International Match Report World Cup

ရော်နယ်လ်ဒို မပါမှ ပိုစည်းလုံးပြီး ဆွစ်ဇာလန်ကို အပြတ်အသတ် ဆုံးမနိုင်ခဲ့တဲ့ ပေါ်တူဂီ

ပေါ်တူဂီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒီယိုဂို ကော်စတာ၊ ခံစစ်မှာ ပီပီ၊ ရူဘင် ဒီယက်စ်၊ ဒါလော့နဲ့ ဂွါရဲရိုးတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာ ဘာနာဒို ဆေးလ်ဗား၊ ဝီလီယမ် ကာဗာလ်ယိုနဲ့ အော့တာဗျိုတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘရူနို ဖာနန်ဒက်စ်၊ ဂျာအို ဖဲလစ္စနဲ့ ဂွန်ဆာလို ရာမို့စ်တို့ကို ပွဲထုတ်လာခဲ့ချိန်မှာ ရော်နယ်လ်ဒိုကိုတော့ အရန်ခုံမှာပဲ ထားခဲ့တာဖြစ်ပါတယ်။

ဆွစ်ဇာလန်အသင်းကတော့ နေပြန်ကောင်းလာတဲ့ ဂိုးသမား ဆွမ်းမား၊ ခံစစ်မှာ အာကန်ဂျီ၊ ဖာဘီယန် ရှားနဲ့ ရီကာဒို ရိုဒရီးရက်ဇ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဖရွိုင်လာ၊ ဂျီဘရီလ် ဆိုး၊ ချာကာ၊ ဗားဂက်စ်နဲ့ အက်ဒီမီလ်ဆန်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ရှာကျီရီနဲ့ အမ်ဘိုလိုတို့ကို တင်ကစားလာခဲ့တာပါ။

နည်းပြ မူးရတ် ယာကင်ရဲ့ လူထုတ်ပုံက အလုပ်မဖြစ်သလို ညာနောက်ခံလူ ဆီလ်ဗန် ဗစ်ဒ်မာ ဖျားနေချိန်မှာ အက်ဒီမီလ်ဆန်ကလည်း အစားထိုး မကစားနိုင်ခဲ့ဘဲဖြစ်နေခဲ့ပြီး ခံစစ်က အကျအပျောက် အပြောက်အကြား များလွန်းခဲ့တာကြောင့် ရော်နယ်လ်ဒို မပါလို့ Team Work မိပြီး သွက်လက်နေတဲ့ ပေါ်တူဂီတို့ စိတ်ကြိုက်ကစားနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာ ပေါ်တူဂီတို့ အဖွင့်ဂိုးကို စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ရတဲ့ လက်ပစ်ဘောကနေ ဂျာအို ဖဲလစ္စက ဧရိယာထဲကို ချပေးရာမှာ တိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ်က သူ့ကို ပိတ်ထားတဲ့ ဆွစ်ဇာလန်နောက်ခံလူ ရှားကို ကျော်ဖြတ်မနေတော့ဘဲ ထောင့်ကျဉ်းထဲကို ဘယ်ခြေနဲ့ အလစ်အငိုက် ကန်သွင်းခဲ့ရာမှာ ကောင်းလှပါတယ်ဆိုတဲ့ ဂိုးသမား ဆွမ်းမား မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးလိုက်ရတာပါ။

