International World Cup

ရော်နယ်လ်ဒိုကို နည်းပြခေါက်ခဲ့တာ မှန်ကြောင်း ဟက်ထရစ်နဲ့ သက်သေပြတဲ့ ရာမို့စ်

ပြီးခဲ့တဲ့ ဆွစ်ဇာလန်အသင်းနဲ့ ကမ္ဘာ့ဖလား ရှုံးထွက် ၁၆ သင်းအဆင့် ပွဲစဉ်မှာ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို နည်းပြ ဖာနန်ဒို ဆန်းတို့စ်က ချန်လှပ်ထားခဲ့တာ မှန်ကန်ကြောင်းကို တိုက်စစ်က လုပ်အားနှုန်းကောင်းကောင်းနဲ့ ခြေစွမ်းပြခဲ့ကြမှုနဲ့အတူ သွင်းဂိုးတွေနဲ့ သက်သေ ပြခဲ့သူကတော့ လူငယ်တိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ် ဖြစ်ခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဘင်ဖီကာတိုက်စစ်မှူးဟာ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ဒါဝင် နူးညက်ဇ်နေရာကို အစားထိုးဝင်ရောက်ခဲ့ပြီး ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၁ ပွဲကစား ၁၄ ဂိုး သွင်းယူထားခဲ့သလို ပေါ်တူဂီအသင်းရဲ့ တိုက်စစ်မှာ ကျောနံပါတ် ၂၆ နဲ့အတူ ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားသွင်းဂိုးကို ရယူရာမှာတော့ အရှိန်လွန်ပြီး ဟက်ထရစ်သွင်းမိခဲ့တာပါ။

နိုင်ဂျီးရီးယားနဲ့ ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲမှာ လူစားဝင်အဖြစ် ၂၃ မိနစ် ကစားပြီး စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ ရာမို့စ်ဟာ အဲ့ဒီပွဲမှာ သွင်းဂိုးတစ်ဂိုးနဲ့ ဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ၂၀၂၂ ကာတာပြိုင်ပွဲမှာတော့ ဂါနာနဲ့ပွဲမှာ ၂ မိနစ်၊ ဥရုဂွေးနဲ့ပွဲမှာ ၈ မိနစ် လူစားဝင်ကစားခွင့် ရခဲ့သလို ဒီနေ့ ဆွစ်ဇာလန်နဲ့ ပွဲမှာတော့ ရော်နယ်လ်ဒိုနဲ့ လူစားမလဲခင် အချိန်အထိ ၇၄ မိနစ် ကစားခွင့် ရရှိထားခဲ့ပြီး ကမ္ဘာ့ဖလားမှာ ကစားတာတော့ မိနစ် ၉၀ တောင် မပြည့်သေးတာဖြစ်ပါတယ်။

သူ့ရဲ့ ပထမဆုံး ပွဲအစကနေ စကစားခွင့်ရခဲ့ပြီး ကာတာမှာ ဘယ်သူမှ မသွင်းနိုင်သေးတဲ့ ဟက်ထရစ်စံချိန်ကို ပါကင်ဖွင့်ခဲ့တဲ့ ရာမို့စ်အနေနဲ့ ၂၀၀၂ ခုနှစ်က ဂျာမန်တိုက်စစ်မှူး မီရိုဆလဗ် ကလိုဆားရဲ့ စံချိန်ကိုလည်း တူညီနိုင်ခဲ့ပြီး ၁၉၉၀ ကတည်းက ဘယ်သူမှ မလုပ်နိုင်သေးတဲ့ ချက်တိုက်စစ်မှူး တောမက်စ် ဆခူဟရာဗီရဲ့ ရှုံးထွက်အဆင့်မှာ ဟက်ထရစ်ရတဲ့ စံချိန်ကိုလည်း လိုက်မီနိုင်ခဲ့တာပါ။

