Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၁၅.၉.၂၀၂၀

– အသင္းက ထြက္ခြာေတာ့မယ့္ ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ေနရာမွာ အစားထိုးမွဳအျဖစ္ ေခၚယူသြားမယ့္ အုိက္စ္လန္ဂိုးသမား အဲလက္စ္ ႐ူနာဆန္အတြက္ ဒီယြန္အသင္းနဲ႔ ေျပာင္းေရႊ႕ေၾကး သေဘာတူညီခဲ့ၿပီး ျပင္သစ္ေျမမွာ ေဆးစစ္ေနၿပီလို႔ဆို။

– ရာသီသစ္မွာ ေျခစြမ္းျပေနၿပီး လီဗာပူးလ္၊ ဖူလ္ဟမ္အသင္းေတြနဲ႔ ပြဲစဥ္မွာ ပုံစံေကာင္းကို ျပသႏုိင္ခဲ့တဲ့ ေနာက္ခံလူ ဟိုးလ္ဒင္းအတြက္ ဝက္စ္ဟမ္းအသင္းက အငွားေျပာင္းေရႊ႕ေၾကး ေပါင္ ၅ သန္းနဲ႔ ကမ္းလွမ္းထားခဲ့ၿပီး အာဆင္နယ္တုိ႔ ပယ္ခ်သြားဖြယ္ရွိ။

– ဝက္စ္ဟမ္းအသင္းကပဲ ကမ္းလွမ္းထားခဲ့တဲ့ ဘယ္ေနာက္ခံလူ ကုိလာစီနက္ခ်္ကေတာ့ အမ္းမရိတ္ကြင္းမွာ သူ႕ရဲ႕ သူငယ္ခ်င္းျဖစ္တဲ့ အုိေဇးလ္နဲ႔အတူ ပြဲထြက္ေနရာအတြက္ ေနာက္ဆုံးအခ်ိန္အထိ တုိက္ပြဲဝင္ဖို႔ ဆုံးျဖတ္ထားၿပီး အသင္းက မထြက္ခြာဘူးလို႔ဆုိ။

– အာဆင္နယ္အသင္းအေနနဲ႔ အေျပာင္းအေရႊ႕ပစ္မွတ္သစ္ေတြအတြက္ ဘဏၰာေရးအရ ခိုင္မာမွဳရွိေအာင္ လုပ္ေဆာင္ေနၿပီး ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကိုေတာ့ တုိရီႏိုနဲ႔ ေပါင္ ၂၁ သန္းနဲ႔ သေဘာတူညီႏုိင္ခဲ့ၿပီလို႔ သတင္းေတြ ေဖာ္ျပ။

– ရွန္ဟိုင္းရွင္ဟြာကြင္းလယ္လူ ေအာ္စကာက သူ႕ကို အာဆင္နယ္အသင္းဆီ ေျပာင္းေရႊ႕လာဖို႔ စည္း႐ုံးေနတဲ့ ေဒးဗစ္ လူးဝစ္ဇ္နဲ႔ ဝီလီယန္ တုိ႔ရဲ႕ ခင္မင္မွဳအတြက္ ေက်းဇူးတင္ေၾကာင္းဆုိခဲ့ၿပီး သူ႕ရဲ႕ လက္က်န္စာခ်ဳပ္အရ လာေရာက္ဖို႔ မလြယ္ေၾကာင္းနဲ႔ သူ႕သူငယ္ခ်င္းႏွစ္ဦး အတူတူရွိေနႏိုင္တာအတြက္ပဲ ဝမ္းသာရေၾကာင္း ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အသင်းက ထွက်ခွာတော့မယ့် ဂိုးသမား အီမီလီယာနို မာတီနက်ဇ်နေရာမှာ အစားထိုးမှုအဖြစ် ခေါ်ယူသွားမယ့် အိုက်စ်လန်ဂိုးသမား အဲလက်စ် ရူနာဆန်အတွက် ဒီယွန်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီခဲ့ပြီး ပြင်သစ်မြေမှာ ဆေးစစ်နေပြီလို့ဆို။

– ရာသီသစ်မှာ ခြေစွမ်းပြနေပြီး လီဗာပူးလ်၊ ဖူလ်ဟမ်အသင်းတွေနဲ့ ပွဲစဉ်မှာ ပုံစံကောင်းကို ပြသနိုင်ခဲ့တဲ့ နောက်ခံလူ ဟိုးလ်ဒင်းအတွက် ဝက်စ်ဟမ်းအသင်းက အငှားပြောင်းရွှေ့ကြေး ပေါင် ၅ သန်းနဲ့ ကမ်းလှမ်းထားခဲ့ပြီး အာဆင်နယ်တို့ ပယ်ချသွားဖွယ်ရှိ။

– ဝက်စ်ဟမ်းအသင်းကပဲ ကမ်းလှမ်းထားခဲ့တဲ့ ဘယ်နောက်ခံလူ ကိုလာစီနက်ချ်ကတော့ အမ်းမရိတ်ကွင်းမှာ သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ အိုဇေးလ်နဲ့အတူ ပွဲထွက်နေရာအတွက် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားပြီး အသင်းက မထွက်ခွာဘူးလို့ဆို။

– အာဆင်နယ်အသင်းအနေနဲ့ အပြောင်းအရွှေ့ပစ်မှတ်သစ်တွေအတွက် ဘဏ္ဏာရေးအရ ခိုင်မာမှုရှိအောင် လုပ်ဆောင်နေပြီး ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကိုတော့ တိုရီနိုနဲ့ ပေါင် ၂၁ သန်းနဲ့ သဘောတူညီနိုင်ခဲ့ပြီလို့ သတင်းတွေ ဖော်ပြ။

– ရှန်ဟိုင်းရှင်ဟွာကွင်းလယ်လူ အော်စကာက သူ့ကို အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာဖို့ စည်းရုံးနေတဲ့ ဒေးဗစ် လူးဝစ်ဇ်နဲ့ ဝီလီယန် တို့ရဲ့ ခင်မင်မှုအတွက် ကျေးဇူးတင်ကြောင်းဆိုခဲ့ပြီး သူ့ရဲ့ လက်ကျန်စာချုပ်အရ လာရောက်ဖို့ မလွယ်ကြောင်းနဲ့ သူ့သူငယ်ချင်းနှစ်ဦး အတူတူရှိနေနိုင်တာအတွက်ပဲ ဝမ်းသာရကြောင်း ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.