International Match Report World Cup

ရေဘဝဲဂိုးသမား ဘိုနိုကြောင့် ပင်နယ်တီမှာ စပိန်တို့ ငိုခဲ့ရပြီး ကွာတားတက်တဲ့ မော်ရိုကို

စပိန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အူနိုင်း ဆီမွန်၊ ခံစစ်မှာ ရိုဒရီ၊ လာပေါ့တ်၊ မားကို့စ် ယော်ရန်တေးနဲ့ ဂျော်ဒီ အယ်လ်ဘာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစ်ကွက်စ်၊ ပက်ဒရီနဲ့ ဂါဗီတို့ရဲ့ ဘာစီလိုနာအဖွဲ့ကိုပဲ အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဖယ်ရန် တောရက်စ်၊ ဒါနီ အိုလ်မိုနဲ့ အဆန်စီယိုတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

မော်ရိုကိုအသင်းကတော့ ဂိုးသမား ဘိုနို၊ ခံစစ်မှာ ဆိုက်စ်၊ အာဂွါဒ်၊ ဟာကီမီနဲ့ မာဇရာဝီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အမ်မရာဘတ်၊ အမ်မယ်လားနဲ့ အူနာဟီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဇီးယက်ရှ်၊ ဘူဖယ်လ်နဲ့ အန်နက်ဆီရီတို့ ဝါရင့်ကစားသမားတွေကို စုဖွဲ့ပြီး အသုံးပြုလာခဲ့တာပါ။

ပွဲစတာနဲ့ စပိန်တို့ ဘောလုံးကိုင်ကစားခဲ့ပေမယ့် ပိတ်ကစားဖို့ပဲ ပြင်ဆင်ထားခဲ့တဲ့ မော်ရိုကိုဘက်ကို အပိုင်ကန်ခွင့်မရအောင်ဖြစ်နေခဲ့သလို ညာနောက်ခံမှာ ကွင်းလယ်လူ ယော်ရန်တေးကို သုံးထားတဲ့ ခပ်ယားယား အိုင်ဒီယာနဲ့ နည်းပြ အန်ရီကေးရဲ့ အကွက်တွေကလည်း နားမလည်နိုင်အောင် ဖြစ်ခဲ့ရပြီး ပြင်လွန်းတော့ ဖင်ချွန်းနေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာ ဟာကီမီရဲ့ ဖရီးကစ်က ဂိုးဘားပေါ် အနည်းငယ် ကျော်သွားခဲ့ပေမယ့် စပိန်တို့ရဲ့ လူတံတိုင်း ကာကွယ်ပုံက ဆရာကြီးတွေနဲ့ တွေ့ရင် ဒုက္ခရောက်နိုင်တဲ့ ပုံစံမှာ ရှိနေခဲ့သလို ခံစစ်ထက် တိုက်စစ်ကိုပဲ စိတ်သန်လွန်းနေပုံရပြီး ပွဲချိန် ၂၅ မိနစ်မှာ ဂိုးသွင်းဖို့ ကြိုးစားပေမယ့် လူကျွံနေသလို မော်ရိုကို ဂိုးသမား ဘိုနိုနဲ့ ခံစစ်တွေကတော့ အလစ်မပေးဘဲ ကာကွယ်သွားနိုင်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်မှာ ညာတောင်ပံကစားတဲ့ အဆန်စီယိုကို တိုက်စစ်မြားဦးမှာ သုံးနေခဲ့တာက အကောင်ကြီးတဲ့ ဝုလ်ဗ်စ်နောက်ခံလူ ဆိုက်စ်တို့ရဲ့ ခံစစ်အဖွဲ့က ထိန်းချုပ်ဖို့ လွယ်စေပြီး စပိန်တို့ကို ဧရိယာထဲ ဝင်ခွင့် တတ်နိုင်သမျှ နည်းအောင် Force Wide လုပ်သွားနိုင်ခဲ့ကြသလို ပွဲချိန် ၃၃ မိနစ်မှာတော့ မာဇရာဝီက စပိန်ဂိုးသမား အူနိုင်း ဆီမွန်ကို အဝေးကန်ချက်နဲ့ လှမ်းပြီး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ဇီးယက်ရှ်၊ ဘူဖယ်လ်နဲ့ မာဇရာဝီတို့လို အတွေ့အကြုံများတဲ့ ကစားသမားတွေနဲ့ စပိန်ကလပ်တွေနဲ့ ရင်းနှီးတဲ့ ဂိုးသမား ဘိုနို၊ ခံစစ်က ဟာကီမီ၊ တိုက်စစ်က အန်နက်ဆီရီတို့လို မော်ရိုကိုသားတွေက ဒီနေ့မှာ အန်ရီကေရဲ့ လူတွေကို ကောင်းကောင်းရင်ဆိုင်နိုင်ခဲ့စေပြီး ခံစစ်ပိတ်ကစားခဲ့ရပေမယ့် ထိထိရောက်ရောက် ကိုင်တွယ်သွားနိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၅၄ မိနစ်မှာတော့ တစ်ပွဲလုံး ဖိကစားနေတဲ့ စပိန်တို့ရဲ့ တစ်ကြိမ်တည်းသော ဂိုးပေါက်တည့်မှုကို ဒါနီ အိုလ်မိုက ဘယ်ခြမ်းဖရီးကစ်ကနေ လှမ်းကန်ပြီး လုပ်ဆောင်နိုင်ခဲ့ပေမယ့် ဂိုးသမား ဘိုနိုက ပုတ်ထုတ်သွားနိုင်ခဲ့ပြီး ဒါက သူတို့ရဲ့ ဘောလုံးပိုင်ဆိုင်မှု ၇၇ ရာခိုင်နှုန်းနဲ့ ကန်ခွင့် ၁၃ ကြိမ်မှာ နည်းပါးလွန်းတဲ့ တိကျမှုလည်းဖြစ်ခဲ့ပါတယ်။

