဒေါ်လာ ၆ သိန်း လောင်းကြေးထည့်ခဲ့သေးတာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ လိဒ်စ်ယူနိုက်တက်အသင်းကို အနိုင်ရရှိသွားခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်းကတော့ ရီးရဲလ်မက်ဒရစ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဒရိတ်ခ်တစ်ယောက် လောင်းကြေး ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

ကနေဒါ ရက်ပါရဲ့ အာဂျင်တီးနားအသင်းဘက်ကနေ လောင်းကြေးထည့်မှုက စကာလိုနီရဲ့အသင်းအတွက် ကျိန်စာ ဖြစ်လာနိုင်ပြီး ဒရိတ်ခ် လောင်းတဲ့ဘက်က ရှုံးနိမ့်တတ်တာကြောင့် ဒရိတ်ခ် ကျိန်စာဆိုပြီး လူသိများ ကျော်ကြားခဲ့တာဖြစ်ပါတယ်။

ကနေဒါလူမျိုး ရက်ပါ အားပေးတဲ့အသင်း သို့မဟုတ် အားကစားသမားဟာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဒရိတ်ခ်က လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနားအသင်းက ပြင်သစ်ကို အနိုင်ရရှိသွားမယ်လို့ ရွေးချယ်ခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ ယနေ့နံနက်မှာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်ကတော့ အာဂျင်တီးနားဘက်ကနေမယ်။ သူက ပြင်သစ်ဘက်က နေမယ်။ ဒါက စိတ်ခံစားမှုတစ်ခု ဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကေနဒါ ရက္ပါ ဒရိတ္ခ္က လီယြန္နယ္ မက္ဆီရဲ႕ အာဂ်င္တီးနားက ၂၀၂၂ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ အႏိုင္ရရွိမယ့္ဘက္ကေန အေမရိကန္ေဒၚလာ ၁ သန္း ေလာင္းေၾကးထည့္ထားတယ္လို႔ သိရပါတယ္။

ဒရိတ္ခ္ဟာ လီယြန္နယ္ မက္ဆီရဲ႕အသင္းကသာ ျပင္သစ္အသင္းကို လူေဆးလ္ကြင္းမွာ အႏိုင္ယူၿပီး ကမာၻ႔ဖလားကို ကိုင္ေျမႇာက္သြားႏိုင္ခဲ့မယ္ဆိုရင္ ေဒၚလာ ၁.၇၅ သန္းအထိ ရရွိသြားမွာ ျဖစ္ပါတယ္။

GOAL ရဲ႕ ေဖာ္ျပခ်က္အရ ဒရိတ္ခ္ဟာ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းက ၎တို႔ရဲ႕ တတိယေျမာက္ ကမာၻ႔ဖလားကို ရရွိသြားမယ့္ဘက္ကေန ေဒၚလာ ၁ သန္းအထိ ေလာင္းေၾကးထပ္ခဲ့တယ္လို႔ သိရၿပီး ကေနဒါရက္ပါ ေဘာလုံးပြဲေလာင္းတာက အထူးအဆန္းေတာ့မဟုတ္ေတာ့ဘဲ ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းကလည္း ႀကီးမားတဲ့ ေလာင္းေၾကးထည့္ခဲ့တာျဖစ္ပါတယ္။

ဒရိတ္ခ္ဟာ ဘာစီလိုနာအသင္းက ရီးရဲလ္မက္ဒရစ္အသင္းကို အယ္လ္ကလက္စီကိုပြဲစဥ္မွာ အႏိုင္ရရွိသြားမယ့္ဘက္၊ အာဆင္နယ္က လိဒ္စ္ယူႏိုက္တက္ကို အႏိုင္ရမယ့္ဘက္ကေန ေဒၚလာ ၆ သိန္း ေလာင္းေၾကးထည့္ခဲ့ေသးတာ ျဖစ္ပါတယ္။ ဂန္းနားေတြဟာ လိဒ္စ္ယူႏိုက္တက္အသင္းကို အႏိုင္ရရွိသြားခဲ့ေပမယ့္လည္း ဘာစီလိုနာအသင္းကေတာ့ ရီးရဲလ္မက္ဒရစ္ကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ဒရိတ္ခ္တစ္ေယာက္ ေလာင္းေၾကး ရႈံးနိမ့္သြားခဲ့တာ ျဖစ္ပါတယ္။

ကေနဒါ ရက္ပါရဲ႕ အာဂ်င္တီးနားအသင္းဘက္ကေန ေလာင္းေၾကးထည့္မႈက စကာလိုနီရဲ႕အသင္းအတြက္ က်ိန္စာ ျဖစ္လာႏိုင္ၿပီး ဒရိတ္ခ္ ေလာင္းတဲ့ဘက္က ရႈံးနိမ့္တတ္တာေၾကာင့္ ဒရိတ္ခ္ က်ိန္စာဆိုၿပီး လူသိမ်ား ေက်ာ္ၾကားခဲ့တာျဖစ္ပါတယ္။

ကေနဒါလူမ်ိဳး ရက္ပါ အားေပးတဲ့အသင္း သို႔မဟုတ္ အားကစားသမားဟာ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ဒရိတ္ခ္က လီယြန္နယ္ မက္ဆီရဲ႕ အာဂ်င္တီးနားအသင္းက ျပင္သစ္ကို အႏိုင္ရရွိသြားမယ္လို႔ ေ႐ြးခ်ယ္ခဲ့တဲ့ ဗီဒီယိုဖိုင္ဟာ ယေန႔နံနက္မွာ လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔လာခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ကေတာ့ အာဂ်င္တီးနားဘက္ကေနမယ္။ သူက ျပင္သစ္ဘက္က ေနမယ္။ ဒါက စိတ္ခံစားမႈတစ္ခု ျဖစ္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.