Match Report Premier League

ႏုပ်ဳိသြက္လက္တဲ့ ဂ်ိမ္းစ္နဲ႔အတူ အေဝးကြင္းႏိုင္ပြဲကို ရယူႏုိင္ခဲ့တဲ့ လမ္းပတ္ရဲ႕ ခ်ဲလ္ဆီး

ဘ႐ိုက္တန္ကို အေဝးကြင္းမွာ သြားေရာက္ကစားခဲ့ရတဲ့ ခ်ဲလ္ဆီးကေတာ့ ဒီေန႔ပြဲရဲ႕ အေကာင္းဆုံး Talking Point တစ္ခုျဖစ္ခဲ့တဲ့ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာအစား ပါဝင္လာခဲ့တဲ့ ေနာက္ခံလူ ရီးစ္ ဂ်ိမ္းစ္ရဲ႕ ႏုပ်ဳိသြက္လက္ၿပီး အင္အားျပည့္ဝတဲ့ ပုံစံနဲ႔အတူ လိုအပ္တဲ့ ရလဒ္ကို ရယူသြားႏုိင္ခဲ့ပါတယ္။

အသင္းရဲ႕ ခံစစ္ကစားပုံကေတာ့ ဘာမွ ထူးထူးျခားျခား ေျပာင္းလဲေသးျခင္း မရွိေသးတဲ့ လမ္းပတ္ရဲ႕ နည္းဗ်ဴဟာကေတာ့ က်စ္လ်စ္ျခင္းမရွိေသးဘဲ ကြင္းလယ္က ကြန္ေတနဲ႔ ေဂ်ာ္ဂ်င္ညဳိတုိ႔ လြတ္ထြက္သြားတုိင္း အနည္းငယ္ ႐ုန္းကန္ေနခဲ့ရသလို ေနာက္ထပ္ကြင္းလယ္ကစားသမားတစ္ဦးျဖစ္တဲ့ ေလာ့ဖ္တပ္စ္ခ်ိခ္ကိုေတာ့ အိမ္ျဖည့္အျဖစ္နဲ႔ ထည့္သြင္းလာတာလားတုိ႔ ေတြးခ်င္စရာလည္းျဖစ္ပါတယ္။

တုိက္စစ္မွာ ဘယ္ယြန္းယြန္းကို ထြက္ကစားတဲ့ တီမို ဗာနာကေတာ့ ပရီးမီးယားလိဂ္နဲ႔ စိမ္းမေနဘဲ သြက္လက္တဲ့ လွဳပ္ရွားဟန္ကိုလည္း ျပသသြားႏုိင္ခဲ့ၿပီး ေဂ်မီ ကာေရဂါကေတာ့ သူ႕ကို အာဆင္နယ္တုိက္စစ္မွဴးေဟာင္း သီယာရီ အြန္နရီနဲ႔ ႏွဳိင္းယွဥ္ခ်ီးက်ဴးခဲ့သလို ေဂ်ာ္ဂ်င္ညဳိရဲ႕ ပင္နယ္တီကေန ပထမဂိုး သြင္းယူႏုိင္ေအာင္လည္း လ်င္လ်င္ျမန္ျမန္နဲ႔ တုိက္စစ္ဆင္ျပႏုိင္ခဲ့ပါတယ္။