ပွဲချိန်မိနစ် ၆၀ ကျော်မှာ နှစ်သင်းစလုံး အပြောင်းအလဲလုပ်လာခဲ့ကြပြီး စပိန်တို့ဘက်က ကွင်းလယ်လူ ဂါဗီနဲ့ အစကတည်းက ပါမလာသင့်တဲ့ အဆန်စီယိုတို့အစား ကားလို့စ် ဆိုလာနဲ့ မိုရာတာတို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့သလို မော်ရိုကိုတို့ဘက်ကတော့ ဘာစီလိုနာလူငယ် အက်ဘ်ဒီကို ဘူဖယ်လ် အစား ထည့်သွင်းလာခဲ့တာပါ။

ဒီနောက်မှာတော့ စပိန်ဘက်က ဖယ်ရန် တောရက်စ်အစား နီကို ဝီလီယမ်စ်ကို ထည့်သွင်းခဲ့ပေမယ့် တစ်ဖက်ခံစစ်ကို မကျော်နိုင်ခဲ့သလို မော်ရိုကိုတို့ကတော့ အန်နက်ဆီရီ၊ မာဇရာဝီ၊ အမ်မယ်လားနဲ့ အာဂွါဒ်တို့အစား ဆာဘီရီ၊ အတီတက်-အလာ၊ ရှက်ဒီရာနဲ့ အယ်လ်ယာမစ်တို့ကို ထည့်သွင်းခဲ့ပြီး ခံစစ်ကိုပဲ ကစားအား ကျဆင်းမသွားဖို့ ပြင်ဆင်ရင်း နာကျင်အချိန်ပိုမှာ အိုလ်မိုရဲ့ ဖရီးကစ်က ဂိုးထဲ ဝင်လာတာကိုလည်း ဂိုးသမား ဘိုနိုပဲ ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။

မိနစ် ၉၀ အထိ ဂိုးမရှိသရေကျနေခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရပြီး စပိန်တို့ဘက်က ဂျော်ဒီ အယ်လ်ဘာနဲ့ ဒါနီ အိုလ်မိုတို့အစား အဲလက်စ် ဘာလ်ဒီနဲ့ အန်ဆူ ဖာတီတို့ကို ပထမပိုင်းမှာ ထည့်သွင်းခဲ့သလို မိုရာတာ ရုန်းနေခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘဲ ပွဲချိန် ၁၀၄ မိနစ်မှာ မော်ရိုကိုဘက်က ရှက်ဒီရာရဲ့ ဧရိယာထဲက အနီးကပ်ကန်ချက်ကို အူနိုင်း ဆီမွန် ကာကွယ်နိုင်ခဲ့လို့ ဒုက္ခမတွေ့ခဲ့ရတာပါ။

