Premier League

ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွေအတွက် ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းချက်များ

ခရစ္စ ဆပ်တန်က ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွေအတွက် ခန့်မှန်းမှုတွေ ပြုလုပ်ခဲ့ပြီး ဘရာဇီးလ်အသင်းကို ဆီမီးဖိုင်နယ်တက်ရောက်မယ်လို့ ထောက်ခံခဲ့ပြီး အာဂျင်တီးနားကတော့ ကွာတားမှာပဲ ပြုတ်မယ်လို့ ပြောကြားခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်၊ အာဂျင်တီးနား၊ အင်္ဂလန်၊ ပေါ်တူဂီတို့လို အသင်းတွေက ကာတာမှာ ပြင်သစ်ဆီက ချန်ပီယံသရဖူကို လုယူဖို့ကြိုးပမ်းနေကြတာဖြစ်ပြီး ယနေ့မှာတော့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဘရာဇီးလ်နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ဒုတိယရခဲ့တဲ့ ခရိုအေးရှားတို့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ၂ ကြိမ် ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ အာဂျင်တီးနားအသင်းကလည်း နယ်သာလန်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး စနေနေ့မှာတော့ စပိန်ကို အံ့အားသင့်ဖွယ်ဖြတ်ကျော်ခဲ့တဲ့ မော်ရိုကိုနဲ့ ယူရို ၂၀၁၆ ချန်ပီယံ ပေါ်တူဂီ၊ ယူရို ၂၀၂၀ ဒုတိယရခဲ့တဲ့ အင်္ဂလန်က လက်ရှိ ကမ္ဘာ့ချန်ပီယံ ပြင်သစ်နဲ့တွေ့ဆုံသွားမှာဖြစ်ပါတယ်။

ဒီကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေမတိုင်ခင် ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ခရစ္စ ဆပ်တန်က BBC Sport ကို ပွဲကြို ခန့်မှန်းချက်တွေ ပြောကြားခဲ့ပြီး ဘရာဇီးလ်က နောက်တဆင့်တက်ပြီး အာဂျင်တီးနားကတော့ အိမ်ပြန်ရမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ခရိုအေးရှား-ဘရာဇီးလ်

ဘရာဇီးလ်အသင်းကို ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့ အသင်းမရှိခဲ့ဘဲ နေမာ ပြန်ကစားလာနိုင်တာက ဘရာဇီးလ်ကို အကူအညီအများကြီးဖြစ်ခဲ့တယ်။ ဒီကမ္ဘာ့ဖလားမှာ သူတို့ အနိုင်ရသွားနိုင်တယ်ဆိုတာ တစ်စုံတယောက်ကများ သံသယရှိတယ်ဆိုရင် သူတို့က အကြောတွေဆန့်ပြီး ‘အရာအားလုံးက အလေးအနက်ဖြစ်လာပြီ။ ငါတို့တွေ အဆင်သင့်ပဲ’လို့ ပြောလိမ့်မယ်။ ခရိုအေးရှားက ခံစစ်အသေပိတ်ဆော့တာထက် ဟန်ချက်ညီညီပဲ ကစားမှာပါ။ ဒါပေမယ့် သူတို့တွေ ခြေအသာတော့ ရမှာမဟုတ်ဘူး။ သူတို့တွေ ပြီးခဲ့တဲ့အဆင့်မှာ ဂျပန်ကိုပဲ အသာရခဲ့ပေမယ့် အဲဒါက သူတို့တွေ နောက်တဆင့်တက်ဖို့ ခက်ခဲခဲ့တာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ သူတို့တွေ ဒီအဆင့်ထက်ပိုပြီး ဆက်သွားနိုင်တော့မယ်မထင်ဘူး။ သူတို့တွေမှာ ငယ်ရွယ်တဲ့ ကစားသမားကောင်းတွေနဲ့ အိုမင်းတဲ့ကစားသမားကောင်းတွေရှိပါတယ်။ ဒါပေမယ့် ဘရာဇီးလ်က အရမ်းအားကောင်းပါလိမ့်မယ်။