ရာမို့စ်ရဲ့ ခြေစွမ်းပြမှုကတော့ ဒီပွဲမှာ နည်းပြ ဆန်တို့စ်က ခေါက်ထားခဲ့တဲ့ အသင်းကပ္ပတိန် ရော်နယ်လ်ဒိုရဲ့ အရေးပါမှုကို လျှော့ချနိုင်ခဲ့တာဖြစ်ပြီး ငါတကောကောချင်နေတဲ့ ၃၇ နှစ်သားကြီးအနေနဲ့ လိုတာထက်ပိုပြီး တင်းမာလို့ မရတော့သလို ဒီနေ့ပွဲမှာတော့ ပြိုင်ဘက် လီယွန်နယ် မက်ဆီရဲ့ ရှုံးထွက်ဂိုး ရသွားတဲ့ စံချိန်ကို မလိုက်နိုင်ခဲ့ဘဲ မျက်နှာပျက်ခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲအပြီးမှာ ပေါ်တူဂီအသင်းသားတွေအနေနဲ့ ရာမို့စ်ရဲ့ ဟက်ထရစ်ရရှိခဲ့မှုနဲ့အတူ ပရိသတ်တွေရှေ့မှာ အောင်ပွဲခံနေကြချိန်မှာ အသင်းကပ္ပတိန် ရော်နယ်လ်ဒိုကတော့ အဝတ်လဲခန်းထဲကို တိုက်ရိုက်ဝင်သွားခဲ့တာကိုလည်း ထူးဆန်းအံ့ဩစရာအဖြစ် တွေ့မြင်ခဲ့ကြရပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ မေးခွန်းထုတ်စရာလည်းဖြစ်လာခဲ့တာပါ။

ပရိသတ်တွေကတော့ ဘယ်သူက ရော်နယ်လ်ဒိုကို လိုသေးသလဲလို့ မေးခွန်းထုတ်ခဲ့ကြပြီး ရော်နယ်လ်ဒိုဟာ အသင်းကို လွတ်လွတ်လပ်လပ် မကစားနိုင်အောင် နောက်ကနေ တုံ့ဆွဲထားတဲ့သူသာဖြစ်ပြီး လူငယ်တွေနဲ့ ပေါ်တူဂီတို့ ဘယ်လိုမျိုး စုစည်းပြီး ကစားနိုင်ခဲ့သလဲဆိုတာကို ကြည့်ကြလို့ ထောက်ပြခံခဲ့ရသလို ဒါဟာ တိုက်ဆိုင်မှု မဟုတ်ဘူးလို့ နိုင်ဂျီးရီးယားနဲ့ပွဲကလိုမျိုး ပြန်ခြေစွမ်းပြနိုင်မှုကို မီးမောင်းထိုးပြခဲ့ကြတာဖြစ်ပါတယ်။

ရာမို့စ်အနေနဲ့ သူ့ရဲ့ အသင်းခေါင်းဆောင်က အမြင်ကတ်တာ ခံရမလားဆိုတာတော့ မပြောတတ်ပေမယ့် ပေါ်တူဂီပရိသတ်တွေနဲ့ ဘရူနို ဖာနန်ဒက်စ် ဦးဆောင်တဲ့ ကျန်အသင်းသားတွေကြားမှာတော့ သူရဲကောင်းဖြစ်ခဲ့ပြီး ဒီနေ့ပွဲမှာ ဘယ်နောက်ခံလူ ရာဖေးလ် ဂွါရဲရိုး ဂိုးသွင်းနိုင်ဖို့လည်း တိကျတဲ့ ပေးပို့မှုကို ပြုလုပ်ခဲ့သလို သုံးဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။

အသက် ၂၁ နှစ်သာ ရှိသေးပြီး ပေါ်တူဂီအသင်းရဲ့ တတိယ အသက်အငယ်ဆုံး ကစားသမားဖြစ်တဲ့ ဂွန်ဆာလို ရာမို့စ်ဟာ ကမ္ဘာ့ဖလားရဲ့ လူငယ် အကောင်းဆုံးဆုကို ရယူနိုင်ခွင့် ရှိတဲ့ တစ်ဦးတည်းသောသူလို့ သတ်မှတ်ရမှာလည်းဖြစ်ပြီး သူ့ထက် ပိုငယ်တဲ့ နူနို မန်ဒက်စ်နဲ့ အန်တိုနီယို ဆေးလ်ဗားတို့က ခြေစွမ်းမပြနိုင်တဲ့ ခံစစ်ကစားသမားတွေ ဖြစ်နေချိန်မှာ ဒီဆုကိုပါ သိမ်းပိုက်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ဆြစ္ဇာလန္အသင္းနဲ႔ ကမာၻ႔ဖလား ရႈံးထြက္ ၁၆ သင္းအဆင့္ ပြဲစဥ္မွာ အသင္းေခါင္းေဆာင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို နည္းျပ ဖာနန္ဒို ဆန္းတို႔စ္က ခ်န္လွပ္ထားခဲ့တာ မွန္ကန္ေၾကာင္းကို တိုက္စစ္က လုပ္အားႏႈန္းေကာင္းေကာင္းနဲ႔ ေျခစြမ္းျပခဲ့ၾကမႈနဲ႔အတူ သြင္းဂိုးေတြနဲ႔ သက္ေသ ျပခဲ့သူကေတာ့ လူငယ္တိုက္စစ္မႉး ဂြန္ဆာလို ရာမို႔စ္ ျဖစ္ခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ဘင္ဖီကာတိုက္စစ္မႉးဟာ လီဗာပူးလ္အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ဒါဝင္ ႏူးညက္ဇ္ေနရာကို အစားထိုးဝင္ေရာက္ခဲ့ၿပီး ဒီရာသီမွာ ၿပိဳင္ပြဲစုံ ၂၁ ပြဲကစား ၁၄ ဂိုး သြင္းယူထားခဲ့သလို ေပၚတူဂီအသင္းရဲ႕ တိုက္စစ္မွာ ေက်ာနံပါတ္ ၂၆ နဲ႔အတူ ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္ၿပီး သူ႔ရဲ႕ ပထမဆုံး ကမာၻ႔ဖလားသြင္းဂိုးကို ရယူရာမွာေတာ့ အရွိန္လြန္ၿပီး ဟက္ထရစ္သြင္းမိခဲ့တာပါ။

