International World Cup

မောင်ဖြစ်သူကို အရန်ခုံထိုင်ခိုင်းထားတဲ့ ဆန်းတို့စ်ကို လိုင်းပေါ်တက်ဝုန်းခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့အစ်မ

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့အစ်မဟာ အင်္ဂါနေ့ညနေက ဆွစ်ဇာလန်ကို ၆-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မောင်ဖြစ်သူ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အရန်ခုံထိုင်ခိုင်းခဲ့တဲ့ နည်းပြ ဆန်းတို့စ်ရဲ့ ဆုံးဖြတ်ချက်ကို လူမှုကွန်ရက်ပေါ်မှာ ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

အယ်လ်မာ အေဗေရိုက သူမရဲ့ မောင်ဖြစ်သူကို အရှက်ခွဲခဲ့တယ်လို့ ပေါ်တူဂီနည်းပြ ဆန်းတို့စ်ကို ပြစ်တင်ဝေဖန်လိုက်တာဖြစ်ပြီး ဘာကြောင့် ပေါ်တူဂီအသင်းခေါင်းဆောင်ကို ပွဲထွက်လူစာရင်းထဲကနေ ချန်လှပ်ခဲ့လဲဆိုတာ မသိသလို နားလည်းမလည်နိုင်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ ဆွစ်ဇာလန်ကို အပြတ်အသတ် အသာစီး ရယူထားနိုင်ခဲ့တာကြောင့် ဘလွန်ဒေါ ၅ ဆုရှင်ကို မလိုအပ်ခဲ့ပုံပေါ်ပြီး လူငယ်တိုက်စစ်မှူး ဂွန်ကာလို ရာမို့စ်က ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့အတွက် ချီးကျူးမှုတွေ အများအပြား ရရှိခဲ့တာဖြစ်ပါတယ်။

အေဗေရိုက အင်စတာဂရမ်ပေါ်မှာ သူမရဲ့ မောင်ဖြစ်သူကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားခဲ့တဲ့အပေါ် အမျက်ဒေါသကို မျှဝေခဲ့ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယူရို ၂၀၀၈ နောက်ပိုင်း ပထဆုံးအကြိမ် အဓိကနိုင်ငံတကာပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ပွဲစဉ်မှာ အရန်ခုံ ထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ “ဒီနေ့ ကျွန်မတို့အားလုံး အတူတကွရှိနေကြတယ်။ ကျွန်မ ဒီဟာကို မြင်တွေ့ဖို့ ဒီမှာရှိနေတာလို့များ ထင်နေလား”လို့ အေဗေရိုက ပေါ်တူဂီအသင်း ပွဲမကန်ခင်ဓာတ်ပုံကို တင်ပြီး စကားစခဲ့ပါတယ်။

