International World Cup

အာဂျင်တီးနား GOAT မက်ဆီရဲ့ ကမ္ဘာ့ဖလားမှာ ချိုးပြီးနဲ့ ချိုးနိုင်ဖို့ ရှိနေတဲ့ စံချိန်များ

အာဂျင်တီးနားတို့ရဲ့ ဘောလုံးသမိုင်းမှာ ၁၉၈၆ ကမ္ဘာ့ဖလားကို ရယူပေးခဲ့တဲ့ ဒီယေဂို မာရာဒိုနာထက် လက်ရွေးစင်အသင်းနဲ့ အောင်မြင်မှုတွေက လွဲလို့ ကျန်တဲ့ တစ်ဦးချင်း အောင်မြင်မှုနဲ့ မှတ်တမ်းမှတ်ရာတွေမှာ ပိုမိုသာလွန်ကောင်းမွန်နေခဲ့ပြီလို့ ဆိုနိုင်တဲ့ လီယွန်နယ် မက်ဆီအနေနဲ့ ဒီ ၂၀၂၂ ကာတာ ဖလားကို ရယူဖို့ ဆန္ဒပြင်းပြနေပြီး မိုးပြာနဲ့ အဖြူကျားတွေကို ဦးဆောင်ကစားနေခဲ့တာဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ပြိုင်ပွဲမှာ ဆော်ဒီအာရေးဘီးယား၊ မက္ကဆီကိုနဲ့ ဩစတေးလျအသင်းတွေဘက်ကို တစ်ဂိုးစီ သွင်းယူနိုင်ခဲ့ပြီး အသင်းဖော်တွေကို နိုင်ပွဲတွေ ရရှိဖို့ အကောင်းဆုံး မောင်းနှင်ထားနိုင်ခဲ့သလို ဒီပြိုင်ပွဲမှာ သူ့အနေနဲ့ စံချိန်တွေကို ချိုးဖျက်ထားခဲ့မှုတွေနဲ့ ရှေ့ဆက်ပြီး ဘယ်စံချိန်တွေကို ချိုးဖျက်နိုင်ခွင့် ရှိဦးမလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

ရရှိပြီး ၁။ ပွဲကစားမှု စံချိန် (မာရာဒိုနာ)
အာဂျင်တီးနားတိုက်စစ်မှူးအနေနဲ့ ပြီးခဲ့တဲ့ ပိုလန်နဲ့ပွဲမှာ မာရာဒိုနာရဲ့ ကမ္ဘာ့ဖလားပွဲကစားတဲ့ စံချိန်ဖြစ်တဲ့ ၂၁ ပွဲကို ကျော်လွန်သွားခဲ့တာဖြစ်ပြီး အာဂျင်တီးနားတို့အတွက် အများဆုံးစံချိန်ကို တင်ရှိနိုင်ခဲ့သလို ဩစတေးလျနဲ့ ရှုံးထွက်ပွဲစဉ်မှာတော့ ၂၃ ပွဲမြောက်ကို ကစားခဲ့သလို လာမယ့် ကွာတား ဖိုင်နယ်အဆင့် နယ်သာလန်နဲ့ ပွဲစဉ်မှာတော့ ၂၄ ပွဲမြောက်ကို ကစားနိုင်မှာလည်းဖြစ်ပါတယ်။

ရရှိပြီး ၂။ ဖန်တီးမှု စံချိန်
မက်ဆီအနေနဲ့ ဆော်ဒီကို ရှုံးတဲ့ ပွဲမှာ အသင်းဖော်တွေအတွက် ဖန်တီးမှုတွေ ပြုလုပ်နေခဲ့ပြီး ရှေ့ဆက် ကစားခဲ့ရတဲ့ ပွဲတွေမှာလည်း ဆက်လက် ပေးစွမ်းနေခဲ့ပေမယ့် ခူးပြီးခပ်ပြီး မစားတတ်တဲ့ လော်တာရို မာတီနက်ဇ်လို အဖြုန်းတစ်လိုင်း တိုက်စစ်မှူးတွေကြောင့် ဖန်တီးမှုစံချိန်မှာ အန်ဇို ဖာနန်ဒက်ဇ် သွင်းယူပေးခဲ့တဲ့ ဂိုးနဲ့ပဲ ပူးပေါင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ဂိုးကို ဖန်တီးပေးနိုင်ခဲ့လို့ အသက် ၃၅ နှစ်အရွယ် GOAT ကြီးအတွက် ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားတွေမှာ ငါးကြိမ်ဆက်တိုက် ဖန်တီးပေးနိုင်တဲ့ စံချိန်ကိုလည်း ရရှိသွားခဲ့တာပါ။

