International World Cup

ပွဲထွက်ခွင့်နေရာနဲ့ပတ်သက်ပြီး ရော်နယ်လ်ဒိုကို သတင်းစကားပါးခဲ့တဲ့ ဟက်ထရစ်သူရဲကောင်း

ဂွန်ကာလို ရာမို့စ်က ဆွစ်ဇာလန်ကို ၆-၁ နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ စိတ်လှုပ်ရှားဖွယ် ဟက်ထရစ် သွင်းယူနိုင်ခဲ့ပေမယ့်လည်း ရော်နယ်လ်ဒိုက ပေါ်တူဂီရဲ့ အဓိကကစားသမား ဖြစ်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ အင်္ဂါနေ့ည လူဆေးလ်ကွင်းက အရေးကြီးတဲ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ် ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူး ဂွန်ကာလို ရာမို့စ်က ပေါ်တူဂီအသင်းခေါင်းဆောင်ရဲ့နေရာမှာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နဲ့ပွဲဟာ ဘင်ဖီကာ တိုက်စစ်မှူးရဲ့ ပေါ်တူဂီအသင်းအတွက် ပထဆုံးပွဲထွက်ပါဝင်ကစားခွင့်ရတဲ့ပွဲစဉ်ဖြစ်ခဲ့ပြီး ရာမို့စ်ဟာ ကာတာမှာ ပထမဆုံး ဟက်ထရစ်သွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာခဲ့တဲ့အထိ ချက်ချင်း အကျိုးသက်ရောက်မှု ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၆ ကမ္ဘာ့ဖလားနောက်ပိုင်း ပေါ်တူဂီအသင်းဟာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စပိန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ဖြုတ်ချခဲ့တဲ့ မော်ရိုကိုအသင်းနဲ့ စနေနေ့မှာ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ နောက်ဆုံးမှာတော့ ပွဲကစားချိန်ပြည့်ဖို့ ၁၇ မိနစ်အလိုမှာ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့ပြီး အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးကို ချန်လှပ်ခဲ့တာက နည်းဗျူဟာပိုင်း သက်သက်သာဖြစ်တယ်လို့ နည်းပြ ဆန်းတို့စ်က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း အင်္ဂါနေ့ညဟာ ရာမို့စ်ရဲ့ ညဖြစ်ခဲ့ပြီး ဆွစ်ဇာလန်နဲ့ပွဲစဉ်မတိုင်ခင်ကဆိုရင် လူငယ်တိုက်စစ်မှူးအကြောင်းကို လူအနည်းစုလောက်သာ ကြားဖူးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရာမို့စ်ဟာ လာမယ့်ပွဲမှာ ပွဲထွက်ခွင့်နေရာကို ဆက်လက် ရရှိမလား ဒါမှမဟုတ် ယခုရာသီမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ ရော်နယ်လ်ဒိုပဲ နေရာပြန်ရမလားဆိုတဲ့ ပြောဆိုမှုတွေ မြင့်တက်လာနေတာ ဖြစ်ပါတယ်။

အဲဒါက လက်ရှိအချိန်မှာ ရာမို့စ် သိပ်ဂရုမစိုက်တဲ့ မေးခွန်းဖြစ်နေပြီး ပွဲအပြီးမှာ သတင်းထောက်တွေကို “ရှုံးထွက်အဆင့်အတွက် ပွဲထွက် ၁၁ ဦးစာရင်းထဲမှာ ပါဝင်လိမ့်မယ်လို့ ထင်တာက ကျွန်တော့်ရဲ့အကောင်းဆုံးအိပ်မက်တောင် မဟုတ်ပါဘူး”

“ကျွန်တော့်ရဲ့မျှော်မှန်းချက်နဲ့ပတ်သက်ရင် ကျွန်တော်တို့ အချိန်တစ်ခုမှာ တစ်ပွဲပဲ ကစားဖို့ လိုအပ်မှာပါ။ အခု ကျွန်တော်တို့ တခြားပွဲအကြောင်းတွေ ဘာမှမတွေးဘဲ မော်ရိုကိုနဲ့ပွဲအတွက် ကြိုတင်ပြင်ဆင်သွားမှာပါ။ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ပါ။ သူက အသင်းခေါင်းဆောင်ပါ။ သူက ခေါင်းဆောင်ဖြစ်ပြီး ကျွန်တော်တို့ အမြဲတမ်း သူနဲ့အတူ ကစားရဖို့ စောင့်မျှော်နေတာပါ။ သူက ကျွန်တော့်ရဲ့ ကိုးကားစရာဖြစ်ပြီး ကျွန်တော်တို့ထဲက အများစုအတွက် စံထားစရာပုဂ္ဂိုလ်ပါ။ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ လီဗန်ဒေါ့ဗ်စကီး၊ အီဘရာဟီမိုဗစ် ဒီကစားသမားတွေက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်တွေပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂြန္ကာလို ရာမို႔စ္က ဆြစ္ဇာလန္ကို ၆-၁ နဲ႔ အျပတ္အသတ္ အႏိုင္ရရွိခဲ့တဲ့ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာ စိတ္လႈပ္ရွားဖြယ္ ဟက္ထရစ္ သြင္းယူႏိုင္ခဲ့ေပမယ့္လည္း ေရာ္နယ္လ္ဒိုက ေပၚတူဂီရဲ႕ အဓိကကစားသမား ျဖစ္ေနဆဲျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ အဂၤါေန႔ည လူေဆးလ္ကြင္းက အေရးႀကီးတဲ့ပြဲစဥ္မွာ အံ့အားသင့္ဖြယ္ ခ်န္လွပ္ျခင္းခံခဲ့ရတာျဖစ္ၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉး ဂြန္ကာလို ရာမို႔စ္က ေပၚတူဂီအသင္းေခါင္းေဆာင္ရဲ႕ေနရာမွာ ပြဲထြက္ပါဝင္ကစားခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။ ဆြစ္ဇာလန္နဲ႔ပြဲဟာ ဘင္ဖီကာ တိုက္စစ္မႉးရဲ႕ ေပၚတူဂီအသင္းအတြက္ ပထဆုံးပြဲထြက္ပါဝင္ကစားခြင့္ရတဲ့ပြဲစဥ္ျဖစ္ခဲ့ၿပီး ရာမို႔စ္ဟာ ကာတာမွာ ပထမဆုံး ဟက္ထရစ္သြင္းယူႏိုင္တဲ့ ကစားသမားျဖစ္လာခဲ့တဲ့အထိ ခ်က္ခ်င္း အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ခဲ့တာ ျဖစ္ပါတယ္။

