International Match Report World Cup

ရွှေဖိနပ်ယူမယ့် အမ်ဘာပေနဲ့ ပိုလန်ကို ချေမှုန်းပြီး ချန်ပီယံ ကာကွယ်မယ့် ပြင်သစ်

ပြင်သစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လိုရစ်၊ ခံစစ်မှာ အူပါမီကာနို၊ ဗာရွန်း၊ ကွန်ဒီနဲ့ သီယို ဟာနန်ဒက်ဇ်တို့ကို ပွဲထုတ်လာခဲ့ပြီး ကွင်းလယ်မှာ ချွာမင်နီနဲ့ ဟာဗျိုတို့ကို တွဲဖက်ပေးခဲ့သလို သူတို့နှစ်ဦးရဲ့ ရှေ့က တိုက်စစ်သမားတွေအဖြစ် ဂရစ်ဇ်မန်း၊ ဒမ်ဘီလီ၊ အမ်ဘာပေနဲ့ ဂျီရူးတို့ကို နည်းပြ ဒေးရွှမ့်စ်က ခင်းကျင်းလာခဲ့တာဖြစ်ပါတယ်။

ပိုလန်အသင်းကတော့ ဂိုးသမား ရှချက်စနီ၊ ခံစစ်မှာ ဂလစ်ခ်၊ ကီဗီယာ၊ ကတ်ရှ်နဲ့ ဘီရီရှင်စကီးတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ခရာဟိုဗီယက်ခ်၊ ရှီမန်စကီး၊ ဇီလင်စကီး၊ ကာမင်စကီးနဲ့ ဖရန်ကော့ဗ်စကီးတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ လီဗန်ဒေါ့ဗ်စကီးတစ်ဦးတည်းကို ခံစစ်အားပြုတဲ့ ပုံစံနဲ့ ရင်ဆိုင်လာခဲ့တာပါ။

ပွဲစကတည်းက လက်ရှိချန်ပီယံ ပြင်သစ်တို့ပဲ ဖိကစားနေခဲ့ကြပြီး အခွင့်အရေးတွေကိုတော့ အသုံးမချနိုင်ခဲ့သလို ဂိုးသမား ရှချက်စနီကလည်း လက်စွမ်းပြနေခဲ့တာကြောင့် ခံစစ်ပိတ်ကစားနေတဲ့ ပိုလန်တို့ သက်သာခဲ့ရသလို ရှေ့မှာ လူမရှိဘဲ လီဗန်ဒေါ့ဗ်စကီးတစ်ယောက်တည်းကိုသာ ထားခဲ့တဲ့ တိုက်စစ်ကတော့ တန်ပြန်ခြိမ်းခြောက်ဖို့ ခက်ခဲနေခဲ့ပါတယ်။

ဒမ်ဘီလီနဲ့ ကွန်ဒီတို့က ဂိုးသမား ရှချက်စနီကို သွေးတိုးစမ်းခဲ့အပြီး ပွဲချိန် ၂၉ မိနစ်မှာတော့ ဒမ်ဘီလီရဲ့ ဂိုးရှေ့ ချိုးပေးတဲ့ အနိမ့်ဘောကို ဂျီရူးက မယုံနိုင်လောက် လွဲချော်ခဲ့ပြီး ပွဲချိန် ၃၈ မိနစ်မှာတော့ ပိုလန်တို့ရဲ့ မထင်မှတ်တဲ့ တိုက်စစ်ကနေ ဇီလင်စကီး ကန်သွင်းတာကို လိုရစ် ပုတ်ထုတ်ခဲ့ရသလို ပြန်ထွက်လာတဲ့‌ ဘောလုံးကို ကာမင်စကီး ကန်သွင်းတာကိုလည်း ဗာရွန်းက ဂိုးစည်းပေါ်က ရှင်းထုတ်သွားခဲ့ရတာပါ။