ရရှိပြီး ၃။ ဂိုးသွင်း+ဖန်တီးမှု စံချိန်
မက်ဆီရဲ့ နောက်ထပ်စံချိန်သစ်တစ်ခုကတော့ ကမ္ဘာ့ဖလားတွေမှာ သွင်းဂိုးနဲ့ ဖန်တီးမှု အနည်းဆုံးတစ်ကြိမ်စီ ပြုလုပ်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားစံချိန်အပြင် အသက်အကြီးဆုံး ကစားသမားအဖြစ်လည်း ပူးတွဲလုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားတုန်းက အသက် ၁၈ နှစ် အရွယ်မှာ ဆားဘီးယားဘက်ကို တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်ပြီး အငယ်ဆုံးစံချိန် စတင်ခဲ့တဲ့ မက်ဆီအနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာတော့ မက္ကဆီကိုဘက်ကို အကြီးဆုံးစံချိန် တင်ရှိနိုင်ခဲ့တာပါ။

ရရှိနိုင် ၁။ ပွဲကစားမှု စံချိန် (မက်တီးယော့စ်)
လာမယ့် နယ်သာလန်နဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ကမ္ဘာ့ဖလားပွဲကစားတဲ့ အရေအတွက် ၂၄ ပွဲအထိ ရှိလာမယ့် မက်ဆီအနေနဲ့ ဒီကမ္ဘာ့ဖလားရဲ့ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင်တော့ ၂၆ ပွဲအထိ ကစားနိုင်မှာဖြစ်ပြီး ထာဝရ အများဆုံး စံချိန်သစ်ကို တင်ရှိနိုင်မှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ လက်ရှိ ပွဲအများဆုံး ကစားထားသူကတော့ အနောက်ဂျာမနီ၊ ဂျာမနီတို့နဲ့ ကစားခဲ့တဲ့ လိုသာ မက်တီးယော့စ်(မက်သေးယပ်စ်)ဖြစ်ပြီး သူကတော့ ပြိုင်ပွဲ ၅ ကြိမ်မှာ ၂၅ ပွဲ ကစားထားခဲ့တာပါ။

ရရှိနိုင် ၂။ အသင်းခေါင်းဆောင် ပွဲစံချိန် (မာရာဒိုနာ)
ကာတာကမ္ဘာ့ဖလားမှာ မာရာဒိုနာကို သွင်းဂိုးစံချိန် ကျော်ဖြတ်ပြီးသွားတဲ့ မက်ဆီအနေနဲ့ သူတို့ကို ကောင်းကင်ဘုံက စောင့်ကြည့်နေမယ့်သူကို နောက်တစ်ကြိမ် ဖြတ်ကျော်နိုင်ခွင့် ရှိနေပါသေးတယ်။ ဒါကတော့ အသင်းခေါင်းဆောင်အဖြစ် ပွဲကစားထားတဲ့ စံချိန်ဖြစ်ပြီး ဩစတေးလျနဲ့ပွဲအထိ ၁၄ ပွဲ ကစားပြီးခဲ့တဲ့ မက်ဆီအနေနဲ့ နယ်သာလန်နဲ့ပွဲမှာ ၁၅ ပွဲစံချိန်ကို ရမှာဖြစ်သလို မာရာဒိုနာရဲ့ ၁၆ ပွဲစံချိန်ကို တူညီဖို့နဲ့ ကျော်ဖြတ်ဖို့အတွက်တော့ ဆီမီးနဲ့ ဖိုင်နယ်အဆင့်တွေဆီကို တက်ရောက်ဖို့ လိုအပ်နေတာပါ။

ရရှိနိုင် ၃။ အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားဂိုးစံချိန် (ဘာတစ္စတူတာ)
ဒီစံချိန်ကို ရရှိဖို့အတွက်တော့ မက်ဆီအနေနဲ့ အနည်းငယ် ပိုမိုကြိုးစားရဖွယ်ရှိနေပါတယ်။ လက်ရှိအချိန်အထိ ၉ ဂိုး သွင်းယူထားခဲ့တဲ့ မက်ဆီကို ရှေ့က စောင့်ကြိုနေတာကတော့ ဝါရင့်တိုက်စစ်မှူးကြီး ဂါဘရီယယ်လ် ဘာတစ္စတူတာရဲ့ ၁၀ ဂိုးစံချိန်ပါ။ သူ့အနေနဲ့ ဘာတီဂိုးကို ကျော်ဖြတ်နိုင်ဖို့တော့ နယ်သာလန်နဲ့ပွဲမှာ ဂိုးသွင်းယူရမှာဖြစ်ပြီး တစ်ဂိုးရရင် လိုက်မီနိုင်မှာဖြစ်သလို နှစ်ဂိုးသာ ရခဲ့မယ်ဆိုရင်တော့ အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဂိုးသွင်းအများဆုံးသူဖြစ်လာနိုင်ပါတယ်။