ႏိုင္ဂ်ီးရီးယားနဲ႔ ကမာၻ႔ဖလားအႀကိဳ ေျခစမ္းပြဲမွာ လူစားဝင္အျဖစ္ ၂၃ မိနစ္ ကစားၿပီး စတင္ပြဲထြက္ခြင့္ရခဲ့တဲ့ ရာမို႔စ္ဟာ အဲ့ဒီပြဲမွာ သြင္းဂိုးတစ္ဂိုးနဲ႔ ဖန္တီးမႈတစ္ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ၿပီး ၂၀၂၂ ကာတာၿပိဳင္ပြဲမွာေတာ့ ဂါနာနဲ႔ပြဲမွာ ၂ မိနစ္၊ ဥ႐ုေဂြးနဲ႔ပြဲမွာ ၈ မိနစ္ လူစားဝင္ကစားခြင့္ ရခဲ့သလို ဒီေန႔ ဆြစ္ဇာလန္နဲ႔ ပြဲမွာေတာ့ ေရာ္နယ္လ္ဒိုနဲ႔ လူစားမလဲခင္ အခ်ိန္အထိ ၇၄ မိနစ္ ကစားခြင့္ ရရွိထားခဲ့ၿပီး ကမာၻ႔ဖလားမွာ ကစားတာေတာ့ မိနစ္ ၉၀ ေတာင္ မျပည့္ေသးတာျဖစ္ပါတယ္။

သူ႔ရဲ႕ ပထမဆုံး ပြဲအစကေန စကစားခြင့္ရခဲ့ၿပီး ကာတာမွာ ဘယ္သူမွ မသြင္းႏိုင္ေသးတဲ့ ဟက္ထရစ္စံခ်ိန္ကို ပါကင္ဖြင့္ခဲ့တဲ့ ရာမို႔စ္အေနနဲ႔ ၂၀၀၂ ခုႏွစ္က ဂ်ာမန္တိုက္စစ္မႉး မီ႐ိုဆလဗ္ ကလိုဆားရဲ႕ စံခ်ိန္ကိုလည္း တူညီႏိုင္ခဲ့ၿပီး ၁၉၉၀ ကတည္းက ဘယ္သူမွ မလုပ္ႏိုင္ေသးတဲ့ ခ်က္တိုက္စစ္မႉး ေတာမက္စ္ ဆခူဟရာဗီရဲ႕ ရႈံးထြက္အဆင့္မွာ ဟက္ထရစ္ရတဲ့ စံခ်ိန္ကိုလည္း လိုက္မီႏိုင္ခဲ့တာပါ။

