International Match Report World Cup

ဆာကာနဲ့ ဟာရီကိန်းတို့ ဂိုးပေါက်ပြန်တွေ့ပြီး ဆီနီဂေါကို အနိုင်ယူခဲ့တဲ့ အင်္ဂလန်

အင်္ဂလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ ဂျွန်စတုန်းစ်၊ မက်ဂွိုင်းယား၊ ဝေါ်လ်ကာနဲ့ လုခ်ရှောတို့ကို အသုံးပြုလာခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဟန်ဒါဆန်နဲ့ ဘယ်လင်ဂမ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဖိုဒန်၊ ဆာကာနဲ့ ဟာရီကိန်းတို့ကို ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဆီနီဂေါအသင်းကတော့ ဂိုးသမား အေဒူယာ မန်ဒီ၊ ခံစစ်မှာ ကူလီဘေလီ၊ ဒီယယ်လို၊ ဆာဘာလီနဲ့ ဂျက်ကော့ဘ်စ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ နမ်ပလီ မန်ဒီ၊ ပါသီ ဆစ္စနဲ့ အန်ဒီယေးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အစ္စမိုင်လာ ဆားရ်၊ ဒီယက်တာနဲ့ ဒီယားတို့ကို အသုံးပြုလာခဲ့တာပါ။

အသင်းခေါင်းဆောင် ပရီးမီးယားလိဂ်ခံစစ်မှူး ကူလီဘေလီရဲ့ ဦးဆောင်မှုနဲ့ အင်္ဂလန်နဲ့ ရင်းနှီးတဲ့ ကစားသမားတွေဖြစ်တဲ့ အစ္စမိုင်လာ ဆားရ်၊ နမ်ပလီ မန်ဒီ၊ ဂိုးသမား အေဒူယာ မန်ဒီတို့ကြောင့် ဆီနီဂေါတို့ ဒီနေ့မှာ ရဲရဲရင့်ရင့် ကစားနိုင်ခဲ့ကြပေမယ့် အဆုံးသတ်ပိုင်းတွေမှာတော့ လိုအပ်ချက်တွေက များနေခဲ့တာကြောင့် ခြင်္သေ့သုံးကောင်တို့အနေနဲ့ အမွေးအထူကြီးကို ခြင်ကိုက်သလောက်ပဲ ခံစားခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန်တို့အနေနဲ့ ဒီနေ့မှာ အထနှေးခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်ပြီး ဒီကြားထဲမှာ အသက် ၃၁ နှစ်အရွယ် ဟွန်ဒူရပ်စ် ဒိုင်လူကြီးရဲ့ ကိုင်တွယ်ပုံက အားမရစရာတချို့ ရှိနေတာကိုလည်း တွေ့ခဲ့ရသလို ကိန်း၊ ဖိုဒန်၊ ဆာကာ၊ ဘယ်လင်ဂမ်တို့ တိုက်စစ်ကစားသမား ၄ ယောက်ကလည်း အချိတ်အဆက် ပျက်ပြားနေခဲ့လို့ ဆီနီဂေါတို့ ဝမ်းသာစရာဖြစ်ခဲ့တာပါ။