ဆွစ်ဇာလန်တို့ရဲ့ ပုံမကျ ပန်းမကျ ခံစစ်ကတော့ ပေါ်တူဂီတိုက်စစ်နဲ့ ကွင်းလယ်က လုပ်ချင်သလို လုပ်နိုင်တဲ့ အနေအထားအထိ ယိုယွင်းနေပြီး ချာကာတို့အုပ်စု ဘောလုံးကိုင်ပြီး ထိန်းဖို့ ကြိုးစားခဲ့ပေမယ့် သွက်လက်တဲ့ ဘရူနို ဖာနန်ဒက်စ် ဦးဆောင်တဲ့ ကွင်းလယ်ကို မယှဉ်နိုင်ခဲ့သလို နောက်တန်းက ရှားနဲ့ ရိုဒရီးရက်ဇ်တို့ကတော့ ဒီနေ့ပွဲရဲ့ အညံ့ဆုံး ကစားသမားတွေလည်း ဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာတော့ ပေါ်တူဂီတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ နောက်ခံလူ ရှားကြောင့် ပေးရတဲ့ ညာခြမ်းက ထောင့်ကန်ဘောကို ဘရူနို ဖာနန်ဒက်စ် ကန်တင်ပေးရာမှာ ဆွစ်ဇာလန်နောက်ခံလူနှစ်ယောက်ကြားကနေ အမြင့်ဆုံး ခုန်နိုင်ခဲ့တဲ့ ဝါရင့် ခံစစ်မှူး ပီပီက အနီးကပ် ခေါင်းတိုက်သွင်းပြီး အသက် ၃၉ နှစ်နဲ့ ၂၈၃ ရက်အရွယ်မှာ ကမ္ဘာ့ဖလားရဲ့ အသက်အကြီးဆုံး ဂိုးသွင်းရှင်ဘွဲ့ကိုပါ ရရှိသွားခဲ့တာပါ။

ပွဲချိန် ၃၈ မိနစ်မှာ ဆွစ်ဇာလန်ဘက်က ဖရွိုင်လာရဲ့ ခေါင်းတိုက်ဂိုးသွင်းဖို့ ကြိုးစားမှုကို ဂိုးသမား ကော့စတာ ပုတ်ထုတ်ခဲ့သလို ဒါလော့က ဂိုးစည်းရှေ့ကနေ ရှင်းထုတ်သွားနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဂွန်ဆာလို ရာမို့စ်ရဲ့ တစ်ဦးချင်း ကန်သွင်းမှုကိုတော့ ဆွမ်းမား ကာကွယ်သွားနိုင်ခဲ့လို့ ပထမပိုင်းမှာ ပေါ်တူဂီတို့ပဲ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်သွားနိုင်ခဲ့ကြပါတယ်။

ဒုတိယပိုင်းအစမှာတော့ ဆွစ်ဇာလန်တို့ဘက်က ခြေစွမ်းဆိုးရွားလွန်းနေတဲ့ ရှားအစား အီရိုင်း ကြွမ်မိုင်ကို ထည့်သွင်းသွားခဲ့ပြီး ပေါ်တူဂီတို့ကပဲ ပွဲကို ထိန်းချုပ်ကစားနေခဲ့သလို ဘောလုံးအပျက်များလွန်းတဲ့ ကွင်းလယ်နဲ့ ရှေ့ရောက်တာနဲ့ အလုပ်မဖြစ်တဲ့ ဆွစ်တွေအနေနဲ့ ပွဲကို တုံ့ပြန်နိုင်ဖို့ကတော့ ဆားဘီးယားနဲ့ပွဲကလိုမျိုး ဖြစ်မလာနိုင်ခဲ့ကြတာပါ။

ပွဲချိန် ၅၁ မိနစ်မှာတော့ ပေါ်တူဂီတို့ပဲ တတိယ ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖြတ်တင်ဘောကို ရှင်းထုတ်ခံရာကနေ ပြန်ကျလာတဲ့ ဘောလုံးကို ဒါလော့က သူ့ကို ပိတ်ထားတဲ့ ဗားဂက်စ်ကို ဖြတ်ကျော်ပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ ကြားထဲက ဝင်ဖျက်ဖို့ ငုတ်တုတ်မေ့နေတဲ့ ရိုဒရီးရက်ဇ်ကြောင့် နောက်ကနေ ပြေးဝင်လာတဲ့ ဂွန်ဆာလို ရာမို့စ်က အနီးကပ် ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာ ဖိကစားနေတဲ့ ပေါ်တူဂီတို့အတွက် အနိုင်ပြတ်သားစေမယ့် စတုတ္ထဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဖောက်ထွက်နိုင်ခဲ့တဲ့ ဂျာအို ဖဲလစ္စက ရှေ့ကို ထိုးပေးတာကို ဂွန်ဆာလို ရာမို့စ်က ကွက်လပ်ဖြစ်နေတဲ့ ဘယ်ခြမ်းကို ခင်းပေးခဲ့ရာမှာတော့ နောက်ကနေ ပြေးဝင်လာခဲ့တဲ့ ဘယ်နောက်ခံလူ ဂွါရဲရိုးက ဂိုးသမား ဆွမ်းမားရဲ့ အပေါ်ကနေ အပြင်းကန်သွင်းရယူသွားခဲ့တာပါ။

