International Match Report World Cup

ဘရာဇီးလ်စော်ကား ငရဲလား နည်းပြ ဘင်တိုရဲ့ အမှားအတွက် ပေးဆပ်ခဲ့ရတဲ့ ကိုရီးယား

ဘရာဇီးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ မားကင်ညို့စ်၊ အယ်ဒါ မီလီတိုနဲ့ ဒါနီလိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရိုနဲ့ လူးကပ်စ် ပါကေးတာတို့ကို တွဲဖက်ပေးခဲ့သလို တိုက်စစ်မှာတော့ နေမာ၊ ဗီနီးရှပ်စ် ဂျူနီယာ၊ ရစ်ချာလစ်ဆန်နဲ့ ရာဖင်ညာတို့ကို ခင်းကျင်းလာခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားအသင်းကတော့ ဂိုးသမား ဂင်ဆောင်းဂျူ၊ ခံစစ်မှာ ဂင်မင်းဂျယ်၊ ဂင်ယောင်ဂဝန်း၊ ဂင်မွန်းဟွမ်နဲ့ ဂင်ဂျင်ဆုတို့ကို စုဖွဲ့လာခဲ့သလို ကွင်းလယ်မှာတော့ ဟွမ်းအင်ဘွမ်၊ ဂျောင်းဦးယောင်း၊ လီဂျယ်ဆောင်းနဲ့ ဟွမ်းဟီးချန်းတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဆွန်ဟောင်မင်နဲ့ ဂျိုဂယူးဆောင်းတို့နှစ်ဦးကို တင်ကစားလာခဲ့တာပါ။

ပေါ်တူဂီသားနည်းပြ ပေါ်လို ဘင်တိုရဲ့ လူထုတ်ပုံကတော့ ဘရာဇီးလ်ကို မလေးစားရာကျလွန်းတယ်လို့ ဝေဖန်စရာဖြစ်ခဲ့ပြီး ၄-၅-၁ လောက်နဲ့ ဆွန်ဟောင်မင်ကို တောင်ပံမှာ သုံးရင်း ပိတ်ကစားပြီး ကောင်တာကနေ ဂိုးရဖို့ ကြိုးစားရမယ့်အစား ဒဏ်ရာတွေ များနေတယ်ဆိုတဲ့ သတင်းကို ကြားရုံနဲ့ ခုလိုမျိုး တက်ကြွတဲ့ ကြက်ဖပုံစံနဲ့ ပြင်ဆင်လာခဲ့တာကတော့ သူတို့တွေကို ပေးဆပ်ရစေဖို့ ဖြစ်လာခဲ့ပါတယ်။

ပွဲချိန် ၇ မိနစ်မှာ ဘရာဇီးလ်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ညာတောင်ပံကနေ တစ်ကိုယ်တော်ခြေစွမ်းနဲ့ ဆွဲပြေးပြီး ဧရိယာအစပ်ကနေ ချိုးပေးတဲ့ ရာဖင်ညာရဲ့ အနိမ့်ဘောကို ရစ်ချာလစ်ဆန် လွတ်သွားခဲ့ပေမယ့် ဘယ်ခြမ်းမှာ ရှိနေတဲ့ ဗီနီးရှပ်စ်က ဂိုးကို ကာကွယ်ရမယ့်အစား ရှေ့ကို ကားယားကားယားနဲ့ တက်လာပြီး ဘာလုပ်မှန်း မသိတဲ့ ဂိုးသမား ဂင်ဆောင်းဂျူရဲ့ ဘေးကနေ အလွယ်တကူ ကန်သွင်းရယူသွားခဲ့တာပါ။

ပွဲချိန် ၁၃ မိနစ်မှာတော့ ဘရာဇီးလ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ကြသလို ဧရိယာထဲမှာ ဘောလုံးရဖို့ ကြိုးစားတဲ့ ရစ်ချာလစ်ဆန်ရဲ့ ခြေထောက်ကို ဘောလုံးနဲ့ မှားကန်မိတဲ့ ကိုရီးယားကွင်းလယ်လူ ဂျောင်းဦးယောင်းကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို နေမာက သူ့ကို အာရုံများအောင် လှုပ်ရှားပြရဲသေးတဲ့ ဂိုးသမား ဂင်ဆောင်းဂျူကို ကြိုးနဲ့တုပ်ရိုက်သလိုမျိုး ကန်သွင်းပြသွားခဲ့တာဖြစ်ပါတယ်။