ပွဲချိန် ၄၄ မိနစ်မှာတော့ ပြင်သစ်တို့ ဦးဆောင်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ အူပါမီကာနို ပေးတာကို အမ်ဘာပေက ဧရိယာထိပ်ကနေ ဂျီရူးရဲ့ ရှေ့ကို လှမ်းထည့်ပေးခဲ့ရာမှာ ဝါရင့်တိုက်စစ်မှူးက ဘယ်ခြေနဲ့ အနိမ့်ဘော ချိုးကန်သွားခဲ့လို့ ညာဘက်တိုင်ခြေကို ဝင်သွားခဲ့ပြီး လက်ရွေးစင်အသင်းရဲ့ သွင်းဂိုးအများဆုံး သီယာရီ အွန်နရီရဲ့ စံချိန်ကို ၅၂ ဂိုးနဲ့ ချိုးဖျက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ ပြင်သစ်တို့က ပိုလန်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း သူတို့တွေပဲ ဆက်ပြီးဖိကစားနေခဲ့သလို ဂရစ်ဇ်မန်းရဲ့ ဖရီးကစ်ကို ရှချက်စနီ ပုတ်ထုတ်ခဲ့ရပြီး အမ်ဘာပေရဲ့ ကန်ချက်က လူထိခဲ့တာကလည်း တိုင်ဘေးက ထွက်သွားခဲ့တာကြောင့် ဂိုးထပ်မရဘဲ ဖြစ်နေခဲ့ပါတယ်။

ဒီနောက်မှာတော့ ပြင်သစ်တို့ဘက်က ကွင်းလယ်လူ ချွာမင်နီအစား ဖိုဖာနာ ဝင်ကစားခဲ့သလို ပိုလန်တို့ဘက်ကတော့ ရှီမန်စကီး၊ ခရာဟိုဗီယက်ခ်နဲ့ ကာမင်စကီးတို့အစား မီလစ်ခ်၊ ဘီလစ်ခ်နဲ့ ဇာလက်စကီးတို့ကို လူစားပြောင်းလဲခဲ့သလို တန်ပြန်တိုက်စစ်တွေကနေ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ပြင်သစ်ခံစစ်ကလည်း အမှားအယွင်းမရှိ ကိုင်တွယ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၇၄ မိနစ်မှာတော့ ပြင်သစ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ပိုလန်တို့ ဖိတိုက်ရာကနေ ကျွံထွက်လာခဲ့တဲ့ ကောင်တာကနေ ဒမ်ဘီလီက ညာခြမ်းက ဆွဲပြေးလာပြီး ဘယ်ခြမ်းကို ခင်းပေးခဲ့တဲ့ ဘောလုံးကို အမ်ဘာပေက ပိုလန်နောက်ခံလူနှစ်ယောက် ကာထားတဲ့ ဂိုးဘယ်ဘက်အပေါ်ထောင့်ကို ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

နှစ်ဂိုးရအပြီးမှာ ပြင်သစ်တို့ဘက်က ဒမ်ဘီလီနဲ့ ဂျီရူးတို့အစား ကိုမွန်နဲ့ မားကပ်စ် သူရမ်တို့ကို လဲကစားခဲ့ပြီး ပိုလန်တို့ တုံ့ပြန်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် တိုက်စစ်သမားတွေ အားနည်းနေခဲ့တာကြောင့် နောက်ဆုံးပြောင်းလဲမှုအနေနဲ့ ကီဗီယာနဲ့ ဖရန်ကော့ဗ်စကီးတို့အစား ဘက်ဒ်နာရက်ခ်နဲ့ ဂရိုဆစ်စကီးတို့ကို ထည့်သွင်းလာခဲ့တာပါ။


နာကျင်အချိန်ပို ၁မိနစ်မှာတော့ ပြင်သစ်တို့ပဲ အနိုင်သေချာစေမယ့် တတိယဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ လူစားဝင်တိုက်စစ်မှူး သူရမ်ရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့ လိမ်ခေါက်ပြီး ဧရိယာထဲကို ချိုးပေးခဲ့ရာမှာ အမ်ဘာပေက ပိုလန်ခံစစ်သမားတွေကြားကနေ ညာဘက်အဝေးတိုင်ထောင့်ကို ကန်သွင်းခဲ့ရာမှာ ဂိုးသမား ရှချက်စနီ လက်ဖျားနဲ့ထိပြီး ဝင်သွားခဲ့လို့ သုံးဂိုး-ဂိုးမရှိြဖစ်နေခဲ့ပါတယ်။