ပေါ်တူဂီတို့အနေနဲ့ တိုက်စစ်နဲ့ တွဲလုံးတွေမှာ ဒီလောက်ချောမွေ့ပြီး နားလည်မှုရှိရှိနဲ့ ကောင်းမွန်နေခဲ့တာက ရော်နယ်လ်ဒို မပါတာနဲ့ တိုက်ဆိုင်တာလား၊ အသင်းခေါင်းဆောင်ကို မဖြစ်မနေ ဝန်းရံပြီး ဖန်တီးပေးဖို့ ကစားနေရလို့ တစ်ယောက်စာ ပိုရုန်းနေကြပြီး ကစားပုံ မကောင်းတာလား ဆိုတာက ဒီနေ့မှာ မေးခွန်းထုတ်စရာလည်းဖြစ်ခဲ့ပြီး နည်းပြ ဖာနန်ဒို ဆန်းတို့စ်ရဲ့ ဒီနေ့ လူထုတ်ပုံကတော့ မှန်ကန်ခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ ဆွစ်ဇာလန်တို့အတွက် သိက္ခာဆည် ချေပဂိုးတစ်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကနေ ရှာကျီရီ ကန်တင်ပေးရာမှာ ပီပီတို့ အုပ်စု ခေါင်းတိုက်ဖျက်ထုတ်ဖို့ ကြိုးစားခဲ့ကြပေမယ့် ရှပ်ထိပြီး အဝေးတိုင်ဘက်ကို ရောက်သွားခဲ့တဲ့ ဘောလုံးကို နောက်ခံလူ အာကန်ဂျီက ပိတ်သွင်းသွားနိုင်ခဲ့လို့ လေးဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ပွဲချိန် ၆၇ မိနစ်မှာတော့ ပေါ်တူဂီတို့အတွက် ပဉ္စမမြောက်သွင်းဂိုးကို ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘာနာဒို ဆေးလ်ဗား ရယူလာပြီး ခင်းပေးခဲ့တဲ့ ဘောလုံးကို ဂျာအို ဖဲလစ္စက ဧရိယာထိပ်ကနေ အတွင်းကို လှမ်းခင်းပေးခဲ့ရာမှာတော့ ဂွန်ဆာလို ရာမို့စ်က ဂိုးသမား ဆွမ်းမားကို အသာအယာ ကျော်သွင်းပြီး ၂၀၂၂ ကမ္ဘာ့ဖလားရဲ့ ပထမဆုံး ဟက်ထရစ်ကို ပိုင်ဆိုင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ ဂျာအို ဖဲလစ္စ၊ ဂွန်ဆာလို ရာမို့စ်နဲ့ အော့တာဗျိုတို့အစား ရော်နယ်လ်ဒို၊ ဟော်တာနဲ့ ဗီတင်ညာတို့ကို ပေါ်တူဂီတို့ လဲကစားခဲ့ကြပြီး ဆွစ်ဇာလန်တို့ကတော့ ဖရွိုင်လာ၊ ဂျီဘရီလ် ဆိုးနဲ့ ဗားဂက်စ်တို့အစား ဇာကာရီးယား၊ ဆာဖာရိုဗစ်ချ်နဲ့ အိုကာဖော်တို့ကို လဲခဲ့ပေမယ့် ဘာမှ ထူးခြားလာအောင်တော့ စွမ်းဆောင်နိုင်ခြင်း မရှိခဲ့တာပါ။

