International World Cup

ကမ္ဘာ့ဖလားမှာ အကောင်းဆုံးဖြစ်နေတဲ့သူကိုမှ ရောင်းခဲ့မိတဲ့ အာဆင်နယ်

ဇလာတန် အီဘရာဟီမိုဗစ်က အာဆင်နယ်တိုက်စစ်မှူးဟောင်း အိုလီဗီယေး ဂျီရူးဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံး တိုက်စစ်မှူးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျီရူးနဲ့ အီဘရာဟီမိုဗစ်တို့ဟာ အေစီမီလန်အသင်းမှာ အသင်းဖော်တွေဖြစ်ကြပြီး ဝါရင့်တိုက်စစ်မှူးကြီး ၂ ဦးဟာ ကြောက်မက်ဖွယ် တိုက်စစ်အတွဲကို ပုံဖော်နိုင်ခဲ့ကြသလို ရင်းနှီးတဲ့ ဆက်ဆံရေးကိုလည်း တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ စီးရီးအေဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး အီဘရာဟီမိုဗစ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျီရူးအပေါ်မှာ ယုံကြည်မှု ထားထားတာဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဟာရီ ကိန်း၊ အမ်ဘာပေ၊ နေမာတို့လို တခြား စူပါစတား ကစားသမားတွေအများအပြားရှိနေပေမယ့်လည်း အီဘရာဟီမိုဗစ်က ၎င်းရဲ့ အေစီမီလန်အသင်းဖော်လောက် ဘယ်သူမှ မကောင်းဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။ ပြင်သစ်ဝါရင့်တိုက်စစ်မှူး အိုလီဗီယေး ဂျီရူးက မကြာသေးမီက ဆွီဒင်ဂန္တဝင်တိုက်စစ်မှူးကြီးက ၎င်းကို ပြောကြားခဲ့တဲ့စကားကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး “ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ပြိုင်ပွဲထဲမှာ ကျွန်တော်က အကောင်းဆုံး ကျောနံပါတ် ၉ ဖြစ်ခဲ့တယ်လို့ အီဘရာပြောတာကို ချက်ချင်း တွေးမိခဲ့တယ်”

“ကမ္ဘာ့ဖလားပြိုင်ပွဲက အကောင်းဆုံး ကျောနံပါတ် ၉ က ဘယ်သူလဲဆိုတာကို ကျွန်တော် မသိပါူဘး။ ဒါပေမယ့် သေချာတာကတော့ ခီလီယန်က အကောင်းဆုံး တိုက်စစ်တောင်ပံကစားသမားပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဂျီရူးဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာ ပြင်သစ်အသင်းအတွက် ခြေစွမ်းပြ ဂိုးသွင်းယူပေးနေသူဖြစ်ပြီး သြစတြေးလျနဲ့ပွဲမှာ ၂ ဂိုး၊ ပိုလန်နဲ့ပွဲမှာ တစ်ဂိုး စုစုပေါင်း ၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

အိုလီဗီယေး ဂျီရူးရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ပိုလန်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်က သွင်းဂိုးဟာ ၎င်းကို ပြင်သစ်အသင်းသမိုင်းမှာ ထိပ်တန်းဂိုးသွင်ရှင် ဖြစ်လာစေခဲ့တာဖြစ်ပြီး ဇလာတန် အီဘရာဟီမိုဗစ်က Canal+ နဲ့ တွေ့ဆုံရာမှာ နောက်ထပ်တစ်ကြိမ် ၎င်းရဲ့ ကလပ်အသင်းဖော်ရဲ့ ကစားဟန်ကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“သူက တကယ်ကို ကောင်းတဲ့ပုဂ္ဂိုလ်ပါ။ သူက တစ်နှစ်ကို ဂိုး ၄၀ လောက်သွင်းယူမယ့်သူတော့မဟုတ်ပေမယ့် သူက လူအနည်းငယ်သာ လုပ်နိုင်တဲ့အသင်းအတွက် တစ်စုံတရာကို ယူဆောင်ပေးနေသူပါ။ ဘာလို့လဲဆိုတော့ သူက ကွင်းထဲမှာ အတ္တကိုဗဟိုပြုကစားတတ်တဲ့သူမျိုးမဟုတ်လို့ပါ။ သူက အားလုံးအတွက် ကစားပေးတဲ့သူပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂျီရူးဟာ အာဆင်ယန်အသင်းအတွက် ၂၅၃ ပွဲအထိ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး သွင်းဂိုး ၁၀၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဇလာတန္ အီဘရာဟီမိုဗစ္က အာဆင္နယ္တိုက္စစ္မႉးေဟာင္း အိုလီဗီေယး ဂ်ီ႐ူးဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အေကာင္းဆုံး တိုက္စစ္မႉးျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂ်ီ႐ူးနဲ႔ အီဘရာဟီမိုဗစ္တို႔ဟာ ေအစီမီလန္အသင္းမွာ အသင္းေဖာ္ေတြျဖစ္ၾကၿပီး ဝါရင့္တိုက္စစ္မႉးႀကီး ၂ ဦးဟာ ေၾကာက္မက္ဖြယ္ တိုက္စစ္အတြဲကို ပုံေဖာ္ႏိုင္ခဲ့ၾကသလို ရင္းႏွီးတဲ့ ဆက္ဆံေရးကိုလည္း တည္ေဆာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ေအစီမီလန္အသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ စီးရီးေအဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ၿပီး အီဘရာဟီမိုဗစ္က ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဂ်ီ႐ူးအေပၚမွာ ယုံၾကည္မႈ ထားထားတာျဖစ္ပါတယ္။