အချိန်ပို ဒုတိယပိုင်းမှာလည်း မော်ရိုကိုခံစစ်နဲ့ အမြင့်ဘောတွေ ပိုင်တဲ့ ဂိုးသမား ဘိုနိုတို့ကို ကျော်ဖြတ်ဖို့ စပိန်တို့ မလုပ်နိုင်ခဲ့ကြဘဲ နာကျင်ချိန် ထပ်ဆောင်းမိနစ်မှာ နီကို ဝီလီယမ်စ်အစား လူစားဝင်လာခဲ့တဲ့ ဆာရားဘီးယားရဲ့ ထောင့်ကျဉ်းကန်ချက် တိုင်ထိထွက်ခဲ့တာကလွဲလို့ ရင်ခုန်စရာ သိပ်မရှိခဲ့တာကြောင့် ပင်နယ်တီကန်သွင်းရဖို့ ဖြစ်လာခဲ့ပါတယ်။

ပင်နယ်တီမှာတော့ မော်ရိုကိုတို့ စတင်ကန်သွင်းခဲ့ရသလို ပထမဆုံးအလုံးကို ဆာဘီရီက ဂိုးသမားနဲ့ တခြားစီ ကန်သွင်းနိုင်ခဲ့အပြီးမှာ စပိန်တို့ရဲ့ အဖွင့်ကြိုးစားမှုကိုတော့ ဆာရားဘီးယား ကန်ရာမှာ တိုင်ထိခဲ့ပြီး တကယ်လို့ မထိခဲ့ဘဲ အတွင်းဘက်ကို နည်းနည်းရောက်ခဲ့ဦးမယ်ဆိုရင်လည်း ဂိုးသမား ဘိုနိုရဲ့ မှန်ကန်တဲ့ ဒိုက်ပစ်မှုနဲ့ ကာကွယ်ခံရဖို့ ရှိနေခဲ့တာပါ။

ဒုတိယ ပင်နယ်တီကိုတော့ မော်ရိုကိုတို့ဘက်က ဇီးယက်ရှ်က အူနိုင်း ဆီမွန် ညာဘက်ကို ဒိုက်ပစ်အောင် လှည့်စားပြီး အလယ်တည့်တည့်ကို ခပ်ရဲရဲ ကန်သွင်းယူခဲ့သလို စပိန်တို့ဘက်က ကားလို့စ် ဆိုလာရဲ့ ကန်သွင်းမှုကိုတော့ ရေဘဝဲလိုဖြစ်နေခဲ့တဲ့ ဂိုးသမား ဘိုနိုက ညာဘက်ကို မှန်မှန်ကန်ကန် ဒိုက်ပစ်ပြီး ပုတ်ထုတ် သွားနိုင်ခဲ့တာကြောင့် နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

တတိယ ပင်နယ်တီကို ကန်သွင်းရာမှာတော့ မော်ရိုကိုတို့ဘက်က နောက်ဆုံးမိနစ်မှာ ဝင်လာတဲ့ နောက်ခံလူ ဘီနူးန်ရဲ့ ကန်ချက်ကို အူနိုင်း ဆီမွန် ဖမ်းယူသွားနိုင်ခဲ့လို့ စပိန်တို့ မျှော်လင့်ချက်တွေ ပြန်ရှင်သန်လာခဲ့ပေမယ့် သူတို့ဘက်က ဝါရင့်ဂျွတ်စကီးကြီး ဆာဂျီယို ဘူးစ်ကွက်စ်ရဲ့ ကန်သွင်းမှုကိုတော့ ဆီဗီလာမှာ ဂိုးဖမ်းပြီး အကြောင်းသိနေတဲ့ ဂိုးသမား ဘိုနိုက ဘယ်ဘက်ကို ဒိုက်ပစ်ပြီး ရိုက်ချိုးပြသွားခဲ့သလို ကန်သမျှကို ဖမ်းပြမယ့် ပုံစံလည်း ရှိနေခဲ့တာပါ။

