International World Cup

နောက်ဆုံးအချိန် ကုသမှုခံယူမယ့်နေရာကို ပြောင်းရွှေ့ပြီးနောက် အမ်ဘာပေရဲ့သတင်းစကားကို တုံ့ပြန်ခဲ့တဲ့ ပီလီ

ဘရာဇီးလ်ဂန္တဝင် ပီလီက ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးက ၎င်းရဲ့ ပရိသတ်တွေကို နာမကျန်းဖြစ်နေတဲ့ ဘောလုံးဂန္တဝင်ကြီးအတွက် ဆုတောင်းပေးဖို့ တောင်းဆိုခဲ့ပြီးနောက် အမ်ဘာပေရဲ့ အားပေးစကားအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

အသက် ၈၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပီလီဟာ ကင်ဆာရောဂါနဲ့ တိုက်ပွဲဝင်နေရသူဖြစ်ပီး ပြီးးခဲ့တဲ့ နိုဝင်ဘာလမှာ ဓာတ်ရောင်ခြည်ကုထုံးကို ခန္ဓာကိုယ်က တုံ့ပြန်မှု မရှိတော့တဲ့နောက် နောက်ဆုံးထွက်သက်အတွက် ဂရုစိုက်ကုသမှုတွေ ခံယူဖို့ ဆော်ပေါ်လိုက ဆေးရုံမှာ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ၃ ကြိမ် ချန်ပီယံဖြစ်ခဲ့တဲ့ ပီလီက ပရိသတ်တွေကို စိတ်အေးအေးထားကြဖို့နဲ့ အကောင်းမြင်စိတ်ထားကြဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး ပီလီတက်ရောက်နေတဲ့ဆေးရုံက ဆရာဝန်တွေက ဘရာဇီးလ်ဂန္တဝင်ရဲ့အခြေအနေဟာ တိုးတက်မှုရှိပြီး တည်ငြိမ်နေတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ကမ္ဘာပေါ်က သန်းပေါင်းများစွာသော ဘောလုံးပရိသတ်တွေဆီကနေ ဆုမွန်ကောင်းတောင်းတဲ့ သတင်းစကားများစွာကို ရရှိခဲ့ပြီး အမ်ဘာပေကလည်း ပြီးခဲ့တဲ့ စနေနေ့မှာ ‘ဘုရင်ကြီးအတွက် ဆုတောင်းပေးပါ’ဆိုတဲ့ စာကို တွစ်တာပေါ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်ဂန္တဝင် တိုက်စစ်မှူးကြီး ပီလီက ကြာသပတေးနေ့ညနေမှာ အမ်ဘာပေရဲ့ စာကို “ကျေးဇူးတင်ပါတယ် ခီလီယန်။ ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ငါ့စံချိန်တွေထဲက နောက်ထပ်တစ်ခုကို ချိုးဖျက်နိုင်ခဲ့တာကို မြင်ရလို့ ပျော်ရွှင်မိပါတယ် သူငယ်ချင်း”လို့ ရေးသားပြီး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပီလီက ယခုလအစောပိုင်းမှာ ပေါ်ထွက်လာခဲ့တဲ့ စိတ်ပူစရာသတင်းတွေကြောင့် စိုးရိမ်နေတဲ့ ပရိသတ်တွေကိုလည်း ၎င်းရဲ့အခြေအနေနဲ့ပတ်သက်ပြီး လျင်လျင်မြန်မြန်ပဲ စိတ်ချဖို့ အင်စတာဂရမ်မှာ သတင်းစကားပါးခဲ့တာဖြစ်ပါတယ်။ “ကျွန်တော့် မိတ်ဆွေတွေ၊ ကျွန်တော် အားလုံးကို စိတ်အေးအေးနဲ့ အကောင်းမြင်စိတ်ထားစေချင်ပါတယ်။ ကျွန်တော် မျှော်လင့်ချက်တွေအများကြီးနဲ့ သန်မာနေပါတယ်။ ပုံမှန်အတိုင်းပဲ ကျွန်တော့်ရဲ့ ကုသမှုတွေကို ခံယူနေပါတယ်။ ကျွန်တော် ရရှိခဲ့တဲ့ ဂရုစိုက်မှုတွေအားလုံးအတွက် ကုသရေးတာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော် ဘုရားသခင်အပေါ်မှာ ယုံကြည်မှု အများကြီးရှိပြီး တစ်ကမ္ဘာလုံးက ခင်ဗျားတို့ဆီကနေ ရရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ သတင်းစကားတွေတိုင်းက အားအင်ပြည့်နေစေခဲ့ပါတယ်။ ပြီးတော့ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်ပွဲတွေကိုလည်း စောင့်ကြည့်နေပါတယ်။ အရာအားလုံးအတွက် ကျေးဇူးအများကြီးတင်ပါတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ပီလီဟာ ၁၉၅၈၊ ၁၉၆၂နဲ့ ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဘရာဇီးလ်နဲ့အတူ ဗိုလ်စွဲခဲ့ပြီးနောက် ဘောလုံးလောကရဲ့ တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပြီး ဘရာဇီးလ်ဂန္တဝင်ဟာ သမိုင်းတလျှောက် ကမ္ဘာ့ဖလားချန်ပီယံ ၃ ကြိမ်ဖြစ်ခဲ့ဖူးတဲ့ တစ်ဦးတည်းသော အမျိုးသားကစားသမားဖြစ်သလို ဘရာဇီးလ်အတွက် ၉၂ ပွဲမှာ ၇၇ ဂိုး သွင်းယူပေးထားတဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ်လည်း ရပ်တည်နေဆဲဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမ်ဘာပေဟာ ၂၀၁၈ ကမ္ဘ့ာဖလားဗိုလ်လုပွဲမှာ ပြင်သစ်က ခရိုအေးရှားကို ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပီလီနောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲမှာ ဂိုးသွင်းယူနိုင်တဲ့ ဆယ်ကျော်သက်ကစားသမားဖြစ်လာခဲ့တာဖြစ်ပြီး ဘရာဇီးလ်ဂန္တဝင်နဲ့ နှိုင်းယှဉ်မှုတွေ ခံခဲ့တာ ဖြစ်ပါတယ်။