ခရိုအေးရှား ဝ-၃ ဘရာဇီးလ်

နယ်သာလန်-အာဂျင်တီးနား

ဒီအဆင့်မှာ ဘယ်သူပဲနိုင်နိုင် အဲဒါက အနည်းဆုံးတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘောလုံးဂန္တဝင်တစ်ဦးရဲ့ အဆုံးသတ်ပဲ ဖြစ်ဖို့များပါတယ်။ နယ်သာလန်နည်းပြ ဗန်ဟားလ်ကလည်း နည်းပြဘဝ နောက်ဆုံးအလုပ်ကို လုပ်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပြီး အာဂျင်တီးနားဂန္တဝင် မက်ဆီကလည်း နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ပါဝင်ကစားပေးနေတာ ကျိန်းသေသလောက်နီးပါးပါ။ဗန်ဟားလ်က ဒတ်ချ်တွေ ကစားနေကျ သမားရိုးကျ ၄-၃-၃ ကစားကွက်ကို ကွဲပြားခြားနားတဲ့အရာတွေဖြစ်အောင် လုပ်နေပါတယ်။ ဒါပေမယ့်လည်း သူတို့တွေက အရင်တုန်းက အရမ်းကောင်းခဲ့တဲ့ သူတို့အသင်းရဲ့ ကစားပုံလို စောင့်ကြည့်ရလောက်အောင် လှပတဲ့ပုံစံမျိုး မကစားနိုင်တောင် အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။

အာဂျင်တီးနားကတော့ ဒီအဆင့်ကို ပိုပြီးတော့ ယုံကြည်ချက်ရှိတဲ့ပုံစံမျိုးနဲ့ ကစားခဲ့ပြီး မက်ဆီဆီကနေ အလွန်ကောင်းမွန်တဲ့ အခိုက်အတန့်တွေရဲ့ အကူအညီလည်း ရခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့တွေမှာ သူတို့ပြသနာကလည်း ရှိနေတဲ့အသင်းပါ။ ခင်ဗျား သူတို့ကို သေချာပေါက် အငိုက်မိအောင်လုပ်နိုင်ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ပါတယ်။ နယ်သာလန်တိုက်စစ်မှူးတွေဖြစ်တဲ့ ဒီပိုင်းနဲ့ ဂက်ခ်ပိုတို့က အခွင့်အရေးကောင်းအချို့ ရနိုင်တယ်လို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော် ဒီမတိုင်ခင် နယ်သာလန်က ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကျွန်တော့်ရဲ့ ထူးခြားတဲ့ရွေးချယ်မှုလို့ ပြောခဲ့ဖူးလား။ ကျွန်တော် ပြောခဲ့တဲ့အတိုင်းပဲ သူတို့တွေက အလှဆုံး ဘောလုံးကစားပုံကို မကစားနိုင်ပေမယ့် သူတို့အလုပ်ကိုတော့ သူတို့ လုပ်နိုင်တယ်။ ကျွန်တော် ဒီပွဲမှာလည်း သူတို့ဘက်ကနေ ရပ်တည်သွားမှာပါ။ အာဂျင်တီးနားပရိသတ်တွေက ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးပါပဲ။ သူတို့တွေက အကျယ်လောင်ဆုံးဆိုတာ ကျိန်းသေပါတယ်။ မက်ဆီပါတဲ့အသင်းနဲ့ တွေ့တဲ့ ဘယ်အသင်းမှ အေးအေးဆေးဆေးနေရမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့တွေ မကြာခင် အိမ်ပြန်ရနိုင်ပါတယ်။

