မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က အာဂျင်တီးနားနဲ့ ပြင်သစ်တို့ထဲက ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အနိုင်ရဖို့ အနည်းငယ် ပိုရေပန်းစားတဲ့အသင်းကို ပြော
ပြခဲ့ပြီး ကမ္ဘာ့ဖလားကို ဘယ်အသင်း ကိုင်မြှောက်စေချင်လဲဆိုတာကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လက်ရှိ ကမ္ဘာ့ချန်ပီယံတွေဟာ တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပြင်သစ်ဟာ ရှုံးထွက်အဆင့်မှာ ပိုလန်၊ အင်္ဂလန်၊ မော်ရိုကိုတို့ကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းကလည်း သြစတြေးလျ၊ နယ်သာလန်၊ ခရိုအေးရှားတို့ကို အနိုင်ယူပြီး ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဘောလုံးသမိုင်းမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ လီယွန်နယ် မက်ဆီဟာ ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲတုန်းက ဂျာမနီကို အချိန်ပိုမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် ဒုတိယနဲ့ ကျေနပ်ခဲ့ရပြီး လက်ရှိအချိန်အထိ ကမ္ဘာ့ဖလားနဲ့ ဝေးကွာနေဆဲဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်း ရွိုင် ကီးန်က လီယွန်နယ် မက်ဆီပါဝင်နေမှုက အာဂျင်တီးနားကို တနင်္ဂနွေနေ့ ဗိုလ်လုပွဲမှာ အနိုင်ရဖို့ အနည်းငယ် ပိုမိုရေပန်းစားစေပြီး အဲဒီရလဒ်အတိုင်းပဲ ထွက်ပေါ်လာတာမြင်ချင်တယ်လို့ ဝန်ခံခဲ့ပါတယ်။
“အဲဒီပွဲက စိတ်ဝင်စားစရာပဲ။ အဲဒါက အရမ်းကောင်းတဲ့ ဗိုလ်လုပွဲဖြစ်ပြီး အားလုံး အမှန်တကယ်စောင့်မျှော်နေတဲ့ပွဲပါ။ ခင်ဗျား မော်ရို၊ အင်္ဂလန်တို့နဲ့ ကစားခဲ့တဲ့ ပြင်သစ်ကို ကြည့်လိုက်ရင် သူတို့တွေက အရမ်းမကောင်းလို့ ထင်မှာပါ။ ဒါပေမယ့်သူတို့အလုပ်ကိုတော့ သူတို့ပြီးအောင် လုပ်ခဲ့ပါတယ်”
“သူတို့တွေ ဒီ ၂ ပွဲမှာ ၁ ဂိုးပဲ ပေးခဲ့ရပြီး အဲဒါက ပင်နယ်တီပါ။ ဒါပေမယ့် အာဂျင်တီးနားက နောက်ကနေ အားပေးထောက်ခံမှုတွေအများကြီးနဲ့ အသင်းရဲ့ အင်အားအပြင် လီယွန်နယ် မက်ဆီလည်း ရှိနေတော့ သူတို့က နည်းနည်းပိုပြီး ရေပန်းစားတယ်လို့ ခင်ဗျား ပြောရပါလိမ့်မယ်”
“ကျွန်တော်တို့ မက်ဆီရဲ့ အကောင်းဆုံး ခြေစွမ်းကို မြင်တွေ့ခဲ့ရပြီး သူက အဲဒါကို နှစ်ပေါင်းများစွာ လုပ်ခဲ့တာပါ။ ဒီကောင်လေးကအံ့အားသင့်စရာကောင်းပြီး သူ့ကို ကြည့်ရှုရတာကို ကျွန်တော် နှစ်သက်တယ်။ ခင်ဗျား သိလား။ ကျွန်တော် သူတို့ ကမ္ဘာ့ဖလားရသွားဖို့ မျှော်လင့်မိတယ်။ အာဂျင်တီးနားအတွက်မဟုတ်တောင် သူ့အတွက်ပါ”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ႐ြိဳင္ ကီးန္က အာဂ်င္တီးနားနဲ႔ ျပင္သစ္တို႔ထဲက ကမာၻ႔ဖလားဗိုလ္လုပြဲမွာ အႏိုင္ရဖို႔ အနည္းငယ္ ပိုေရပန္းစားတဲ့အသင္းကို ေျပာ