ကိုရီးယားကစားသမားတွေအနေနဲ့ နည်းပြက ဘယ်လိုသွေးထိုးထားသလဲလို့ မေးရမလိုဖြစ်ခဲ့ပြီး ဘရာဇီးလ်အသင်းကို အာရုံစူးစိုက်မှုအပြည့်နဲ့ လေးလေးစားစား အလွတ်မပေးဘဲ ကစားရမယ့်အစား သိပ်ကို အိုဗာကွန်ဖီးဒန့်ဖြစ်နေပုံမျိုးနဲ့ ရင်ဆိုင်ခဲ့ကြသလို တောင်ပံခံစစ်သမားစစ်စစ်တွေ ဒဏ်ရာရနေခဲ့ကြလို့သာ အနည်းငယ် အားနည်းနေတဲ့ ဆမ်ဘာတွေကို တိုက်စစ်မှာ ဖိအားပေးနိုင်ခဲ့တာကလွဲရင် အဖက်ဖက်က ချဉ်းကပ်ပုံ အားနည်းခဲ့တာပါ။

ပွဲချိန် ၂၉ မိနစ်မှာတော့ ဘရာဇီးလ်တို့ကပဲ တတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောက ပြန်ထွက်လာတဲ့ ဘောလုံးကို တိုက်စစ်ကနေ ဘောလုံးပြန်ရခဲ့တဲ့ ရစ်ချာလစ်ဆန်က မားကင်ညို့စ်ဆီ ပေးခဲ့ပြီး သီယာဂို ဆေးလ်ဗားဆီက ပြန်ထိုးပေးခဲ့တဲ့ ခင်းကျင်းပေးမှုကို ဧရိယာထဲမှာ တစ်ချက်ထိန်းပြီး ဂိုးသမားနဲ့အတွေ့မှာ ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာတော့ ဘရာဇီးလ်တို့ပဲ စတုတ္ထ ဦးဆောင်ဂိုးကို ထပ်မံရယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ကောင်တာပြန်လာတဲ့ နေမာက တောင်ပံကို ထုတ်ပေးခဲ့တဲ့ ဘောလုံးကို ဗီနီးရှပ်စ်က ဧရိယာထဲကို အသာလှမ်းမ,တင်ပေးခဲ့ရာမှာ နောက်ကနေ ပြေးဝင်လာခဲ့တဲ့ ပါကေးတာက ကိုရီးယားနောက်ခံလူတွေ ပိတ်ထားတဲ့ ကြားထဲကနေ Volley ကန်သွင်းပြီး အနိုင်ယူသွားခဲ့တာပါ။

ပထမပိုင်းမှာတော့ ဘရာဇီးလ်တို့က လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ကိုရီးယားတို့ဘက်က ဂျောင်းဦးယောင်းနဲ့ ဂင်ဂျင်ဆုတို့အစား ဆွန်ဂျွန်ဟိုနဲ့ ဟုန်ချူးလ်တို့ကို ထည့်ကစားလာခဲ့သလို ဆမ်ဘာတွေအနေနဲ့ ကစားအားကို လျှော့ချပြီး ဒဏ်ရာများနေတဲ့ အသင်းကို ထပ်ပြီး ဂီလာနတွေ တိုးမလာစေဖို့ အထူးသတိပြုသွားခဲ့ကြတာဖြစ်ပါတယ်။

ဒီနောက်မှာတော့ ဘရာဇီးလ်တို့ဘက်က အယ်ဒါ မီလီတို၊ ဒါနီလို၊ ဗီနီးရှပ်စ် ဂျူနီယာတို့အစား ဒါနီ အဲလ်ဗက်စ်၊ ဘရီးမားနဲ့ မာတီနယ်လီတို့ကို ထည့်သွင်းသွားခဲ့ပြီး ကိုရီးယားတို့ကတော့ ဟွမ်းအင်ဘွမ်နဲ့ လီဂျယ်ဆောင်းတို့အစား ဘက်ဆွန်းဟိုနဲ့ လီဂန်းအင်းတို့ကို ထည့်ကစားပြီး အပြောင်းအလဲ လုပ်သွားခဲ့ကြတာပါ။

