International World Cup

မော်ရိုကိုကို ရှုံးနိမ့်ပြီးနောက် ပြန်လည်ပေါ်ထွက်လာတဲ့ အန်နရီကေးရဲ့မှတ်ချက်

အင်္ဂါနေ့က ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ မော်ရိုကိုက အံ့အားသင့်ဖွယ် အနိုင်ရရှိသွားခဲ့ပြီးနောက် စပိန်လက်ရွေးစင်နည်းပြ လူးဝစ္စ အန်နရီကေးရဲ့ ပင်နယ်တီ အဆုံးအဖြတ်နဲ့ပတ်သက်တဲ့ မှတ်ချက်က ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။

မော်ရိုကိုဟာ စပိန်အသင်းကို ပုံမှန်ပွဲကစားချိန်တလျှောက်လုံး မာကျောတဲ့ ခံစစ်ကစားပုံနဲ့ အံ့အားသင့်ဖွယ် ထိန်းကစားနိုင်ခဲ့ပြီး အချိန်ပိုမှာလည်း တောင့်ခံနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်အထိ ဆက်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူးဝစ္စ အန်နရီကေးဟာ ဆာရာဘီယာ၊ ကားလို့စ် ဆိုလာ၊ ဘူးစ်ကတ်တို့အားလုံး ပင်နယ်တီ မဝင်ခဲ့တဲ့နောက် ဒေါသထွက်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ မော်ရိုကိုအသင်းဘက်က ဆာဘီရီ၊ ဟာကီမီနဲ့ ဇီယက်ရှ်တို့အားလုံးဟာ ပင်နယ်တီကနေ သွင်းဂိုးတွေကို အောင်အောင်မြင်မြင် ကန်သွင်းယူနိုင်ခဲ့ကြတာဖြစ်ပြီး ဘင်နုန်းတစ်ဦးတည်းသာ ပင်နယ်တီ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ မော်ရိုကိုအသင်းဟာ အသင်းသမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး လာမယ့် စနေနေ့မှာ ပေါ်တူဂီနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

မော်ရိုကိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမတိုင်ခင် စကားပြောဆိုရာမှာ အန်နရီကေးက ၎င်းရဲ့အသင်းဟာ လုပ်ဖို့လိုအပ်တဲ့ အိမ်စာတွေကို လုပ်ဆောင်နေပြီး ပင်နယ်တီကိုလည်း မညည်းမညူ လေ့ကျင့်နေကြတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

တကယ်တော့ စပိန်နည်းပြဟာ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံဟောင်းတွေဟာ လေ့ကျင့်ရေးမှာ အနည်းဆုံး ပင်နယ်တီကန်သွင်းမှု အကြိမ် ၁၀၀၀ လောက် လေ့ကျင့်ခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပေမယ့်လည်း မော်ရိုကိုနဲ့ပွဲမှာ အဲဒီ လေ့ကျင့်မှုတွေက ကြက်ပျောက်ငှက်ပျောက်ဖြစ်ခဲ့ပုံပေါ်ပါတယ်။

“သူတို့ရဲ့ အိမ်စာတွေကို လုပ်ပြီးသွားပြီလို့ ကျွန်တော် ထင်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က စပိန်အသင်းရဲ့လေ့ကျင့်ရေးစခန်းထဲက တစ်ခုမှာ သူတို့တွေ ဒီမှာ အနည်းဆုံး ပင်နယ်တီ အကြိမ် ၁၀၀၀ လောက် လေ့ကျင့်ပြီးသားဖြစ်ရမယ်လို့ ပြောခဲ့ပါတယ်။ ခင်ဗျား ပင်နယ်တီလေ့ကျင့်ဖို့ ဒီအဆင့်ရောက်တဲ့အထိ စောင့်ဆိုင်းနေရင်တော့(လုံလောက်မှာမဟုတ်ပါဘူး)။ အဲဒါက အမြင့်မားဆုံး တင်းမာမှုရှိတဲ့ အခိုက်အတန့်ပါ။ ခင်ဗျား အဲဒါကို အကြိမ် ၁၀၀၀ လောက်လေ့ကျင့်ထားခဲ့ရင် ဆုံးဖြတ်ထားတဲ့ပုံစံအတိုင်း ပင်နယ်တီကို ကန်သွင်းနိုင်တယ်ဆိုတာကို ပြသရမယ့် အချိန်ပဲ”

