International Premier League World Cup

ဟော်လန်နဲ့ ရန်ဖြစ်ပြီး အင်္ဂလန်လူစာရင်းကနေ နုတ်ထွက်ခဲ့တဲ့ ဘန် ဝှိုက်

အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်ဟာ လက်ရွေးစင်အသင်း လက်ထောက်နည်းပြ စတိဗ် ဟော်လန်နဲ့ အချင်းများခဲ့ပြီးနောက် ကာတာက အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားလေ့ကျင့်ရေးစခန်းကို စွန့်ခွာခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲအပတ်အစောပိုင်းမှာ ဘန် ဝှိုက်ဟာ ကိုယ်ရေးကိုယ်တာအကြောင်းအရင်းကြောင့် လူစာရင်းကို စွန့်ခွာမှာဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် နောက်ခံကစားသမားဟာ အင်္ဂလန်ရဲ့ အုပ်စုအဆင့်ပွဲစဉ် ၃ ပွဲစလုံးမှာ ပါယင်ကစားပေးခွင့် မရရှိခဲ့တာဖြစ်ပါတယ်။

Daily Star ရဲ့ ဖော်ပြချက်အရ ဘန် ဝှိုက်ဟာ အင်္ဂလန်အသင်းလေ့ကျင့်ရေးစခန်းမှာ မပျော်မရွှင်ဖြစ်လာခဲ့ပြီး လက်ရွေးစင်အသင်းဖော်တွေနဲ့ ရောနှောနေထိုင်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီးနောက် အသင်းသားတွေအားလုံးရှေ့မှာ ဆောက်ဂိတ်ရဲ့ လက်ထောက် ဟော်လန်နဲ့ စကားများခဲ့ကြတယ်လို့ သိရပါတယ်။

ဟော်လန်နဲ့ ဝှိုက်ဟာ ဂန်းနားနောက်ခံလူက ယူအက်စ်အေနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမတိုင်ခင် အသင်းလိုက် အစည်းအဝေးကို ကိုယ်ပိုင်အချက်အလက်တွေထဲက အဓိကသတင်းအချက်အလက်အချို့ကို မသိဘဲရောက်လာခဲ့ချိန်မှာ စကားများခဲ့ကြတာဖြစ်ပြီး လက်ထောက်နည်းပြဟာ ပြိုင်ဘက်အမေရိကန်ရဲ့အကြောင်းကို ကစားသမားတွေ မသိရှိတဲ့အပေါ်မှာ ဒေါသထွက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဘန် ဝှိုက်ဟာ ဒူဘိုင်းကို ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်လူစာရင်းထဲမှာလည်း ပါဝင်ခဲ့ခြင်းမရှိဘဲ ဂန်းနားတွေဟာ ကြာသပတေးနေ့ညက လိုင်ယွန်ကို ဒူဘိုင်း စူပါဖလားပြိုင်ပွဲမှာ ၃-၀ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီး စကားပြောဆိုရာမှာ အာတီတာက အာဆင်နယ်ရဲ့ ကမ္ဘာ့ဖလားကြယ်ပွင့်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်မယ့် ဘောက်ဆင်ဒေးပွဲစဉ်မှာ ပြန်လည်ကစားပေးဖို့ အဆင်သင့်ဖြစ်မဖြစ် စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်မှုတွေ ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

“ပထမဆုံး ကျွန်တော်တို့ သူတို့ကို အကဲဖြတ်သွားမှာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားပေးခဲ့ပြီးနောက် သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာက ဘယ်လိုဖြစ်နေလဲဆိုတာကို ကြည့်မှာပါ။ သူတို့ထဲက အချို့ ရလဒ်အချို့နဲ့ပတ်သက်ပြီး စိတ်ပျက်နေကြဆဲပါ။ ပြီးရင်တော့ ကျွန်တော်တို့ သူတို့ကို တတ်နိုင်သမျှ မြန်မြန် အသင်းနဲ့ ပြန်ပြီး စည်းချက်ညီသွားအောင် လုပ်ဖို့နဲ့ သူတို့တွေ လုပ်နေကျ လုပ်ရိုးလုပ်စဉ်တွေကို လုပ်ဆောင်ပြီး နောက်ထပ်တစ်ကြိမ် စတင်စွမ်းဆောင်နိုင်ဖို့ ကြိုးပမ်းသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ေနာက္ခံလူ ဘန္ဝႈိက္ဟာ လက္ေ႐ြးစင္အသင္း လက္ေထာက္နည္းျပ စတိဗ္ ေဟာ္လန္နဲ႔ အခ်င္းမ်ားခဲ့ၿပီးေနာက္ ကာတာက အဂၤလန္အသင္းရဲ႕ ကမာၻ႔ဖလားေလ့က်င့္ေရးစခန္းကို စြန႔္ခြာခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္က ၿပီးခဲ့တဲအပတ္အေစာပိုင္းမွာ ဘန္ ဝႈိက္ဟာ ကိုယ္ေရးကိုယ္တာအေၾကာင္းအရင္းေၾကာင့္ လူစာရင္းကို စြန႔္ခြာမွာျဖစ္တယ္လို႔ ေၾကညာခဲ့တာျဖစ္ၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ အဂၤလန္ရဲ႕ အုပ္စုအဆင့္ပြဲစဥ္ ၃ ပြဲစလုံးမွာ ပါယင္ကစားေပးခြင့္ မရရွိခဲ့တာျဖစ္ပါတယ္။