ပွဲချိန် ၇၆ မိနစ်မှာတော့ ကိုရီးယားတို့တွေ သိက္ခာဆည်ဂိုးတစ်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းက လီဂန်းအင်းရဲ့ ဖရီးကစ်ကို ဘရာဇီးလ်ခံစစ်က ရှင်းထုတ်လို့ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဧရိယာထိပ်ကနေ အသင့်စောင့်နေတဲ့ ဘက်ဆွန်းဟိုက တစ်ချက်ထိန်းပြီး ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား အယ်လစ်ဆန် ဘာမှ မတတ်နိုင်လောက်အောင် ကောင်းမွန်လွန်းခဲ့လို့ ချေပဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဘရာဇီးလ်ဘက်က ဂိုးသမား အယ်လစ်ဆန်နဲ့ နေမာတို့အစား ဝီဗာတန်နဲ့ ရိုဒရီဂိုတို့ကို ထည့်သွင်းသွားခဲ့ပြီး ကိုရီးယားတို့ကတော့ ချေပဂိုး ထပ်ရနိုင်ဦးမလားလို့ ထီထိုးတဲ့အနေနဲ့ ဂျိုဂယူးဆောင်းအစား ဟွမ်းအွီဂျိုကို ထည့်သွင်းသွားခဲ့ပေမယ့် ရလဒ်ကတော့ ထပ်မံပြောင်းလဲခြင်း မရှိတော့ဘဲ လေးဂိုး-တစ်ဂိုးနဲ့ပဲ ပြီးဆုံးခဲ့တာပါ။

ရှုံးထွက်အဆင့်ကို အစွမ်းကုန်ရုန်းပြီး ကြိုးစားတက်ရောက်လာခဲ့တဲ့ ကိုရီးယားသားတွေအနေနဲ့ ပွဲအစ ချဉ်းကပ်ပုံမှားသွားခဲ့လို့ ပထမပိုင်းမှာပဲ အိမ်ပြန်ရမယ့်အကြောင်းကို သိရှိခဲ့ရပြီး ပွဲအပြီးမှာတော့ အာရှအသင်းတွေ ဝမ်းနည်းရတဲ့နေ့ ဖြစ်ခဲ့ချိန်မှာ ဘရာဇီးလ်တို့ကတော့ ကွာတားဖိုင်နယ်အဆင့်ကို အေးအေးဆေးဆေး တက်ရောက်သွားခဲ့ကြပြီး ခရိုအေးရှားနဲ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ကစားရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ သီယာဂို ေဆးလ္ဗား၊ မားကင္ညိဳ႕စ္၊ အယ္ဒါ မီလီတိုနဲ႔ ဒါနီလိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ိုနဲ႔ လူးကပ္စ္ ပါေကးတာတို႔ကို တြဲဖက္ေပးခဲ့သလို တိုက္စစ္မွာေတာ့ ေနမာ၊ ဗီနီးရွပ္စ္ ဂ်ဴနီယာ၊ ရစ္ခ်ာလစ္ဆန္နဲ႔ ရာဖင္ညာတို႔ကို ခင္းက်င္းလာခဲ့တာျဖစ္ပါတယ္။

ေတာင္ကိုရီးယားအသင္းကေတာ့ ဂိုးသမား ဂင္ေဆာင္းဂ်ဴ၊ ခံစစ္မွာ ဂင္မင္းဂ်ယ္၊ ဂင္ေယာင္ဂဝန္း၊ ဂင္မြန္းဟြမ္နဲ႔ ဂင္ဂ်င္ဆုတို႔ကို စုဖြဲ႕လာခဲ့သလို ကြင္းလယ္မွာေတာ့ ဟြမ္းအင္ဘြမ္၊ ေဂ်ာင္းဦးေယာင္း၊ လီဂ်ယ္ေဆာင္းနဲ႔ ဟြမ္းဟီးခ်န္းတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆြန္ေဟာင္မင္နဲ႔ ဂ်ိဳဂယူးေဆာင္းတို႔ႏွစ္ဦးကို တင္ကစားလာခဲ့တာပါ။