စပိန်တို့ ပင်နယ်တီ တစ်လုံးမှ မဝင်ချိန်မှာ မော်ရိုကိုတို့ကို နောက်တစ်ဆင့် တက်စေမယ့် စတုတ္ထအလုံးကိုတော့ မက်ဒရစ်သား ဟာကီမီက တာဝန်ယူကန်သွင်းခဲ့ပြီး အူနိုင်း ဆီမွန်ကို ဘယ်ဘက်ဒိုက်ပစ်အောင် လှည့်စားပြီး အလယ်ကိုပဲ ပါနင်ကာ ကန်ချက်ဆန်ဆန်နဲ့ Chipping သွင်းယူခဲ့လို့ အာဖရိက တောင်ခြင်္သေ့တွေ ကွင်းထဲကို ပြေးဝင်အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။


ပွဲချိန်အတွင်းမှာ တလွဲတွေ လုပ်ခဲ့ပြီး နာမည်ကြီး ထမင်းငတ်ဖြစ်ခဲ့သလို ပင်နယ်တီမှာ သုံးဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ စပိန်တို့တွေ မျက်ရည်လည်ရွဲနဲ့ ငိုပွဲဆင်ခဲ့ရချိန်မှာတော့ ဘယ်သူမှ အထင်မကြီးဘဲ ဒီအဆင့်အထိ ရောက်လာခဲ့တဲ့ မော်ရိုကိုတို့ကတော့ ဂိုးသမား ဘိုနိုရဲ့ လက်စွမ်းနဲ့ လိုချင်တဲ့ ရလဒ်ကို ရအောင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့သလို ပေါ်တူဂီနဲ့ ဆွစ်ဇာလန်တို့အတွဲက အနိုင်ရမယ့် အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စပိန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အူႏိုင္း ဆီမြန္၊ ခံစစ္မွာ ႐ိုဒရီ၊ လာေပါ့တ္၊ မားကို႔စ္ ေယာ္ရန္ေတးနဲ႔ ေဂ်ာ္ဒီ အယ္လ္ဘာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆာဂ်ီယို ဘူးစ္ကြက္စ္၊ ပက္ဒရီနဲ႔ ဂါဗီတို႔ရဲ႕ ဘာစီလိုနာအဖြဲ႕ကိုပဲ အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဖယ္ရန္ ေတာရက္စ္၊ ဒါနီ အိုလ္မိုနဲ႔ အဆန္စီယိုတို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

ေမာ္႐ိုကိုအသင္းကေတာ့ ဂိုးသမား ဘိုႏို၊ ခံစစ္မွာ ဆိုက္စ္၊ အာဂြါဒ္၊ ဟာကီမီနဲ႔ မာဇရာဝီတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ အမ္မရာဘတ္၊ အမ္မယ္လားနဲ႔ အူနာဟီတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဇီးယက္ရွ္၊ ဘူဖယ္လ္နဲ႔ အန္နက္ဆီရီတို႔ ဝါရင့္ကစားသမားေတြကို စုဖြဲ႕ၿပီး အသုံးျပဳလာခဲ့တာပါ။

ပြဲစတာနဲ႔ စပိန္တို႔ ေဘာလုံးကိုင္ကစားခဲ့ေပမယ့္ ပိတ္ကစားဖို႔ပဲ ျပင္ဆင္ထားခဲ့တဲ့ ေမာ္႐ိုကိုဘက္ကို အပိုင္ကန္ခြင့္မရေအာင္ျဖစ္ေနခဲ့သလို ညာေနာက္ခံမွာ ကြင္းလယ္လူ ေယာ္ရန္ေတးကို သုံးထားတဲ့ ခပ္ယားယား အိုင္ဒီယာနဲ႔ နည္းျပ အန္ရီေကးရဲ႕ အကြက္ေတြကလည္း နားမလည္ႏိုင္ေအာင္ ျဖစ္ခဲ့ရၿပီး ျပင္လြန္းေတာ့ ဖင္ခြၽန္းေနခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာ ဟာကီမီရဲ႕ ဖရီးကစ္က ဂိုးဘားေပၚ အနည္းငယ္ ေက်ာ္သြားခဲ့ေပမယ့္ စပိန္တို႔ရဲ႕ လူတံတိုင္း ကာကြယ္ပုံက ဆရာႀကီးေတြနဲ႔ ေတြ႕ရင္ ဒုကၡေရာက္ႏိုင္တဲ့ ပုံစံမွာ ရွိေနခဲ့သလို ခံစစ္ထက္ တိုက္စစ္ကိုပဲ စိတ္သန္လြန္းေနပုံရၿပီး ပြဲခ်ိန္ ၂၅ မိနစ္မွာ ဂိုးသြင္းဖို႔ ႀကိဳးစားေပမယ့္ လူကြၽံေနသလို ေမာ္႐ိုကို ဂိုးသမား ဘိုႏိုနဲ႔ ခံစစ္ေတြကေတာ့ အလစ္မေပးဘဲ ကာကြယ္သြားႏိုင္ခဲ့တာပါ။