မက်ဆီအနေနဲ့ သူ့ရဲ့ ပရိသတ်တွေနဲ့ အာဂျင်တီးနားနိုင်ငံသားတွေ မျှော်လင့်ထားသလို ၂၀၂၂ ကမ္ဘာ့ဖလားကို ရယူသွားမလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပြီး လက်ရွေးစင်အသင်းရဲ့ အောင်မြင်မှုကို မြင်တွေ့ရဖို့နဲ့ သူ့ရဲ့ ဂိုးသွင်းစံချိန်ကို အချိုးခံရဖို့တော့ မျှော်လင့်နေတယ်လို့ ကာယကံရှင် ဘာတစ္စတူတာက မက်ဆီအတွက် ဆုတောင်းပေးထားကြောင်းလည်း သိရှိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားတို႔ရဲ႕ ေဘာလုံးသမိုင္းမွာ ၁၉၈၆ ကမာၻ႔ဖလားကို ရယူေပးခဲ့တဲ့ ဒီေယဂို မာရာဒိုနာထက္ လက္ေ႐ြးစင္အသင္းနဲ႔ ေအာင္ျမင္မႈေတြက လြဲလို႔ က်န္တဲ့ တစ္ဦးခ်င္း ေအာင္ျမင္မႈနဲ႔ မွတ္တမ္းမွတ္ရာေတြမွာ ပိုမိုသာလြန္ေကာင္းမြန္ေနခဲ့ၿပီလို႔ ဆိုႏိုင္တဲ့ လီယြန္နယ္ မက္ဆီအေနနဲ႔ ဒီ ၂၀၂၂ ကာတာ ဖလားကို ရယူဖို႔ ဆႏၵျပင္းျပေနၿပီး မိုးျပာနဲ႔ အျဖဴက်ားေတြကို ဦးေဆာင္ကစားေနခဲ့တာျဖစ္ပါတယ္။

မက္ဆီအေနနဲ႔ ၿပိဳင္ပြဲမွာ ေဆာ္ဒီအာေရးဘီးယား၊ မကၠဆီကိုနဲ႔ ဩစေတးလ်အသင္းေတြဘက္ကို တစ္ဂိုးစီ သြင္းယူႏိုင္ခဲ့ၿပီး အသင္းေဖာ္ေတြကို ႏိုင္ပြဲေတြ ရရွိဖို႔ အေကာင္းဆုံး ေမာင္းႏွင္ထားႏိုင္ခဲ့သလို ဒီၿပိဳင္ပြဲမွာ သူ႔အေနနဲ႔ စံခ်ိန္ေတြကို ခ်ိဳးဖ်က္ထားခဲ့မႈေတြနဲ႔ ေရွ႕ဆက္ၿပီး ဘယ္စံခ်ိန္ေတြကို ခ်ိဳးဖ်က္ႏိုင္ခြင့္ ရွိဦးမလဲဆိုတာကို ေဖာ္ျပလိုက္ပါတယ္။

ရရွိၿပီး ၁။ ပြဲကစားမႈ စံခ်ိန္ (မာရာဒိုနာ)
အာဂ်င္တီးနားတိုက္စစ္မႉးအေနနဲ႔ ၿပီးခဲ့တဲ့ ပိုလန္နဲ႔ပြဲမွာ မာရာဒိုနာရဲ႕ ကမာၻ႔ဖလားပြဲကစားတဲ့ စံခ်ိန္ျဖစ္တဲ့ ၂၁ ပြဲကို ေက်ာ္လြန္သြားခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားတို႔အတြက္ အမ်ားဆုံးစံခ်ိန္ကို တင္ရွိႏိုင္ခဲ့သလို ဩစေတးလ်နဲ႔ ရႈံးထြက္ပြဲစဥ္မွာေတာ့ ၂၃ ပြဲေျမာက္ကို ကစားခဲ့သလို လာမယ့္ ကြာတား ဖိုင္နယ္အဆင့္ နယ္သာလန္နဲ႔ ပြဲစဥ္မွာေတာ့ ၂၄ ပြဲေျမာက္ကို ကစားႏိုင္မွာလည္းျဖစ္ပါတယ္။

