Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၁၆.၉.၂၀၂၀

– ဝက္စ္ဟမ္းအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ကြင္းလယ္ခံစစ္ကစားသမား ဒက္ကလန္ ႐ိုက္စ္အတြက္ ခ်ဲလ္ဆီးအသင္းဘက္က ကစားသမား အလုိက္ေပးၿပီး ကမ္းလွမ္းလာမွဳကို ျပန္လည္ေဆြးေႏြးဖို႔ ရွိေနၿပီး အသင္းမွာ လုိအပ္ခ်က္ရွိေနတဲ့ ဘယ္ေနာက္ခံလူေနရာအတြက္ အီမာဆန္ ပယ္လ္မီယာရီကို ထည့္သြင္းေပးဖို႔ ေတာင္းဆုိသြားဖြယ္ရွိေန။

– အဂၤလန္သတင္းေတြက ေဖာ္ျပထားခဲ့တဲ့ ရင္းေနးဂိုးသမား ေအဒူယာ မန္ဒီအတြက္ ခ်ဲလ္ဆီးဘက္က ယူ႐ိုသန္း ၂၀ ေပးခဲ့ရတယ္ဆုိတာ မဟုတ္မွန္ေၾကာင္းနဲ႔ တကယ္တမ္းမွာ ဒီထက္ျမင့္မားတဲ့ ပမာဏျဖစ္တဲ့ ယူ႐ို ၂၂ သန္း + ခံစားခြင့္ ၆ သန္း ေပးေခ်ခဲ့ရတယ္လို႔ ျပင္သစ္သတင္းေတြကဆုိ။

– ဟဒ္ဆန္-အိုဒြဳိင္းအတြက္ အငွားေခၚယူၿပီး ေျခစြမ္းျပႏိုင္ရင္ အၿပီးသတ္ေခၚယူမယ့္ ကမ္းလွမ္းမွဳမ်ဳိးနဲ႔ ဝင္ေရာက္လာဖုိ႔ ရွိေနတဲ့ ဘုိင္ယန္ ျမဴးနစ္အသင္းရဲ႕ ကမ္းလွမ္းမွဳကို လက္မခံဖို႔နဲ႔ လူငယ္ေတာင္ပံကစားသမားကို စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ရွိေနေစဖို႔ ပရိသတ္ေတြ ေတာင္းဆုိ။

– အသင္းရဲ႕ ဖ႐ိုဖရဲျဖစ္ေနတဲ့ ခံစစ္ကို မျပဳျပင္ႏုိင္ရင္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတုိ႔ကို စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အျပစ္ေပးလိမ့္မယ္လို႔ လီဗာပူးလ္ဂႏၴဝင္တုိက္စစ္မွဴး ဂၽြန္ အယ္လ္ဒရစ္ခ်္က သတိေပးလုိက္ၿပီး ပြဲတစ္ပြဲႏုိင္ဖို႔အတြက္ တုိက္စစ္မွဴးေတြကိုပဲ အျမဲတမ္း ယုံၾကည္ေနလုိ႔ မျဖစ္ဘူးလို႔ ေဝဖန္သြားခဲ့။

– ကာရာေဘာင္းဖလား တတိယအဆင့္အတြက္ ခ်ဲလ္ဆီးအသင္းရဲ႕ ၿပဳိင္ဘက္ ထြက္ေပၚလာခဲ့ၿပီျဖစ္ၿပီး မစ္ဒယ္ဘေရာ့အသင္းကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့ ဘန္စေလအသင္းကို အိမ္ကြင္းမွာ လက္ခံကစားရမည္။

– အသင္းရဲ႕ ဂိုးသမားသစ္ ေခၚယူမွဳအျဖစ္ ညႇိႏွဳိင္းေနခဲ့တဲ့ ေအဒူယာ မန္ဒီအတြက္ ရင္းေနးအသင္းဘက္က တုိက္စစ္မွဴး အိုလီဗီးေယး ဂ်ီ႐ူးကို တစ္ရာသီ အငွားခ်ေပးဖို႔ အလိုရွိေနခဲ့ၿပီး ခ်ဲလ္ဆီးဘက္က သေဘာမတူခဲ့တာေၾကာင့္ ေျပာင္းေရႊ႕ေၾကး ပုိေပးခဲ့ရတယ္လို႔ဆုိ။