ရီးရဲလ္မက္ဒရစ္မွာ ညာေတာင္ပံကစားတဲ့ အဆန္စီယိုကို တိုက္စစ္ျမားဦးမွာ သုံးေနခဲ့တာက အေကာင္ႀကီးတဲ့ ဝုလ္ဗ္စ္ေနာက္ခံလူ ဆိုက္စ္တို႔ရဲ႕ ခံစစ္အဖြဲ႕က ထိန္းခ်ဳပ္ဖို႔ လြယ္ေစၿပီး စပိန္တို႔ကို ဧရိယာထဲ ဝင္ခြင့္ တတ္ႏိုင္သမွ် နည္းေအာင္ Force Wide လုပ္သြားႏိုင္ခဲ့ၾကသလို ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ မာဇရာဝီက စပိန္ဂိုးသမား အူႏိုင္း ဆီမြန္ကို အေဝးကန္ခ်က္နဲ႔ လွမ္းၿပီး ၿခိမ္းေျခာက္ႏိုင္ခဲ့ပါတယ္။

ဇီးယက္ရွ္၊ ဘူဖယ္လ္နဲ႔ မာဇရာဝီတို႔လို အေတြ႕အႀကဳံမ်ားတဲ့ ကစားသမားေတြနဲ႔ စပိန္ကလပ္ေတြနဲ႔ ရင္းႏွီးတဲ့ ဂိုးသမား ဘိုႏို၊ ခံစစ္က ဟာကီမီ၊ တိုက္စစ္က အန္နက္ဆီရီတို႔လို ေမာ္႐ိုကိုသားေတြက ဒီေန႔မွာ အန္ရီေကရဲ႕ လူေတြကို ေကာင္းေကာင္းရင္ဆိုင္ႏိုင္ခဲ့ေစၿပီး ခံစစ္ပိတ္ကစားခဲ့ရေပမယ့္ ထိထိေရာက္ေရာက္ ကိုင္တြယ္သြားႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ဂိုးမရွိသေရပဲျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းျပန္စၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ တစ္ပြဲလုံး ဖိကစားေနတဲ့ စပိန္တို႔ရဲ႕ တစ္ႀကိမ္တည္းေသာ ဂိုးေပါက္တည့္မႈကို ဒါနီ အိုလ္မိုက ဘယ္ျခမ္းဖရီးကစ္ကေန လွမ္းကန္ၿပီး လုပ္ေဆာင္ႏိုင္ခဲ့ေပမယ့္ ဂိုးသမား ဘိုႏိုက ပုတ္ထုတ္သြားႏိုင္ခဲ့ၿပီး ဒါက သူတို႔ရဲ႕ ေဘာလုံးပိုင္ဆိုင္မႈ ၇၇ ရာခိုင္ႏႈန္းနဲ႔ ကန္ခြင့္ ၁၃ ႀကိမ္မွာ နည္းပါးလြန္းတဲ့ တိက်မႈလည္းျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္မိနစ္ ၆၀ ေက်ာ္မွာ ႏွစ္သင္းစလုံး အေျပာင္းအလဲလုပ္လာခဲ့ၾကၿပီး စပိန္တို႔ဘက္က ကြင္းလယ္လူ ဂါဗီနဲ႔ အစကတည္းက ပါမလာသင့္တဲ့ အဆန္စီယိုတို႔အစား ကားလို႔စ္ ဆိုလာနဲ႔ မိုရာတာတို႔ကို ထည့္ၿပီး တိုက္စစ္ျမႇင့္ခဲ့သလို ေမာ္႐ိုကိုတို႔ဘက္ကေတာ့ ဘာစီလိုနာလူငယ္ အက္ဘ္ဒီကို ဘူဖယ္လ္ အစား ထည့္သြင္းလာခဲ့တာပါ။

