Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၁၆.၉.၂၀၂၀

– လီဗာပူးလ္အသင္းအေနနဲ႔ ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာကို အမွန္တကယ္အလိုရွိေနေပမယ့္လည္း ေျပာင္းေရႊ႕ေၾကး ယူ႐ို သန္း ၃၀ ကို မေပးလုိတာေၾကာင့္ အေျပာင္းအေရႊ႕ပိတ္ခါနီးအခ်ိန္ ေစာင့္ဆုိင္းၿပီး ဘုိင္ယန္ျမဴးနစ္ကို ေဈးႏွဳန္းေလွ်ာ့ခ်ခိုင္းဖို႔ အကြက္ဆင္ေနတယ္လို႔ သတင္းေတြ ေဖာ္ျပ။

– လီဗာပူးလ္အသင္းရဲ႕ ပြဲပန္းေနၿပီး အေျပာင္းအလဲမရွိတဲ့ တုိက္စစ္ကို အားျဖည့္ဖို႔ ခရစၥတယ္လ္ပဲေလ့စ္အသင္းက ေရာင္းခ်ဖို႔ စီစဥ္ထားတဲ့ ေတာင္ပံတုိက္စစ္မွဴး ဝီလ္ဖရီးဒ္ ဇာဟာက သင့္ေတာ္လိမ့္မယ္လို႔ တိုနီ ကက္စ္ကာရီႏိုက The Times မွာ ေရးသား။

– ခံစစ္ပုိင္းကို အားျဖည့္မွဳေတြ ျပဳလုပ္ဖို႔ လိုအပ္ေနတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ဆမ္ဒိုးရီးယားအသင္းရဲ႕ ဂမ္ဘီယာခံစစ္မွဴး အုိမာ ေကာ္လီကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသင္းေတြထဲမွာ ပါဝင္ေနတယ္လို႔ အီတလီသတင္းေတြ ေဖာ္ျပ။

– အသင္းရဲ႕ ဖ႐ိုဖရဲျဖစ္ေနတဲ့ ခံစစ္ကို မျပဳျပင္ႏုိင္ရင္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတုိ႔ကို စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အျပစ္ေပးလိမ့္မယ္လို႔ လီဗာပူးလ္ဂႏၴဝင္တုိက္စစ္မွဴး ဂၽြန္ အယ္လ္ဒရစ္ခ်္က သတိေပးလုိက္ၿပီး ပြဲတစ္ပြဲႏုိင္ဖို႔အတြက္ တုိက္စစ္မွဴးေတြကိုပဲ အျမဲတမ္း ယုံၾကည္ေနလုိ႔ မျဖစ္ဘူးလို႔ ေဝဖန္သြားခဲ့။

– ကာရာေဘာင္းဖလား တတိယအဆင့္အတြက္ လီဗာပူးလ္အသင္းရဲ႕ ၿပဳိင္ဘက္ ထြက္ေပၚလာခဲ့ၿပီျဖစ္ၿပီး ဘရက္ဖို႔ဒ္စီးတီးအသင္းကို ငါးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့ လင္ကြန္းစီးတီးအသင္းကို အေဝးကြင္းမွာ သြားေရာက္ယွဥ္ၿပဳိင္ကစားရမည္။

– လီဗာပူးလ္အသင္းက စိတ္ဝင္စားေနေပမယ့္လည္း သူတုိ႔ရဲ႕ ေနာက္ခံလူ အုိဇန္ ကာဘက္ခ္ကို ေရာင္းခ်သြားဖို႔ အစီအစဥ္ မရွိေၾကာင္း ဘြန္ဒက္စ္လီဂါကလပ္ ေရွာ္လ္ကာအသင္းရဲ႕ အားကစားဒါ႐ိုက္တာ ဂ်ဳိခ်င္ ႐ွႏိုက္ဒါ ေျပာၾကား။