– ပရီးမီးယားလိဂ္ဟာ ဘြန္ဒက္စ္လီဂါထက္ ခက္ခဲေၾကာင္းနဲ႔ ထရိန္နင္ ပ်က္ေနခဲ့တာေၾကာင့္ ကစားရတာ ေတာ္ေတာ္ေလး ႐ုန္းကန္ခဲ့ရၿပီး လာမယ့္ပြဲေတြမွာေတာ့ ေျခစြမ္းျပႏိုင္ဖို႔နဲ႔ ပုိမိုကစားခြင့္ရဖို႔ ယုံၾကည္ေၾကာင္း ခ်ဲလ္ဆီးကစားသမားသစ္ ခိုင္ ဟာဗတ္ဇ္ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဝက်စ်ဟမ်းအသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်ခံစစ်ကစားသမား ဒက်ကလန် ရိုက်စ်အတွက် ချဲလ်ဆီးအသင်းဘက်က ကစားသမား အလိုက်ပေးပြီး ကမ်းလှမ်းလာမှုကို ပြန်လည်ဆွေးနွေးဖို့ ရှိနေပြီး အသင်းမှာ လိုအပ်ချက်ရှိနေတဲ့ ဘယ်နောက်ခံလူနေရာအတွက် အီမာဆန် ပယ်လ်မီယာရီကို ထည့်သွင်းပေးဖို့ တောင်းဆိုသွားဖွယ်ရှိနေ။

– အင်္ဂလန်သတင်းတွေက ဖော်ပြထားခဲ့တဲ့ ရင်းနေးဂိုးသမား အေဒူယာ မန်ဒီအတွက် ချဲလ်ဆီးဘက်က ယူရိုသန်း ၂၀ ပေးခဲ့ရတယ်ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ တကယ်တမ်းမှာ ဒီထက်မြင့်မားတဲ့ ပမာဏဖြစ်တဲ့ ယူရို ၂၂ သန်း + ခံစားခွင့် ၆ သန်း ပေးချေခဲ့ရတယ်လို့ ပြင်သစ်သတင်းတွေကဆို။

– ဟဒ်ဆန်-အိုဒွိုင်းအတွက် အငှားခေါ်ယူပြီး ခြေစွမ်းပြနိုင်ရင် အပြီးသတ်ခေါ်ယူမယ့် ကမ်းလှမ်းမှုမျိုးနဲ့ ဝင်ရောက်လာဖို့ ရှိနေတဲ့ ဘိုင်ယန် မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်မခံဖို့နဲ့ လူငယ်တောင်ပံကစားသမားကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရှိနေစေဖို့ ပရိသတ်တွေ တောင်းဆို။

– အသင်းရဲ့ ဖရိုဖရဲဖြစ်နေတဲ့ ခံစစ်ကို မပြုပြင်နိုင်ရင် ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ အပြစ်ပေးလိမ့်မယ်လို့ လီဗာပူးလ်ဂန္ထဝင်တိုက်စစ်မှူး ဂျွန် အယ်လ်ဒရစ်ချ်က သတိပေးလိုက်ပြီး ပွဲတစ်ပွဲနိုင်ဖို့အတွက် တိုက်စစ်မှူးတွေကိုပဲ အမြဲတမ်း ယုံကြည်နေလို့ မဖြစ်ဘူးလို့ ဝေဖန်သွားခဲ့။

– ကာရာဘောင်းဖလား တတိယအဆင့်အတွက် ချဲလ်ဆီးအသင်းရဲ့ ပြိုင်ဘက် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး မစ်ဒယ်ဘရော့အသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘန်စလေအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမည်။

– အသင်းရဲ့ ဂိုးသမားသစ် ခေါ်ယူမှုအဖြစ် ညှိနှိုင်းနေခဲ့တဲ့ အေဒူယာ မန်ဒီအတွက် ရင်းနေးအသင်းဘက်က တိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးကို တစ်ရာသီ အငှားချပေးဖို့ အလိုရှိနေခဲ့ပြီး ချဲလ်ဆီးဘက်က သဘောမတူခဲ့တာကြောင့် ပြောင်းရွှေ့ကြေး ပိုပေးခဲ့ရတယ်လို့ဆို။

– ပရီးမီးယားလိဂ်ဟာ ဘွန်ဒက်စ်လီဂါထက် ခက်ခဲကြောင်းနဲ့ ထရိန်နင် ပျက်နေခဲ့တာကြောင့် ကစားရတာ တော်တော်လေး ရုန်းကန်ခဲ့ရပြီး လာမယ့်ပွဲတွေမှာတော့ ခြေစွမ်းပြနိုင်ဖို့နဲ့ ပိုမိုကစားခွင့်ရဖို့ ယုံကြည်ကြောင်း ချဲလ်ဆီးကစားသမားသစ် ခိုင် ဟာဗတ်ဇ်ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.