ဒီေနာက္မွာေတာ့ စပိန္ဘက္က ဖယ္ရန္ ေတာရက္စ္အစား နီကို ဝီလီယမ္စ္ကို ထည့္သြင္းခဲ့ေပမယ့္ တစ္ဖက္ခံစစ္ကို မေက်ာ္ႏိုင္ခဲ့သလို ေမာ္႐ိုကိုတို႔ကေတာ့ အန္နက္ဆီရီ၊ မာဇရာဝီ၊ အမ္မယ္လားနဲ႔ အာဂြါဒ္တို႔အစား ဆာဘီရီ၊ အတီတက္-အလာ၊ ရွက္ဒီရာနဲ႔ အယ္လ္ယာမစ္တို႔ကို ထည့္သြင္းခဲ့ၿပီး ခံစစ္ကိုပဲ ကစားအား က်ဆင္းမသြားဖို႔ ျပင္ဆင္ရင္း နာက်င္အခ်ိန္ပိုမွာ အိုလ္မိုရဲ႕ ဖရီးကစ္က ဂိုးထဲ ဝင္လာတာကိုလည္း ဂိုးသမား ဘိုႏိုပဲ ပုတ္ထုတ္သြားႏိုင္ခဲ့ပါတယ္။

မိနစ္ ၉၀ အထိ ဂိုးမရွိသေရက်ေနခဲ့လို႔ အခ်ိန္ပို ဆက္ကစားခဲ့ရၿပီး စပိန္တို႔ဘက္က ေဂ်ာ္ဒီ အယ္လ္ဘာနဲ႔ ဒါနီ အိုလ္မိုတို႔အစား အဲလက္စ္ ဘာလ္ဒီနဲ႔ အန္ဆူ ဖာတီတို႔ကို ပထမပိုင္းမွာ ထည့္သြင္းခဲ့သလို မိုရာတာ ႐ုန္းေနခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့ဘဲ ပြဲခ်ိန္ ၁၀၄ မိနစ္မွာ ေမာ္႐ိုကိုဘက္က ရွက္ဒီရာရဲ႕ ဧရိယာထဲက အနီးကပ္ကန္ခ်က္ကို အူႏိုင္း ဆီမြန္ ကာကြယ္ႏိုင္ခဲ့လို႔ ဒုကၡမေတြ႕ခဲ့ရတာပါ။

အခ်ိန္ပို ဒုတိယပိုင္းမွာလည္း ေမာ္႐ိုကိုခံစစ္နဲ႔ အျမင့္ေဘာေတြ ပိုင္တဲ့ ဂိုးသမား ဘိုႏိုတို႔ကို ေက်ာ္ျဖတ္ဖို႔ စပိန္တို႔ မလုပ္ႏိုင္ခဲ့ၾကဘဲ နာက်င္ခ်ိန္ ထပ္ေဆာင္းမိနစ္မွာ နီကို ဝီလီယမ္စ္အစား လူစားဝင္လာခဲ့တဲ့ ဆာရားဘီးယားရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ တိုင္ထိထြက္ခဲ့တာကလြဲလို႔ ရင္ခုန္စရာ သိပ္မရွိခဲ့တာေၾကာင့္ ပင္နယ္တီကန္သြင္းရဖို႔ ျဖစ္လာခဲ့ပါတယ္။

ပင္နယ္တီမွာေတာ့ ေမာ္႐ိုကိုတို႔ စတင္ကန္သြင္းခဲ့ရသလို ပထမဆုံးအလုံးကို ဆာဘီရီက ဂိုးသမားနဲ႔ တျခားစီ ကန္သြင္းႏိုင္ခဲ့အၿပီးမွာ စပိန္တို႔ရဲ႕ အဖြင့္ႀကိဳးစားမႈကိုေတာ့ ဆာရားဘီးယား ကန္ရာမွာ တိုင္ထိခဲ့ၿပီး တကယ္လို႔ မထိခဲ့ဘဲ အတြင္းဘက္ကို နည္းနည္းေရာက္ခဲ့ဦးမယ္ဆိုရင္လည္း ဂိုးသမား ဘိုႏိုရဲ႕ မွန္ကန္တဲ့ ဒိုက္ပစ္မႈနဲ႔ ကာကြယ္ခံရဖို႔ ရွိေနခဲ့တာပါ။

