International World Cup

အာဂျင်တီးနားမှော်ဆရာရဲ့အားနည်းချက်ကို သိလို့ အစီအစဉ်တွေလုပ်ထားတဲ့ ဗန်ဟားလ်

နယ်သာလန်လက်ရွေးစင်နည်းပြ လူးဝစ္စ ဗန်ဟားလ်က လီယွန်နယ် မက်ဆီရဲ့ သံချပ်ကာဝတ်စုံထဲက ဟာကွက်ကို မြင်တွေ့ခဲ့ပြီး အာဂျင်တီးနားနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ နယ်သာလန်အသင်းကို ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်ကို ပို့ဆောင်ပေးနိုင်မယ့် အစီအစဉ်ရှိထားတယ်လို့ ယုံကြည်နေပါတယ်။

နယ်သာလန်အသင်းဟာ အုပ်စု A ရဲ့ အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ခါလီဖာနိုင်ငံတကာကွင်းကြီးထဲက ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ယူအက်စ်အေကို ၃-၁ နဲ့ သက်တောင့်သက်သာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အာဂျင်တီးနားအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ ဆော်ဒီ အာရေဗျကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့မှုကနေ ပြန်လာနိုင်ခဲ့ပြီး မက္ကဆီကို၊ ပိုလန်တို့ကို အုပ်စု C မှာ ဆက်တိုက် နိုင်ပွဲရယူပြီးနောက် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ကိုပါအမေရိကချန်ပီယံတွေဟာ အာမက် ဘင်အလီကွင်းထဲက ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ သြစတြေးလျကို ၂-၁ နဲ့ အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီက အာဂျင်တီးနားအတွက် အဖွင့်ဂိုးကို လှလှပပ သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ နယ်သာလန်အသင်းဟာ လက်ရှိမှာတော့ သောကြာနေ့ လူဆေးလ်ကွင်းမှာ အာဂျင်တီးနားနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပြီး အနိုင်ရရှိတဲ့ အသင်းက ဆီမီးဖိုင်နယ်အဆင့်မှာ ခရိုအေးရှားနဲ့ ဘရာဇီးလ်တို့ထဲက အနိုင်ရရှိတဲ့အသင်းနဲ့ တွေ့ဆုံသွားရမှာ ဖြစ်ပါတယ်။

ကစားသမားဘဝ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နေတဲ့ လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအတွက် အံ့အားသင့်ဖွယ် ကမ္ဘာ့ထိပ်တန်းအဆင့် ခြေစွမ်းမျိုး ပြသနေတာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားတဲ့ ကစားသမားဖြစ်ပါတယ်။ အာဂျင်တီးနားနည်းပြ စကာလိုနီက လူးဝစ္စ ဗန်ဟားလ်ရဲ့ နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ ဘလွန်ဒေါ ၇ ဆုရှင် လီယွန်နယ် မက်ဆီရဲ့ မှော်ဆန်တဲ့ စွမ်းဆောင်ရည်ကိုပဲ အားကိုးသွားရမှာဖြစ်ပါတယ်။

နယ်သာလန်ရဲ့ ကစားဟန်ကို ဝေဖန်နေမှုအပေါ် တုံ့ပြန်ခဲ့တဲ့ လူးဝစ္စ ဗန်ဟားလ်က မက်ဆီကို အန္တရာယ်ရှိတဲ့ ဖန်တီးနိုင်စွမ်းကောင်းမွန်တဲ့ကစားသမားလို့ ချီးကျူးခဲ့ပြီး အာဂျင်တီးနားအသင်းခေါင်းဆောင်မှာ ပိုင်ဆိုင်ထားတဲ့ ခြိမ်းခြောက်နိုင်စွမ်းကို သတိကြီးကြီး ထားနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လူးဝစ္စ ဗန်ဟားလ်က အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ၎င်းရဲ့အသင်းက ဘောလုံးဆုံးရှုံးသွားပြီး ပြိုင်ဘက်က ဘောလုံးပိုင်ဆိုင်မှု ရရှိသွားတဲ့အချိန်မှာ များများစားစား ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

“မက်ဆီက အန္တရာယ်အရှိဆုံး ဖန်တီးနိုင်စွမ်းကောင်းမွန်တဲ့ကစားသမားပါ။ သူက အများကြီး ဖန်တီးနိုင်သလို ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်တယ်။ ဒါပေမယ့် သူတို့တွေ ဘောလုံးဆုံးရှုံးသွားပြီး ပြိုင်ဘက်က ဘောလုံးပိုင်ဆိုင်မှု ရသွားချိန်မှာ သူ များများစားစား ပါဝင်တာမျိုးမရှိပါဘူး။ အဲဒါက ကျွန်တော်တို့အတွက် အခွင့်အရေးပေးပါလိမ့်မယ်”လို့ NOS ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နယ္သာလန္လက္ေ႐ြးစင္နည္းျပ လူးဝစၥ ဗန္ဟားလ္က လီယြန္နယ္ မက္ဆီရဲ႕ သံခ်ပ္ကာဝတ္စုံထဲက ဟာကြက္ကို ျမင္ေတြ႕ခဲ့ၿပီး အာဂ်င္တီးနားနဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ပြဲစဥ္မွာ နယ္သာလန္အသင္းကို ကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္ကို ပို႔ေဆာင္ေပးႏိုင္မယ့္ အစီအစဥ္ရွိထားတယ္လို႔ ယုံၾကည္ေနပါတယ္။