ရော်နယ်လ်ဒို ဝင်လာချိန်မှာတော့ သူ့အတွက်ပဲ သူကစားနေပြီး ရှုံးထွက်အဆင့်မှာ ဂိုးမသွင်းဖူးတဲ့ စံချိန်ကို ချိုးဖျက်ချင်နေတာ ဦးစားပေးဖြစ်နေခဲ့လို့ ပေါ်တူဂီတိုက်စစ်က ပုံပျက်သွားခဲ့တာကြောင့် တိုက်စစ်အင်အားကို ထပ်ဖြည့်ဖို့အတွက် ဘာနာဒို ဆေးလ်ဗားအစား ရူဘင် နာဗက်စ်နဲ့ ဘရူနို ဖာနန်ဒက်စ်အစား ရာဖေးလ် လီယာအိုကို လဲကစားသွားခဲ့ပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ပေါ်တူဂီတို့ပဲ ဂိုးဒါဇင်ဝက် ပြည့်မြောက်သွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ နောက်ခံလူ ဂွါရဲရိုး ပေးလိုက်တဲ့ ဘောလုံးကို လီယာအိုက တောင်ပံကနေ အတွင်းကို ချိုးဝင်လာပြီး အဝေးတိုင်ဘက်ကို ကန်သွင်းယူခဲ့ရာမှာ ဂိုးသမားရော ခံစစ်တွေပါ မတားဆီးနိုင်ခဲ့ဘဲ လှလှပပ ဝင်သွားခဲ့လို့ ဆွစ်ဇာလန်တို့ မျက်နှာပျက်ခဲ့ကြရတာပါ။

ပွဲချိန်အပြည့်မှာတော့ ပေါ်တူဂီတို့က ဆွစ်ဇာလန်တို့ကို ခြောက်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့လို့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီး စပိန်ကို အနိုင်ရခဲ့တဲ့ မော်ရိုကိုတို့နဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကစားရဖို့ ဖြစ်လာခဲ့သလို ဆွစ်ဇာလန်တို့ကတော့ တိုက်စစ်ပိုင်း အားနည်းချက်တွေနဲ့အတူ ရှုံးထွက် ၁၆ သင်းအဆင့်မှာပဲ ရပ်တန့်ခဲ့ရပြီး အိမ်ပြန်ခဲ့ရပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပၚတူဂီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒီယိုဂို ေကာ္စတာ၊ ခံစစ္မွာ ပီပီ၊ ႐ူဘင္ ဒီယက္စ္၊ ဒါေလာ့နဲ႔ ဂြါရဲ႐ိုးတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာ ဘာနာဒို ေဆးလ္ဗား၊ ဝီလီယမ္ ကာဗာလ္ယိုနဲ႔ ေအာ့တာဗ်ိဳတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္၊ ဂ်ာအို ဖဲလစၥနဲ႔ ဂြန္ဆာလို ရာမို႔စ္တို႔ကို ပြဲထုတ္လာခဲ့ခ်ိန္မွာ ေရာ္နယ္လ္ဒိုကိုေတာ့ အရန္ခုံမွာပဲ ထားခဲ့တာျဖစ္ပါတယ္။

ဆြစ္ဇာလန္အသင္းကေတာ့ ေနျပန္ေကာင္းလာတဲ့ ဂိုးသမား ဆြမ္းမား၊ ခံစစ္မွာ အာကန္ဂ်ီ၊ ဖာဘီယန္ ရွားနဲ႔ ရီကာဒို ႐ိုဒရီးရက္ဇ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖ႐ြိဳင္လာ၊ ဂ်ီဘရီလ္ ဆိုး၊ ခ်ာကာ၊ ဗားဂက္စ္နဲ႔ အက္ဒီမီလ္ဆန္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ရွာက်ီရီနဲ႔ အမ္ဘိုလိုတို႔ကို တင္ကစားလာခဲ့တာပါ။