ပထမပုိင္းကိုေတာ့ တစ္ဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးခဲ့ၿပီး ဒုတိယပုိင္းျပန္လည္စတင္ရာမွာေတာ့ ဘ႐ိုက္တန္တုိ႔ရဲ႕ တုိက္စစ္ကို ခ်ဲလ္ဆီးတို႔ ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ေနခဲ့ရသလို ဘယ္ျခမ္းက မားကို႔စ္ အလြန္ဆိုကေတာ့ ခ်ဲလ္ဆီးလူငယ္အကယ္ဒမီထြက္ တာရစ္ခ္ လမ့္ပ္ေတရဲ႕ စိတ္ႀကဳိက္ထိုးေဖာက္ခ်င္စရာ အားနည္းခ်က္လည္း ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၄ မိနစ္မွာ လွဳပ္ကစားခဲ့တဲ့ လမ့္ပ္ေတက ဂိုးဧရိယာအစပ္မွာ လြတ္ေနတဲ့ ထေရာ့ဆတ္ကို ထိုးေပးတာကို ဘယ္လ္ဂ်ီယမ္သားက ကန္သြင္းခဲ့ရာမွာ ခံစစ္တန္းေၾကာင့္ ျမင္ကြင္းပိတ္ေနခဲ့သလို ကီပါရဲ႕ လွဳပ္ရွားမွဳကလည္း ေနာက္က်ေနခဲ့လို႔ မကာကြယ္ႏုိင္ခဲ့ဘဲ ေခ်ပဂိုး ျပန္ေပးခဲ့ရပါတယ္။


ဒါေပမယ့္ ႏွစ္မိနစ္အၾကာမွာပဲ ခ်ဲလ္ဆီးရဲ႕ ညာျခမ္းမွာ ေတာက္ေလွ်ာက္ ကစားပုံေကာင္းေနခဲ့တဲ့ ဂ်ိမ္းစ္က ကြင္းလယ္မွာ ေဂ်ာ္ဂ်င္ညဳိ ျပန္ေပးတဲ့ ေဘာလုံးကို ဂိုးဧရိယာထိပ္ကေန ရယူကန္သြင္းခဲ့ရာမွာ ဂိုးသမား ႐ိုင္ယန္မကာကြယ္ႏုိင္တဲ့ ဘယ္ဘက္အေပၚေထာင့္ကို ဝင္သြားခဲ့လို႔ ဦးေဆာင္ဂိုး ျပန္ရခဲ့ပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာေတြကို တာဝန္ယူထားခဲ့တဲ့ ဂ်ိမ္းစ္ကန္ပုိ႔ေပးတာကို ေနာက္ခံလူ ဇူးမားက ကန္သြင္းခဲ့ရာမွာ မမီမကမ္းနဲ႔ လွမ္းဖ်က္တဲ့ ဘ႐ိုက္တန္ေနာက္ခံလူ ဝက္ဘ္စတာရဲ႕ ေျခေထာက္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့လုိ႔ ဂိုးသမား ႐ိုင္ယန္ ဟန္ခ်က္ပ်က္ၿပီး မကာကြယ္ႏုိင္ခဲ့ဘဲ တတိယဂိုး ထပ္မံခြင့္ျပဳခဲ့ရပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ခ်ဲလ္ဆီးတုိ႔ အသားက်မွဳ သိပ္မရွိေသးတဲ့ ဟာဗတ္ဇ္ေနရာမွာ ဟဒ္ဆန္-အိုဒြဳိင္း၊ ေဂ်ာ္ဂ်င္ညဳိအစား အက္ဇ္ပီလီေကြတာတို႔ကို လူစားလဲကစားခဲ့ၿပီး ထိန္းကစားသြားခဲ့ပါတယ္။ တီမို ဗာနာကေတာ့ ဒီေန႔မွာ အခြင့္အေရးတခ်ဳိ႕ကို အသုံးမခ်ႏုိင္ေသးသလို သူ႕ရဲ႕ စိတ္ႀကဳိက္ကစားပုံနဲ႔ ေနရာယူထားစဥ္မွာ လမ္းေၾကာင္းထဲ ထည့္ေပးရမယ့္ ပုံစံေတြကိုလည္း ခ်ဲလ္ဆီးအသင္းေဖာ္ေတြက နားလည္မွဳ သိပ္မရွိေသးတာမို႔ အဖြင့္ပြဲမွာ သြင္းဂိုးနဲ႔ေတာ့ လြဲေခ်ာ္ခဲ့ရပါတယ္။