နယ္သာလန္အသင္းဟာ အုပ္စု A ရဲ႕ အုပ္စုဗိုလ္အျဖစ္နဲ႔ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ခါလီဖာႏိုင္ငံတကာကြင္းႀကီးထဲက ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာ ယူအက္စ္ေအကို ၃-၁ နဲ႔ သက္ေတာင့္သက္သာ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။ တစ္ဖက္မွာလည္း အာဂ်င္တီးနားအသင္းဟာ အုပ္စုအဖြင့္ပြဲမွာ ေဆာ္ဒီ အာေရဗ်ကို အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့မႈကေန ျပန္လာႏိုင္ခဲ့ၿပီး မကၠဆီကို၊ ပိုလန္တို႔ကို အုပ္စု C မွာ ဆက္တိုက္ ႏိုင္ပြဲရယူၿပီးေနာက္ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

၂၀၂၁ ကိုပါအေမရိကခ်န္ပီယံေတြဟာ အာမက္ ဘင္အလီကြင္းထဲက ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာ ၾသစေၾတးလ်ကို ၂-၁ နဲ႔ အႏိုင္ယူႏိုင္ခဲ့တာျဖစ္ၿပီး လီယြန္နယ္ မက္ဆီက အာဂ်င္တီးနားအတြက္ အဖြင့္ဂိုးကို လွလွပပ သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။ နယ္သာလန္အသင္းဟာ လက္ရွိမွာေတာ့ ေသာၾကာေန႔ လူေဆးလ္ကြင္းမွာ အာဂ်င္တီးနားနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာ ျဖစ္ၿပီး အႏိုင္ရရွိတဲ့ အသင္းက ဆီမီးဖိုင္နယ္အဆင့္မွာ ခ႐ိုေအးရွားနဲ႔ ဘရာဇီးလ္တို႔ထဲက အႏိုင္ရရွိတဲ့အသင္းနဲ႔ ေတြ႕ဆုံသြားရမွာ ျဖစ္ပါတယ္။

ကစားသမားဘဝ ေနာက္ဆုံး ကမာၻ႔ဖလားၿပိဳင္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ေနတဲ့ လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနားအတြက္ အံ့အားသင့္ဖြယ္ ကမာၻ႔ထိပ္တန္းအဆင့္ ေျခစြမ္းမ်ိဳး ျပသေနတာျဖစ္ၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ထားတဲ့ ကစားသမားျဖစ္ပါတယ္။ အာဂ်င္တီးနားနည္းျပ စကာလိုနီက လူးဝစၥ ဗန္ဟားလ္ရဲ႕ နယ္သာလန္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္မွာ ဘလြန္ေဒါ ၇ ဆုရွင္ လီယြန္နယ္ မက္ဆီရဲ႕ ေမွာ္ဆန္တဲ့ စြမ္းေဆာင္ရည္ကိုပဲ အားကိုးသြားရမွာျဖစ္ပါတယ္။

နယ္သာလန္ရဲ႕ ကစားဟန္ကို ေဝဖန္ေနမႈအေပၚ တုံ႔ျပန္ခဲ့တဲ့ လူးဝစၥ ဗန္ဟားလ္က မက္ဆီကို အႏၲရာယ္ရွိတဲ့ ဖန္တီးႏိုင္စြမ္းေကာင္းမြန္တဲ့ကစားသမားလို႔ ခ်ီးက်ဴးခဲ့ၿပီး အာဂ်င္တီးနားအသင္းေခါင္းေဆာင္မွာ ပိုင္ဆိုင္ထားတဲ့ ၿခိမ္းေျခာက္ႏိုင္စြမ္းကို သတိႀကီးႀကီး ထားေနတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း လူးဝစၥ ဗန္ဟားလ္က အာဂ်င္တီးနားအသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီဟာ ၎ရဲ႕အသင္းက ေဘာလုံးဆုံးရႈံးသြားၿပီး ၿပိဳင္ဘက္က ေဘာလုံးပိုင္ဆိုင္မႈ ရရွိသြားတဲ့အခ်ိန္မွာ မ်ားမ်ားစားစား ပါဝင္ပတ္သက္ျခင္းမရွိဘူးလို႔ အတည္ျပဳခဲ့တာျဖစ္ပါတယ္။

“မက္ဆီက အႏၲရာယ္အရွိဆုံး ဖန္တီးႏိုင္စြမ္းေကာင္းမြန္တဲ့ကစားသမားပါ။ သူက အမ်ားႀကီး ဖန္တီးႏိုင္သလို ကိုယ္တိုင္လည္း ဂိုးသြင္းႏိုင္တယ္။ ဒါေပမယ့္ သူတို႔ေတြ ေဘာလုံးဆုံးရႈံးသြားၿပီး ၿပိဳင္ဘက္က ေဘာလုံးပိုင္ဆိုင္မႈ ရသြားခ်ိန္မွာ သူ မ်ားမ်ားစားစား ပါဝင္တာမ်ိဳးမရွိပါဘူး။ အဲဒါက ကြၽန္ေတာ္တို႔အတြက္ အခြင့္အေရးေပးပါလိမ့္မယ္”လို႔ NOS ကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.