Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၁၅.၉.၂၀၂၀

– လိဒ္စ္ယူႏုိက္တက္နဲ႔ပြဲမွာ ကြင္းလယ္ရဲ႕ ထိန္းခ်ဳပ္မွဳက လုံေလာက္မွဳ မရွိခဲ့တဲ့အတြက္ နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ သူ႕ရဲ႕ ပစ္မွတ္ေဟာင္းတစ္ခုျဖစ္ခဲ့တဲ့ ဘြန္ဒက္စ္လီဂါကလပ္ မုိခ်န္ဂလာဘက္ခ်္ရဲ႕ ကြင္းလယ္လူ ဒင္းနစ္ ဇာကာရီယာကို ေခၚယူဖို႔ ျပန္လည္စဥ္းစားလာ။

– ဘ႐ိုက္တန္နဲ႔ပြဲမွာ ဒူးကို ထိခိုက္မိသြားၿပီး ေရခဲအုံထားခဲ့ရတဲ့ ခ်ဲလ္ဆီးတုိက္စစ္မွဴး တီမို ဗာနာအေနနဲ႔ လာမယ့္ တနဂၤေႏြေန႔မွာ ကစားရမယ့္ လီဗာပူးလ္နဲ႔ ပြဲစဥ္ကို လြဲေခ်ာ္ႏိုင္ေျခရွိေနၿပီး ႀကံ့ခိုင္မွဳ မျပည့္ဝေသးတဲ့ ပူလီရွစ္ခ်္နဲ႔ ဇီးယက္ရွ္တို႔ အေျခအေနကလည္း ပါဝင္ႏုိင္ဖို႔ မလြယ္ကူေသး။

– ေနာက္ခံလူသစ္တစ္ဦး ေခၚယူဖို႔ ပရိသတ္ေတြက တုိက္တြန္းထားၾကတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ဆမ္ဒိုးရီးယားေနာက္ခံလူ အိုမာ ေကာ္လီကို သူ႕ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးျဖစ္တဲ့ ေပါင္ ၁၀.၈ သန္း (ယူ႐ို ၁၂ သန္း)နဲ႔ ေခၚယူႏုိင္ဖို႔ ေစာင့္ၾကည့္ေန။

– လီဗာပူးလ္ဘယ္ေနာက္ခံလူ အန္ဒီ ေရာဘတ္ဆန္က သူ႕နဲ႔ အသင္းေဖာ္ ညာေနာက္ခံလူ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တုိ႔ၾကားမွာ ၿပဳိင္ဆုိင္မွဳရွိေနၿပီး သူတုိ႔အေနနဲ႔ ဘယ္သူက ဖန္တီးမွဳ ပုိမ်ားႏုိင္မလဲဆုိတာကို ႀကိတ္ၿပဳိင္ေနၾကတာျဖစ္တယ္လုိ႔ဆုိ။

– တူရကီကလပ္ ဖီနာဘာခ်ီအသင္းက စိတ္ဝင္စားေနခဲ့တဲ့ အသင္းရဲ႕ အရန္တုိက္စစ္မွဴး ဒီေဗာ့ခ္ ေအာ္ရီဂီအတြက္ အငွားနဲ႔အတူ ရာသီကုန္မွာ ယူ႐ို ၁၅ သန္းနဲ႔ ေခၚယူႏုိင္မယ္လို႔ လီဗာပူးလ္ဘက္က တုံ႔ျပန္ထားတယ္လို႔ တူရကီဂ်ာနယ္လစ္ ေဖာ္ျပ။

– မိုဟာမက္ ဆာလားဟာ ကမာၻ႕အေကာင္းဆုံးကစားသမားအဆင့္ကို ျမင့္တက္လာခဲ့ၿပီျဖစ္ၿပီး ပြဲေတြကို အေျဖေျပာင္းလဲႏုိင္တဲ့ ေနရာမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ မန္ခ်က္စတာယူႏုိက္တက္ေန႔ရက္ေတြလိုမ်ဳိး လုပ္ႏုိင္ခဲ့ၿပီလို႔ ဂယ္ရီ နဗီးလ္ ခ်ီးက်ဴး။