“အဲဒါက ကစားသမားတစ်ဦးချင်းစီနဲ့ပတ်သက်ပြီး စကားအများကြီး ပြောပါတယ်။ အဲဒါက လေ့ကျင့်လို့ရနိုင်တဲ့အရာပါ။ စီမံခန့်ခွဲလို့ ရနိုင်တယ်။ ခင်ဗျား တင်းမာမှုတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ။ အဲဒါက ကံကောင်းခြင်းတွေ လျော့ပါးမှု မြင့်တက်လာတယ်။ ဂိုးသမားရဲ့ လွှမ်းမိုးမှုက ပိုများလာတယ်။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ ဂိုးသမားရှိပါတယ်။ ရှိတဲ့ ဂိုးသမား ၃ ဦးစလုံးကလည်း ဒီလိုအခြေအနေမျိုးမှာ အရမ်းကောင်းကောင်းလုပ်နိုင်ကြပါတယ်။ ကျွန်တော်တို့ လေ့ကျင့်ရေးပြီးတဲ့အချိန်တိုင်း ကစားသမားအများအပြားက ပင်နယ်တီ ကန်သွင်းနေတာကို ကျွန်တော် မြင်ရတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤါေန႔က ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာ ေမာ္႐ိုကိုက အံ့အားသင့္ဖြယ္ အႏိုင္ရရွိသြားခဲ့ၿပီးေနာက္ စပိန္လက္ေ႐ြးစင္နည္းျပ လူးဝစၥ အန္နရီေကးရဲ႕ ပင္နယ္တီ အဆုံးအျဖတ္နဲ႔ပတ္သက္တဲ့ မွတ္ခ်က္က ျပန္လည္ထြက္ေပၚလာခဲ့ပါတယ္။

ေမာ္႐ိုကိုဟာ စပိန္အသင္းကို ပုံမွန္ပြဲကစားခ်ိန္တေလွ်ာက္လုံး မာေက်ာတဲ့ ခံစစ္ကစားပုံနဲ႔ အံ့အားသင့္ဖြယ္ ထိန္းကစားႏိုင္ခဲ့ၿပီး အခ်ိန္ပိုမွာလည္း ေတာင့္ခံႏိုင္ခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္အထိ ဆက္သြားခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း လူးဝစၥ အန္နရီေကးဟာ ဆာရာဘီယာ၊ ကားလို႔စ္ ဆိုလာ၊ ဘူးစ္ကတ္တို႔အားလုံး ပင္နယ္တီ မဝင္ခဲ့တဲ့ေနာက္ ေဒါသထြက္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။

တစ္ဖက္မွာေတာ့ ေမာ္႐ိုကိုအသင္းဘက္က ဆာဘီရီ၊ ဟာကီမီနဲ႔ ဇီယက္ရွ္တို႔အားလုံးဟာ ပင္နယ္တီကေန သြင္းဂိုးေတြကို ေအာင္ေအာင္ျမင္ျမင္ ကန္သြင္းယူႏိုင္ခဲ့ၾကတာျဖစ္ၿပီး ဘင္ႏုန္းတစ္ဦးတည္းသာ ပင္နယ္တီ လြဲေခ်ာ္ခဲ့တာ ျဖစ္ပါတယ္။ ေမာ္႐ိုကိုအသင္းဟာ အသင္းသမိုင္းတေလွ်ာက္မွာ ပထမဆုံးအႀကိမ္ ကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး လာမယ့္ စေနေန႔မွာ ေပၚတူဂီနဲ႔ ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။