Daily Star ရဲ႕ ေဖာ္ျပခ်က္အရ ဘန္ ဝႈိက္ဟာ အဂၤလန္အသင္းေလ့က်င့္ေရးစခန္းမွာ မေပ်ာ္မ႐ႊင္ျဖစ္လာခဲ့ၿပီး လက္ေ႐ြးစင္အသင္းေဖာ္ေတြနဲ႔ ေရာေႏွာေနထိုင္ႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီးေနာက္ အသင္းသားေတြအားလုံးေရွ႕မွာ ေဆာက္ဂိတ္ရဲ႕ လက္ေထာက္ ေဟာ္လန္နဲ႔ စကားမ်ားခဲ့ၾကတယ္လို႔ သိရပါတယ္။

ေဟာ္လန္နဲ႔ ဝႈိက္ဟာ ဂန္းနားေနာက္ခံလူက ယူအက္စ္ေအနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမတိုင္ခင္ အသင္းလိုက္ အစည္းအေဝးကို ကိုယ္ပိုင္အခ်က္အလက္ေတြထဲက အဓိကသတင္းအခ်က္အလက္အခ်ိဳ႕ကို မသိဘဲေရာက္လာခဲ့ခ်ိန္မွာ စကားမ်ားခဲ့ၾကတာျဖစ္ၿပီး လက္ေထာက္နည္းျပဟာ ၿပိဳင္ဘက္အေမရိကန္ရဲ႕အေၾကာင္းကို ကစားသမားေတြ မသိရွိတဲ့အေပၚမွာ ေဒါသထြက္ခဲ့တယ္လို႔လည္း သိရပါတယ္။

ဘန္ ဝႈိက္ဟာ ဒူဘိုင္းကို ထြက္ခြာခဲ့ရတဲ့ အာဆင္နယ္လူစာရင္းထဲမွာလည္း ပါဝင္ခဲ့ျခင္းမရွိဘဲ ဂန္းနားေတြဟာ ၾကာသပေတးေန႔ညက လိုင္ယြန္ကို ဒူဘိုင္း စူပါဖလားၿပိဳင္ပြဲမွာ ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

ပြဲအၿပီး စကားေျပာဆိုရာမွာ အာတီတာက အာဆင္နယ္ရဲ႕ ကမာၻ႔ဖလားၾကယ္ပြင့္ကို ပရီးမီးယားလိဂ္ၿပိဳင္ပြဲ ျပန္လည္စတင္မယ့္ ေဘာက္ဆင္ေဒးပြဲစဥ္မွာ ျပန္လည္ကစားေပးဖို႔ အဆင္သင့္ျဖစ္မျဖစ္ စိတ္ပိုင္းဆိုင္ရာ အကဲျဖတ္မႈေတြ ျပဳလုပ္သြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ပထမဆုံး ကြၽန္ေတာ္တို႔ သူတို႔ကို အကဲျဖတ္သြားမွာျဖစ္ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ကစားေပးခဲ့ၿပီးေနာက္ သူတို႔ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာက ဘယ္လိုျဖစ္ေနလဲဆိုတာကို ၾကည့္မွာပါ။ သူတို႔ထဲက အခ်ိဳ႕ ရလဒ္အခ်ိဳ႕နဲ႔ပတ္သက္ၿပီး စိတ္ပ်က္ေနၾကဆဲပါ။ ၿပီးရင္ေတာ့ ကြၽန္ေတာ္တို႔ သူတို႔ကို တတ္ႏိုင္သမွ် ျမန္ျမန္ အသင္းနဲ႔ ျပန္ၿပီး စည္းခ်က္ညီသြားေအာင္ လုပ္ဖို႔နဲ႔ သူတို႔ေတြ လုပ္ေနက် လုပ္႐ိုးလုပ္စဥ္ေတြကို လုပ္ေဆာင္ၿပီး ေနာက္ထပ္တစ္ႀကိမ္ စတင္စြမ္းေဆာင္ႏိုင္ဖို႔ ႀကိဳးပမ္းသြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.