ပြီးတဲ့နောက်မှာ အေဗေရိုဟာ သူမ ရဲ့ Follower တွေထဲက တစ်ဦးရဲ့ ရော်နယ်လ်ဒိုကို အရန်ခုံမှာ ထိုင်ခိုင်းထားခဲ့တဲ့ ဆုံးဖြတ်ချက်ကို မယုံနိုင်ကြောင်း ပြောကြားထားတဲ့စာကို Screeshot ရိုက်ထားတဲ့ပုံနဲ့အတူ “ဘာကြောင့်လဲ ကျွန်မ မသိဘူး။ ကျွန်မ အဲဒါကို နားမလည်ပါဘူး။ ဒါပေမယ့် နောက်ကျရင် ဘုရားသခင်ဆီကနေ အဖြေကို ရရှိလိမ့်မယ်ဆိုတာတော့ ကျွန်မ သေချာတယ်။ သူ မကျရှုံးခဲ့ပါဘူး။ ကြည့်ကြတာပေါ့”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီအသင်းဟာ ရော်နယ်လ်ဒို မပါဝင်နိုင်ပေမယ့်လည်း အလွန်ကောင်းမွန်ခဲ့ပြီး ဆွစ်ဇာလန်ကို ၆-၁ နဲ့ အပြတ်အသတ်ချေမှုန်းခဲ့ပြီးနောက် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဒုတိယပိုင်း ၇၃ မိနစ်မှာ ပေါ်တူဂီအသင်းက ၅-၁ နဲ့ ဦးဆောင်ထားချိန်မှာ လူစားဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး အားလုံး မျှော်လင့်ထားတဲ့အတိုင်းပဲ ပရိသတ်တွေဆီကနေ တခဲနက် အော်ဟစ်အားပေးသံတွေနဲ့ နှုတ်ဆက်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ အေဗေရိုဟာ ပေါ်တူဂီအသင်းရဲ့ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပေမယ့်လည်း နည်းပြ ဆန်းတို့စ်ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ပြစ်တင်ဝေဖန်မှုတွေ မပြုလုပ်ဘဲ မနေနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ဟုတ်ပါတယ်။ ရော်နယ်လ်ဒို အမြဲထာဝရမဟုတ်ဘူး။ ရော်နယ်လ်ဒိုက တသက်လုံးကစားပေးနိုင်မှာမဟုတ်ဘူး။ ကံဆိုးစွာနဲ့ သူ အခု ဂိုးမသွင်းနိုင်ဘူး။ သူ အသက်ကြီးနေပြီ။ ပေါ်တူဂီက ရော်နယ်လ်ဒို မလိုတော့ဘူး။ ကျွန်မတို့ကြားခဲ့တဲ့အကြောင်းတွေ ပြောခဲ့ကြတယ်။ အားလုံးက သူက အရေးမပါတော့ဘူး။ သူ လုပ်ခဲ့တာတွေအားလုံးက မေ့ပျောက်ခြင်းခံခဲ့ရတယ်။ အခု သူတို့တွေ ခွင့်လွှတ်မှုပေးဖို့ တောင်းဆိုနေပြီး သူတို့တွေ သူ့ကို မလိုအပ်ပါဘူး။ ကျွန်မ အဲဒါကို စာရင်းသွင်းထားပြီး နောက်မှပဲ ပြောပါမယ်။ ရူအီ ဆန်းတို့စ် သူ ဘာအတွက် တောင်းပန်မှာလဲ။ အခု ငါတို့တွေ ငါတို့ လုပ်ချင်တဲ့သူကို လုပ်ချင်သလို လုပ်လို့ရနိုင်ပြီ။ အများကြီး ပေးဆပ်ခဲ့တဲ့လူတစ်ယောက်ကို အရှက်ခွဲတာက အရှက်ရစရာပဲ။ ဒါပေမယ့် နောက်ပိုင်းကျရင် ကျွန်မ အများကြီးပိုပြီး မြင်ရပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕အစ္မဟာ အဂၤါေန႔ညေနက ဆြစ္ဇာလန္ကို ၆-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ေမာင္ျဖစ္သူ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို အရန္ခုံထိုင္ခိုင္းခဲ့တဲ့ နည္းျပ ဆန္းတို႔စ္ရဲ႕ ဆုံးျဖတ္ခ်က္ကို လူမႈကြန္ရက္ေပၚမွာ ျပစ္တင္ႀကိမ္းေမာင္းခဲ့ပါတယ္။

အယ္လ္မာ ေအေဗ႐ိုက သူမရဲ႕ ေမာင္ျဖစ္သူကို အရွက္ခြဲခဲ့တယ္လို႔ ေပၚတူဂီနည္းျပ ဆန္းတို႔စ္ကို ျပစ္တင္ေဝဖန္လိုက္တာျဖစ္ၿပီး ဘာေၾကာင့္ ေပၚတူဂီအသင္းေခါင္းေဆာင္ကို ပြဲထြက္လူစာရင္းထဲကေန ခ်န္လွပ္ခဲ့လဲဆိုတာ မသိသလို နားလည္းမလည္ႏိုင္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီအသင္းဟာ ဆြစ္ဇာလန္ကို အျပတ္အသတ္ အသာစီး ရယူထားႏိုင္ခဲ့တာေၾကာင့္ ဘလြန္ေဒါ ၅ ဆုရွင္ကို မလိုအပ္ခဲ့ပုံေပၚၿပီး လူငယ္တိုက္စစ္မႉး ဂြန္ကာလို ရာမို႔စ္က ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့အတြက္ ခ်ီးက်ဴးမႈေတြ အမ်ားအျပား ရရွိခဲ့တာျဖစ္ပါတယ္။

ေအေဗ႐ိုက အင္စတာဂရမ္ေပၚမွာ သူမရဲ႕ ေမာင္ျဖစ္သူကို ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ထားခဲ့တဲ့အေပၚ အမ်က္ေဒါသကို မွ်ေဝခဲ့ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ယူ႐ို ၂၀၀၈ ေနာက္ပိုင္း ပထဆုံးအႀကိမ္ အဓိကႏိုင္ငံတကာၿပိဳင္ပြဲရဲ႕ ရႈံးထြက္အဆင့္ပြဲစဥ္မွာ အရန္ခုံ ထိုင္ခဲ့ရတာ ျဖစ္ပါတယ္။ “ဒီေန႔ ကြၽန္မတို႔အားလုံး အတူတကြရွိေနၾကတယ္။ ကြၽန္မ ဒီဟာကို ျမင္ေတြ႕ဖို႔ ဒီမွာရွိေနတာလို႔မ်ား ထင္ေနလား”လို႔ ေအေဗ႐ိုက ေပၚတူဂီအသင္း ပြဲမကန္ခင္ဓာတ္ပုံကို တင္ၿပီး စကားစခဲ့ပါတယ္။

