International World Cup

အင်္ဂလန်ကစားသမားတွေကို စောစောစီးစီးအိပ်ကြလို့ အကြံပေးလိုက်တဲ့ ပြင်သစ်ကြယ်ပွင့်

ပြင်သစ်နောက်ခံကစားသမား အူပါမီကာနိုက အင်္ဂလန်ကြယ်ပွင့်တွေအနေနဲ့ ခီလီယန် အမ်ဘာပေကို ရပ်တန့်ဖို့ အခွင့်အရေးရချင်တယ်ဆိုရင် အိပ်ရာစောစောဝင်ကြဖို့ အကြံပေးခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံတွေနဲ့ စနေနေ့မှာ ၂၀၂၂ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင် အများဆုံး ပြောနေကြတဲ့ အကြောင်းအရာက အင်္ဂလန်အသင်းအနေနဲ့ အကောင်းဆုံးပုံစံပြသနေတဲ့ အမ်ဘာပေကို ရပ်တန့်နိုင်ပါ့မလားဆိုတာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးဟာ ယခုပြိုင်ပွဲမှာ ၅ ဂိုးအထိ သွင်းယူထားပြီး ဖြစ်ပါတယ်။

အင်္ဂလန်နဲ့ပွဲစဉ်မတိုင်ခင် ပြင်သစ်နောက်ခံကစားသမား အူပါမီကာနိုက အမ်ဘာပေကို ရပ်တန့်နိုင်ဖို့အတွက် အင်္ဂလန်ကစားသမားတွေကို ညဘက် ကောင်းကောင်းအိပ်ပျော်အောင် လုပ်ကြဖို့ အကြံပေးခဲ့တာဖြစ်ပါတယ်။ “ခီလီယန်က ဘယ်သူနဲ့မှ မတူဘဲ လုံးဝကွဲပြားခြားနားတဲ့ တိုက်စစ်မှူးပါ သူက ကမ္ဘာ့အဆင့် ကစားသမားဖြစ်ပြီး သူနဲ့ ရင်ဆိုင်ရတာက ခက်ခဲပါတ်။ ခင်ဗျား အိပ်ရာစောစောဝင်ရပါမယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အူပါမီကာနိုကိုယ်တိုင်လည်း အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီ ကိန်းကို ရင်ဆိုင်ရမယ့် တာဝန်ရှိနေတာကြောင့် ခက်ခဲတဲ့ ပွဲစဉ်ဖြစ်လာမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်နောက်ခံလူက ဟာရီ ကိန်းရဲ့ စပါးစ်အသင်းဖော် ဟူဂို လိုရစ်က အင်္ဂလန်အသင်းခေါင်းဆောင်ကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို ပြောလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြောကြမယ်ဆိုတာ သေချာပါတယ်။ သူတို့တွေက တော့တင်ဟမ်က အသင်းဖော်တွေပါ။ ကျွန်တော် ကိန်းကို သိတယ်။ သူ ကစားတဲ့ပုံစံကိုပေါ့။ သူက ဘောလုံးကို ရှာနိုင်ပြီး တကယ်မြန်မြန် ပြေးလွှားနိုင်တဲ့ တိုက်စစ်မှူးပါ။ အဲဒီတော့ ကျွန်တော်တို့ အဲဒါနဲ့ပတ်သက်ပြီး သတိထားပြီး အဆင်သင့်ဖြစ်အောင် လုပ်ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီး ညာနောက်ခံလူ ကိုင်လီ ဝေါ်ကာဟာ အမ်ဘာပေကို ရပ်တန်ဖို့ တာဝန်ကျတဲ့သူ ဖြစ်ဖို့များနေပြီး ပြင်သစ်ကွင်းလယ်လူ ယူဆွတ်ဖ် ဖိုဖာနာက အမ်ဘာပေရဲ့ လွှမ်းမိုးနိုင်စွမ်းကို ကန့်သတ်နိုင်တဲ့အသင်း ပြင်သစ်လိဂ်မှာမရှိသေးဘူးလို့ ပြောကြားပြီး အင်္ဂလန်နောက်ခံလူကို သတိပေးပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“သူ ခီလီယန်ကို ရပ်တန့်လိုက်ရင်တော့ သူ့အတွက် ကောင်းပါလိမ့်မယ်။ ဒါပေမယ့်လည်း ပြင်သစ်လိဂ်မှာ အဲဒီအဖြေကို ရှာတွေ့ဖို့ စောင့်ဆိုင်းနေတဲ့ အသင်း ၁၉ သင်း ရှိနေပါတယ်။ အမှန်တရားက ကွင်းထဲမှာပဲ ရှိမှာဖြစ်ပြီး စနေနေ့မှာ ဘာတွေဖြစ်လာမလဲ ကျွန်တော်တို့ တွေ့ရမှာပါ။ ဒါပေမယ့် ပြင်သစ်သားတစ်ယောက်အနေနဲ့ ကျွန်တော် ခီလီယန်ကို ယုံကြည်တယ်။ ခီလီယန်က သတင်းတွေ ရေးနေတာတွေကို မဖတ်ဘူး။ ပွဲအပေါ်မှာပဲ အာရုံအပြည့်အဝစိုက်တယ်။ သူ ရင်ဆိုင်ရမယ့်ကစားသမားထက် သူ မျှော်မှန်းထားတဲ့အပေါ်မှာပဲ အာရုံစိုက်တယ်။ သူက အရမ်းကို တည်ငြိမ်ပြီး စိတ်ပိုင်းဖြတ်နိုင်တဲ့သူပါ”လို့ ချီးကျူးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ျပင္သစ္ေနာက္ခံကစားသမား အူပါမီကာႏိုက အဂၤလန္ၾကယ္ပြင့္ေတြအေနနဲ႔ ခီလီယန္ အမ္ဘာေပကို ရပ္တန႔္ဖို႔ အခြင့္အေရးရခ်င္တယ္ဆိုရင္ အိပ္ရာေစာေစာဝင္ၾကဖို႔ အႀကံေပးခဲ့ပါတယ္။