အမ်ဘာပဟာ ပိုလန်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသက် ၂၄ နှစ်အောက်နဲ့ ဂိုးအများဆုံးသွင်းယူထားနိုင်ခဲ့တဲ့ ပီလီရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်ဟာ စုစုပေါင်း ကမ္ဘာ့ဖလားသွင်းဂိုး ၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္ဂႏၲဝင္ ပီလီက ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉးက ၎ရဲ႕ ပရိသတ္ေတြကို နာမက်န္းျဖစ္ေနတဲ့ ေဘာလုံးဂႏၲဝင္ႀကီးအတြက္ ဆုေတာင္းေပးဖို႔ ေတာင္းဆိုခဲ့ၿပီးေနာက္ အမ္ဘာေပရဲ႕ အားေပးစကားအတြက္ ေက်းဇူးတင္စကား ေျပာၾကားခဲ့ပါတယ္။

အသက္ ၈၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ပီလီဟာ ကင္ဆာေရာဂါနဲ႔ တိုက္ပြဲဝင္ေနရသူျဖစ္ပီး ၿပီးးခဲ့တဲ့ ႏိုဝင္ဘာလမွာ ဓာတ္ေရာင္ျခည္ကုထုံးကို ခႏၶာကိုယ္က တုံ႔ျပန္မႈ မရွိေတာ့တဲ့ေနာက္ ေနာက္ဆုံးထြက္သက္အတြက္ ဂ႐ုစိုက္ကုသမႈေတြ ခံယူဖို႔ ေဆာ္ေပၚလိုက ေဆး႐ုံမွာ တက္ေရာက္ခဲ့တာျဖစ္ပါတယ္။

ကမာၻ႔ဖလား ၃ ႀကိမ္ ခ်န္ပီယံျဖစ္ခဲ့တဲ့ ပီလီက ပရိသတ္ေတြကို စိတ္ေအးေအးထားၾကဖို႔နဲ႔ အေကာင္းျမင္စိတ္ထားၾကဖို႔ ေတာင္းဆိုခဲ့တာျဖစ္ၿပီး ပီလီတက္ေရာက္ေနတဲ့ေဆး႐ုံက ဆရာဝန္ေတြက ဘရာဇီးလ္ဂႏၲဝင္ရဲ႕အေျခအေနဟာ တိုးတက္မႈရွိၿပီး တည္ၿငိမ္ေနတယ္လို႔ အတည္ျပဳေျပာၾကားခဲ့ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးေဟာင္းဟာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ ကမာၻေပၚက သန္းေပါင္းမ်ားစြာေသာ ေဘာလုံးပရိသတ္ေတြဆီကေန ဆုမြန္ေကာင္းေတာင္းတဲ့ သတင္းစကားမ်ားစြာကို ရရွိခဲ့ၿပီး အမ္ဘာေပကလည္း ၿပီးခဲ့တဲ့ စေနေန႔မွာ ‘ဘုရင္ႀကီးအတြက္ ဆုေတာင္းေပးပါ’ဆိုတဲ့ စာကို တြစ္တာေပၚမွာ ေရးသားခဲ့တာ ျဖစ္ပါတယ္။