– လီဗာပူးလ္အသင္းရဲ႕ အေျပာင္းအေရႊ႕ေဈးကြက္မွာ လွဳပ္ရွားမွဳ မရွိတဲ့ ပုံစံနဲ႔ လက္ရွိ ဖ႐ိုဖရဲျဖစ္ေနတဲ့ ခံစစ္ကစားပုံေတြေၾကာင့္ လာမယ့္ ပရီးမီးယားလိဂ္ရာသီၿပီးဆုံးခ်ိန္မွာ အဆင့္ ၄ မွာ ရပ္တည္ခဲ့ရင္လည္း မအံ့ၾသႏုိင္ေၾကာင္းနဲ႔ ေနာက္ခံလူ ဗန္ဒိုက္အေနနဲ႔ ဒဏ္ရာရခြင့္ လုံးဝ မရွိေၾကာင္း ေပါလ္မာဆန္ သုံးသပ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လီဗာပူးလ်အသင်းအနေနဲ့ ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာကို အမှန်တကယ်အလိုရှိနေပေမယ့်လည်း ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ကို မပေးလိုတာကြောင့် အပြောင်းအရွှေ့ပိတ်ခါနီးအချိန် စောင့်ဆိုင်းပြီး ဘိုင်ယန်မြူးနစ်ကို ဈေးနှုန်းလျှော့ချခိုင်းဖို့ အကွက်ဆင်နေတယ်လို့ သတင်းတွေ ဖော်ပြ။

– လီဗာပူးလ်အသင်းရဲ့ ပွဲပန်းနေပြီး အပြောင်းအလဲမရှိတဲ့ တိုက်စစ်ကို အားဖြည့်ဖို့ ခရစ္စတယ်လ်ပဲလေ့စ်အသင်းက ရောင်းချဖို့ စီစဉ်ထားတဲ့ တောင်ပံတိုက်စစ်မှူး ဝီလ်ဖရီးဒ် ဇာဟာက သင့်တော်လိမ့်မယ်လို့ တိုနီ ကက်စ်ကာရီနိုက The Times မှာ ရေးသား။

– ခံစစ်ပိုင်းကို အားဖြည့်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေတဲ့ လီဗာပူးလ်အသင်းအနေနဲ့ ဆမ်ဒိုးရီးယားအသင်းရဲ့ ဂမ်ဘီယာခံစစ်မှူး အိုမာ ကော်လီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်နေတယ်လို့ အီတလီသတင်းတွေ ဖော်ပြ။

– အသင်းရဲ့ ဖရိုဖရဲဖြစ်နေတဲ့ ခံစစ်ကို မပြုပြင်နိုင်ရင် ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ အပြစ်ပေးလိမ့်မယ်လို့ လီဗာပူးလ်ဂန္ထဝင်တိုက်စစ်မှူး ဂျွန် အယ်လ်ဒရစ်ချ်က သတိပေးလိုက်ပြီး ပွဲတစ်ပွဲနိုင်ဖို့အတွက် တိုက်စစ်မှူးတွေကိုပဲ အမြဲတမ်း ယုံကြည်နေလို့ မဖြစ်ဘူးလို့ ဝေဖန်သွားခဲ့။

– ကာရာဘောင်းဖလား တတိယအဆင့်အတွက် လီဗာပူးလ်အသင်းရဲ့ ပြိုင်ဘက် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ဘရက်ဖို့ဒ်စီးတီးအသင်းကို ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လင်ကွန်းစီးတီးအသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမည်။

– လီဗာပူးလ်အသင်းက စိတ်ဝင်စားနေပေမယ့်လည်း သူတို့ရဲ့ နောက်ခံလူ အိုဇန် ကာဘက်ခ်ကို ရောင်းချသွားဖို့ အစီအစဉ် မရှိကြောင်း ဘွန်ဒက်စ်လီဂါကလပ် ရှော်လ်ကာအသင်းရဲ့ အားကစားဒါရိုက်တာ ဂျိုချင် ရှနိုက်ဒါ ပြောကြား။

– လီဗာပူးလ်အသင်းရဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ လှုပ်ရှားမှု မရှိတဲ့ ပုံစံနဲ့ လက်ရှိ ဖရိုဖရဲဖြစ်နေတဲ့ ခံစစ်ကစားပုံတွေကြောင့် လာမယ့် ပရီးမီးယားလိဂ်ရာသီပြီးဆုံးချိန်မှာ အဆင့် ၄ မှာ ရပ်တည်ခဲ့ရင်လည်း မအံ့သြနိုင်ကြောင်းနဲ့ နောက်ခံလူ ဗန်ဒိုက်အနေနဲ့ ဒဏ်ရာရခွင့် လုံးဝ မရှိကြောင်း ပေါလ်မာဆန် သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.