International La Liga World Cup

“ဂိုးသမားသူရဲကောင်းသစ် ဘိုနို” ထပ်မံပေါ်ထွက်ခဲ့တဲ့ ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ်များ

အရှေ့အလယ်ပိုင်းဒေသ ကာတာနိုင်ငံမှာ လက်ရှိ ကျင်းပနေခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာတော့ သူ့ထက်သူ လူစွမ်းကောင်းဆိုသလို အသင်းတွေရဲ့ ရလဒ်ကောင်းတွေနဲ့ အခက်အခဲတွေကို ဖြတ်ကျော်နိုင်ဖို့ လက်စွမ်းပြပေးနိုင်ခဲ့တဲ့ ဂိုးသမားသူရဲကောင်းသစ်တွေ တစ်နေ့ထက်တစ်နေ့ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာနေခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

အုပ်စုအဆင့် ပွဲစဉ်တွေမှာ ပိုလန်ဂိုးသမား ဗွိုင်ချက် ရှချက်စနီက ဆော်ဒီအာရေးဘီးယားနဲ့ပွဲမှာ တစ်ကြိမ်၊ အာဂျင်တီးနားနဲ့ပွဲမှာ တစ်ကြိမ် GOAT ကြီး လီယွန်နယ် မက်ဆီရဲ့ ပင်နယ်တီကိုပါ ကာကွယ်သွားခဲ့ပြီး သူတို့အသင်းကို ရှုံးထွက်အဆင့်အထိ ပို့ဆောင်ပေးခဲ့သလို ရှုံးထွက်အဆင့်မှာတော့ သူ့ထက် ပိုပြီး ပရိသတ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားသူတွေ ရှိလာခဲ့တာပါ။

ပြီးခဲ့တဲ့ ဂျပန်နဲ့ ခရိုအေးရှားတို့ရဲ့ ပွဲစဉ်ရဲ့ နောက်ဆုံး ပင်နယ်တီအဆုံးအဖြတ် ခံယူမှုမှာ ဂျပန်ဘက်က တာကူမီ မီနာမီနို၊ ခါအိုရု မီတိုမာနဲ့ မာယာ ယိုရှီဒါတို့ရဲ့ ကန်ချက်သုံးကြိမ်ကို ကာကွယ်ပြသွားခဲ့ပြီး ခရိုအက်တွေအတွက် သူရဲကောင်းဖြစ်ခဲ့တဲ့ ဂိုးသမား ဒေါမနစ် လီဗာကိုဗစ်ချ်က တောက်ပခဲ့သလို ဒီနေ့မှာလည်း မော်ရိုကိုရဲ့ သူရဲကောင်းသစ်ကို မြင်ခဲ့ရပါတယ်။

ဆီဗီလာအသင်းမှာ ကစားနေခဲ့တဲ့ ဘိုနိုလို့ နာမည်ပြောင် တွင်နေတဲ့ ဂိုးသမား ယာစင်း ဘူးနူးအနေနဲ့ ဒီနေ့ပွဲမှာ ပွဲချိန်အတွင်းမှာရော ပင်နယ်တီမှာပါ တစ်ဂိုးမှ မပေးခဲ့ရတဲ့ စံချိန်သစ်က လီဗာကိုဗစ်ချ်ထက်တောင် သာလွန်သွားခဲ့ပြီး သူ့အနေနဲ့ ဂျပန်ရဲ့ သူငယ်နှပ်စား ပင်နယ်တီတွေထက် သာလွန်တဲ့ စပိန်တွေရဲ့ ပိုမိုကောင်းမွန်တဲ့ ကန်ချက်တွေကို ကာကွယ်သွားနိုင်ခဲ့သလို မော်ရိုကိုတို့ကို တစ်ခါမှ မရောက်ဖူးသေးတဲ့ ကွာတားအဆင့်ဆီ ပို့ပေးခဲ့တာပါ။

ပရိသတ်တွေကတော့ စပိန်တွေ ကြိုက်သလောက်ကန်၊ သူဖမ်းပြလိမ့်မယ်လို့ပါ ချီးပခဲ့ကြပြီး ပထမဆုံး ကန်သွင်းတဲ့ ပါဘလို ဆာရားဘီးယားရဲ့ တိုင်ထိထွက်ခဲ့မှုဟာလည်း ဂိုးပေါက်တည့်ခဲ့မယ်ဆိုရင် မှန်ကန်တဲ့ဘက်ကို ဒိုက်ပစ်နိုင်ခဲ့တဲ့ ဘိုနိုက ကာကွယ်နိုင်လိမ့်မယ်လို့ ဆိုခဲ့ကြသလို သူ့အနေနဲ့ အတွေ့အကြုံရှိ ကွင်းလယ်လူ ကားလို့စ် ဆိုလာရဲ့ ကန်ချက်နဲ့ ဝါရင့်ဂျွတ်စကီး ဆာဂျီယို ဘူးစ်ကွက်စ်တို့ရဲ့ ကန်ချက်တွေကိုပါ ဖမ်းပြခဲ့တာဖြစ်ပါတယ်။