ပွဲချိန် ၂၂ မိနစ်မှာ အစ္စမိုင်လာ ဆားရ်နဲ့ ဒီယားတို့ရဲ့ တိုက်စစ်ကနေ အင်္ဂလန်တို့ မျက်လုံးပြူးခဲ့ရပေမယ့် သူ့စရိတ်နဲ့သူ လွဲချော်သွားခဲ့ပြီး ဆယ်မိနစ်အကြာမှာလည်း သူတို့နှစ်ယောက်အတွဲရဲ့ ထိုးဖောက်မှုကနေ ထောင့်ကျဉ်းကန်ချက်ကို ဂိုးသမား ပစ်ခ်ဖို့ဒ် ပုတ်ထုတ်ခဲ့ရပြီး ဆီနီဂေါတို့ရဲ့ တိုက်စစ်တွေကတော့ နည်းပြ အာလီယူ ဆီဆေးကို မျက်နှာပျက်စေခဲ့ပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာတော့ အထနှေးနေတဲ့ အင်္ဂလန်တို့ရဲ့ တွဲလုံးသွက်သွက်ကနေ အဖွင့်ဂိုး စတင်ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ပါးပါးနပ်နပ် ကိုင်တွယ်နိုင်ခဲ့တဲ့ ဟာရီကိန်းက ခင်းပေးလိုက်တဲ့ ဘောလုံးကို ဘယ်လင်ဂမ်က ဆွဲပြေးပြီး ဧရိယာအတွင်းကို အနိမ့်ဘော ချိုးပေးခဲ့ရာမှာ နောက်ကနေ ပြေးဝင်လာခဲ့တဲ့ ဟန်ဒါဆန်က မနားတမ်း ကန်သွင်းယူခဲ့လို့ ဂိုးသမား မန်ဒီ ဘာမှမတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာပါ။

ပွဲချိန် ၄၁ မိနစ်မှာ ညာခြမ်းက ဆာကာရဲ့ ဖန်တီးပေးပို့မှုကို ဟာရီကိန်း အလွတ်ကန်ခွင့်ရပေမယ့် ခြေတစ်လှမ်း စောသွားပြီး ဘောလုံးက နောက်ကျန်နေခဲ့လို့ ထိချက်မမှန်ဘဲ ဘားပေါ်ထောင်သွားခဲ့ရသလို ၂၀၁၈ ရုရှားပြိုင်ပွဲက ဂိုးသွင်းဘုရင်အနေနဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ ဂိုးရဖို့တော့ ထပ်စောင့်ခဲ့ရပြီး နှစ်မိနစ်အကြာမှာ ဖြတ်တင်ဖို့ တုံ့ဆိုင်းနေခဲ့တဲ့ လုခ်ရှောကြောင့် အခွင့်အရေးကောင်း ပျက်ပြားခဲ့ရပါတယ်။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ အင်္ဂလန်တို့ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်လင်ဂမ် ဖြတ်ယူပြီး ဘယ်ခြမ်းကို ထိုးပေးတာကို ကူလီဘေလီတစ်ယောက်တည်း ကျန်နေတဲ့ ခံစစ်မှာ 2vs1 တွေ့ခွင့်ရသွားတဲ့ ဖိုဒန်က သူ့ကို ကျော်ပြီး ခင်းပေးရာမှာ ဟာရီကိန်းက နေရာယူမှားနေတဲ့ ဂိုးသမား မန်ဒီရဲ့ ဘယ်ဘက်ကို ကန်သွင်းပြီး ရယူသွားခဲ့တာပါ။

