Premier League Transfer News

နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု – ၁၅.၉.၂၀၂၀


– ပေါ့ဘာကို စံပြကစားသမားအဖြစ် ရှုမြင်ထားပြီး မာတစ်ခ်ျနဲ့ တိုက်စစ်ရော ခံစစ်ပါ ကစားတတ်တာမှာ တူညီတဲ့ ဗလင်စီယာကွင်းလယ်လူ အူရို့စ် ရာချစ်ခ်ျကို လျော်ကြေးစာချုပ် ပေါင် ၉၂ သန်းကနေ ပေါင် ၂၈ သန်းတည်းနဲ့ ခေါ်ယူနိုင်ဖို့ ယူနိုက်တက် ချဉ်းကပ်နေ။




REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– ဆာဂျီယို ရက်ဂီလွန်ကို ရီးရဲလ်မက်ဒရစ်ဘက်က စိတ်ဝင်စားနေသေးပြီး မာဆယ်လိုရဲ့ နေရာအတွက် ပြန်လည်အစားထိုးနိုင်မယ့်သူလို့ ရှုမြင်ထားတာကြောင့် ရောင်းချခဲ့ရင် ပြန်လည်ခေါ်ယူခွင့်ကို ထည့်သွင်းဖို့ လုပ်ဆောင်နေပြီး မန်ချက်စတာယူနိုက်တက်နဲ့ ဒီနေရာမှာ ညှိမရဘဲဖြစ်နေတယ်လို့ စပိန်သတင်းဌာနတွေ ဖော်ပြ။

– ပေါ့ဘာကို စံပြကစားသမားအဖြစ် ရှုမြင်ထားပြီး မာတစ်ချ်နဲ့ တိုက်စစ်ရော ခံစစ်ပါ ကစားတတ်တာမှာ တူညီတဲ့ ဗလင်စီယာကွင်းလယ်လူ အူရို့စ် ရာချစ်ချ်ကို လျော်ကြေးစာချုပ် ပေါင် ၉၂ သန်းကနေ ပေါင် ၂၈ သန်းတည်းနဲ့ ခေါ်ယူနိုင်ဖို့ ယူနိုက်တက် ချဉ်းကပ်နေ။

– ဒေါ့မွန်နဲ့ ပြောင်းရွှေ့ကြေး ညှိမရတဲ့ ယူနိုက်တက်ရဲ့ ပရိသတ်တွေ အနေနဲ့ ဂျေဒန် ဆန်ချိုရဲ့ အသင်းက ထွက်ဖို့ ဖိအားပေး တောင်းဆိုနိုင်မှုကို မျှော်လင့်နေကြသေးပေမယ့် ဒီလိုကိစ္စမျိုး ရှိလာမှာ မဟုတ်ဘူးလို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနို ရေးသား။

– ဒေါ့မွန်အသင်းရဲ့ ဒီးစ်ဘတ်နဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဆန်ချိုရော ဘယ်လမ်ဂမ်ပါ ဂိုးသွင်းနိုင်ခဲ့တာက သူတို့ကို ခေါ်ယူလိုနေပြီး မအောင်မြင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အတွက်တော့ စိတ်ပျက်စရာဖြစ်လိမ့်မယ်လို့ Talk Sport သုံးသပ်။

– ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာဖို့ ကစားသမားကရော အသင်းကပါ လုပ်ဆောင်နေတဲ့ ဂါရက် ဘေးလ်အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားကြောင်း ဝန်ခံထားခဲ့ပြီး သူ့ရဲ့ လစာငွေအတွက်သာ အဓိက ညှိနှိုင်းရဖို့ ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.