နယ်သာလန် ၂-၁ အာဂျင်တီးနား

မော်ရိုကို-ပေါ်တူဂီ

ပေါ်တူဂီက ဆွစ်နဲ့ပွဲမှာ ရော်နယ်လ်ဒိုမပါဘဲ ပိုကောင်းတဲ့ပုံပေါ်ခဲ့ပြီး အဲဒါက ကျွန်တော့်ကို အကြီးကြီး အံ့အားသင့်စေခဲ့ပေမယ့်လည်း ရော်နယ်လ်ဒို ပွဲမထွက်ဘူးလားဆိုတာ ကျွန်တော် မသိပါဘူး။ မော်ရိုကိုက ဒီပွဲမှာ ဘယ်လ်ဂျီယမ် ဒါမှမဟုတ် စပိန်တို့ကို တားဆီးရတာထက် အများကြီး ပိုခက်ခဲမယ်။ ဒါပေမယ့် သူတို့က ခံစစ်ပိုင်း စုဖွဲ့မှုအရမ်းကောင်းတယ်ဆိုတာကို ဒီကမ္ဘာ့ဖလားမှာ ၁ ဂိုးပဲ ပေးရသေးတာက သက်သေပြသထားပါတယ်။ စပိန်နဲ့ပွဲမှာ ဒဏ်ရာရသွားတဲ့ ဝက်စ်ဟမ်းကြယ်ပွင့် နေယက်ဖ် အေးဂက်မပါမှာကို စိုးရိမ်မိပြီး သူက သူတို့ရဲ့ အဓိကနောက်ခံလူတွေထဲက တစ်ဦးပါ။ ဒါပေမယ့် ကျွန်တော် မော်ရိုကိုကို နောက်တဆင့် တကယ်တက်စေချင်တယ်။ သူတို့ ပရိသတ်တွေ အံ့အားသင့်ရမှာဖြစ်ပြီး ဆီမီးဖိုင်နယ်တက်တာက သူတို့အတွက် ရင်သပ်ရှုမောဖွယ်ဇာတ်လမ်းဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ဦးနှောက်က ပေါ်တူဂီလို့ ပြောနေပေမယ့် ကျွန်တော်ကတော့ နှလုံးသားနောက်ပဲလိုက်မယ်။

မော်ရိုကို ၁-၀ ပေါ်တူဂီ

အင်္ဂလန်-ပြင်သစ်

ဆောက်ဂိတ်က နေးရှင်းလိဂ်တုန်းက ဆိုးရွားတဲ့ရလဒ်တွေကြောင့် ဝေဖန်ခံခဲ့ရပေမယ့် ကာတာမှာ သူ အမှားမလုပ်မိသေးပါဘူး။ ချက်ချင်းဆိုသလို အင်္ဂလန်က ဗိုလ်စွဲနိုင်တဲ့အနေအထားမှာ ရှိလာပြီး ဖလားရဖို့ ၃ ပွဲပဲ အနိုင်ကစားဖို့လိုပါတယ်။ သူတို့တွေ ထိပ်တန်းအရည်အသွေးရှိတဲ့ ပြိုင်ဘက်အချို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ပြင်သစ်နဲ့ စတွေ့ပါပြီ။ ဆောက်ဂိတ်ရဲ့အသင်းက အမ်ဘာပေကို တားဆီးနိုင်ရင်တောင် တခြားတောင်ပံမှာ ဒမ်ဘီလီကို ဖြေရှင်းရဦးမယ်။ တိုက်စစ်မှာလည်း ဂျီရူးကိုလည်း ဖြေရှင်းရမယ်။ အမ်ဘာပေ၊ ဒမ်ဘီလီ၊ ဂရစ်ဇ်မန်းတို့က ဘောလုံးပိုင်ဆိုင်မှုမရှိတဲ့အချိန်မှာ ပြင်းပြင်းထန်ထန် အလုပ်မလုပ်ကြတော့ အင်္ဂလန်သာ ရဲမယ်ဆိုရင် အခွင့်အရေးရလိမ့်မယ်။ အင်္ဂလန်က ဒီပွဲမှာ အနိုင်ရနိုင်တယ်လို့ ထင်ပေမယ့်လည်း ပြိုင်ပွဲမတိုင်ကတည်းက ပြင်သစ်ကို ရွေးထားပြီးသားဖြစ်လို့ အဲဒီအတိုင်းပဲ ဆက်ပြီး ရပ်တည်သွားမှာပါ။ အင်္ဂလန်ကိုကျတော့ ကွာတားဖိုင်နယ်လောက်ထိပဲ အများဆုံးလို့ ခန့်မှန်းထားလို့ ကျွန်တော် မှားပါစေလို့ တကယ်မျှော်လင့်မိပါတယ်။