အင်္ဂလန်ကပ္ပတိန်အနေနဲ့ သူ့ရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားသွင်းဂိုးကို ၄ ပွဲမြောက် ရှုံးထွက် ၁၆ သင်းအဆင့်မှာ ရရှိနိုင်ခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ကစားထားတဲ့ ၇၉ ပွဲမြောက်မှာ ၅၂ ဂိုးအထိ ရရှိခဲ့သလို ပွဲ ၁၂၀ ကစားပြီး ၅၃ ဂိုးသွင်းထားတဲ့ ဂိုးသွင်းအများဆုံး ဝိန်းရွန်နီရဲ့ စံချိန်ကို လိုက်မီနိုင်ဖို့ တစ်ဂိုးတည်းသာ လိုတော့ပြီး ပထမပိုင်းမှာတော့ အင်္ဂလန်တို့က ဆီနီဂေါကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ ခံလိုက်ရတာကို မကျေနပ်တဲ့ နည်းပြ ဆီဆေးက ကစားသမား သုံးယောက်အထိ အပြောင်းအလဲလုပ်သွားခဲ့ပြီး ပါသီ ဆစ္စ၊ အန်ဒီယေးနဲ့ ဒီယက်တာတို့အစား ပါပီ ဂေးယီ၊ ဘမ်ဘာ ဒီယန်းနဲ့ ပါပီ မာတာ ဆားရ်တို့ကို လူစားလဲကစားခဲ့ပြီး တင်ကစားလာခဲ့တာကြောင့် အင်္ဂလန်တို့ ကောင်တာကိုတောင် အားပြုနေခဲ့ရပြီး ရိုက်စ်ရဲ့ ကွင်းလယ်က ကန်ချက်ကိုတော့ ဂိုးသမား မန်ဒီက နှစ်ဆင့်ဖမ်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၅၇ မိနစ်မှာတော့ အင်္ဂလန်တို့ပဲ တတိယ ဦးဆောင်ဂိုးကို ရယူသွားခဲ့ကြပြီး ဘယ်ခြမ်းကနေ စတင်ခဲ့တဲ့ တိုက်စစ်ကနေ ဟာရီကိန်းက ဘောလုံးပျက်ခဲ့ပေမယ့် နောက်က ပါလာတဲ့ ဖိုဒန်က ရယူသွားနိုင်ခဲ့ပြီး ဧရိယာအစပ်ကနေ ဝင်ဖျက်ဖို့ ကြိုးစားတဲ့ ကူလီဘေလီရဲ့ ခြေထောက်ကြားကနေ ချိုးပေးခဲ့တဲ့ ဘောလုံးကို အသင့်နေရာယူထားတဲ့ ဆာကာက ဂိုးသမား မန်ဒီအပေါ်ကနေ အသာ Chip လုပ်ပြီး သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ ဆာကာကိုရော ဖိုဒန်ကိုပါ အင်္ဂလန်တို့ အနားပေးသွားခဲ့သလို ရက်ရှ်ဖို့ဒ်နဲ့ ဂရီးလစ်ရှ်တို့ကို ထည့်သုံးချိန်မှာတော့ တိုက်စစ်က ကျဆင်းသွားခဲ့ပြီး လက်ကျန်ပွဲချိန်တွေမှာတော့ ဒီရလဒ်ကို ဆက်ထိန်းထားနိုင်ဖို့ ဘယ်လင်ဂမ်၊ ဂျွန်စတုန်းစ်နဲ့ ဟန်ဒါဆန်တို့အစား မေဆန်မောင့်၊ ဒိုင်ယာနဲ့ ကယ်လ်ဗင် ဖိလစ်တို့ကို လူစားလဲပြီး ပြင်သစ်နဲ့တွေ့ချိန်မှာ လန်းဆန်းနေစေဖို့ စီစဉ်သွားခဲ့တာပါ။

ဆီနီဂေါတို့ကတော့ ဒီယားနဲ့ ဂျက်ကော့ဘ်စ်တို့အစား ဒီယေးဒယူးနဲ့ ဘယ်လို တိုရေးတို့ကို လူစားလဲပြီး ချေပဂိုးရနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အင်္ဂလန်တို့ အမှားအယွင်းမရှိဘဲ ထိန်းချုပ်သွားနိုင်ခဲ့သလို ဟာရီကိန်းကလည်း အခွင့်အရေးတစ်ကြိမ်ကို လွဲချော်ခဲ့တာကြောင့် သုံးဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးခဲ့ပြီး ပြင်သစ်တို့နဲ့ ကွာတားဖိုင်နယ် ကစားရတော့မယ့်အချိန်မှာ အာဖရိကသားတွေကတော့ ဒီလောက်နဲ့ပဲ အိမ်ပြန်ခဲ့ရပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ ဂြၽန္စတုန္းစ္၊ မက္ဂြိဳင္းယား၊ ေဝၚလ္ကာနဲ႔ လုခ္ေရွာတို႔ကို အသုံးျပဳလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ဟန္ဒါဆန္နဲ႔ ဘယ္လင္ဂမ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဖိုဒန္၊ ဆာကာနဲ႔ ဟာရီကိန္းတို႔ကို ပြဲထုတ္ခဲ့တာ ျဖစ္ပါတယ္။