နာကျင်အချိန်ပို ၉ မိနစ်မှာတော့ ပိုလန်တို့ သိက္ခာဆည် ချေပဂိုးတစ်ဂိုးကို ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဂရိုဆစ်စကီးရဲ့ ဖြတ်တင်ဘောကို အူပါမီကာနို လက်ထိလို့ ရခဲ့တဲ့ ပင်နယ်တီကနေ တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီး ကန်သွင်းရာမှာ တရားလွန် တုံ့ဆိုင်းနေမှုကြောင့် ပြင်သစ်ကစားသမားတွေ ဧရိယာထဲ ရောက်နေခဲ့ကြတာနဲ့ ဂိုးသမား လိုရစ်ရဲ့ ဂိုးစည်းပေါ်ကနေ ရှေ့ရောက်နေခဲ့တာတွေကြောင့် နောက်တစ်ကြိမ် ထပ်မံကန်သွင်းခဲ့ရတာပါ။

ဒီတစ်ကြိမ်မှာတော့ ကန်မလိုလိုနဲ့ ခဏခဏ တုံ့ဆိုင်းပြီး လှည့်စားတာက တော်တော်လေး ရုပ်ပျက်နေခဲ့လို့ ကဲ့ရဲ့စရာဖြစ်နေခဲ့တဲ့ ပိုလန်တိုက်စစ်မှူးအနေနဲ့ တစ်ကြိမ် ရပ်တန့်ပြီးမှ ဂိုးသမား လိုရစ် ဒိုက်ပစ်တဲ့ ဘက်နဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းပြီး ပင်နယ်တီက ချေပဂိုးကို ရုပ်ပျက်ဆင်းပျက် ရယူသွားနိုင်ခဲ့တာကြောင့် သိက္ခာဆည်ဂိုးက သိပ်ပြီးတော့ သိက္ခာမရှိတဲ့ ဂိုးတစ်ဂိုးပဲ ဖြစ်ခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ ပြင်သစ်တို့က ပိုလန်တို့ကို သုံးဂိုး-တစ်ဂိုးနဲ့ ထိုက်ထိုက်တန်တန် အောင်ပွဲခံ ကျော်ဖြတ်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ကြသလို လက်ရှိအချိန်အထိ ပြသထားခဲ့တဲ့ တိုက်စစ်မှူး အမ်ဘာပေရဲ့ သူမတူတဲ့ ခြေစွမ်းကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ကာကွယ်ခွင့်ကို ပိုင်ဆိုင်သွားနိုင်ဖို့ပါ ရေပန်းစားနေခဲ့ပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ျပင္သစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား လိုရစ္၊ ခံစစ္မွာ အူပါမီကာႏို၊ ဗာ႐ြန္း၊ ကြန္ဒီနဲ႔ သီယို ဟာနန္ဒက္ဇ္တို႔ကို ပြဲထုတ္လာခဲ့ၿပီး ကြင္းလယ္မွာ ခြၽာမင္နီနဲ႔ ဟာဗ်ိဳတို႔ကို တြဲဖက္ေပးခဲ့သလို သူတို႔ႏွစ္ဦးရဲ႕ ေရွ႕က တိုက္စစ္သမားေတြအျဖစ္ ဂရစ္ဇ္မန္း၊ ဒမ္ဘီလီ၊ အမ္ဘာေပနဲ႔ ဂ်ီ႐ူးတို႔ကို နည္းျပ ေဒး႐ႊမ့္စ္က ခင္းက်င္းလာခဲ့တာျဖစ္ပါတယ္။

ပိုလန္အသင္းကေတာ့ ဂိုးသမား ရွခ်က္စနီ၊ ခံစစ္မွာ ဂလစ္ခ္၊ ကီဗီယာ၊ ကတ္ရွ္နဲ႔ ဘီရီရွင္စကီးတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခရာဟိုဗီယက္ခ္၊ ရွီမန္စကီး၊ ဇီလင္စကီး၊ ကာမင္စကီးနဲ႔ ဖရန္ေကာ့ဗ္စကီးတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ လီဗန္ေဒါ့ဗ္စကီးတစ္ဦးတည္းကို ခံစစ္အားျပဳတဲ့ ပုံစံနဲ႔ ရင္ဆိုင္လာခဲ့တာပါ။