ၿပီးတဲ့ေနာက္မွာ ေအေဗ႐ိုဟာ သူမ ရဲ႕ Follower ေတြထဲက တစ္ဦးရဲ႕ ေရာ္နယ္လ္ဒိုကို အရန္ခုံမွာ ထိုင္ခိုင္းထားခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို မယုံႏိုင္ေၾကာင္း ေျပာၾကားထားတဲ့စာကို Screeshot ႐ိုက္ထားတဲ့ပုံနဲ႔အတူ “ဘာေၾကာင့္လဲ ကြၽန္မ မသိဘူး။ ကြၽန္မ အဲဒါကို နားမလည္ပါဘူး။ ဒါေပမယ့္ ေနာက္က်ရင္ ဘုရားသခင္ဆီကေန အေျဖကို ရရွိလိမ့္မယ္ဆိုတာေတာ့ ကြၽန္မ ေသခ်ာတယ္။ သူ မက်ရႈံးခဲ့ပါဘူး။ ၾကည့္ၾကတာေပါ့”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေပၚတူဂီအသင္းဟာ ေရာ္နယ္လ္ဒို မပါဝင္ႏိုင္ေပမယ့္လည္း အလြန္ေကာင္းမြန္ခဲ့ၿပီး ဆြစ္ဇာလန္ကို ၆-၁ နဲ႔ အျပတ္အသတ္ေခ်မႈန္းခဲ့ၿပီးေနာက္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ဒုတိယပိုင္း ၇၃ မိနစ္မွာ ေပၚတူဂီအသင္းက ၅-၁ နဲ႔ ဦးေဆာင္ထားခ်ိန္မွာ လူစားဝင္ကစားခြင့္ရရွိခဲ့တာျဖစ္ၿပီး အားလုံး ေမွ်ာ္လင့္ထားတဲ့အတိုင္းပဲ ပရိသတ္ေတြဆီကေန တခဲနက္ ေအာ္ဟစ္အားေပးသံေတြနဲ႔ ႏႈတ္ဆက္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။ ပြဲအၿပီးမွာေတာ့ ေအေဗ႐ိုဟာ ေပၚတူဂီအသင္းရဲ႕ အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးခဲ့ေပမယ့္လည္း နည္းျပ ဆန္းတို႔စ္ရဲ႕ ဆုံးျဖတ္ခ်က္ကိုေတာ့ ျပစ္တင္ေဝဖန္မႈေတြ မျပဳလုပ္ဘဲ မေနႏိုင္ခဲ့တာ ျဖစ္ပါတယ္။

“ဟုတ္ပါတယ္။ ေရာ္နယ္လ္ဒို အၿမဲထာဝရမဟုတ္ဘူး။ ေရာ္နယ္လ္ဒိုက တသက္လုံးကစားေပးႏိုင္မွာမဟုတ္ဘူး။ ကံဆိုးစြာနဲ႔ သူ အခု ဂိုးမသြင္းႏိုင္ဘူး။ သူ အသက္ႀကီးေနၿပီ။ ေပၚတူဂီက ေရာ္နယ္လ္ဒို မလိုေတာ့ဘူး။ ကြၽန္မတို႔ၾကားခဲ့တဲ့အေၾကာင္းေတြ ေျပာခဲ့ၾကတယ္။ အားလုံးက သူက အေရးမပါေတာ့ဘူး။ သူ လုပ္ခဲ့တာေတြအားလုံးက ေမ့ေပ်ာက္ျခင္းခံခဲ့ရတယ္။ အခု သူတို႔ေတြ ခြင့္လႊတ္မႈေပးဖို႔ ေတာင္းဆိုေနၿပီး သူတို႔ေတြ သူ႔ကို မလိုအပ္ပါဘူး။ ကြၽန္မ အဲဒါကို စာရင္းသြင္းထားၿပီး ေနာက္မွပဲ ေျပာပါမယ္။ ႐ူအီ ဆန္းတို႔စ္ သူ ဘာအတြက္ ေတာင္းပန္မွာလဲ။ အခု ငါတို႔ေတြ ငါတို႔ လုပ္ခ်င္တဲ့သူကို လုပ္ခ်င္သလို လုပ္လို႔ရႏိုင္ၿပီ။ အမ်ားႀကီး ေပးဆပ္ခဲ့တဲ့လူတစ္ေယာက္ကို အရွက္ခြဲတာက အရွက္ရစရာပဲ။ ဒါေပမယ့္ ေနာက္ပိုင္းက်ရင္ ကြၽန္မ အမ်ားႀကီးပိုၿပီး ျမင္ရပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.