အင်္ဂလန် ၁-၂ ပြင်သစ်

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥ ဆပ္တန္က ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲစဥ္ေတြအတြက္ ခန႔္မွန္းမႈေတြ ျပဳလုပ္ခဲ့ၿပီး ဘရာဇီးလ္အသင္းကို ဆီမီးဖိုင္နယ္တက္ေရာက္မယ္လို႔ ေထာက္ခံခဲ့ၿပီး အာဂ်င္တီးနားကေတာ့ ကြာတားမွာပဲ ျပဳတ္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘရာဇီးလ္၊ အာဂ်င္တီးနား၊ အဂၤလန္၊ ေပၚတူဂီတို႔လို အသင္းေတြက ကာတာမွာ ျပင္သစ္ဆီက ခ်န္ပီယံသရဖူကို လုယူဖို႔ႀကိဳးပမ္းေနၾကတာျဖစ္ၿပီး ယေန႔မွာေတာ့ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံး ဘရာဇီးလ္နဲ႔ ၂၀၁၈ ကမာၻ႔ဖလားတုန္းက ဒုတိယရခဲ့တဲ့ ခ႐ိုေအးရွားတို႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။ ကမာၻ႔ဖလား ၂ ႀကိမ္ ခ်န္ပီယံျဖစ္ခဲ့ဖူးတဲ့ အာဂ်င္တီးနားအသင္းကလည္း နယ္သာလန္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး စေနေန႔မွာေတာ့ စပိန္ကို အံ့အားသင့္ဖြယ္ျဖတ္ေက်ာ္ခဲ့တဲ့ ေမာ္႐ိုကိုနဲ႔ ယူ႐ို ၂၀၁၆ ခ်န္ပီယံ ေပၚတူဂီ၊ ယူ႐ို ၂၀၂၀ ဒုတိယရခဲ့တဲ့ အဂၤလန္က လက္ရွိ ကမာၻ႔ခ်န္ပီယံ ျပင္သစ္နဲ႔ေတြ႕ဆုံသြားမွာျဖစ္ပါတယ္။

ဒီကြာတားဖိုင္နယ္အဆင့္ပြဲစဥ္ေတြမတိုင္ခင္ ပရီးမီးယားလိဂ္တိုက္စစ္မႉးေဟာင္း ခရစၥ ဆပ္တန္က BBC Sport ကို ပြဲႀကိဳ ခန႔္မွန္းခ်က္ေတြ ေျပာၾကားခဲ့ၿပီး ဘရာဇီးလ္က ေနာက္တဆင့္တက္ၿပီး အာဂ်င္တီးနားကေတာ့ အိမ္ျပန္ရမယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ခ႐ိုေအးရွား-ဘရာဇီးလ္

