Premier League Transfer News

ပေါင်သန်း ၆၀ တန် တပည့်ဟောင်းကို စိတ်ဝင်စားလာတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဇန်နဝါရီမှာ တိုက်စစ်ကို အင်အားဖြည့်တင်းဖို့အတွက် ဘိုင်ယန်မြူးနစ်ကြယ်ပွင့် လီရွိုင်း ဆာနေးကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆာနေးဟာ ၂၀၂၀ ခုနှစ် နွေရာသီမှာ ပေါင် ၅၅ သန်းနဲ့ မန်ချက်စတာစီးတီးအသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက ဘိုင်ယန်မြူးနစ်အသင်းမှာ အဓိကကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့သူဖြစ်ပါတယ်။ ဂျာမနီတောင်ပံကစားသမားဟာ ဘိုင်ယန်မြူးနစ်အသင်းကို လက်ရှိအချိန်အထိ ဆုဖလား ၆ လုံးရရှိအောင် ကူညီပေးထားသူဖြစ်ပြီး စီးတီးကြယ်ပွင့်ဟောင်းဟာ ၎င်းရဲ့ မြန်နှုန်းနဲ့ တိုက်ရိုက် ထိုးဖောက်နိုင်စွမ်းကြောင့် လူသိများ ကျော်ကြားခဲ့သူဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၅၀ ပါဝင်ကစားပေးထားတဲ့ ဆာနေးဟာ ဘိုင်ယန်မြူးနစ်အတွက် ပွဲပေါင်း ၁၀၈ ပွဲပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၃၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃၃ ကြိမ် ပြုလုပ်ပေးထားသူ ဖြစ်ပါတယ်။

Fichajes ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ ဆာနေးကို ခေါ်ယူဖို့အတွက် ရှေ့ဆုံးကနေ ကြိုးပမ်းနေတဲ့အသင်းတွေထဲကတစ်သင်းအဖြစ် ပေါ်ထွက်လာခဲ့တယ်လို့ သိရပြီး ဂန်းနားနည်းပြ အာတီတာက ဂျာမန်တောင်ပံကြယ်ပွင့်ကို အစ်တီဟတ်မှာ အတူတူရှိခဲ့တဲ့အချိန်ကတည်းက အလွန်နှစ်သက်သဘောကျခဲ့သူဖြစ်ပါတယ်။

ဆာနေးဟာ ၂၀၁၆ ခုနှစ်မှာ ရှော်ကေးအသင်းကနေ ပေါင် ၃၁ သန်းနဲ့ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဂွါဒီယိုလာလက်အောက်မှာ ပြည်တွင်းအဓိကဆုဖလားတိုင်းကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆာနေးဟာ ပရီးမီးယားလိဂ်မှာ ပွဲပေါင်း ၉၀ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်ဟာ ဂျာမန်တောင်ပံကစားသမားအတွက် ပေါင်သန်း ၆၀ ဝန်းကျင် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Givemesport ကို ကျော်ကြားတဲ့ ဂျာနယ်လစ် ပိထ်တ် အိုရော့ခ်က ဘိုင်ယန်မြူးနစ်ကြယ်ပွင့်အပေါ် အာဆင်နယ်ရဲ့ စိတ်ဝင်စားနေမှုကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