– လူငယ္တုိက္စစ္မွဴး ႐ိုင္ယန္ ဘ႐ူးစတားကိုလည္း ေပါင္သန္း ၂၀ အျပင္ ျပန္လည္ေခၚယူခြင့္ ထည့္သြင္းၿပီး ေရာင္းခ်သြားဖို႔ လီဗာပူးလ္ စီစဥ္ေနၿပီး ပရိသတ္ေတြကေတာ့ ေအာ္ရီဂီပါ ထြက္ခြာမယ္ဆုိရင္ ပတ္ဆန္ ဒါကာကို ျပန္လည္ေခၚယူႏုိင္ဖို႔ ေမွ်ာ္လင့္ေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာ ကွင်းလယ်ရဲ့ ထိန်းချုပ်မှုက လုံလောက်မှု မရှိခဲ့တဲ့အတွက် နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ သူ့ရဲ့ ပစ်မှတ်ဟောင်းတစ်ခုဖြစ်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါကလပ် မိုချန်ဂလာဘက်ချ်ရဲ့ ကွင်းလယ်လူ ဒင်းနစ် ဇာကာရီယာကို ခေါ်ယူဖို့ ပြန်လည်စဉ်းစားလာ။

– ဘရိုက်တန်နဲ့ပွဲမှာ ဒူးကို ထိခိုက်မိသွားပြီး ရေခဲအုံထားခဲ့ရတဲ့ ချဲလ်ဆီးတိုက်စစ်မှူး တီမို ဗာနာအနေနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမယ့် လီဗာပူးလ်နဲ့ ပွဲစဉ်ကို လွဲချော်နိုင်ခြေရှိနေပြီး ကြံ့ခိုင်မှု မပြည့်ဝသေးတဲ့ ပူလီရှစ်ချ်နဲ့ ဇီးယက်ရှ်တို့ အခြေအနေကလည်း ပါဝင်နိုင်ဖို့ မလွယ်ကူသေး။

– နောက်ခံလူသစ်တစ်ဦး ခေါ်ယူဖို့ ပရိသတ်တွေက တိုက်တွန်းထားကြတဲ့ လီဗာပူးလ်အသင်းအနေနဲ့ ဆမ်ဒိုးရီးယားနောက်ခံလူ အိုမာ ကော်လီကို သူ့ရဲ့ စာချုပ်လျော်ကြေးဖြစ်တဲ့ ပေါင် ၁၀.၈ သန်း (ယူရို ၁၂ သန်း)နဲ့ ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေ။

– လီဗာပူးလ်ဘယ်နောက်ခံလူ အန်ဒီ ရောဘတ်ဆန်က သူ့နဲ့ အသင်းဖော် ညာနောက်ခံလူ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့ကြားမှာ ပြိုင်ဆိုင်မှုရှိနေပြီး သူတို့အနေနဲ့ ဘယ်သူက ဖန်တီးမှု ပိုများနိုင်မလဲဆိုတာကို ကြိတ်ပြိုင်နေကြတာဖြစ်တယ်လို့ဆို။

– တူရကီကလပ် ဖီနာဘာချီအသင်းက စိတ်ဝင်စားနေခဲ့တဲ့ အသင်းရဲ့ အရန်တိုက်စစ်မှူး ဒီဗော့ခ် အော်ရီဂီအတွက် အငှားနဲ့အတူ ရာသီကုန်မှာ ယူရို ၁၅ သန်းနဲ့ ခေါ်ယူနိုင်မယ်လို့ လီဗာပူးလ်ဘက်က တုံ့ပြန်ထားတယ်လို့ တူရကီဂျာနယ်လစ် ဖော်ပြ။

– မိုဟာမက် ဆာလားဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားအဆင့်ကို မြင့်တက်လာခဲ့ပြီဖြစ်ပြီး ပွဲတွေကို အဖြေပြောင်းလဲနိုင်တဲ့ နေရာမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ မန်ချက်စတာယူနိုက်တက်နေ့ရက်တွေလိုမျိုး လုပ်နိုင်ခဲ့ပြီလို့ ဂယ်ရီ နဗီးလ် ချီးကျူး။

– လူငယ်တိုက်စစ်မှူး ရိုင်ယန် ဘရူးစတားကိုလည်း ပေါင်သန်း ၂၀ အပြင် ပြန်လည်ခေါ်ယူခွင့် ထည့်သွင်းပြီး ရောင်းချသွားဖို့ လီဗာပူးလ် စီစဉ်နေပြီး ပရိသတ်တွေကတော့ အော်ရီဂီပါ ထွက်ခွာမယ်ဆိုရင် ပတ်ဆန် ဒါကာကို ပြန်လည်ခေါ်ယူနိုင်ဖို့ မျှော်လင့်နေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.