နည္းျပ မူးရတ္ ယာကင္ရဲ႕ လူထုတ္ပုံက အလုပ္မျဖစ္သလို ညာေနာက္ခံလူ ဆီလ္ဗန္ ဗစ္ဒ္မာ ဖ်ားေနခ်ိန္မွာ အက္ဒီမီလ္ဆန္ကလည္း အစားထိုး မကစားႏိုင္ခဲ့ဘဲျဖစ္ေနခဲ့ၿပီး ခံစစ္က အက်အေပ်ာက္ အေျပာက္အၾကား မ်ားလြန္းခဲ့တာေၾကာင့္ ေရာ္နယ္လ္ဒို မပါလို႔ Team Work မိၿပီး သြက္လက္ေနတဲ့ ေပၚတူဂီတို႔ စိတ္ႀကိဳက္ကစားႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာ ေပၚတူဂီတို႔ အဖြင့္ဂိုးကို စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ရတဲ့ လက္ပစ္ေဘာကေန ဂ်ာအို ဖဲလစၥက ဧရိယာထဲကို ခ်ေပးရာမွာ တိုက္စစ္မႉး ဂြန္ဆာလို ရာမို႔စ္က သူ႔ကို ပိတ္ထားတဲ့ ဆြစ္ဇာလန္ေနာက္ခံလူ ရွားကို ေက်ာ္ျဖတ္မေနေတာ့ဘဲ ေထာင့္က်ဥ္းထဲကို ဘယ္ေျခနဲ႔ အလစ္အငိုက္ ကန္သြင္းခဲ့ရာမွာ ေကာင္းလွပါတယ္ဆိုတဲ့ ဂိုးသမား ဆြမ္းမား မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးလိုက္ရတာပါ။

ဆြစ္ဇာလန္တို႔ရဲ႕ ပုံမက် ပန္းမက် ခံစစ္ကေတာ့ ေပၚတူဂီတိုက္စစ္နဲ႔ ကြင္းလယ္က လုပ္ခ်င္သလို လုပ္ႏိုင္တဲ့ အေနအထားအထိ ယိုယြင္းေနၿပီး ခ်ာကာတို႔အုပ္စု ေဘာလုံးကိုင္ၿပီး ထိန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ သြက္လက္တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ ဦးေဆာင္တဲ့ ကြင္းလယ္ကို မယွဥ္ႏိုင္ခဲ့သလို ေနာက္တန္းက ရွားနဲ႔ ႐ိုဒရီးရက္ဇ္တို႔ကေတာ့ ဒီေန႔ပြဲရဲ႕ အညံ့ဆုံး ကစားသမားေတြလည္း ျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ေပၚတူဂီတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေနာက္ခံလူ ရွားေၾကာင့္ ေပးရတဲ့ ညာျခမ္းက ေထာင့္ကန္ေဘာကို ဘ႐ူႏို ဖာနန္ဒက္စ္ ကန္တင္ေပးရာမွာ ဆြစ္ဇာလန္ေနာက္ခံလူႏွစ္ေယာက္ၾကားကေန အျမင့္ဆုံး ခုန္ႏိုင္ခဲ့တဲ့ ဝါရင့္ ခံစစ္မႉး ပီပီက အနီးကပ္ ေခါင္းတိုက္သြင္းၿပီး အသက္ ၃၉ ႏွစ္နဲ႔ ၂၈၃ ရက္အ႐ြယ္မွာ ကမာၻ႔ဖလားရဲ႕ အသက္အႀကီးဆုံး ဂိုးသြင္းရွင္ဘြဲ႕ကိုပါ ရရွိသြားခဲ့တာပါ။