ဘရာဇီးလ္အသင္းကို ထိပ္တိုက္ရင္ဆိုင္ႏိုင္တဲ့ အသင္းမရွိခဲ့ဘဲ ေနမာ ျပန္ကစားလာႏိုင္တာက ဘရာဇီးလ္ကို အကူအညီအမ်ားႀကီးျဖစ္ခဲ့တယ္။ ဒီကမာၻ႔ဖလားမွာ သူတို႔ အႏိုင္ရသြားႏိုင္တယ္ဆိုတာ တစ္စုံတေယာက္ကမ်ား သံသယရွိတယ္ဆိုရင္ သူတို႔က အေၾကာေတြဆန႔္ၿပီး ‘အရာအားလုံးက အေလးအနက္ျဖစ္လာၿပီ။ ငါတို႔ေတြ အဆင္သင့္ပဲ’လို႔ ေျပာလိမ့္မယ္။ ခ႐ိုေအးရွားက ခံစစ္အေသပိတ္ေဆာ့တာထက္ ဟန္ခ်က္ညီညီပဲ ကစားမွာပါ။ ဒါေပမယ့္ သူတို႔ေတြ ေျခအသာေတာ့ ရမွာမဟုတ္ဘူး။ သူတို႔ေတြ ၿပီးခဲ့တဲ့အဆင့္မွာ ဂ်ပန္ကိုပဲ အသာရခဲ့ေပမယ့္ အဲဒါက သူတို႔ေတြ ေနာက္တဆင့္တက္ဖို႔ ခက္ခဲခဲ့တာ ပထမဆုံးအႀကိမ္မဟုတ္ပါဘူး။ သူတို႔ေတြ ဒီအဆင့္ထက္ပိုၿပီး ဆက္သြားႏိုင္ေတာ့မယ္မထင္ဘူး။ သူတို႔ေတြမွာ ငယ္႐ြယ္တဲ့ ကစားသမားေကာင္းေတြနဲ႔ အိုမင္းတဲ့ကစားသမားေကာင္းေတြရွိပါတယ္။ ဒါေပမယ့္ ဘရာဇီးလ္က အရမ္းအားေကာင္းပါလိမ့္မယ္။

ခ႐ိုေအးရွား ဝ-၃ ဘရာဇီးလ္

နယ္သာလန္-အာဂ်င္တီးနား

ဒီအဆင့္မွာ ဘယ္သူပဲႏိုင္ႏိုင္ အဲဒါက အနည္းဆုံးေတာ့ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေဘာလုံးဂႏၲဝင္တစ္ဦးရဲ႕ အဆုံးသတ္ပဲ ျဖစ္ဖို႔မ်ားပါတယ္။ နယ္သာလန္နည္းျပ ဗန္ဟားလ္ကလည္း နည္းျပဘဝ ေနာက္ဆုံးအလုပ္ကို လုပ္ေနတာ ျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး အာဂ်င္တီးနားဂႏၲဝင္ မက္ဆီကလည္း ေနာက္ဆုံးကမာၻ႔ဖလားၿပိဳင္ပြဲအျဖစ္ ပါဝင္ကစားေပးေနတာ က်ိန္းေသသေလာက္နီးပါးပါ။ဗန္ဟားလ္က ဒတ္ခ်္ေတြ ကစားေနက် သမား႐ိုးက် ၄-၃-၃ ကစားကြက္ကို ကြဲျပားျခားနားတဲ့အရာေတြျဖစ္ေအာင္ လုပ္ေနပါတယ္။ ဒါေပမယ့္လည္း သူတို႔ေတြက အရင္တုန္းက အရမ္းေကာင္းခဲ့တဲ့ သူတို႔အသင္းရဲ႕ ကစားပုံလို ေစာင့္ၾကည့္ရေလာက္ေအာင္ လွပတဲ့ပုံစံမ်ိဳး မကစားႏိုင္ေတာင္ အက်ိဳးသက္ေရာက္မႈ ရွိခဲ့ပါတယ္။