အဂၤလန္အသင္းဟာ ၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံေတြနဲ႔ စေနေန႔မွာ ၂၀၂၂ ကမာၻ႔ဖလား ကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။ ဒီပြဲမတိုင္ခင္ အမ်ားဆုံး ေျပာေနၾကတဲ့ အေၾကာင္းအရာက အဂၤလန္အသင္းအေနနဲ႔ အေကာင္းဆုံးပုံစံျပသေနတဲ့ အမ္ဘာေပကို ရပ္တန႔္ႏိုင္ပါ့မလားဆိုတာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ ယခုၿပိဳင္ပြဲမွာ ၅ ဂိုးအထိ သြင္းယူထားၿပီး ျဖစ္ပါတယ္။

အဂၤလန္နဲ႔ပြဲစဥ္မတိုင္ခင္ ျပင္သစ္ေနာက္ခံကစားသမား အူပါမီကာႏိုက အမ္ဘာေပကို ရပ္တန႔္ႏိုင္ဖို႔အတြက္ အဂၤလန္ကစားသမားေတြကို ညဘက္ ေကာင္းေကာင္းအိပ္ေပ်ာ္ေအာင္ လုပ္ၾကဖို႔ အႀကံေပးခဲ့တာျဖစ္ပါတယ္။ “ခီလီယန္က ဘယ္သူနဲ႔မွ မတူဘဲ လုံးဝကြဲျပားျခားနားတဲ့ တိုက္စစ္မႉးပါ သူက ကမာၻ႔အဆင့္ ကစားသမားျဖစ္ၿပီး သူနဲ႔ ရင္ဆိုင္ရတာက ခက္ခဲပါတ္။ ခင္ဗ်ား အိပ္ရာေစာေစာဝင္ရပါမယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အူပါမီကာႏိုကိုယ္တိုင္လည္း အဂၤလန္အသင္းေခါင္းေဆာင္ ဟာရီ ကိန္းကို ရင္ဆိုင္ရမယ့္ တာဝန္ရွိေနတာေၾကာင့္ ခက္ခဲတဲ့ ပြဲစဥ္ျဖစ္လာမွာျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူက ဟာရီ ကိန္းရဲ႕ စပါးစ္အသင္းေဖာ္ ဟူဂို လိုရစ္က အဂၤလန္အသင္းေခါင္းေဆာင္ကို ဘယ္လို ကိုင္တြယ္ေျဖရွင္းရမလဲဆိုတာကို ေျပာလိမ့္မယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ေျပာၾကမယ္ဆိုတာ ေသခ်ာပါတယ္။ သူတို႔ေတြက ေတာ့တင္ဟမ္က အသင္းေဖာ္ေတြပါ။ ကြၽန္ေတာ္ ကိန္းကို သိတယ္။ သူ ကစားတဲ့ပုံစံကိုေပါ့။ သူက ေဘာလုံးကို ရွာႏိုင္ၿပီး တကယ္ျမန္ျမန္ ေျပးလႊားႏိုင္တဲ့ တိုက္စစ္မႉးပါ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ အဲဒါနဲ႔ပတ္သက္ၿပီး သတိထားၿပီး အဆင္သင့္ျဖစ္ေအာင္ လုပ္ရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီး ညာေနာက္ခံလူ ကိုင္လီ ေဝၚကာဟာ အမ္ဘာေပကို ရပ္တန္ဖို႔ တာဝန္က်တဲ့သူ ျဖစ္ဖို႔မ်ားေနၿပီး ျပင္သစ္ကြင္းလယ္လူ ယူဆြတ္ဖ္ ဖိုဖာနာက အမ္ဘာေပရဲ႕ လႊမ္းမိုးႏိုင္စြမ္းကို ကန႔္သတ္ႏိုင္တဲ့အသင္း ျပင္သစ္လိဂ္မွာမရွိေသးဘူးလို႔ ေျပာၾကားၿပီး အဂၤလန္ေနာက္ခံလူကို သတိေပးေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

“သူ ခီလီယန္ကို ရပ္တန႔္လိုက္ရင္ေတာ့ သူ႔အတြက္ ေကာင္းပါလိမ့္မယ္။ ဒါေပမယ့္လည္း ျပင္သစ္လိဂ္မွာ အဲဒီအေျဖကို ရွာေတြ႕ဖို႔ ေစာင့္ဆိုင္းေနတဲ့ အသင္း ၁၉ သင္း ရွိေနပါတယ္။ အမွန္တရားက ကြင္းထဲမွာပဲ ရွိမွာျဖစ္ၿပီး စေနေန႔မွာ ဘာေတြျဖစ္လာမလဲ ကြၽန္ေတာ္တို႔ ေတြ႕ရမွာပါ။ ဒါေပမယ့္ ျပင္သစ္သားတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္ ခီလီယန္ကို ယုံၾကည္တယ္။ ခီလီယန္က သတင္းေတြ ေရးေနတာေတြကို မဖတ္ဘူး။ ပြဲအေပၚမွာပဲ အာ႐ုံအျပည့္အဝစိုက္တယ္။ သူ ရင္ဆိုင္ရမယ့္ကစားသမားထက္ သူ ေမွ်ာ္မွန္းထားတဲ့အေပၚမွာပဲ အာ႐ုံစိုက္တယ္။ သူက အရမ္းကို တည္ၿငိမ္ၿပီး စိတ္ပိုင္းျဖတ္ႏိုင္တဲ့သူပါ”လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.