International World Cup

ကလိုစေးနောက်ပိုင်း ပထမဆုံးကမ္ဘာ့ဖလားပွဲဦးထွက်ဟက်ထရစ်သွင်းဂိုးရှင်ဖြစ်ခဲ့တဲ့ ရာမို့စ်

ပေါ်တူဂီအသင်းဟာ ဆွစ်ဇာလန်ကို ၆-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ နောက်ထပ် သူရဲကောင်းတစ်ဦး ထပ်မံ ရရှိခဲ့ပါတယ်။

ပေါ်တူဂီနည်းပြ ဖာနန်ဒို ဆန်းတို့စ်ဟာ ကြီးမားတဲ့ နည်းဗျူဟာ ဆုံးဖြတ်ချက်အရ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ချန်လှပ်ပြီး အံ့အားသင့်ဖွယ် လူရွေးချယ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရာမို့စ်နဲ့ပတ်သက်ပြီး ဆန်းတို့စ် လုပ်ခဲ့တဲ့ အလောင်းအစားက အောင်မြင်ခဲ့ပြီး ထူးခြားအံ့သြဖွယ်ရာ ဟက်ထရစ်သွင်းဂိုးကို ကမ္ဘာ့ဖလားပွဲဦးထွက်မှာ သွင်းယူပြခဲ့တာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ဂျာအို ဖီလစ်ရဲ့ ပေးပို့မှုကို လက်ခံပြီးနောက် ဂိုးဘယ်ဖက်အပေါ်ထောင့်ကို ကန်သွင်းယူဖို့ ၁၇ မိနစ်သာ အချိန်ယူခဲ့ရတာဖြစ်ပြီး ဒုတိယပိုင်း ၅၁ မိနစ်မှာ ဒါလော့တ်ရဲ့ ဖြတ်တင်ပေးပို့မှုကို အနီးကပ်ပိတ်သွင်းပြီး ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၁၆ မိနစ်အကြာမှာတော့ ယန်း ဆွန်းမားနဲ့ တစ်ဦးချင်း ကန်သွင်းယူပြီး ဟက်ထရစ်သွင်းဂိုးကို ရရှိသွားခဲ့တာဖြစ်ပြီး ဂွန်ကာလို ရာမို့စ်ဟာ ၂၀၀၂ ကမ္ဘာ့ဖလားမှာ ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဂျာမနီ တိုက်စစ်မှူး မီရိုဆလပ်ဗ် ကလိုစေးနောက်ပိုင်း ပထမဆုံး ပွဲဦးထွက်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ပေါ်တူဂီအတွက် သူရဲကောင်းဖြစ်ခဲ့ပြီးနောက် ဘင်ဖီကာကြယ်ပွင့်ကို ဥရောပအသင်းကြီးတွေက အာရုံစိုက်လာကြမှာဖြစ်သလို ပြောင်းရွှေ့ကြေးကလည်း မြင့်တက်လာမှာသေချာပြီး လိဒ်စ်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘင်ဖီကာတိုက်စစ်မှူးကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး လာမယ့် ဇန်ဝါရီအပြောင်းအရွှေ့ကာလမှာ စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းသွားဖွယ် ရှိနေပြီ ဖြစ်ပါတယ်။ ရာမို့စ်ဟာ ဘင်ဖီကာလူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ အသင်းနဲ့ စတင်ပူးပေါင်းခဲ့ပြီးနောက် ၆ နှစ်အကြာမှာ ဘင်ဖီကာ ဒုတိယအသင်းကို ပြောင်းလဲကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

ရာမို့စ်ဟာ ၂၀၂၀ ခုနှစ်မှာ ဘင်ဖီကာ ပထမအသင်းထဲမှာ ပါဝင်ကစားခွင့် ရရှိလာခဲ့ပြီး စုစုပေါင်း ၄၅ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၂၀ အထိ သွင်းယူပေးထားတဲ့ ကစားသမား ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် လူငယ်ကြယ်ပွင့်ဟာ ယခုနှစ်အစောပိုင်း စက်တင်ဘာလမှာ နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ ပထမဆုံးအကြိမ် ခေါ်ယူခြင်းခံခဲ့ရပြီး နိုင်ဂျီးရီးယားနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖားအကြို ခြေစမ်းပွဲမှာ ပေါ်တူဂီအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပၚတူဂီအသင္းဟာ ဆြစ္ဇာလန္ကို ၆-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာ ေနာက္ထပ္ သူရဲေကာင္းတစ္ဦး ထပ္မံ ရရွိခဲ့ပါတယ္။