ပြဲစကတည္းက လက္ရွိခ်န္ပီယံ ျပင္သစ္တို႔ပဲ ဖိကစားေနခဲ့ၾကၿပီး အခြင့္အေရးေတြကိုေတာ့ အသုံးမခ်ႏိုင္ခဲ့သလို ဂိုးသမား ရွခ်က္စနီကလည္း လက္စြမ္းျပေနခဲ့တာေၾကာင့္ ခံစစ္ပိတ္ကစားေနတဲ့ ပိုလန္တို႔ သက္သာခဲ့ရသလို ေရွ႕မွာ လူမရွိဘဲ လီဗန္ေဒါ့ဗ္စကီးတစ္ေယာက္တည္းကိုသာ ထားခဲ့တဲ့ တိုက္စစ္ကေတာ့ တန္ျပန္ၿခိမ္းေျခာက္ဖို႔ ခက္ခဲေနခဲ့ပါတယ္။

ဒမ္ဘီလီနဲ႔ ကြန္ဒီတို႔က ဂိုးသမား ရွခ်က္စနီကို ေသြးတိုးစမ္းခဲ့အၿပီး ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ ဒမ္ဘီလီရဲ႕ ဂိုးေရွ႕ ခ်ိဳးေပးတဲ့ အနိမ့္ေဘာကို ဂ်ီ႐ူးက မယုံႏိုင္ေလာက္ လြဲေခ်ာ္ခဲ့ၿပီး ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ ပိုလန္တို႔ရဲ႕ မထင္မွတ္တဲ့ တိုက္စစ္ကေန ဇီလင္စကီး ကန္သြင္းတာကို လိုရစ္ ပုတ္ထုတ္ခဲ့ရသလို ျပန္ထြက္လာတဲ့‌ ေဘာလုံးကို ကာမင္စကီး ကန္သြင္းတာကိုလည္း ဗာ႐ြန္းက ဂိုးစည္းေပၚက ရွင္းထုတ္သြားခဲ့ရတာပါ။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ျပင္သစ္တို႔ ဦးေဆာင္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန အူပါမီကာႏို ေပးတာကို အမ္ဘာေပက ဧရိယာထိပ္ကေန ဂ်ီ႐ူးရဲ႕ ေရွ႕ကို လွမ္းထည့္ေပးခဲ့ရာမွာ ဝါရင့္တိုက္စစ္မႉးက ဘယ္ေျခနဲ႔ အနိမ့္ေဘာ ခ်ိဳးကန္သြားခဲ့လို႔ ညာဘက္တိုင္ေျခကို ဝင္သြားခဲ့ၿပီး လက္ေ႐ြးစင္အသင္းရဲ႕ သြင္းဂိုးအမ်ားဆုံး သီယာရီ အြန္နရီရဲ႕ စံခ်ိန္ကို ၅၂ ဂိုးနဲ႔ ခ်ိဳးဖ်က္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာေတာ့ ျပင္သစ္တို႔က ပိုလန္တို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းမွာလည္း သူတို႔ေတြပဲ ဆက္ၿပီးဖိကစားေနခဲ့သလို ဂရစ္ဇ္မန္းရဲ႕ ဖရီးကစ္ကို ရွခ်က္စနီ ပုတ္ထုတ္ခဲ့ရၿပီး အမ္ဘာေပရဲ႕ ကန္ခ်က္က လူထိခဲ့တာကလည္း တိုင္ေဘးက ထြက္သြားခဲ့တာေၾကာင့္ ဂိုးထပ္မရဘဲ ျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ ျပင္သစ္တို႔ဘက္က ကြင္းလယ္လူ ခြၽာမင္နီအစား ဖိုဖာနာ ဝင္ကစားခဲ့သလို ပိုလန္တို႔ဘက္ကေတာ့ ရွီမန္စကီး၊ ခရာဟိုဗီယက္ခ္နဲ႔ ကာမင္စကီးတို႔အစား မီလစ္ခ္၊ ဘီလစ္ခ္နဲ႔ ဇာလက္စကီးတို႔ကို လူစားေျပာင္းလဲခဲ့သလို တန္ျပန္တိုက္စစ္ေတြကေန ဂိုးရဖို႔ ႀကိဳးစားခဲ့ေပမယ့္ ျပင္သစ္ခံစစ္ကလည္း အမွားအယြင္းမရွိ ကိုင္တြယ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ျပင္သစ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ပိုလန္တို႔ ဖိတိုက္ရာကေန ကြၽံထြက္လာခဲ့တဲ့ ေကာင္တာကေန ဒမ္ဘီလီက ညာျခမ္းက ဆြဲေျပးလာၿပီး ဘယ္ျခမ္းကို ခင္းေပးခဲ့တဲ့ ေဘာလုံးကို အမ္ဘာေပက ပိုလန္ေနာက္ခံလူႏွစ္ေယာက္ ကာထားတဲ့ ဂိုးဘယ္ဘက္အေပၚေထာင့္ကို ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ႏွစ္ဂိုးရအၿပီးမွာ ျပင္သစ္တို႔ဘက္က ဒမ္ဘီလီနဲ႔ ဂ်ီ႐ူးတို႔အစား ကိုမြန္နဲ႔ မားကပ္စ္ သူရမ္တို႔ကို လဲကစားခဲ့ၿပီး ပိုလန္တို႔ တုံ႔ျပန္ႏိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ တိုက္စစ္သမားေတြ အားနည္းေနခဲ့တာေၾကာင့္ ေနာက္ဆုံးေျပာင္းလဲမႈအေနနဲ႔ ကီဗီယာနဲ႔ ဖရန္ေကာ့ဗ္စကီးတို႔အစား ဘက္ဒ္နာရက္ခ္နဲ႔ ဂ႐ိုဆစ္စကီးတို႔ကို ထည့္သြင္းလာခဲ့တာပါ။