ဒုတိယ ပင္နယ္တီကိုေတာ့ ေမာ္႐ိုကိုတို႔ဘက္က ဇီးယက္ရွ္က အူႏိုင္း ဆီမြန္ ညာဘက္ကို ဒိုက္ပစ္ေအာင္ လွည့္စားၿပီး အလယ္တည့္တည့္ကို ခပ္ရဲရဲ ကန္သြင္းယူခဲ့သလို စပိန္တို႔ဘက္က ကားလို႔စ္ ဆိုလာရဲ႕ ကန္သြင္းမႈကိုေတာ့ ေရဘဝဲလိုျဖစ္ေနခဲ့တဲ့ ဂိုးသမား ဘိုႏိုက ညာဘက္ကို မွန္မွန္ကန္ကန္ ဒိုက္ပစ္ၿပီး ပုတ္ထုတ္ သြားႏိုင္ခဲ့တာေၾကာင့္ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

တတိယ ပင္နယ္တီကို ကန္သြင္းရာမွာေတာ့ ေမာ္႐ိုကိုတို႔ဘက္က ေနာက္ဆုံးမိနစ္မွာ ဝင္လာတဲ့ ေနာက္ခံလူ ဘီႏူးန္ရဲ႕ ကန္ခ်က္ကို အူႏိုင္း ဆီမြန္ ဖမ္းယူသြားႏိုင္ခဲ့လို႔ စပိန္တို႔ ေမွ်ာ္လင့္ခ်က္ေတြ ျပန္ရွင္သန္လာခဲ့ေပမယ့္ သူတို႔ဘက္က ဝါရင့္ဂြၽတ္စကီးႀကီး ဆာဂ်ီယို ဘူးစ္ကြက္စ္ရဲ႕ ကန္သြင္းမႈကိုေတာ့ ဆီဗီလာမွာ ဂိုးဖမ္းၿပီး အေၾကာင္းသိေနတဲ့ ဂိုးသမား ဘိုႏိုက ဘယ္ဘက္ကို ဒိုက္ပစ္ၿပီး ႐ိုက္ခ်ိဳးျပသြားခဲ့သလို ကန္သမွ်ကို ဖမ္းျပမယ့္ ပုံစံလည္း ရွိေနခဲ့တာပါ။

စပိန္တို႔ ပင္နယ္တီ တစ္လုံးမွ မဝင္ခ်ိန္မွာ ေမာ္႐ိုကိုတို႔ကို ေနာက္တစ္ဆင့္ တက္ေစမယ့္ စတုတၳအလုံးကိုေတာ့ မက္ဒရစ္သား ဟာကီမီက တာဝန္ယူကန္သြင္းခဲ့ၿပီး အူႏိုင္း ဆီမြန္ကို ဘယ္ဘက္ဒိုက္ပစ္ေအာင္ လွည့္စားၿပီး အလယ္ကိုပဲ ပါနင္ကာ ကန္ခ်က္ဆန္ဆန္နဲ႔ Chipping သြင္းယူခဲ့လို႔ အာဖရိက ေတာင္ျခေသၤ့ေတြ ကြင္းထဲကို ေျပးဝင္ေအာင္ပြဲခံႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။


ပြဲခ်ိန္အတြင္းမွာ တလြဲေတြ လုပ္ခဲ့ၿပီး နာမည္ႀကီး ထမင္းငတ္ျဖစ္ခဲ့သလို ပင္နယ္တီမွာ သုံးဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ခဲ့တဲ့ စပိန္တို႔ေတြ မ်က္ရည္လည္႐ြဲနဲ႔ ငိုပြဲဆင္ခဲ့ရခ်ိန္မွာေတာ့ ဘယ္သူမွ အထင္မႀကီးဘဲ ဒီအဆင့္အထိ ေရာက္လာခဲ့တဲ့ ေမာ္႐ိုကိုတို႔ကေတာ့ ဂိုးသမား ဘိုႏိုရဲ႕ လက္စြမ္းနဲ႔ လိုခ်င္တဲ့ ရလဒ္ကို ရေအာင္ယူၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့သလို ေပၚတူဂီနဲ႔ ဆြစ္ဇာလန္တို႔အတြဲက အႏိုင္ရမယ့္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရဖို႔ ျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.