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဟာရီ ကိန္း၊ အမ္ဘာေပ၊ ေနမာတို႔လို တျခား စူပါစတား ကစားသမားေတြအမ်ားအျပားရွိေနေပမယ့္လည္း အီဘရာဟီမိုဗစ္က ၎ရဲ႕ ေအစီမီလန္အသင္းေဖာ္ေလာက္ ဘယ္သူမွ မေကာင္းဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ ျပင္သစ္ဝါရင့္တိုက္စစ္မႉး အိုလီဗီေယး ဂ်ီ႐ူးက မၾကာေသးမီက ဆြီဒင္ဂႏၲဝင္တိုက္စစ္မႉးႀကီးက ၎ကို ေျပာၾကားခဲ့တဲ့စကားကို ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ၿပီး “ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ ၿပိဳင္ပြဲထဲမွာ ကြၽန္ေတာ္က အေကာင္းဆုံး ေက်ာနံပါတ္ ၉ ျဖစ္ခဲ့တယ္လို႔ အီဘရာေျပာတာကို ခ်က္ခ်င္း ေတြးမိခဲ့တယ္”

“ကမာၻ႔ဖလားၿပိဳင္ပြဲက အေကာင္းဆုံး ေက်ာနံပါတ္ ၉ က ဘယ္သူလဲဆိုတာကို ကြၽန္ေတာ္ မသိပါူဘး။ ဒါေပမယ့္ ေသခ်ာတာကေတာ့ ခီလီယန္က အေကာင္းဆုံး တိုက္စစ္ေတာင္ပံကစားသမားပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဂ်ီ႐ူးဟာ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းမွာ ျပင္သစ္အသင္းအတြက္ ေျခစြမ္းျပ ဂိုးသြင္းယူေပးေနသူျဖစ္ၿပီး ၾသစေၾတးလ်နဲ႔ပြဲမွာ ၂ ဂိုး၊ ပိုလန္နဲ႔ပြဲမွာ တစ္ဂိုး စုစုေပါင္း ၃ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

အိုလီဗီေယး ဂ်ီ႐ူးရဲ႕ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္အျဖစ္ ပိုလန္နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္က သြင္းဂိုးဟာ ၎ကို ျပင္သစ္အသင္းသမိုင္းမွာ ထိပ္တန္းဂိုးသြင္ရွင္ ျဖစ္လာေစခဲ့တာျဖစ္ၿပီး ဇလာတန္ အီဘရာဟီမိုဗစ္က Canal+ နဲ႔ ေတြ႕ဆုံရာမွာ ေနာက္ထပ္တစ္ႀကိမ္ ၎ရဲ႕ ကလပ္အသင္းေဖာ္ရဲ႕ ကစားဟန္ကို ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

“သူက တကယ္ကို ေကာင္းတဲ့ပုဂၢိဳလ္ပါ။ သူက တစ္ႏွစ္ကို ဂိုး ၄၀ ေလာက္သြင္းယူမယ့္သူေတာ့မဟုတ္ေပမယ့္ သူက လူအနည္းငယ္သာ လုပ္ႏိုင္တဲ့အသင္းအတြက္ တစ္စုံတရာကို ယူေဆာင္ေပးေနသူပါ။ ဘာလို႔လဲဆိုေတာ့ သူက ကြင္းထဲမွာ အတၱကိုဗဟိုျပဳကစားတတ္တဲ့သူမ်ိဳးမဟုတ္လို႔ပါ။ သူက အားလုံးအတြက္ ကစားေပးတဲ့သူပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဂ်ီ႐ူးဟာ အာဆင္ယန္အသင္းအတြက္ ၂၅၃ ပြဲအထိ ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး သြင္းဂိုး ၁၀၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄၁ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့တဲ့ ကစားသမား ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.