ဒီေန႔ပြဲကို အႏိုင္ရရွိခဲ့လို႔ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ပရီးမီးယားလိဂ္အမွတ္ေပးဇယားရဲ႕ တတိယေနရာမွာ ရပ္တည္ႏုိင္ခဲ့ၿပီး အေဝးကြင္းႏုိင္ပြဲနဲ႔ အဖြင့္လွခဲ့ေပမယ့္ ခံစစ္ကစားပုံကေတာ့ ၿပီးခဲ့တဲ့ ရာသီကနဲ႔ ဘာမွ မထူးေသးဘဲ လိုအပ္ခ်က္ေတြ ရွိေနဆဲျဖစ္လုိ႔ ျပဳျပင္သြားရဦးမွာျဖစ္ၿပီး ေခ်းလ္ဝဲလ္နဲ႔ သီယာဂို ေဆးလ္ဗားတုိ႔ ပါဝင္လာရင္ေတာ့ အေျပာင္းအလဲေတြနဲ႔ ကစားပုံတုိးတက္လာဖို႔ ေမွ်ာ္လင့္ရေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက်ကစားခဲ့ရတဲ့ ချဲလ်ဆီးကတော့ ဒီနေ့ပွဲရဲ့ အကောင်းဆုံး Talking Point တစ်ခုဖြစ်ခဲ့တဲ့ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာအစား ပါဝင်လာခဲ့တဲ့ နောက်ခံလူ ရီးစ် ဂျိမ်းစ်ရဲ့ နုပျိုသွက်လက်ပြီး အင်အားပြည့်ဝတဲ့ ပုံစံနဲ့အတူ လိုအပ်တဲ့ ရလဒ်ကို ရယူသွားနိုင်ခဲ့ပါတယ်။

အသင်းရဲ့ ခံစစ်ကစားပုံကတော့ ဘာမှ ထူးထူးခြားခြား ပြောင်းလဲသေးခြင်း မရှိသေးတဲ့ လမ်းပတ်ရဲ့ နည်းဗျူဟာကတော့ ကျစ်လျစ်ခြင်းမရှိသေးဘဲ ကွင်းလယ်က ကွန်တေနဲ့ ဂျော်ဂျင်ညိုတို့ လွတ်ထွက်သွားတိုင်း အနည်းငယ် ရုန်းကန်နေခဲ့ရသလို နောက်ထပ်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ လော့ဖ်တပ်စ်ချိခ်ကိုတော့ အိမ်ဖြည့်အဖြစ်နဲ့ ထည့်သွင်းလာတာလားတို့ တွေးချင်စရာလည်းဖြစ်ပါတယ်။

တိုက်စစ်မှာ ဘယ်ယွန်းယွန်းကို ထွက်ကစားတဲ့ တီမို ဗာနာကတော့ ပရီးမီးယားလိဂ်နဲ့ စိမ်းမနေဘဲ သွက်လက်တဲ့ လှုပ်ရှားဟန်ကိုလည်း ပြသသွားနိုင်ခဲ့ပြီး ဂျေမီ ကာရေဂါကတော့ သူ့ကို အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီနဲ့ နှိုင်းယှဉ်ချီးကျူးခဲ့သလို ဂျော်ဂျင်ညိုရဲ့ ပင်နယ်တီကနေ ပထမဂိုး သွင်းယူနိုင်အောင်လည်း လျင်လျင်မြန်မြန်နဲ့ တိုက်စစ်ဆင်ပြနိုင်ခဲ့ပါတယ်။

ပထမပိုင်းကိုတော့ တစ်ဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းပြန်လည်စတင်ရာမှာတော့ ဘရိုက်တန်တို့ရဲ့ တိုက်စစ်ကို ချဲလ်ဆီးတို့ ခက်ခက်ခဲခဲ ထိန်းချုပ်နေခဲ့ရသလို ဘယ်ခြမ်းက မားကို့စ် အလွန်ဆိုကတော့ ချဲလ်ဆီးလူငယ်အကယ်ဒမီထွက် တာရစ်ခ် လမ့်ပ်တေရဲ့ စိတ်ကြိုက်ထိုးဖောက်ချင်စရာ အားနည်းချက်လည်း ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၅၄ မိနစ်မှာ လှုပ်ကစားခဲ့တဲ့ လမ့်ပ်တေက ဂိုးဧရိယာအစပ်မှာ လွတ်နေတဲ့ ထရော့ဆတ်ကို ထိုးပေးတာကို ဘယ်လ်ဂျီယမ်သားက ကန်သွင်းခဲ့ရာမှာ ခံစစ်တန်းကြောင့် မြင်ကွင်းပိတ်နေခဲ့သလို ကီပါရဲ့ လှုပ်ရှားမှုကလည်း နောက်ကျနေခဲ့လို့ မကာကွယ်နိုင်ခဲ့ဘဲ ချေပဂိုး ပြန်ပေးခဲ့ရပါတယ်။