ေပၚတူဂီသားနည္းျပ ေပၚလို ဘင္တိုရဲ႕ လူထုတ္ပုံကေတာ့ ဘရာဇီးလ္ကို မေလးစားရာက်လြန္းတယ္လို႔ ေဝဖန္စရာျဖစ္ခဲ့ၿပီး ၄-၅-၁ ေလာက္နဲ႔ ဆြန္ေဟာင္မင္ကို ေတာင္ပံမွာ သုံးရင္း ပိတ္ကစားၿပီး ေကာင္တာကေန ဂိုးရဖို႔ ႀကိဳးစားရမယ့္အစား ဒဏ္ရာေတြ မ်ားေနတယ္ဆိုတဲ့ သတင္းကို ၾကား႐ုံနဲ႔ ခုလိုမ်ိဳး တက္ႂကြတဲ့ ၾကက္ဖပုံစံနဲ႔ ျပင္ဆင္လာခဲ့တာကေတာ့ သူတို႔ေတြကို ေပးဆပ္ရေစဖို႔ ျဖစ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၇ မိနစ္မွာ ဘရာဇီးလ္တို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ညာေတာင္ပံကေန တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ဆြဲေျပးၿပီး ဧရိယာအစပ္ကေန ခ်ိဳးေပးတဲ့ ရာဖင္ညာရဲ႕ အနိမ့္ေဘာကို ရစ္ခ်ာလစ္ဆန္ လြတ္သြားခဲ့ေပမယ့္ ဘယ္ျခမ္းမွာ ရွိေနတဲ့ ဗီနီးရွပ္စ္က ဂိုးကို ကာကြယ္ရမယ့္အစား ေရွ႕ကို ကားယားကားယားနဲ႔ တက္လာၿပီး ဘာလုပ္မွန္း မသိတဲ့ ဂိုးသမား ဂင္ေဆာင္းဂ်ဴရဲ႕ ေဘးကေန အလြယ္တကူ ကန္သြင္းရယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ ဘရာဇီးလ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ရယူႏိုင္ခဲ့ၾကသလို ဧရိယာထဲမွာ ေဘာလုံးရဖို႔ ႀကိဳးစားတဲ့ ရစ္ခ်ာလစ္ဆန္ရဲ႕ ေျခေထာက္ကို ေဘာလုံးနဲ႔ မွားကန္မိတဲ့ ကိုရီးယားကြင္းလယ္လူ ေဂ်ာင္းဦးေယာင္းေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ေနမာက သူ႔ကို အာ႐ုံမ်ားေအာင္ လႈပ္ရွားျပရဲေသးတဲ့ ဂိုးသမား ဂင္ေဆာင္းဂ်ဴကို ႀကိဳးနဲ႔တုပ္႐ိုက္သလိုမ်ိဳး ကန္သြင္းျပသြားခဲ့တာျဖစ္ပါတယ္။

ကိုရီးယားကစားသမားေတြအေနနဲ႔ နည္းျပက ဘယ္လိုေသြးထိုးထားသလဲလို႔ ေမးရမလိုျဖစ္ခဲ့ၿပီး ဘရာဇီးလ္အသင္းကို အာ႐ုံစူးစိုက္မႈအျပည့္နဲ႔ ေလးေလးစားစား အလြတ္မေပးဘဲ ကစားရမယ့္အစား သိပ္ကို အိုဗာကြန္ဖီးဒန႔္ျဖစ္ေနပုံမ်ိဳးနဲ႔ ရင္ဆိုင္ခဲ့ၾကသလို ေတာင္ပံခံစစ္သမားစစ္စစ္ေတြ ဒဏ္ရာရေနခဲ့ၾကလို႔သာ အနည္းငယ္ အားနည္းေနတဲ့ ဆမ္ဘာေတြကို တိုက္စစ္မွာ ဖိအားေပးႏိုင္ခဲ့တာကလြဲရင္ အဖက္ဖက္က ခ်ဥ္းကပ္ပုံ အားနည္းခဲ့တာပါ။

ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ ဘရာဇီးလ္တို႔ကပဲ တတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာက ျပန္ထြက္လာတဲ့ ေဘာလုံးကို တိုက္စစ္ကေန ေဘာလုံးျပန္ရခဲ့တဲ့ ရစ္ခ်ာလစ္ဆန္က မားကင္ညိဳ႕စ္ဆီ ေပးခဲ့ၿပီး သီယာဂို ေဆးလ္ဗားဆီက ျပန္ထိုးေပးခဲ့တဲ့ ခင္းက်င္းေပးမႈကို ဧရိယာထဲမွာ တစ္ခ်က္ထိန္းၿပီး ဂိုးသမားနဲ႔အေတြ႕မွာ ဘယ္ေျခနဲ႔ အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ ဘရာဇီးလ္တို႔ပဲ စတုတၳ ဦးေဆာင္ဂိုးကို ထပ္မံရယူသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေကာင္တာျပန္လာတဲ့ ေနမာက ေတာင္ပံကို ထုတ္ေပးခဲ့တဲ့ ေဘာလုံးကို ဗီနီးရွပ္စ္က ဧရိယာထဲကို အသာလွမ္းမ,တင္ေပးခဲ့ရာမွာ ေနာက္ကေန ေျပးဝင္လာခဲ့တဲ့ ပါေကးတာက ကိုရီးယားေနာက္ခံလူေတြ ပိတ္ထားတဲ့ ၾကားထဲကေန Volley ကန္သြင္းၿပီး အႏိုင္ယူသြားခဲ့တာပါ။