ရာမို႔စ္ရဲ႕ ေျခစြမ္းျပမႈကေတာ့ ဒီပြဲမွာ နည္းျပ ဆန္တို႔စ္က ေခါက္ထားခဲ့တဲ့ အသင္းကပၸတိန္ ေရာ္နယ္လ္ဒိုရဲ႕ အေရးပါမႈကို ေလွ်ာ့ခ်ႏိုင္ခဲ့တာျဖစ္ၿပီး ငါတေကာေကာခ်င္ေနတဲ့ ၃၇ ႏွစ္သားႀကီးအေနနဲ႔ လိုတာထက္ပိုၿပီး တင္းမာလို႔ မရေတာ့သလို ဒီေန႔ပြဲမွာေတာ့ ၿပိဳင္ဘက္ လီယြန္နယ္ မက္ဆီရဲ႕ ရႈံးထြက္ဂိုး ရသြားတဲ့ စံခ်ိန္ကို မလိုက္ႏိုင္ခဲ့ဘဲ မ်က္ႏွာပ်က္ခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲအၿပီးမွာ ေပၚတူဂီအသင္းသားေတြအေနနဲ႔ ရာမို႔စ္ရဲ႕ ဟက္ထရစ္ရရွိခဲ့မႈနဲ႔အတူ ပရိသတ္ေတြေရွ႕မွာ ေအာင္ပြဲခံေနၾကခ်ိန္မွာ အသင္းကပၸတိန္ ေရာ္နယ္လ္ဒိုကေတာ့ အဝတ္လဲခန္းထဲကို တိုက္႐ိုက္ဝင္သြားခဲ့တာကိုလည္း ထူးဆန္းအံ့ဩစရာအျဖစ္ ေတြ႕ျမင္ခဲ့ၾကရၿပီး ဆိုရွယ္မီဒီယာေတြေပၚမွာေတာ့ ေမးခြန္းထုတ္စရာလည္းျဖစ္လာခဲ့တာပါ။

ပရိသတ္ေတြကေတာ့ ဘယ္သူက ေရာ္နယ္လ္ဒိုကို လိုေသးသလဲလို႔ ေမးခြန္းထုတ္ခဲ့ၾကၿပီး ေရာ္နယ္လ္ဒိုဟာ အသင္းကို လြတ္လြတ္လပ္လပ္ မကစားႏိုင္ေအာင္ ေနာက္ကေန တုံ႔ဆြဲထားတဲ့သူသာျဖစ္ၿပီး လူငယ္ေတြနဲ႔ ေပၚတူဂီတို႔ ဘယ္လိုမ်ိဳး စုစည္းၿပီး ကစားႏိုင္ခဲ့သလဲဆိုတာကို ၾကည့္ၾကလို႔ ေထာက္ျပခံခဲ့ရသလို ဒါဟာ တိုက္ဆိုင္မႈ မဟုတ္ဘူးလို႔ ႏိုင္ဂ်ီးရီးယားနဲ႔ပြဲကလိုမ်ိဳး ျပန္ေျခစြမ္းျပႏိုင္မႈကို မီးေမာင္းထိုးျပခဲ့ၾကတာျဖစ္ပါတယ္။

ရာမို႔စ္အေနနဲ႔ သူ႔ရဲ႕ အသင္းေခါင္းေဆာင္က အျမင္ကတ္တာ ခံရမလားဆိုတာေတာ့ မေျပာတတ္ေပမယ့္ ေပၚတူဂီပရိသတ္ေတြနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္ ဦးေဆာင္တဲ့ က်န္အသင္းသားေတြၾကားမွာေတာ့ သူရဲေကာင္းျဖစ္ခဲ့ၿပီး ဒီေန႔ပြဲမွာ ဘယ္ေနာက္ခံလူ ရာေဖးလ္ ဂြါရဲ႐ိုး ဂိုးသြင္းႏိုင္ဖို႔လည္း တိက်တဲ့ ေပးပို႔မႈကို ျပဳလုပ္ခဲ့သလို သုံးဂိုးသြင္း၊ တစ္ဂိုးဖန္တီးေပးႏိုင္ခဲ့တာပါ။

အသက္ ၂၁ ႏွစ္သာ ရွိေသးၿပီး ေပၚတူဂီအသင္းရဲ႕ တတိယ အသက္အငယ္ဆုံး ကစားသမားျဖစ္တဲ့ ဂြန္ဆာလို ရာမို႔စ္ဟာ ကမာၻ႔ဖလားရဲ႕ လူငယ္ အေကာင္းဆုံးဆုကို ရယူႏိုင္ခြင့္ ရွိတဲ့ တစ္ဦးတည္းေသာသူလို႔ သတ္မွတ္ရမွာလည္းျဖစ္ၿပီး သူ႔ထက္ ပိုငယ္တဲ့ ႏူႏို မန္ဒက္စ္နဲ႔ အန္တိုနီယို ေဆးလ္ဗားတို႔က ေျခစြမ္းမျပႏိုင္တဲ့ ခံစစ္ကစားသမားေတြ ျဖစ္ေနခ်ိန္မွာ ဒီဆုကိုပါ သိမ္းပိုက္ႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.