၂၀၀၆ ကမာၻ႔ဖလားေနာက္ပိုင္း ေပၚတူဂီအသင္းဟာ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ စပိန္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ ျဖဳတ္ခ်ခဲ့တဲ့ ေမာ္႐ိုကိုအသင္းနဲ႔ စေနေန႔မွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ေနာက္ဆုံးမွာေတာ့ ပြဲကစားခ်ိန္ျပည့္ဖို႔ ၁၇ မိနစ္အလိုမွာ အရန္ခုံကေန လူစားဝင္ကစားေပးခဲ့ၿပီး အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ခ်န္လွပ္ခဲ့တာက နည္းဗ်ဴဟာပိုင္း သက္သက္သာျဖစ္တယ္လို႔ နည္းျပ ဆန္းတို႔စ္က ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း အဂၤါေန႔ညဟာ ရာမို႔စ္ရဲ႕ ညျဖစ္ခဲ့ၿပီး ဆြစ္ဇာလန္နဲ႔ပြဲစဥ္မတိုင္ခင္ကဆိုရင္ လူငယ္တိုက္စစ္မႉးအေၾကာင္းကို လူအနည္းစုေလာက္သာ ၾကားဖူးခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ရာမို႔စ္ဟာ လာမယ့္ပြဲမွာ ပြဲထြက္ခြင့္ေနရာကို ဆက္လက္ ရရွိမလား ဒါမွမဟုတ္ ယခုရာသီမွာ ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးေနတဲ့ ေရာ္နယ္လ္ဒိုပဲ ေနရာျပန္ရမလားဆိုတဲ့ ေျပာဆိုမႈေတြ ျမင့္တက္လာေနတာ ျဖစ္ပါတယ္။

အဲဒါက လက္ရွိအခ်ိန္မွာ ရာမို႔စ္ သိပ္ဂ႐ုမစိုက္တဲ့ ေမးခြန္းျဖစ္ေနၿပီး ပြဲအၿပီးမွာ သတင္းေထာက္ေတြကို “ရႈံးထြက္အဆင့္အတြက္ ပြဲထြက္ ၁၁ ဦးစာရင္းထဲမွာ ပါဝင္လိမ့္မယ္လို႔ ထင္တာက ကြၽန္ေတာ့္ရဲ႕အေကာင္းဆုံးအိပ္မက္ေတာင္ မဟုတ္ပါဘူး”

“ကြၽန္ေတာ့္ရဲ႕ေမွ်ာ္မွန္းခ်က္နဲ႔ပတ္သက္ရင္ ကြၽန္ေတာ္တို႔ အခ်ိန္တစ္ခုမွာ တစ္ပြဲပဲ ကစားဖို႔ လိုအပ္မွာပါ။ အခု ကြၽန္ေတာ္တို႔ တျခားပြဲအေၾကာင္းေတြ ဘာမွမေတြးဘဲ ေမာ္႐ိုကိုနဲ႔ပြဲအတြက္ ႀကိဳတင္ျပင္ဆင္သြားမွာပါ။ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ကြၽန္ေတာ္တို႔ရဲ႕ ေခါင္းေဆာင္ပါ။ သူက အသင္းေခါင္းေဆာင္ပါ။ သူက ေခါင္းေဆာင္ျဖစ္ၿပီး ကြၽန္ေတာ္တို႔ အၿမဲတမ္း သူနဲ႔အတူ ကစားရဖို႔ ေစာင့္ေမွ်ာ္ေနတာပါ။ သူက ကြၽန္ေတာ့္ရဲ႕ ကိုးကားစရာျဖစ္ၿပီး ကြၽန္ေတာ္တို႔ထဲက အမ်ားစုအတြက္ စံထားစရာပုဂၢိဳလ္ပါ။ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ လီဗန္ေဒါ့ဗ္စကီး၊ အီဘရာဟီမိုဗစ္ ဒီကစားသမားေတြက ကြၽန္ေတာ့္ရဲ႕ စံျပပုဂၢိဳလ္ေတြပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.