ဘရာဇီးလ္ဂႏၲဝင္ တိုက္စစ္မႉးႀကီး ပီလီက ၾကာသပေတးေန႔ညေနမွာ အမ္ဘာေပရဲ႕ စာကို “ေက်းဇူးတင္ပါတယ္ ခီလီယန္။ ဒီကမာၻ႔ဖလားၿပိဳင္ပြဲမွာ ငါ့စံခ်ိန္ေတြထဲက ေနာက္ထပ္တစ္ခုကို ခ်ိဳးဖ်က္ႏိုင္ခဲ့တာကို ျမင္ရလို႔ ေပ်ာ္႐ႊင္မိပါတယ္ သူငယ္ခ်င္း”လို႔ ေရးသားၿပီး တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။

ပီလီက ယခုလအေစာပိုင္းမွာ ေပၚထြက္လာခဲ့တဲ့ စိတ္ပူစရာသတင္းေတြေၾကာင့္ စိုးရိမ္ေနတဲ့ ပရိသတ္ေတြကိုလည္း ၎ရဲ႕အေျခအေနနဲ႔ပတ္သက္ၿပီး လ်င္လ်င္ျမန္ျမန္ပဲ စိတ္ခ်ဖို႔ အင္စတာဂရမ္မွာ သတင္းစကားပါးခဲ့တာျဖစ္ပါတယ္။ “ကြၽန္ေတာ့္ မိတ္ေဆြေတြ၊ ကြၽန္ေတာ္ အားလုံးကို စိတ္ေအးေအးနဲ႔ အေကာင္းျမင္စိတ္ထားေစခ်င္ပါတယ္။ ကြၽန္ေတာ္ ေမွ်ာ္လင့္ခ်က္ေတြအမ်ားႀကီးနဲ႔ သန္မာေနပါတယ္။ ပုံမွန္အတိုင္းပဲ ကြၽန္ေတာ့္ရဲ႕ ကုသမႈေတြကို ခံယူေနပါတယ္။ ကြၽန္ေတာ္ ရရွိခဲ့တဲ့ ဂ႐ုစိုက္မႈေတြအားလုံးအတြက္ ကုသေရးတာဝန္ရွိသူအားလုံးကို ေက်းဇူးတင္ခ်င္ပါတယ္။ ကြၽန္ေတာ္ ဘုရားသခင္အေပၚမွာ ယုံၾကည္မႈ အမ်ားႀကီးရွိၿပီး တစ္ကမာၻလုံးက ခင္ဗ်ားတို႔ဆီကေန ရရွိခဲ့တဲ့ ခ်စ္ျခင္းေမတၱာေတြနဲ႔ သတင္းစကားေတြတိုင္းက အားအင္ျပည့္ေနေစခဲ့ပါတယ္။ ၿပီးေတာ့ ကမာၻ႔ဖလားမွာ ဘရာဇီးလ္ပြဲေတြကိုလည္း ေစာင့္ၾကည့္ေနပါတယ္။ အရာအားလုံးအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ပီလီဟာ ၁၉၅၈၊ ၁၉၆၂နဲ႔ ၁၉၇၀ ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ ဘရာဇီးလ္နဲ႔အတူ ဗိုလ္စြဲခဲ့ၿပီးေနာက္ ေဘာလုံးေလာကရဲ႕ တသက္တာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရသူျဖစ္ၿပီး ဘရာဇီးလ္ဂႏၲဝင္ဟာ သမိုင္းတေလွ်ာက္ ကမာၻ႔ဖလားခ်န္ပီယံ ၃ ႀကိမ္ျဖစ္ခဲ့ဖူးတဲ့ တစ္ဦးတည္းေသာ အမ်ိဳးသားကစားသမားျဖစ္သလို ဘရာဇီးလ္အတြက္ ၉၂ ပြဲမွာ ၇၇ ဂိုး သြင္းယူေပးထားတဲ့ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္လည္း ရပ္တည္ေနဆဲျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အမ္ဘာေပဟာ ၂၀၁၈ ကမၻ့ာဖလားဗိုလ္လုပြဲမွာ ျပင္သစ္က ခ႐ိုေအးရွားကို ၄-၂ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ပီလီေနာက္ပိုင္း ပထမဆုံးအႀကိမ္ ဗိုလ္လုပြဲမွာ ဂိုးသြင္းယူႏိုင္တဲ့ ဆယ္ေက်ာ္သက္ကစားသမားျဖစ္လာခဲ့တာျဖစ္ၿပီး ဘရာဇီးလ္ဂႏၲဝင္နဲ႔ ႏႈိင္းယွဥ္မႈေတြ ခံခဲ့တာ ျဖစ္ပါတယ္။

အမ္ဘာပဟာ ပိုလန္ကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ သြင္းယူခဲ့တဲ့ သြင္းဂိုး ၂ ဂိုးေၾကာင့္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အသက္ ၂၄ ႏွစ္ေအာက္နဲ႔ ဂိုးအမ်ားဆုံးသြင္းယူထားႏိုင္ခဲ့တဲ့ ပီလီရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ စုစုေပါင္း ကမာၻ႔ဖလားသြင္းဂိုး ၉ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.