ရရွိၿပီး ၂။ ဖန္တီးမႈ စံခ်ိန္
မက္ဆီအေနနဲ႔ ေဆာ္ဒီကို ရႈံးတဲ့ ပြဲမွာ အသင္းေဖာ္ေတြအတြက္ ဖန္တီးမႈေတြ ျပဳလုပ္ေနခဲ့ၿပီး ေရွ႕ဆက္ ကစားခဲ့ရတဲ့ ပြဲေတြမွာလည္း ဆက္လက္ ေပးစြမ္းေနခဲ့ေပမယ့္ ခူးၿပီးခပ္ၿပီး မစားတတ္တဲ့ ေလာ္တာ႐ို မာတီနက္ဇ္လို အျဖဳန္းတစ္လိုင္း တိုက္စစ္မႉးေတြေၾကာင့္ ဖန္တီးမႈစံခ်ိန္မွာ အန္ဇို ဖာနန္ဒက္ဇ္ သြင္းယူေပးခဲ့တဲ့ ဂိုးနဲ႔ပဲ ပူးေပါင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီတစ္ဂိုးကို ဖန္တီးေပးႏိုင္ခဲ့လို႔ အသက္ ၃၅ ႏွစ္အ႐ြယ္ GOAT ႀကီးအတြက္ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈ နဲ႔ ၂၀၂၂ ကမာၻ႔ဖလားေတြမွာ ငါးႀကိမ္ဆက္တိုက္ ဖန္တီးေပးႏိုင္တဲ့ စံခ်ိန္ကိုလည္း ရရွိသြားခဲ့တာပါ။

ရရွိၿပီး ၃။ ဂိုးသြင္း+ဖန္တီးမႈ စံခ်ိန္
မက္ဆီရဲ႕ ေနာက္ထပ္စံခ်ိန္သစ္တစ္ခုကေတာ့ ကမာၻ႔ဖလားေတြမွာ သြင္းဂိုးနဲ႔ ဖန္တီးမႈ အနည္းဆုံးတစ္ႀကိမ္စီ ျပဳလုပ္ႏိုင္ခဲ့တဲ့ အသက္အငယ္ဆုံး ကစားသမားစံခ်ိန္အျပင္ အသက္အႀကီးဆုံး ကစားသမားအျဖစ္လည္း ပူးတြဲလုပ္ေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ၂၀၀၆ ကမာၻ႔ဖလားတုန္းက အသက္ ၁၈ ႏွစ္ အ႐ြယ္မွာ ဆားဘီးယားဘက္ကို တစ္ဂိုးသြင္း၊ တစ္ဂိုးဖန္ၿပီး အငယ္ဆုံးစံခ်ိန္ စတင္ခဲ့တဲ့ မက္ဆီအေနနဲ႔ ၂၀၂၂ ကမာၻ႔ဖလားမွာေတာ့ မကၠဆီကိုဘက္ကို အႀကီးဆုံးစံခ်ိန္ တင္ရွိႏိုင္ခဲ့တာပါ။

ရရွိႏိုင္ ၁။ ပြဲကစားမႈ စံခ်ိန္ (မက္တီးေယာ့စ္)
လာမယ့္ နယ္သာလန္နဲ႔ ကြာတားဖိုင္နယ္ပြဲစဥ္မွာ ကမာၻ႔ဖလားပြဲကစားတဲ့ အေရအတြက္ ၂၄ ပြဲအထိ ရွိလာမယ့္ မက္ဆီအေနနဲ႔ ဒီကမာၻ႔ဖလားရဲ႕ ဗိုလ္လုပြဲအဆင့္ကို တက္ေရာက္ႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ၂၆ ပြဲအထိ ကစားႏိုင္မွာျဖစ္ၿပီး ထာဝရ အမ်ားဆုံး စံခ်ိန္သစ္ကို တင္ရွိႏိုင္မွာျဖစ္ပါတယ္။ ကမာၻ႔ဖလား ၿပိဳင္ပြဲေတြမွာ လက္ရွိ ပြဲအမ်ားဆုံး ကစားထားသူကေတာ့ အေနာက္ဂ်ာမနီ၊ ဂ်ာမနီတို႔နဲ႔ ကစားခဲ့တဲ့ လိုသာ မက္တီးေယာ့စ္(မက္ေသးယပ္စ္)ျဖစ္ၿပီး သူကေတာ့ ၿပိဳင္ပြဲ ၅ ႀကိမ္မွာ ၂၅ ပြဲ ကစားထားခဲ့တာပါ။