ဒါပေမယ့် နှစ်မိနစ်အကြာမှာပဲ ချဲလ်ဆီးရဲ့ ညာခြမ်းမှာ တောက်လျှောက် ကစားပုံကောင်းနေခဲ့တဲ့ ဂျိမ်းစ်က ကွင်းလယ်မှာ ဂျော်ဂျင်ညို ပြန်ပေးတဲ့ ဘောလုံးကို ဂိုးဧရိယာထိပ်ကနေ ရယူကန်သွင်းခဲ့ရာမှာ ဂိုးသမား ရိုင်ယန်မကာကွယ်နိုင်တဲ့ ဘယ်ဘက်အပေါ်ထောင့်ကို ဝင်သွားခဲ့လို့ ဦးဆောင်ဂိုး ပြန်ရခဲ့ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာတော့ ထောင့်ကန်ဘောတွေကို တာဝန်ယူထားခဲ့တဲ့ ဂျိမ်းစ်ကန်ပို့ပေးတာကို နောက်ခံလူ ဇူးမားက ကန်သွင်းခဲ့ရာမှာ မမီမကမ်းနဲ့ လှမ်းဖျက်တဲ့ ဘရိုက်တန်နောက်ခံလူ ဝက်ဘ်စတာရဲ့ ခြေထောက်နဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ ဂိုးသမား ရိုင်ယန် ဟန်ချက်ပျက်ပြီး မကာကွယ်နိုင်ခဲ့ဘဲ တတိယဂိုး ထပ်မံခွင့်ပြုခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးတို့ အသားကျမှု သိပ်မရှိသေးတဲ့ ဟာဗတ်ဇ်နေရာမှာ ဟဒ်ဆန်-အိုဒွိုင်း၊ ဂျော်ဂျင်ညိုအစား အက်ဇ်ပီလီကွေတာတို့ကို လူစားလဲကစားခဲ့ပြီး ထိန်းကစားသွားခဲ့ပါတယ်။ တီမို ဗာနာကတော့ ဒီနေ့မှာ အခွင့်အရေးတချို့ကို အသုံးမချနိုင်သေးသလို သူ့ရဲ့ စိတ်ကြိုက်ကစားပုံနဲ့ နေရာယူထားစဉ်မှာ လမ်းကြောင်းထဲ ထည့်ပေးရမယ့် ပုံစံတွေကိုလည်း ချဲလ်ဆီးအသင်းဖော်တွေက နားလည်မှု သိပ်မရှိသေးတာမို့ အဖွင့်ပွဲမှာ သွင်းဂိုးနဲ့တော့ လွဲချော်ခဲ့ရပါတယ်။

ဒီနေ့ပွဲကို အနိုင်ရရှိခဲ့လို့ ချဲလ်ဆီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အဝေးကွင်းနိုင်ပွဲနဲ့ အဖွင့်လှခဲ့ပေမယ့် ခံစစ်ကစားပုံကတော့ ပြီးခဲ့တဲ့ ရာသီကနဲ့ ဘာမှ မထူးသေးဘဲ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်လို့ ပြုပြင်သွားရဦးမှာဖြစ်ပြီး ချေးလ်ဝဲလ်နဲ့ သီယာဂို ဆေးလ်ဗားတို့ ပါဝင်လာရင်တော့ အပြောင်းအလဲတွေနဲ့ ကစားပုံတိုးတက်လာဖို့ မျှော်လင့်ရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.