“ဆာနေးအတွက်က အရင်က အလုပ်တွဲလုပ်ဖူးပြီး ရင်းနှီးပြီးသားဖြစ်တဲ့ မီခေးလ် အာတီတာလိုမျိုး လူတွေနဲ့ အပြောင်းအရွှေ့ပြုလုပ်မှသာ အကူအညီဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ အဲဒါက သူ့ရဲ့ အတွေးထဲမှာ ဝင်လာလိမ့်မယ်ဆိုတာ ကျွန်တော် သေချာပြီး သူက အာဆင်နယ်ကို ပြောင်းရွှေ့ဖို့အတွက် အလေးအနက်ထားစဉ်းစားမှာ ကျိန်းသေပါတယ်။ ဘာလို့လဲဆိုတော့ အာတီတာက အဲဒီမှာရှိနေပြီး ကစားသမားတွေကလည်း သူ အရင်တုန်းက တွဲကစားဖူးခဲ့တဲ့ သူတွေမို့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းဟာ ဇန္နဝါရီမွာ တိုက္စစ္ကို အင္အားျဖည့္တင္းဖို႔အတြက္ ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ လီ႐ြိဳင္း ဆာေနးကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဆာေနးဟာ ၂၀၂၀ ခုႏွစ္ ေႏြရာသီမွာ ေပါင္ ၅၅ သန္းနဲ႔ မန္ခ်က္စတာစီးတီးအသင္းကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ဘိုင္ယန္ျမဴးနစ္အသင္းမွာ အဓိကကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့သူျဖစ္ပါတယ္။ ဂ်ာမနီေတာင္ပံကစားသမားဟာ ဘိုင္ယန္ျမဴးနစ္အသင္းကို လက္ရွိအခ်ိန္အထိ ဆုဖလား ၆ လုံးရရွိေအာင္ ကူညီေပးထားသူျဖစ္ၿပီး စီးတီးၾကယ္ပြင့္ေဟာင္းဟာ ၎ရဲ႕ ျမန္ႏႈန္းနဲ႔ တိုက္႐ိုက္ ထိုးေဖာက္ႏိုင္စြမ္းေၾကာင့္ လူသိမ်ား ေက်ာ္ၾကားခဲ့သူျဖစ္ပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္အသင္းအတြက္ ပြဲေပါင္း ၅၀ ပါဝင္ကစားေပးထားတဲ့ ဆာေနးဟာ ဘိုင္ယန္ျမဴးနစ္အတြက္ ပြဲေပါင္း ၁၀၈ ပြဲပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၃၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃၃ ႀကိမ္ ျပဳလုပ္ေပးထားသူ ျဖစ္ပါတယ္။

Fichajes ရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္ဟာ ဘိုင္ယန္ျမဴးနစ္အသင္းကေန ဆာေနးကို ေခၚယူဖို႔အတြက္ ေရွ႕ဆုံးကေန ႀကိဳးပမ္းေနတဲ့အသင္းေတြထဲကတစ္သင္းအျဖစ္ ေပၚထြက္လာခဲ့တယ္လို႔ သိရၿပီး ဂန္းနားနည္းျပ အာတီတာက ဂ်ာမန္ေတာင္ပံၾကယ္ပြင့္ကို အစ္တီဟတ္မွာ အတူတူရွိခဲ့တဲ့အခ်ိန္ကတည္းက အလြန္ႏွစ္သက္သေဘာက်ခဲ့သူျဖစ္ပါတယ္။

ဆာေနးဟာ ၂၀၁၆ ခုႏွစ္မွာ ေရွာ္ေကးအသင္းကေန ေပါင္ ၃၁ သန္းနဲ႔ မန္ခ်က္စတာစီးတီးကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ဂြါဒီယိုလာလက္ေအာက္မွာ ျပည္တြင္းအဓိကဆုဖလားတိုင္းကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဆာေနးဟာ ပရီးမီးယားလိဂ္မွာ ပြဲေပါင္း ၉၀ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃၂ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ဘိုင္ယန္ျမဴးနစ္ဟာ ဂ်ာမန္ေတာင္ပံကစားသမားအတြက္ ေပါင္သန္း ၆၀ ဝန္းက်င္ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။

Givemesport ကို ေက်ာ္ၾကားတဲ့ ဂ်ာနယ္လစ္ ပိထ္တ္ အိုေရာ့ခ္က ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္အေပၚ အာဆင္နယ္ရဲ႕ စိတ္ဝင္စားေနမႈကို ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

“ဆာေနးအတြက္က အရင္က အလုပ္တြဲလုပ္ဖူးၿပီး ရင္းႏွီးၿပီးသားျဖစ္တဲ့ မီေခးလ္ အာတီတာလိုမ်ိဳး လူေတြနဲ႔ အေျပာင္းအေ႐ႊ႕ျပဳလုပ္မွသာ အကူအညီျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အဲဒါက သူ႔ရဲ႕ အေတြးထဲမွာ ဝင္လာလိမ့္မယ္ဆိုတာ ကြၽန္ေတာ္ ေသခ်ာၿပီး သူက အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ အေလးအနက္ထားစဥ္းစားမွာ က်ိန္းေသပါတယ္။ ဘာလို႔လဲဆိုေတာ့ အာတီတာက အဲဒီမွာရွိေနၿပီး ကစားသမားေတြကလည္း သူ အရင္တုန္းက တြဲကစားဖူးခဲ့တဲ့ သူေတြမို႔လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.