ျပခဲ့ၿပီး ကမာၻ႔ဖလားကို ဘယ္အသင္း ကိုင္ေျမႇာက္ေစခ်င္လဲဆိုတာကိုလည္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
လက္ရွိ ကမာၻ႔ခ်န္ပီယံေတြဟာ တနဂၤေႏြေန႔ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ အာဂ်င္တီးနားနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ျပင္သစ္ဟာ ရႈံးထြက္အဆင့္မွာ ပိုလန္၊ အဂၤလန္၊ ေမာ္႐ိုကိုတို႔ကို အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။ အာဂ်င္တီးနားအသင္းကလည္း ၾသစေၾတးလ်၊ နယ္သာလန္၊ ခ႐ိုေအးရွားတို႔ကို အႏိုင္ယူၿပီး ၆ ႀကိမ္ေျမာက္ ကမာၻ႔ဖလားဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ေဘာလုံးသမိုင္းမွာ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံထားရတဲ့ လီယြန္နယ္ မက္ဆီဟာ ၂၀၁၄ ကမာၻ႔ဖလားဗိုလ္လုပြဲတုန္းက ဂ်ာမနီကို အခ်ိန္ပိုမွာ ရႈံးနိမ့္ခဲ့တဲ့အတြက္ ဒုတိယနဲ႔ ေက်နပ္ခဲ့ရၿပီး လက္ရွိအခ်ိန္အထိ ကမာၻ႔ဖလားနဲ႔ ေဝးကြာေနဆဲျဖစ္ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမားေဟာင္း ႐ြိဳင္ ကီးန္က လီယြန္နယ္ မက္ဆီပါဝင္ေနမႈက အာဂ်င္တီးနားကို တနဂၤေႏြေန႔ ဗိုလ္လုပြဲမွာ အႏိုင္ရဖို႔ အနည္းငယ္ ပိုမိုေရပန္းစားေစၿပီး အဲဒီရလဒ္အတိုင္းပဲ ထြက္ေပၚလာတာျမင္ခ်င္တယ္လို႔ ဝန္ခံခဲ့ပါတယ္။
“အဲဒီပြဲက စိတ္ဝင္စားစရာပဲ။ အဲဒါက အရမ္းေကာင္းတဲ့ ဗိုလ္လုပြဲျဖစ္ၿပီး အားလုံး အမွန္တကယ္ေစာင့္ေမွ်ာ္ေနတဲ့ပြဲပါ။ ခင္ဗ်ား ေမာ္႐ို၊ အဂၤလန္တို႔နဲ႔ ကစားခဲ့တဲ့ ျပင္သစ္ကို ၾကည့္လိုက္ရင္ သူတို႔ေတြက အရမ္းမေကာင္းလို႔ ထင္မွာပါ။ ဒါေပမယ့္သူတို႔အလုပ္ကိုေတာ့ သူတို႔ၿပီးေအာင္ လုပ္ခဲ့ပါတယ္”
“သူတို႔ေတြ ဒီ ၂ ပြဲမွာ ၁ ဂိုးပဲ ေပးခဲ့ရၿပီး အဲဒါက ပင္နယ္တီပါ။ ဒါေပမယ့္ အာဂ်င္တီးနားက ေနာက္ကေန အားေပးေထာက္ခံမႈေတြအမ်ားႀကီးနဲ႔ အသင္းရဲ႕ အင္အားအျပင္ လီယြန္နယ္ မက္ဆီလည္း ရွိေနေတာ့ သူတို႔က နည္းနည္းပိုၿပီး ေရပန္းစားတယ္လို႔ ခင္ဗ်ား ေျပာရပါလိမ့္မယ္”
“ကြၽန္ေတာ္တို႔ မက္ဆီရဲ႕ အေကာင္းဆုံး ေျခစြမ္းကို ျမင္ေတြ႕ခဲ့ရၿပီး သူက အဲဒါကို ႏွစ္ေပါင္းမ်ားစြာ လုပ္ခဲ့တာပါ။ ဒီေကာင္ေလးကအံ့အားသင့္စရာေကာင္းၿပီး သူ႔ကို ၾကည့္ရႈရတာကို ကြၽန္ေတာ္ ႏွစ္သက္တယ္။ ခင္ဗ်ား သိလား။ ကြၽန္ေတာ္ သူတို႔ ကမာၻ႔ဖလားရသြားဖို႔ ေမွ်ာ္လင့္မိတယ္။ အာဂ်င္တီးနားအတြက္မဟုတ္ေတာင္ သူ႔အတြက္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.