ရရွိႏိုင္ ၂။ အသင္းေခါင္းေဆာင္ ပြဲစံခ်ိန္ (မာရာဒိုနာ)
ကာတာကမာၻ႔ဖလားမွာ မာရာဒိုနာကို သြင္းဂိုးစံခ်ိန္ ေက်ာ္ျဖတ္ၿပီးသြားတဲ့ မက္ဆီအေနနဲ႔ သူတို႔ကို ေကာင္းကင္ဘုံက ေစာင့္ၾကည့္ေနမယ့္သူကို ေနာက္တစ္ႀကိမ္ ျဖတ္ေက်ာ္ႏိုင္ခြင့္ ရွိေနပါေသးတယ္။ ဒါကေတာ့ အသင္းေခါင္းေဆာင္အျဖစ္ ပြဲကစားထားတဲ့ စံခ်ိန္ျဖစ္ၿပီး ဩစေတးလ်နဲ႔ပြဲအထိ ၁၄ ပြဲ ကစားၿပီးခဲ့တဲ့ မက္ဆီအေနနဲ႔ နယ္သာလန္နဲ႔ပြဲမွာ ၁၅ ပြဲစံခ်ိန္ကို ရမွာျဖစ္သလို မာရာဒိုနာရဲ႕ ၁၆ ပြဲစံခ်ိန္ကို တူညီဖို႔နဲ႔ ေက်ာ္ျဖတ္ဖို႔အတြက္ေတာ့ ဆီမီးနဲ႔ ဖိုင္နယ္အဆင့္ေတြဆီကို တက္ေရာက္ဖို႔ လိုအပ္ေနတာပါ။

ရရွိႏိုင္ ၃။ အာဂ်င္တီးနားရဲ႕ ကမာၻ႔ဖလားဂိုးစံခ်ိန္ (ဘာတစၥတူတာ)
ဒီစံခ်ိန္ကို ရရွိဖို႔အတြက္ေတာ့ မက္ဆီအေနနဲ႔ အနည္းငယ္ ပိုမိုႀကိဳးစားရဖြယ္ရွိေနပါတယ္။ လက္ရွိအခ်ိန္အထိ ၉ ဂိုး သြင္းယူထားခဲ့တဲ့ မက္ဆီကို ေရွ႕က ေစာင့္ႀကိဳေနတာကေတာ့ ဝါရင့္တိုက္စစ္မႉးႀကီး ဂါဘရီယယ္လ္ ဘာတစၥတူတာရဲ႕ ၁၀ ဂိုးစံခ်ိန္ပါ။ သူ႔အေနနဲ႔ ဘာတီဂိုးကို ေက်ာ္ျဖတ္ႏိုင္ဖို႔ေတာ့ နယ္သာလန္နဲ႔ပြဲမွာ ဂိုးသြင္းယူရမွာျဖစ္ၿပီး တစ္ဂိုးရရင္ လိုက္မီႏိုင္မွာျဖစ္သလို ႏွစ္ဂိုးသာ ရခဲ့မယ္ဆိုရင္ေတာ့ အာဂ်င္တီးနားရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ ဂိုးသြင္းအမ်ားဆုံးသူျဖစ္လာႏိုင္ပါတယ္။

မက္ဆီအေနနဲ႔ သူ႔ရဲ႕ ပရိသတ္ေတြနဲ႔ အာဂ်င္တီးနားႏိုင္ငံသားေတြ ေမွ်ာ္လင့္ထားသလို ၂၀၂၂ ကမာၻ႔ဖလားကို ရယူသြားမလားဆိုတာေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာျဖစ္ၿပီး လက္ေ႐ြးစင္အသင္းရဲ႕ ေအာင္ျမင္မႈကို ျမင္ေတြ႕ရဖို႔နဲ႔ သူ႔ရဲ႕ ဂိုးသြင္းစံခ်ိန္ကို အခ်ိဳးခံရဖို႔ေတာ့ ေမွ်ာ္လင့္ေနတယ္လို႔ ကာယကံရွင္ ဘာတစၥတူတာက မက္ဆီအတြက္ ဆုေတာင္းေပးထားေၾကာင္းလည္း သိရွိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.