ပထမပိုင္းမွာေတာ့ ဘရာဇီးလ္တို႔က ေလးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ ကိုရီးယားတို႔ဘက္က ေဂ်ာင္းဦးေယာင္းနဲ႔ ဂင္ဂ်င္ဆုတို႔အစား ဆြန္ဂြၽန္ဟိုနဲ႔ ဟုန္ခ်ဴးလ္တို႔ကို ထည့္ကစားလာခဲ့သလို ဆမ္ဘာေတြအေနနဲ႔ ကစားအားကို ေလွ်ာ့ခ်ၿပီး ဒဏ္ရာမ်ားေနတဲ့ အသင္းကို ထပ္ၿပီး ဂီလာနေတြ တိုးမလာေစဖို႔ အထူးသတိျပဳသြားခဲ့ၾကတာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ ဘရာဇီးလ္တို႔ဘက္က အယ္ဒါ မီလီတို၊ ဒါနီလို၊ ဗီနီးရွပ္စ္ ဂ်ဴနီယာတို႔အစား ဒါနီ အဲလ္ဗက္စ္၊ ဘရီးမားနဲ႔ မာတီနယ္လီတို႔ကို ထည့္သြင္းသြားခဲ့ၿပီး ကိုရီးယားတို႔ကေတာ့ ဟြမ္းအင္ဘြမ္နဲ႔ လီဂ်ယ္ေဆာင္းတို႔အစား ဘက္ဆြန္းဟိုနဲ႔ လီဂန္းအင္းတို႔ကို ထည့္ကစားၿပီး အေျပာင္းအလဲ လုပ္သြားခဲ့ၾကတာပါ။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ကိုရီးယားတို႔ေတြ သိကၡာဆည္ဂိုးတစ္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက လီဂန္းအင္းရဲ႕ ဖရီးကစ္ကို ဘရာဇီးလ္ခံစစ္က ရွင္းထုတ္လို႔ ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ဧရိယာထိပ္ကေန အသင့္ေစာင့္ေနတဲ့ ဘက္ဆြန္းဟိုက တစ္ခ်က္ထိန္းၿပီး ဘယ္ေျခနဲ႔ အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား အယ္လစ္ဆန္ ဘာမွ မတတ္ႏိုင္ေလာက္ေအာင္ ေကာင္းမြန္လြန္းခဲ့လို႔ ေခ်ပဂိုး ရရွိခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဘရာဇီးလ္ဘက္က ဂိုးသမား အယ္လစ္ဆန္နဲ႔ ေနမာတို႔အစား ဝီဗာတန္နဲ႔ ႐ိုဒရီဂိုတို႔ကို ထည့္သြင္းသြားခဲ့ၿပီး ကိုရီးယားတို႔ကေတာ့ ေခ်ပဂိုး ထပ္ရႏိုင္ဦးမလားလို႔ ထီထိုးတဲ့အေနနဲ႔ ဂ်ိဳဂယူးေဆာင္းအစား ဟြမ္းအြီဂ်ိဳကို ထည့္သြင္းသြားခဲ့ေပမယ့္ ရလဒ္ကေတာ့ ထပ္မံေျပာင္းလဲျခင္း မရွိေတာ့ဘဲ ေလးဂိုး-တစ္ဂိုးနဲ႔ပဲ ၿပီးဆုံးခဲ့တာပါ။

ရႈံးထြက္အဆင့္ကို အစြမ္းကုန္႐ုန္းၿပီး ႀကိဳးစားတက္ေရာက္လာခဲ့တဲ့ ကိုရီးယားသားေတြအေနနဲ႔ ပြဲအစ ခ်ဥ္းကပ္ပုံမွားသြားခဲ့လို႔ ပထမပိုင္းမွာပဲ အိမ္ျပန္ရမယ့္အေၾကာင္းကို သိရွိခဲ့ရၿပီး ပြဲအၿပီးမွာေတာ့ အာရွအသင္းေတြ ဝမ္းနည္းရတဲ့ေန႔ ျဖစ္ခဲ့ခ်ိန္မွာ ဘရာဇီးလ္တို႔ကေတာ့ ကြာတားဖိုင္နယ္အဆင့္ကို ေအးေအးေဆးေဆး တက္ေရာက္သြားခဲ့ၾကၿပီး ခ႐ိုေအးရွားနဲ႔ ဒီဇင္ဘာလ ၉ ရက္ေန႔မွာ ကစားရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.