Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၁၆.၉.၂၀၂၀

– အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆုိဖို႔ ၾကာျမင့္ေနခဲ့တဲ့ အသင္းေခါင္းေဆာင္တုိက္စစ္မွဴး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းအတြက္ သုံးႏွစ္စာခ်ဳပ္သစ္ကို လက္မွတ္ေရးထိုးလုိက္ႏုိင္ၿပီျဖစ္ၿပီး နည္းျပ အာတီတာနဲ႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူးတုိ႔က ဝမ္းသာစကားဆုိ။

– အာဆင္နယ္အသင္းရဲ႕ ပရိသတ္တစ္ဦးျဖစ္တဲ့ ဂိုးသမား အဲလက္စ္ ႐ူနာဆန္ဟာ ၂၀၁၁ ခုႏွစ္တုန္းက နည္းျပေဟာင္း အာဆင္ဝင္းဂါးကို တြစ္တာမွာ ဒဲ့ဆဲခဲ့ဖူးသူျဖစ္ၿပီး လက္ရွိ ေဆးစစ္မွဳ ခံယူေနတဲ့ အခ်ိန္မွာေတာ့ ဒီပုိ႔စ္ေတြကို ဖ်က္သြားခဲ့ၿပီလို႔ သိရ။

– ကြင္းလယ္မွာ လီယြန္ရဲ႕ ေအာဝါကသာ ဦးစားေပးပစ္မွတ္ျဖစ္ဖြယ္ရွိၿပီး အဖ်က္ပုိင္းအတြက္ ေသာမတ္စ္ ပါေတးအစား ယူ႐ို ၁၀ သန္းေလာက္နဲ႔ ရရွိႏုိင္မယ့္ လီဂူးဝမ္း တန္းဆင္းကလပ္ တူးလူးစ္ရဲ႕ ကြင္းလယ္ကစားသမား အီဘရာဟင္မ္ ဆန္ဂါေရးကို စပါးစ္၊ ေအစီမီလန္တုိ႔နဲ႔အၿပဳိင္ ကမ္းလွမ္းဖို႔ စီစဥ္ေန။

– လူငယ္တုိက္စစ္မွဴး ဖိုလာရင္ ဘာလိုဂြန္အတြက္ ရွက္ဖီးလ္ဒ္ယူႏုိက္တက္ရဲ႕ ေပါင္ ၃ သန္းနဲ႔ ကမ္းလွမ္းမွဳကို အာဆင္နယ္အသင္းက ပယ္ခ်လုိက္ၿပီး ေပါင္ ၁၅ သန္း မေပးရင္ မေရာင္းဘူးလို႔ ဆုိခဲ့သလို စာခ်ဳပ္သက္တမ္းတုိးသြားဖို႔လည္း ျဖစ္ႏုိင္ေျခရွိေနၿပီး ကစားသမားကေတာ့ တြစ္တာမွာ ေစာင့္ၾကည့္ရမယ္ဆုိတဲ့ သေဘာနဲ႔ သဲနာရီပုံ အီမိုဂ်ီတင္သြားခဲ့။

– ၁၁ ႏွစ္ၾကာ သူ႕ကို အားေပးလာခဲ့တဲ့ ပရိသတ္ေတြနဲ႔ ခြဲရမယ့္အတြက္ ဝမ္းနည္းေၾကာင္းနဲ႔ ပံ့ပိုးမွဳေတြနဲ႔ အားေပးစကားေတြအတြက္ ေက်းဇူးတင္ေၾကာင္း ဂိုးသမား အီမီလီယာႏုိ မာတီနက္ဇ္က ေျပာၾကားခဲ့ၿပီး ၿပီးခဲ့တဲ့ အခ်ိန္ေတြက ေနာက္ေဖးေပါက္ကေန တိတ္တိတ္ေလး မထြက္ရခဲ့ဘဲ အသင္းက အသိအမွတ္ျပဳခံရသူတစ္ေယာက္အေနနဲ႔ ေရွ႕ေပါက္က ျပန္လည္ထြက္ခြာႏုိင္ခဲ့တဲ့အတြက္လည္း ဂုဏ္ယူေၾကာင္းဆုိ။

– အယ္လ္ဆတ္ဒ္အသင္းကို ဒီရာသီသစ္မွာ ေျပာင္းေရႊ႕ကစားခဲ့ၿပီး အသင္းနဲ႔ ပထမဆုံး ၃ ပြဲမွာ ၄ ဂိုးသြင္းယူထားခဲ့တဲ့ ကြင္းလယ္လူ ဆန္တီ ကာဇိုလာက အသင္းေဟာင္း အာဆင္နယ္နဲ႔ သက္တမ္းတုိးဖို႔ သေဘာတူလိုက္တဲ့ အူဘာမီယန္းကို ခ်ီးက်ဴးသြား။