အာဂ်င္တီးနားကေတာ့ ဒီအဆင့္ကို ပိုၿပီးေတာ့ ယုံၾကည္ခ်က္ရွိတဲ့ပုံစံမ်ိဳးနဲ႔ ကစားခဲ့ၿပီး မက္ဆီဆီကေန အလြန္ေကာင္းမြန္တဲ့ အခိုက္အတန႔္ေတြရဲ႕ အကူအညီလည္း ရခဲ့ပါတယ္။ ဒါေပမယ့္လည္း သူတို႔ေတြမွာ သူတို႔ျပသနာကလည္း ရွိေနတဲ့အသင္းပါ။ ခင္ဗ်ား သူတို႔ကို ေသခ်ာေပါက္ အငိုက္မိေအာင္လုပ္ႏိုင္ၿပီး အခြင့္အေရးေတြ ဖန္တီးႏိုင္ပါတယ္။ နယ္သာလန္တိုက္စစ္မႉးေတြျဖစ္တဲ့ ဒီပိုင္းနဲ႔ ဂက္ခ္ပိုတို႔က အခြင့္အေရးေကာင္းအခ်ိဳ႕ ရႏိုင္တယ္လို႔ ကြၽန္ေတာ္ ခံစားရပါတယ္။ ကြၽန္ေတာ္ ဒီမတိုင္ခင္ နယ္သာလန္က ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ကြၽန္ေတာ့္ရဲ႕ ထူးျခားတဲ့ေ႐ြးခ်ယ္မႈလို႔ ေျပာခဲ့ဖူးလား။ ကြၽန္ေတာ္ ေျပာခဲ့တဲ့အတိုင္းပဲ သူတို႔ေတြက အလွဆုံး ေဘာလုံးကစားပုံကို မကစားႏိုင္ေပမယ့္ သူတို႔အလုပ္ကိုေတာ့ သူတို႔ လုပ္ႏိုင္တယ္။ ကြၽန္ေတာ္ ဒီပြဲမွာလည္း သူတို႔ဘက္ကေန ရပ္တည္သြားမွာပါ။ အာဂ်င္တီးနားပရိသတ္ေတြက ဒီကမာၻ႔ဖလားၿပိဳင္ပြဲမွာ အေကာင္းဆုံးပါပဲ။ သူတို႔ေတြက အက်ယ္ေလာင္ဆုံးဆိုတာ က်ိန္းေသပါတယ္။ မက္ဆီပါတဲ့အသင္းနဲ႔ ေတြ႕တဲ့ ဘယ္အသင္းမွ ေအးေအးေဆးေဆးေနရမွာမဟုတ္ပါဘူး။ ဒါေပမယ့္ သူတို႔ေတြ မၾကာခင္ အိမ္ျပန္ရႏိုင္ပါတယ္။

နယ္သာလန္ ၂-၁ အာဂ်င္တီးနား

ေမာ္႐ိုကို-ေပၚတူဂီ

ေပၚတူဂီက ဆြစ္နဲ႔ပြဲမွာ ေရာ္နယ္လ္ဒိုမပါဘဲ ပိုေကာင္းတဲ့ပုံေပၚခဲ့ၿပီး အဲဒါက ကြၽန္ေတာ့္ကို အႀကီးႀကီး အံ့အားသင့္ေစခဲ့ေပမယ့္လည္း ေရာ္နယ္လ္ဒို ပြဲမထြက္ဘူးလားဆိုတာ ကြၽန္ေတာ္ မသိပါဘူး။ ေမာ္႐ိုကိုက ဒီပြဲမွာ ဘယ္လ္ဂ်ီယမ္ ဒါမွမဟုတ္ စပိန္တို႔ကို တားဆီးရတာထက္ အမ်ားႀကီး ပိုခက္ခဲမယ္။ ဒါေပမယ့္ သူတို႔က ခံစစ္ပိုင္း စုဖြဲ႕မႈအရမ္းေကာင္းတယ္ဆိုတာကို ဒီကမာၻ႔ဖလားမွာ ၁ ဂိုးပဲ ေပးရေသးတာက သက္ေသျပသထားပါတယ္။ စပိန္နဲ႔ပြဲမွာ ဒဏ္ရာရသြားတဲ့ ဝက္စ္ဟမ္းၾကယ္ပြင့္ ေနယက္ဖ္ ေအးဂက္မပါမွာကို စိုးရိမ္မိၿပီး သူက သူတို႔ရဲ႕ အဓိကေနာက္ခံလူေတြထဲက တစ္ဦးပါ။ ဒါေပမယ့္ ကြၽန္ေတာ္ ေမာ္႐ိုကိုကို ေနာက္တဆင့္ တကယ္တက္ေစခ်င္တယ္။ သူတို႔ ပရိသတ္ေတြ အံ့အားသင့္ရမွာျဖစ္ၿပီး ဆီမီးဖိုင္နယ္တက္တာက သူတို႔အတြက္ ရင္သပ္ရႈေမာဖြယ္ဇာတ္လမ္းျဖစ္ပါလိမ့္မယ္။ ကြၽန္ေတာ့္ဦးေႏွာက္က ေပၚတူဂီလို႔ ေျပာေနေပမယ့္ ကြၽန္ေတာ္ကေတာ့ ႏွလုံးသားေနာက္ပဲလိုက္မယ္။