ေပၚတူဂီနည္းျပ ဖာနန္ဒို ဆန္းတို႔စ္ဟာ ႀကီးမားတဲ့ နည္းဗ်ဴဟာ ဆုံးျဖတ္ခ်က္အရ အသင္းေခါင္းေဆာင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ခ်န္လွပ္ၿပီး အံ့အားသင့္ဖြယ္ လူေ႐ြးခ်ယ္မႈ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ရာမို႔စ္နဲ႔ပတ္သက္ၿပီး ဆန္းတို႔စ္ လုပ္ခဲ့တဲ့ အေလာင္းအစားက ေအာင္ျမင္ခဲ့ၿပီး ထူးျခားအံ့ၾသဖြယ္ရာ ဟက္ထရစ္သြင္းဂိုးကို ကမာၻ႔ဖလားပြဲဦးထြက္မွာ သြင္းယူျပခဲ့တာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ဂ်ာအို ဖီလစ္ရဲ႕ ေပးပို႔မႈကို လက္ခံၿပီးေနာက္ ဂိုးဘယ္ဖက္အေပၚေထာင့္ကို ကန္သြင္းယူဖို႔ ၁၇ မိနစ္သာ အခ်ိန္ယူခဲ့ရတာျဖစ္ၿပီး ဒုတိယပိုင္း ၅၁ မိနစ္မွာ ဒါေလာ့တ္ရဲ႕ ျဖတ္တင္ေပးပို႔မႈကို အနီးကပ္ပိတ္သြင္းၿပီး ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၁၆ မိနစ္အၾကာမွာေတာ့ ယန္း ဆြန္းမားနဲ႔ တစ္ဦးခ်င္း ကန္သြင္းယူၿပီး ဟက္ထရစ္သြင္းဂိုးကို ရရွိသြားခဲ့တာျဖစ္ၿပီး ဂြန္ကာလို ရာမို႔စ္ဟာ ၂၀၀၂ ကမာၻ႔ဖလားမွာ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့ၿပီး ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ ဂ်ာမနီ တိုက္စစ္မႉး မီ႐ိုဆလပ္ဗ္ ကလိုေစးေနာက္ပိုင္း ပထမဆုံး ပြဲဦးထြက္ပြဲမွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ ကစားသမားျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

ေပၚတူဂီအတြက္ သူရဲေကာင္းျဖစ္ခဲ့ၿပီးေနာက္ ဘင္ဖီကာၾကယ္ပြင့္ကို ဥေရာပအသင္းႀကီးေတြက အာ႐ုံစိုက္လာၾကမွာျဖစ္သလို ေျပာင္းေ႐ႊ႕ေၾကးကလည္း ျမင့္တက္လာမွာေသခ်ာၿပီး လိဒ္စ္ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဘင္ဖီကာတိုက္စစ္မႉးကို ေခၚယူဖို႔ သတင္းေတြ ထြက္ေပၚခဲ့ၿပီး လာမယ့္ ဇန္ဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ စိတ္ဝင္စားမႈကို ျပန္လည္အသက္သြင္းသြားဖြယ္ ရွိေနၿပီ ျဖစ္ပါတယ္။ ရာမို႔စ္ဟာ ဘင္ဖီကာလူငယ္အကယ္ဒမီကေန ထြက္ေပၚလာခဲ့တဲ့ ကစားသမားျဖစ္ၿပီး ၂၀၁၃ ခုႏွစ္မွာ အသင္းနဲ႔ စတင္ပူးေပါင္းခဲ့ၿပီးေနာက္ ၆ ႏွစ္အၾကာမွာ ဘင္ဖီကာ ဒုတိယအသင္းကို ေျပာင္းလဲကစားခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။

ရာမို႔စ္ဟာ ၂၀၂၀ ခုႏွစ္မွာ ဘင္ဖီကာ ပထမအသင္းထဲမွာ ပါဝင္ကစားခြင့္ ရရွိလာခဲ့ၿပီး စုစုေပါင္း ၄၅ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၂၀ အထိ သြင္းယူေပးထားတဲ့ ကစားသမား ျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ လူငယ္ၾကယ္ပြင့္ဟာ ယခုႏွစ္အေစာပိုင္း စက္တင္ဘာလမွာ ေနးရွင္းလိဂ္ပြဲစဥ္ေတြအတြက္ ေပၚတူဂီလက္ေ႐ြးစင္အသင္းရဲ႕ ပထမဆုံးအႀကိမ္ ေခၚယူျခင္းခံခဲ့ရၿပီး ႏိုင္ဂ်ီးရီးယားနဲ႔ ကစားခဲ့တဲ့ ကမာၻ႔ဖားအႀကိဳ ေျခစမ္းပြဲမွာ ေပၚတူဂီအတြက္ ပထမဆုံးသြင္းဂိုးကို သြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.