– အာဆင္နယ္အသင္းရဲ႕ ပစ္မွတ္ ဟူဆင္းမ္ ေအာဝါအေနနဲ႔ အဂၤါေန႔ညမွာ ကစားခဲ့တဲ့ လီယြန္နဲ႔ ေမာင့္ပယ္လီေယးတို႔ရဲ႕ ပြဲစဥ္မွာ တစ္ဖက္ကစားသမား အားႏိုး ဆူးေကးကို အဝင္ၾကမ္းခဲ့လို႔ တုိက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကြာမြင့်နေခဲ့တဲ့ အသင်းခေါင်းဆောင်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းအတွက် သုံးနှစ်စာချုပ်သစ်ကို လက်မှတ်ရေးထိုးလိုက်နိုင်ပြီဖြစ်ပြီး နည်းပြ အာတီတာနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးတို့က ဝမ်းသာစကားဆို။

– အာဆင်နယ်အသင်းရဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ ဂိုးသမား အဲလက်စ် ရူနာဆန်ဟာ ၂၀၁၁ ခုနှစ်တုန်းက နည်းပြဟောင်း အာဆင်ဝင်းဂါးကို တွစ်တာမှာ ဒဲ့ဆဲခဲ့ဖူးသူဖြစ်ပြီး လက်ရှိ ဆေးစစ်မှု ခံယူနေတဲ့ အချိန်မှာတော့ ဒီပို့စ်တွေကို ဖျက်သွားခဲ့ပြီလို့ သိရ။

– ကွင်းလယ်မှာ လီယွန်ရဲ့ အောဝါကသာ ဦးစားပေးပစ်မှတ်ဖြစ်ဖွယ်ရှိပြီး အဖျက်ပိုင်းအတွက် သောမတ်စ် ပါတေးအစား ယူရို ၁၀ သန်းလောက်နဲ့ ရရှိနိုင်မယ့် လီဂူးဝမ်း တန်းဆင်းကလပ် တူးလူးစ်ရဲ့ ကွင်းလယ်ကစားသမား အီဘရာဟင်မ် ဆန်ဂါရေးကို စပါးစ်၊ အေစီမီလန်တို့နဲ့အပြိုင် ကမ်းလှမ်းဖို့ စီစဉ်နေ။

– လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်အတွက် ရှက်ဖီးလ်ဒ်ယူနိုက်တက်ရဲ့ ပေါင် ၃ သန်းနဲ့ ကမ်းလှမ်းမှုကို အာဆင်နယ်အသင်းက ပယ်ချလိုက်ပြီး ပေါင် ၁၅ သန်း မပေးရင် မရောင်းဘူးလို့ ဆိုခဲ့သလို စာချုပ်သက်တမ်းတိုးသွားဖို့လည်း ဖြစ်နိုင်ခြေရှိနေပြီး ကစားသမားကတော့ တွစ်တာမှာ စောင့်ကြည့်ရမယ်ဆိုတဲ့ သဘောနဲ့ သဲနာရီပုံ အီမိုဂျီတင်သွားခဲ့။

– ၁၁ နှစ်ကြာ သူ့ကို အားပေးလာခဲ့တဲ့ ပရိသတ်တွေနဲ့ ခွဲရမယ့်အတွက် ဝမ်းနည်းကြောင်းနဲ့ ပံ့ပိုးမှုတွေနဲ့ အားပေးစကားတွေအတွက် ကျေးဇူးတင်ကြောင်း ဂိုးသမား အီမီလီယာနို မာတီနက်ဇ်က ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့ အချိန်တွေက နောက်ဖေးပေါက်ကနေ တိတ်တိတ်လေး မထွက်ရခဲ့ဘဲ အသင်းက အသိအမှတ်ပြုခံရသူတစ်ယောက်အနေနဲ့ ရှေ့ပေါက်က ပြန်လည်ထွက်ခွာနိုင်ခဲ့တဲ့အတွက်လည်း ဂုဏ်ယူကြောင်းဆို။

– အယ်လ်ဆတ်ဒ်အသင်းကို ဒီရာသီသစ်မှာ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနဲ့ ပထမဆုံး ၃ ပွဲမှာ ၄ ဂိုးသွင်းယူထားခဲ့တဲ့ ကွင်းလယ်လူ ဆန်တီ ကာဇိုလာက အသင်းဟောင်း အာဆင်နယ်နဲ့ သက်တမ်းတိုးဖို့ သဘောတူလိုက်တဲ့ အူဘာမီယန်းကို ချီးကျူးသွား။

– အာဆင်နယ်အသင်းရဲ့ ပစ်မှတ် ဟူဆင်းမ် အောဝါအနေနဲ့ အင်္ဂါနေ့ညမှာ ကစားခဲ့တဲ့ လီယွန်နဲ့ မောင့်ပယ်လီယေးတို့ရဲ့ ပွဲစဉ်မှာ တစ်ဖက်ကစားသမား အားနိုး ဆူးကေးကို အဝင်ကြမ်းခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.