Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏိုက္တက္သတင္းမ်ား စုစည္းမွဳ – ၁၆.၉.၂၀၂၀

– စပိန္သတင္းဌာနတစ္ခုျဖစ္တဲ့ Deportes Cuatro (Sport Four) ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ေဝးလ္စ္ေတာင္ပံကစားသမား ဂါရက္ ေဘးလ္ကို အငွားနဲ႔ ေခၚယူဖို႔ သေဘာတူညီႏုိင္ခဲ့ၿပီလုိ႔ သိရ။

– ယူႏိုက္တက္ အမွဳေဆာင္ဒုဥကၠဌ အက္ဒ္ ဝုဒ္ဝဒ္ရဲ႕ မျပတ္သားတဲ့ ဆုံးျဖတ္ခ်က္ေတြက အသင္းရဲ႕ ကစားသမားအေျပာင္းအေရႊ႕ပုိင္းကို ထိခုိက္ေစခဲ့ၿပီး ဆန္ခ်ဳိကို ေခၚယူဖို႔ ကိစၥနဲ႔ စေမာလင္းကို ေရာင္းထုတ္ဖို႔ ကိစၥေတြမွာ အဆင္မေျပျဖစ္ခဲ့ရတယ္လုိ႔ Express ေရးသား။

– လိုင္လီအသင္းက ေခၚယူဖို႔ ႀကဳိးစားေနတဲ့ ေနာက္ခံလူ ဒီယိုဂို ဒါေလာ့အတြက္ ဝယ္ယူစဥ္က ေဈးႏွဳန္းျဖစ္တဲ့ ေပါင္ ၁၉ သန္းကို ေတာင္းဆုိေနမယ့္အစား ဒီအေျခအေနမွာ ငယ္ရြယ္ေသးတဲ့ ကစားသမားအတြက္ ေနာက္တစ္ႀကိမ္ ေရာင္းခ်ရင္ ရရွိမယ့္ ရာခိုင္ႏွဳန္းကို ေမွ်ာ္လင့္ၿပီး ေလ်ာ့နည္းတဲ့ ေဈးနဲ႔ လက္ခံသင့္တယ္လုိ႔ ကၽြမ္းက်င္သူ ဒန္ကန္ ကတ္ဆယ္လ္တုိက္တြန္း။

– ေနာက္ခံလူ ခရစၥ စေမာလင္းကို ေခၚယူဖို႔ ႐ိုးမားအသင္းအျပင္ အင္တာမီလန္အသင္းကလည္း စိတ္ဝင္စားလာခဲ့ၿပီး ႏွစ္သင္းၾကား ဆက္ဆံေရးေကာင္းေတြ ရွိေနမွဳအေပၚ အေျခခံၿပီး ေတာင္ပံကစားသမား ပါရီဆစ္ခ်္နဲ႔ တုိက္႐ိုက္လဲလွယ္သြားဖို႔ ေဆြးေႏြးေန။

– ကာရာေဘာင္းဖလား တတိယအဆင့္အတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ၿပဳိင္ဘက္ ထြက္ေပၚလာခဲ့ၿပီျဖစ္ၿပီး ရက္ဒင္းအသင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ ေက်ာ္ျဖတ္ခဲ့တဲ့ လူတန္ေတာင္းအသင္းကို အေဝးကြင္းမွာ သြားေရာက္ကစားရမည္။

– မန္ခ်က္စတာယူႏုိက္တက္နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားအေနနဲ႔ ေခါင္းကိုက္စရာ ႀကဳံေတြ႕ေနခဲ့ရၿပီး သူတုိ႔အတြက္ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ္ပြဲအျဖစ္ ကစားရမယ့္ ခရစၥတယ္လ္ပဲေလ့စ္အသင္းနဲ႔ အိမ္ကြင္းပြဲစဥ္အတြက္ ကစားသမား ၁၁ ေယာက္အထိ လြဲေခ်ာ္ႏိုင္တဲ့ ျပႆနာနဲ႔ ရင္ဆုိင္ေနရ။