ဆီနီေဂါအသင္းကေတာ့ ဂိုးသမား ေအဒူယာ မန္ဒီ၊ ခံစစ္မွာ ကူလီေဘလီ၊ ဒီယယ္လို၊ ဆာဘာလီနဲ႔ ဂ်က္ေကာ့ဘ္စ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ နမ္ပလီ မန္ဒီ၊ ပါသီ ဆစၥနဲ႔ အန္ဒီေယးတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အစၥမိုင္လာ ဆားရ္၊ ဒီယက္တာနဲ႔ ဒီယားတို႔ကို အသုံးျပဳလာခဲ့တာပါ။

အသင္းေခါင္းေဆာင္ ပရီးမီးယားလိဂ္ခံစစ္မႉး ကူလီေဘလီရဲ႕ ဦးေဆာင္မႈနဲ႔ အဂၤလန္နဲ႔ ရင္းႏွီးတဲ့ ကစားသမားေတြျဖစ္တဲ့ အစၥမိုင္လာ ဆားရ္၊ နမ္ပလီ မန္ဒီ၊ ဂိုးသမား ေအဒူယာ မန္ဒီတို႔ေၾကာင့္ ဆီနီေဂါတို႔ ဒီေန႔မွာ ရဲရဲရင့္ရင့္ ကစားႏိုင္ခဲ့ၾကေပမယ့္ အဆုံးသတ္ပိုင္းေတြမွာေတာ့ လိုအပ္ခ်က္ေတြက မ်ားေနခဲ့တာေၾကာင့္ ျခေသၤ့သုံးေကာင္တို႔အေနနဲ႔ အေမြးအထူႀကီးကို ျခင္ကိုက္သေလာက္ပဲ ခံစားခဲ့ရတာျဖစ္ပါတယ္။

အဂၤလန္တို႔အေနနဲ႔ ဒီေန႔မွာ အထေႏွးခဲ့တယ္လို႔ပဲ ဆိုရမွာျဖစ္ၿပီး ဒီၾကားထဲမွာ အသက္ ၃၁ ႏွစ္အ႐ြယ္ ဟြန္ဒူရပ္စ္ ဒိုင္လူႀကီးရဲ႕ ကိုင္တြယ္ပုံက အားမရစရာတခ်ိဳ႕ ရွိေနတာကိုလည္း ေတြ႕ခဲ့ရသလို ကိန္း၊ ဖိုဒန္၊ ဆာကာ၊ ဘယ္လင္ဂမ္တို႔ တိုက္စစ္ကစားသမား ၄ ေယာက္ကလည္း အခ်ိတ္အဆက္ ပ်က္ျပားေနခဲ့လို႔ ဆီနီေဂါတို႔ ဝမ္းသာစရာျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၂၂ မိနစ္မွာ အစၥမိုင္လာ ဆားရ္နဲ႔ ဒီယားတို႔ရဲ႕ တိုက္စစ္ကေန အဂၤလန္တို႔ မ်က္လုံးျပဴးခဲ့ရေပမယ့္ သူ႔စရိတ္နဲ႔သူ လြဲေခ်ာ္သြားခဲ့ၿပီး ဆယ္မိနစ္အၾကာမွာလည္း သူတို႔ႏွစ္ေယာက္အတြဲရဲ႕ ထိုးေဖာက္မႈကေန ေထာင့္က်ဥ္းကန္ခ်က္ကို ဂိုးသမား ပစ္ခ္ဖို႔ဒ္ ပုတ္ထုတ္ခဲ့ရၿပီး ဆီနီေဂါတို႔ရဲ႕ တိုက္စစ္ေတြကေတာ့ နည္းျပ အာလီယူ ဆီေဆးကို မ်က္ႏွာပ်က္ေစခဲ့ပါတယ္။

ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ အထေႏွးေနတဲ့ အဂၤလန္တို႔ရဲ႕ တြဲလုံးသြက္သြက္ကေန အဖြင့္ဂိုး စတင္ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ပါးပါးနပ္နပ္ ကိုင္တြယ္ႏိုင္ခဲ့တဲ့ ဟာရီကိန္းက ခင္းေပးလိုက္တဲ့ ေဘာလုံးကို ဘယ္လင္ဂမ္က ဆြဲေျပးၿပီး ဧရိယာအတြင္းကို အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ ေနာက္ကေန ေျပးဝင္လာခဲ့တဲ့ ဟန္ဒါဆန္က မနားတမ္း ကန္သြင္းယူခဲ့လို႔ ဂိုးသမား မန္ဒီ ဘာမွမတတ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာပါ။

ပြဲခ်ိန္ ၄၁ မိနစ္မွာ ညာျခမ္းက ဆာကာရဲ႕ ဖန္တီးေပးပို႔မႈကို ဟာရီကိန္း အလြတ္ကန္ခြင့္ရေပမယ့္ ေျခတစ္လွမ္း ေစာသြားၿပီး ေဘာလုံးက ေနာက္က်န္ေနခဲ့လို႔ ထိခ်က္မမွန္ဘဲ ဘားေပၚေထာင္သြားခဲ့ရသလို ၂၀၁၈ ႐ုရွားၿပိဳင္ပြဲက ဂိုးသြင္းဘုရင္အေနနဲ႔ ၂၀၂၂ ကာတာကမာၻ႔ဖလားမွာ ဂိုးရဖို႔ေတာ့ ထပ္ေစာင့္ခဲ့ရၿပီး ႏွစ္မိနစ္အၾကာမွာ ျဖတ္တင္ဖို႔ တုံ႔ဆိုင္းေနခဲ့တဲ့ လုခ္ေရွာေၾကာင့္ အခြင့္အေရးေကာင္း ပ်က္ျပားခဲ့ရပါတယ္။

နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ အဂၤလန္တို႔ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဘယ္လင္ဂမ္ ျဖတ္ယူၿပီး ဘယ္ျခမ္းကို ထိုးေပးတာကို ကူလီေဘလီတစ္ေယာက္တည္း က်န္ေနတဲ့ ခံစစ္မွာ 2vs1 ေတြ႕ခြင့္ရသြားတဲ့ ဖိုဒန္က သူ႔ကို ေက်ာ္ၿပီး ခင္းေပးရာမွာ ဟာရီကိန္းက ေနရာယူမွားေနတဲ့ ဂိုးသမား မန္ဒီရဲ႕ ဘယ္ဘက္ကို ကန္သြင္းၿပီး ရယူသြားခဲ့တာပါ။

အဂၤလန္ကပၸတိန္အေနနဲ႔ သူ႔ရဲ႕ ၂၀၂၂ ကမာၻ႔ဖလားသြင္းဂိုးကို ၄ ပြဲေျမာက္ ရႈံးထြက္ ၁၆ သင္းအဆင့္မွာ ရရွိႏိုင္ခဲ့ၿပီး လက္ေ႐ြးစင္အသင္းအတြက္ ကစားထားတဲ့ ၇၉ ပြဲေျမာက္မွာ ၅၂ ဂိုးအထိ ရရွိခဲ့သလို ပြဲ ၁၂၀ ကစားၿပီး ၅၃ ဂိုးသြင္းထားတဲ့ ဂိုးသြင္းအမ်ားဆုံး ဝိန္း႐ြန္နီရဲ႕ စံခ်ိန္ကို လိုက္မီႏိုင္ဖို႔ တစ္ဂိုးတည္းသာ လိုေတာ့ၿပီး ပထမပိုင္းမွာေတာ့ အဂၤလန္တို႔က ဆီနီေဂါကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကပါတယ္။