ေမာ္႐ိုကို ၁-၀ ေပၚတူဂီ

အဂၤလန္-ျပင္သစ္

ေဆာက္ဂိတ္က ေနးရွင္းလိဂ္တုန္းက ဆိုး႐ြားတဲ့ရလဒ္ေတြေၾကာင့္ ေဝဖန္ခံခဲ့ရေပမယ့္ ကာတာမွာ သူ အမွားမလုပ္မိေသးပါဘူး။ ခ်က္ခ်င္းဆိုသလို အဂၤလန္က ဗိုလ္စြဲႏိုင္တဲ့အေနအထားမွာ ရွိလာၿပီး ဖလားရဖို႔ ၃ ပြဲပဲ အႏိုင္ကစားဖို႔လိုပါတယ္။ သူတို႔ေတြ ထိပ္တန္းအရည္အေသြးရွိတဲ့ ၿပိဳင္ဘက္အခ်ိဳ႕နဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး ျပင္သစ္နဲ႔ စေတြ႕ပါၿပီ။ ေဆာက္ဂိတ္ရဲ႕အသင္းက အမ္ဘာေပကို တားဆီးႏိုင္ရင္ေတာင္ တျခားေတာင္ပံမွာ ဒမ္ဘီလီကို ေျဖရွင္းရဦးမယ္။ တိုက္စစ္မွာလည္း ဂ်ီ႐ူးကိုလည္း ေျဖရွင္းရမယ္။ အမ္ဘာေပ၊ ဒမ္ဘီလီ၊ ဂရစ္ဇ္မန္းတို႔က ေဘာလုံးပိုင္ဆိုင္မႈမရွိတဲ့အခ်ိန္မွာ ျပင္းျပင္းထန္ထန္ အလုပ္မလုပ္ၾကေတာ့ အဂၤလန္သာ ရဲမယ္ဆိုရင္ အခြင့္အေရးရလိမ့္မယ္။ အဂၤလန္က ဒီပြဲမွာ အႏိုင္ရႏိုင္တယ္လို႔ ထင္ေပမယ့္လည္း ၿပိဳင္ပြဲမတိုင္ကတည္းက ျပင္သစ္ကို ေ႐ြးထားၿပီးသားျဖစ္လို႔ အဲဒီအတိုင္းပဲ ဆက္ၿပီး ရပ္တည္သြားမွာပါ။ အဂၤလန္ကိုက်ေတာ့ ကြာတားဖိုင္နယ္ေလာက္ထိပဲ အမ်ားဆုံးလို႔ ခန႔္မွန္းထားလို႔ ကြၽန္ေတာ္ မွားပါေစလို႔ တကယ္ေမွ်ာ္လင့္မိပါတယ္။

အဂၤလန္ ၁-၂ ျပင္သစ္

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.