ဘိုနိုရဲ့ လက်စွမ်းပြခဲ့မှုအတွက် မော်ရိုကိုအသင်းဖော်တွေကတော့ သူတို့ကို အနိုင်သေချာစေခဲ့တဲ့ မက်ဒရစ်မြို့ကြီးသား နောက်ခံလူ အက်ရှ်ရက်ဖ် ဟာကီမီရဲ့ ပါနင်ကာ ပင်နယ်တီကန်ချက်အပြီးမှာ သူ့ဆီကို ဝိုင်းဝန်းပွေ့ဖက်ပြီး လေပေါ်ကို ပစ်မြှောက်ခဲ့ကြသလို သူတို့ရဲ့ နည်းပြ ဝါလစ်ဒ် ရီဂရာဂွီနဲ့အတူ တန်ဖိုးထားကြောင်း ပြသခဲ့ကြတာပါ။

လူငယ်ကစားသမားဘဝကို ဖြတ်သန်းအပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို လာလီဂါနဲ့ ဆီဂန်ဒါအသင်းတွေမှာချည်း ဖြတ်သန်းခဲ့တဲ့ ဘိုနိုဟာ စပိန်ရဲ့ ကစားသမားတော်တော်များများအကြောင်းကို ကောင်းကောင်းနားလည်ထားသူဖြစ်ပြီး ထူးချွန်တဲ့ ကာကွယ်မှုများစွာကိုလည်း ပြုလုပ်ထားနိုင်ခဲ့သလို အသင်းကို ဘယ်သူမှ ထင်မထားတဲ့ အဆင့်ဆီကိုလည်း ပို့ဆောင်ထားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အေရွ႕အလယ္ပိုင္းေဒသ ကာတာႏိုင္ငံမွာ လက္ရွိ က်င္းပေနခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးမွာေတာ့ သူ႔ထက္သူ လူစြမ္းေကာင္းဆိုသလို အသင္းေတြရဲ႕ ရလဒ္ေကာင္းေတြနဲ႔ အခက္အခဲေတြကို ျဖတ္ေက်ာ္ႏိုင္ဖို႔ လက္စြမ္းျပေပးႏိုင္ခဲ့တဲ့ ဂိုးသမားသူရဲေကာင္းသစ္ေတြ တစ္ေန႔ထက္တစ္ေန႔ တစ္ဦးၿပီးတစ္ဦး ထြက္ေပၚလာေနခဲ့တာကို ေတြ႕ျမင္ခဲ့ရပါတယ္။

အုပ္စုအဆင့္ ပြဲစဥ္ေတြမွာ ပိုလန္ဂိုးသမား ဗြိဳင္ခ်က္ ရွခ်က္စနီက ေဆာ္ဒီအာေရးဘီးယားနဲ႔ပြဲမွာ တစ္ႀကိမ္၊ အာဂ်င္တီးနားနဲ႔ပြဲမွာ တစ္ႀကိမ္ GOAT ႀကီး လီယြန္နယ္ မက္ဆီရဲ႕ ပင္နယ္တီကိုပါ ကာကြယ္သြားခဲ့ၿပီး သူတို႔အသင္းကို ရႈံးထြက္အဆင့္အထိ ပို႔ေဆာင္ေပးခဲ့သလို ရႈံးထြက္အဆင့္မွာေတာ့ သူ႔ထက္ ပိုၿပီး ပရိသတ္ေတြ ပါးစပ္ဖ်ားမွာ ေရပန္းစားသူေတြ ရွိလာခဲ့တာပါ။

ၿပီးခဲ့တဲ့ ဂ်ပန္နဲ႔ ခ႐ိုေအးရွားတို႔ရဲ႕ ပြဲစဥ္ရဲ႕ ေနာက္ဆုံး ပင္နယ္တီအဆုံးအျဖတ္ ခံယူမႈမွာ ဂ်ပန္ဘက္က တာကူမီ မီနာမီႏို၊ ခါအို႐ု မီတိုမာနဲ႔ မာယာ ယိုရွီဒါတို႔ရဲ႕ ကန္ခ်က္သုံးႀကိမ္ကို ကာကြယ္ျပသြားခဲ့ၿပီး ခ႐ိုအက္ေတြအတြက္ သူရဲေကာင္းျဖစ္ခဲ့တဲ့ ဂိုးသမား ေဒါမနစ္ လီဗာကိုဗစ္ခ်္က ေတာက္ပခဲ့သလို ဒီေန႔မွာလည္း ေမာ္႐ိုကိုရဲ႕ သူရဲေကာင္းသစ္ကို ျမင္ခဲ့ရပါတယ္။