ဒုတိယပိုင္း ျပန္အစမွာေတာ့ ခံလိုက္ရတာကို မေက်နပ္တဲ့ နည္းျပ ဆီေဆးက ကစားသမား သုံးေယာက္အထိ အေျပာင္းအလဲလုပ္သြားခဲ့ၿပီး ပါသီ ဆစၥ၊ အန္ဒီေယးနဲ႔ ဒီယက္တာတို႔အစား ပါပီ ေဂးယီ၊ ဘမ္ဘာ ဒီယန္းနဲ႔ ပါပီ မာတာ ဆားရ္တို႔ကို လူစားလဲကစားခဲ့ၿပီး တင္ကစားလာခဲ့တာေၾကာင့္ အဂၤလန္တို႔ ေကာင္တာကိုေတာင္ အားျပဳေနခဲ့ရၿပီး ႐ိုက္စ္ရဲ႕ ကြင္းလယ္က ကန္ခ်က္ကိုေတာ့ ဂိုးသမား မန္ဒီက ႏွစ္ဆင့္ဖမ္းယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ အဂၤလန္တို႔ပဲ တတိယ ဦးေဆာင္ဂိုးကို ရယူသြားခဲ့ၾကၿပီး ဘယ္ျခမ္းကေန စတင္ခဲ့တဲ့ တိုက္စစ္ကေန ဟာရီကိန္းက ေဘာလုံးပ်က္ခဲ့ေပမယ့္ ေနာက္က ပါလာတဲ့ ဖိုဒန္က ရယူသြားႏိုင္ခဲ့ၿပီး ဧရိယာအစပ္ကေန ဝင္ဖ်က္ဖို႔ ႀကိဳးစားတဲ့ ကူလီေဘလီရဲ႕ ေျခေထာက္ၾကားကေန ခ်ိဳးေပးခဲ့တဲ့ ေဘာလုံးကို အသင့္ေနရာယူထားတဲ့ ဆာကာက ဂိုးသမား မန္ဒီအေပၚကေန အသာ Chip လုပ္ၿပီး သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ ဆာကာကိုေရာ ဖိုဒန္ကိုပါ အဂၤလန္တို႔ အနားေပးသြားခဲ့သလို ရက္ရွ္ဖို႔ဒ္နဲ႔ ဂရီးလစ္ရွ္တို႔ကို ထည့္သုံးခ်ိန္မွာေတာ့ တိုက္စစ္က က်ဆင္းသြားခဲ့ၿပီး လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဒီရလဒ္ကို ဆက္ထိန္းထားႏိုင္ဖို႔ ဘယ္လင္ဂမ္၊ ဂြၽန္စတုန္းစ္နဲ႔ ဟန္ဒါဆန္တို႔အစား ေမဆန္ေမာင့္၊ ဒိုင္ယာနဲ႔ ကယ္လ္ဗင္ ဖိလစ္တို႔ကို လူစားလဲၿပီး ျပင္သစ္နဲ႔ေတြ႕ခ်ိန္မွာ လန္းဆန္းေနေစဖို႔ စီစဥ္သြားခဲ့တာပါ။

ဆီနီေဂါတို႔ကေတာ့ ဒီယားနဲ႔ ဂ်က္ေကာ့ဘ္စ္တို႔အစား ဒီေယးဒယူးနဲ႔ ဘယ္လို တိုေရးတို႔ကို လူစားလဲၿပီး ေခ်ပဂိုးရႏိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ အဂၤလန္တို႔ အမွားအယြင္းမရွိဘဲ ထိန္းခ်ဳပ္သြားႏိုင္ခဲ့သလို ဟာရီကိန္းကလည္း အခြင့္အေရးတစ္ႀကိမ္ကို လြဲေခ်ာ္ခဲ့တာေၾကာင့္ သုံးဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးခဲ့ၿပီး ျပင္သစ္တို႔နဲ႔ ကြာတားဖိုင္နယ္ ကစားရေတာ့မယ့္အခ်ိန္မွာ အာဖရိကသားေတြကေတာ့ ဒီေလာက္နဲ႔ပဲ အိမ္ျပန္ခဲ့ရၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.