ပြဲခ်ိန္ ၃၈ မိနစ္မွာ ဆြစ္ဇာလန္ဘက္က ဖ႐ြိဳင္လာရဲ႕ ေခါင္းတိုက္ဂိုးသြင္းဖို႔ ႀကိဳးစားမႈကို ဂိုးသမား ေကာ့စတာ ပုတ္ထုတ္ခဲ့သလို ဒါေလာ့က ဂိုးစည္းေရွ႕ကေန ရွင္းထုတ္သြားႏိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ဂြန္ဆာလို ရာမို႔စ္ရဲ႕ တစ္ဦးခ်င္း ကန္သြင္းမႈကိုေတာ့ ဆြမ္းမား ကာကြယ္သြားႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ေပၚတူဂီတို႔ပဲ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္သြားႏိုင္ခဲ့ၾကပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ ဆြစ္ဇာလန္တို႔ဘက္က ေျခစြမ္းဆိုး႐ြားလြန္းေနတဲ့ ရွားအစား အီ႐ိုင္း ႂကြမ္မိုင္ကို ထည့္သြင္းသြားခဲ့ၿပီး ေပၚတူဂီတို႔ကပဲ ပြဲကို ထိန္းခ်ဳပ္ကစားေနခဲ့သလို ေဘာလုံးအပ်က္မ်ားလြန္းတဲ့ ကြင္းလယ္နဲ႔ ေရွ႕ေရာက္တာနဲ႔ အလုပ္မျဖစ္တဲ့ ဆြစ္ေတြအေနနဲ႔ ပြဲကို တုံ႔ျပန္ႏိုင္ဖို႔ကေတာ့ ဆားဘီးယားနဲ႔ပြဲကလိုမ်ိဳး ျဖစ္မလာႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ေပၚတူဂီတို႔ပဲ တတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ျဖတ္တင္ေဘာကို ရွင္းထုတ္ခံရာကေန ျပန္က်လာတဲ့ ေဘာလုံးကို ဒါေလာ့က သူ႔ကို ပိတ္ထားတဲ့ ဗားဂက္စ္ကို ျဖတ္ေက်ာ္ၿပီး ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ၾကားထဲက ဝင္ဖ်က္ဖို႔ ငုတ္တုတ္ေမ့ေနတဲ့ ႐ိုဒရီးရက္ဇ္ေၾကာင့္ ေနာက္ကေန ေျပးဝင္လာတဲ့ ဂြန္ဆာလို ရာမို႔စ္က အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာ ဖိကစားေနတဲ့ ေပၚတူဂီတို႔အတြက္ အႏိုင္ျပတ္သားေစမယ့္ စတုတၳဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေဖာက္ထြက္ႏိုင္ခဲ့တဲ့ ဂ်ာအို ဖဲလစၥက ေရွ႕ကို ထိုးေပးတာကို ဂြန္ဆာလို ရာမို႔စ္က ကြက္လပ္ျဖစ္ေနတဲ့ ဘယ္ျခမ္းကို ခင္းေပးခဲ့ရာမွာေတာ့ ေနာက္ကေန ေျပးဝင္လာခဲ့တဲ့ ဘယ္ေနာက္ခံလူ ဂြါရဲ႐ိုးက ဂိုးသမား ဆြမ္းမားရဲ႕ အေပၚကေန အျပင္းကန္သြင္းရယူသြားခဲ့တာပါ။

ေပၚတူဂီတို႔အေနနဲ႔ တိုက္စစ္နဲ႔ တြဲလုံးေတြမွာ ဒီေလာက္ေခ်ာေမြ႕ၿပီး နားလည္မႈရွိရွိနဲ႔ ေကာင္းမြန္ေနခဲ့တာက ေရာ္နယ္လ္ဒို မပါတာနဲ႔ တိုက္ဆိုင္တာလား၊ အသင္းေခါင္းေဆာင္ကို မျဖစ္မေန ဝန္းရံၿပီး ဖန္တီးေပးဖို႔ ကစားေနရလို႔ တစ္ေယာက္စာ ပို႐ုန္းေနၾကၿပီး ကစားပုံ မေကာင္းတာလား ဆိုတာက ဒီေန႔မွာ ေမးခြန္းထုတ္စရာလည္းျဖစ္ခဲ့ၿပီး နည္းျပ ဖာနန္ဒို ဆန္းတို႔စ္ရဲ႕ ဒီေန႔ လူထုတ္ပုံကေတာ့ မွန္ကန္ခဲ့တယ္လို႔ပဲ ဆိုရမွာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ ဆြစ္ဇာလန္တို႔အတြက္ သိကၡာဆည္ ေခ်ပဂိုးတစ္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကေန ရွာက်ီရီ ကန္တင္ေပးရာမွာ ပီပီတို႔ အုပ္စု ေခါင္းတိုက္ဖ်က္ထုတ္ဖို႔ ႀကိဳးစားခဲ့ၾကေပမယ့္ ရွပ္ထိၿပီး အေဝးတိုင္ဘက္ကို ေရာက္သြားခဲ့တဲ့ ေဘာလုံးကို ေနာက္ခံလူ အာကန္ဂ်ီက ပိတ္သြင္းသြားႏိုင္ခဲ့လို႔ ေလးဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ေပၚတူဂီတို႔အတြက္ ပၪၥမေျမာက္သြင္းဂိုးကို ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဘာနာဒို ေဆးလ္ဗား ရယူလာၿပီး ခင္းေပးခဲ့တဲ့ ေဘာလုံးကို ဂ်ာအို ဖဲလစၥက ဧရိယာထိပ္ကေန အတြင္းကို လွမ္းခင္းေပးခဲ့ရာမွာေတာ့ ဂြန္ဆာလို ရာမို႔စ္က ဂိုးသမား ဆြမ္းမားကို အသာအယာ ေက်ာ္သြင္းၿပီး ၂၀၂၂ ကမာၻ႔ဖလားရဲ႕ ပထမဆုံး ဟက္ထရစ္ကို ပိုင္ဆိုင္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ဂ်ာအို ဖဲလစၥ၊ ဂြန္ဆာလို ရာမို႔စ္နဲ႔ ေအာ့တာဗ်ိဳတို႔အစား ေရာ္နယ္လ္ဒို၊ ေဟာ္တာနဲ႔ ဗီတင္ညာတို႔ကို ေပၚတူဂီတို႔ လဲကစားခဲ့ၾကၿပီး ဆြစ္ဇာလန္တို႔ကေတာ့ ဖ႐ြိဳင္လာ၊ ဂ်ီဘရီလ္ ဆိုးနဲ႔ ဗားဂက္စ္တို႔အစား ဇာကာရီးယား၊ ဆာဖာ႐ိုဗစ္ခ်္နဲ႔ အိုကာေဖာ္တို႔ကို လဲခဲ့ေပမယ့္ ဘာမွ ထူးျခားလာေအာင္ေတာ့ စြမ္းေဆာင္ႏိုင္ျခင္း မရွိခဲ့တာပါ။