ဆီဗီလာအသင္းမွာ ကစားေနခဲ့တဲ့ ဘိုႏိုလို႔ နာမည္ေျပာင္ တြင္ေနတဲ့ ဂိုးသမား ယာစင္း ဘူးႏူးအေနနဲ႔ ဒီေန႔ပြဲမွာ ပြဲခ်ိန္အတြင္းမွာေရာ ပင္နယ္တီမွာပါ တစ္ဂိုးမွ မေပးခဲ့ရတဲ့ စံခ်ိန္သစ္က လီဗာကိုဗစ္ခ်္ထက္ေတာင္ သာလြန္သြားခဲ့ၿပီး သူ႔အေနနဲ႔ ဂ်ပန္ရဲ႕ သူငယ္ႏွပ္စား ပင္နယ္တီေတြထက္ သာလြန္တဲ့ စပိန္ေတြရဲ႕ ပိုမိုေကာင္းမြန္တဲ့ ကန္ခ်က္ေတြကို ကာကြယ္သြားႏိုင္ခဲ့သလို ေမာ္႐ိုကိုတို႔ကို တစ္ခါမွ မေရာက္ဖူးေသးတဲ့ ကြာတားအဆင့္ဆီ ပို႔ေပးခဲ့တာပါ။

ပရိသတ္ေတြကေတာ့ စပိန္ေတြ ႀကိဳက္သေလာက္ကန္၊ သူဖမ္းျပလိမ့္မယ္လို႔ပါ ခ်ီးပခဲ့ၾကၿပီး ပထမဆုံး ကန္သြင္းတဲ့ ပါဘလို ဆာရားဘီးယားရဲ႕ တိုင္ထိထြက္ခဲ့မႈဟာလည္း ဂိုးေပါက္တည့္ခဲ့မယ္ဆိုရင္ မွန္ကန္တဲ့ဘက္ကို ဒိုက္ပစ္ႏိုင္ခဲ့တဲ့ ဘိုႏိုက ကာကြယ္ႏိုင္လိမ့္မယ္လို႔ ဆိုခဲ့ၾကသလို သူ႔အေနနဲ႔ အေတြ႕အႀကဳံရွိ ကြင္းလယ္လူ ကားလို႔စ္ ဆိုလာရဲ႕ ကန္ခ်က္နဲ႔ ဝါရင့္ဂြၽတ္စကီး ဆာဂ်ီယို ဘူးစ္ကြက္စ္တို႔ရဲ႕ ကန္ခ်က္ေတြကိုပါ ဖမ္းျပခဲ့တာျဖစ္ပါတယ္။

ဘိုႏိုရဲ႕ လက္စြမ္းျပခဲ့မႈအတြက္ ေမာ္႐ိုကိုအသင္းေဖာ္ေတြကေတာ့ သူတို႔ကို အႏိုင္ေသခ်ာေစခဲ့တဲ့ မက္ဒရစ္ၿမိဳ႕ႀကီးသား ေနာက္ခံလူ အက္ရွ္ရက္ဖ္ ဟာကီမီရဲ႕ ပါနင္ကာ ပင္နယ္တီကန္ခ်က္အၿပီးမွာ သူ႔ဆီကို ဝိုင္းဝန္းေပြ႕ဖက္ၿပီး ေလေပၚကို ပစ္ေျမႇာက္ခဲ့ၾကသလို သူတို႔ရဲ႕ နည္းျပ ဝါလစ္ဒ္ ရီဂရာဂြီနဲ႔အတူ တန္ဖိုးထားေၾကာင္း ျပသခဲ့ၾကတာပါ။

လူငယ္ကစားသမားဘဝကို ျဖတ္သန္းအၿပီး ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝကို လာလီဂါနဲ႔ ဆီဂန္ဒါအသင္းေတြမွာခ်ည္း ျဖတ္သန္းခဲ့တဲ့ ဘိုႏိုဟာ စပိန္ရဲ႕ ကစားသမားေတာ္ေတာ္မ်ားမ်ားအေၾကာင္းကို ေကာင္းေကာင္းနားလည္ထားသူျဖစ္ၿပီး ထူးခြၽန္တဲ့ ကာကြယ္မႈမ်ားစြာကိုလည္း ျပဳလုပ္ထားႏိုင္ခဲ့သလို အသင္းကို ဘယ္သူမွ ထင္မထားတဲ့ အဆင့္ဆီကိုလည္း ပို႔ေဆာင္ထားႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.