– ေတာ့တင္ဟမ္ ေဟာ့စပါးစ္နည္းျပ ေမာ္ရင္ညဳိ အေနနဲ႔ ယူႏိုက္တက္နဲ႔ ရီးရဲလ္မက္ဒရစ္ၾကား ျပန္လည္ေခၚယူခြင့္ ျပႆနာတက္ေနခဲ့တဲ့ ေနာက္ခံလူ ဆာဂ်ီယို ရက္ဂီလြန္အတြက္ မက္ဒရစ္သားေတြရဲ႕ ေတာင္းဆုိမွဳကုိ လိုက္ေလ်ာေခၚယူသြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ Deportes Cuatro (Sport Four) ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝေးလ်စ်တောင်ပံကစားသမား ဂါရက် ဘေးလ်ကို အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီနိုင်ခဲ့ပြီလို့ သိရ။

– ယူနိုက်တက် အမှုဆောင်ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝဒ်ရဲ့ မပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေက အသင်းရဲ့ ကစားသမားအပြောင်းအရွှေ့ပိုင်းကို ထိခိုက်စေခဲ့ပြီး ဆန်ချိုကို ခေါ်ယူဖို့ ကိစ္စနဲ့ စမောလင်းကို ရောင်းထုတ်ဖို့ ကိစ္စတွေမှာ အဆင်မပြေဖြစ်ခဲ့ရတယ်လို့ Express ရေးသား။

– လိုင်လီအသင်းက ခေါ်ယူဖို့ ကြိုးစားနေတဲ့ နောက်ခံလူ ဒီယိုဂို ဒါလော့အတွက် ဝယ်ယူစဉ်က ဈေးနှုန်းဖြစ်တဲ့ ပေါင် ၁၉ သန်းကို တောင်းဆိုနေမယ့်အစား ဒီအခြေအနေမှာ ငယ်ရွယ်သေးတဲ့ ကစားသမားအတွက် နောက်တစ်ကြိမ် ရောင်းချရင် ရရှိမယ့် ရာခိုင်နှုန်းကို မျှော်လင့်ပြီး လျော့နည်းတဲ့ ဈေးနဲ့ လက်ခံသင့်တယ်လို့ ကျွမ်းကျင်သူ ဒန်ကန် ကတ်ဆယ်လ်တိုက်တွန်း။

– နောက်ခံလူ ခရစ္စ စမောလင်းကို ခေါ်ယူဖို့ ရိုးမားအသင်းအပြင် အင်တာမီလန်အသင်းကလည်း စိတ်ဝင်စားလာခဲ့ပြီး နှစ်သင်းကြား ဆက်ဆံရေးကောင်းတွေ ရှိနေမှုအပေါ် အခြေခံပြီး တောင်ပံကစားသမား ပါရီဆစ်ချ်နဲ့ တိုက်ရိုက်လဲလှယ်သွားဖို့ ဆွေးနွေးနေ။

– ကာရာဘောင်းဖလား တတိယအဆင့်အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြိုင်ဘက် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ရက်ဒင်းအသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ကျော်ဖြတ်ခဲ့တဲ့ လူတန်တောင်းအသင်းကို အဝေးကွင်းမှာ သွားရောက်ကစားရမည်။

– မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ ခေါင်းကိုက်စရာ ကြုံတွေ့နေခဲ့ရပြီး သူတို့အတွက် ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်ပွဲအဖြစ် ကစားရမယ့် ခရစ္စတယ်လ်ပဲလေ့စ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်အတွက် ကစားသမား ၁၁ ယောက်အထိ လွဲချော်နိုင်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရ။

– တော့တင်ဟမ် ဟော့စပါးစ်နည်းပြ မော်ရင်ညို အနေနဲ့ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်ကြား ပြန်လည်ခေါ်ယူခွင့် ပြဿနာတက်နေခဲ့တဲ့ နောက်ခံလူ ဆာဂျီယို ရက်ဂီလွန်အတွက် မက်ဒရစ်သားတွေရဲ့ တောင်းဆိုမှုကို လိုက်လျောခေါ်ယူသွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.