ေရာ္နယ္လ္ဒို ဝင္လာခ်ိန္မွာေတာ့ သူ႔အတြက္ပဲ သူကစားေနၿပီး ရႈံးထြက္အဆင့္မွာ ဂိုးမသြင္းဖူးတဲ့ စံခ်ိန္ကို ခ်ိဳးဖ်က္ခ်င္ေနတာ ဦးစားေပးျဖစ္ေနခဲ့လို႔ ေပၚတူဂီတိုက္စစ္က ပုံပ်က္သြားခဲ့တာေၾကာင့္ တိုက္စစ္အင္အားကို ထပ္ျဖည့္ဖို႔အတြက္ ဘာနာဒို ေဆးလ္ဗားအစား ႐ူဘင္ နာဗက္စ္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္အစား ရာေဖးလ္ လီယာအိုကို လဲကစားသြားခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ေပၚတူဂီတို႔ပဲ ဂိုးဒါဇင္ဝက္ ျပည့္ေျမာက္သြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေနာက္ခံလူ ဂြါရဲ႐ိုး ေပးလိုက္တဲ့ ေဘာလုံးကို လီယာအိုက ေတာင္ပံကေန အတြင္းကို ခ်ိဳးဝင္လာၿပီး အေဝးတိုင္ဘက္ကို ကန္သြင္းယူခဲ့ရာမွာ ဂိုးသမားေရာ ခံစစ္ေတြပါ မတားဆီးႏိုင္ခဲ့ဘဲ လွလွပပ ဝင္သြားခဲ့လို႔ ဆြစ္ဇာလန္တို႔ မ်က္ႏွာပ်က္ခဲ့ၾကရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ေပၚတူဂီတို႔က ဆြစ္ဇာလန္တို႔ကို ေျခာက္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့လို႔ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၿပီး စပိန္ကို အႏိုင္ရခဲ့တဲ့ ေမာ္႐ိုကိုတို႔နဲ႔ ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ ကစားရဖို႔ ျဖစ္လာခဲ့သလို ဆြစ္ဇာလန္တို႔ကေတာ့ တိုက္စစ္ပိုင္း အားနည္းခ်က္ေတြနဲ႔အတူ ရႈံးထြက္ ၁၆ သင္းအဆင့္မွာပဲ ရပ္တန႔္ခဲ့ရၿပီး အိမ္ျပန္ခဲ့ရၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.