ေမာ္႐ိုကိုအသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲမတိုင္ခင္ စကားေျပာဆိုရာမွာ အန္နရီေကးက ၎ရဲ႕အသင္းဟာ လုပ္ဖို႔လိုအပ္တဲ့ အိမ္စာေတြကို လုပ္ေဆာင္ေနၿပီး ပင္နယ္တီကိုလည္း မညည္းမညဴ ေလ့က်င့္ေနၾကတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

တကယ္ေတာ့ စပိန္နည္းျပဟာ ၂၀၁၀ ကမာၻ႔ဖလားခ်န္ပီယံေဟာင္းေတြဟာ ေလ့က်င့္ေရးမွာ အနည္းဆုံး ပင္နယ္တီကန္သြင္းမႈ အႀကိမ္ ၁၀၀၀ ေလာက္ ေလ့က်င့္ခဲ့တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ေပမယ့္လည္း ေမာ္႐ိုကိုနဲ႔ပြဲမွာ အဲဒီ ေလ့က်င့္မႈေတြက ၾကက္ေပ်ာက္ငွက္ေပ်ာက္ျဖစ္ခဲ့ပုံေပၚပါတယ္။

“သူတို႔ရဲ႕ အိမ္စာေတြကို လုပ္ၿပီးသြားၿပီလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္က စပိန္အသင္းရဲ႕ေလ့က်င့္ေရးစခန္းထဲက တစ္ခုမွာ သူတို႔ေတြ ဒီမွာ အနည္းဆုံး ပင္နယ္တီ အႀကိမ္ ၁၀၀၀ ေလာက္ ေလ့က်င့္ၿပီးသားျဖစ္ရမယ္လို႔ ေျပာခဲ့ပါတယ္။ ခင္ဗ်ား ပင္နယ္တီေလ့က်င့္ဖို႔ ဒီအဆင့္ေရာက္တဲ့အထိ ေစာင့္ဆိုင္းေနရင္ေတာ့(လုံေလာက္မွာမဟုတ္ပါဘူး)။ အဲဒါက အျမင့္မားဆုံး တင္းမာမႈရွိတဲ့ အခိုက္အတန႔္ပါ။ ခင္ဗ်ား အဲဒါကို အႀကိမ္ ၁၀၀၀ ေလာက္ေလ့က်င့္ထားခဲ့ရင္ ဆုံးျဖတ္ထားတဲ့ပုံစံအတိုင္း ပင္နယ္တီကို ကန္သြင္းႏိုင္တယ္ဆိုတာကို ျပသရမယ့္ အခ်ိန္ပဲ”

“အဲဒါက ကစားသမားတစ္ဦးခ်င္းစီနဲ႔ပတ္သက္ၿပီး စကားအမ်ားႀကီး ေျပာပါတယ္။ အဲဒါက ေလ့က်င့္လို႔ရႏိုင္တဲ့အရာပါ။ စီမံခန႔္ခြဲလို႔ ရႏိုင္တယ္။ ခင္ဗ်ား တင္းမာမႈေတြကို ဘယ္လို ကိုင္တြယ္ေျဖရွင္းလဲ။ အဲဒါက ကံေကာင္းျခင္းေတြ ေလ်ာ့ပါးမႈ ျမင့္တက္လာတယ္။ ဂိုးသမားရဲ႕ လႊမ္းမိုးမႈက ပိုမ်ားလာတယ္။ ကြၽန္ေတာ္တို႔မွာ အရမ္းေကာင္းတဲ့ ဂိုးသမားရွိပါတယ္။ ရွိတဲ့ ဂိုးသမား ၃ ဦးစလုံးကလည္း ဒီလိုအေျခအေနမ်ိဳးမွာ အရမ္းေကာင္းေကာင္းလုပ္ႏိုင္ၾကပါတယ္။ ကြၽန္ေတာ္တို႔ ေလ့က်င့္ေရးၿပီးတဲ့အခ်ိန္တိုင္း ကစားသမားအမ်ားအျပားက ပင္နယ္တီ ကန္သြင္းေနတာကို ကြၽန္ေတာ္ ျမင္ရတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.