နာက်င္အခ်ိန္ပို ၁မိနစ္မွာေတာ့ ျပင္သစ္တို႔ပဲ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန လူစားဝင္တိုက္စစ္မႉး သူရမ္ရဲ႕ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ လိမ္ေခါက္ၿပီး ဧရိယာထဲကို ခ်ိဳးေပးခဲ့ရာမွာ အမ္ဘာေပက ပိုလန္ခံစစ္သမားေတြၾကားကေန ညာဘက္အေဝးတိုင္ေထာင့္ကို ကန္သြင္းခဲ့ရာမွာ ဂိုးသမား ရွခ်က္စနီ လက္ဖ်ားနဲ႔ထိၿပီး ဝင္သြားခဲ့လို႔ သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၉ မိနစ္မွာေတာ့ ပိုလန္တို႔ သိကၡာဆည္ ေခ်ပဂိုးတစ္ဂိုးကို ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဂ႐ိုဆစ္စကီးရဲ႕ ျဖတ္တင္ေဘာကို အူပါမီကာႏို လက္ထိလို႔ ရခဲ့တဲ့ ပင္နယ္တီကေန တိုက္စစ္မႉး လီဗန္ေဒါ့ဗ္စကီး ကန္သြင္းရာမွာ တရားလြန္ တုံ႔ဆိုင္းေနမႈေၾကာင့္ ျပင္သစ္ကစားသမားေတြ ဧရိယာထဲ ေရာက္ေနခဲ့ၾကတာနဲ႔ ဂိုးသမား လိုရစ္ရဲ႕ ဂိုးစည္းေပၚကေန ေရွ႕ေရာက္ေနခဲ့တာေတြေၾကာင့္ ေနာက္တစ္ႀကိမ္ ထပ္မံကန္သြင္းခဲ့ရတာပါ။

ဒီတစ္ႀကိမ္မွာေတာ့ ကန္မလိုလိုနဲ႔ ခဏခဏ တုံ႔ဆိုင္းၿပီး လွည့္စားတာက ေတာ္ေတာ္ေလး ႐ုပ္ပ်က္ေနခဲ့လို႔ ကဲ့ရဲ႕စရာျဖစ္ေနခဲ့တဲ့ ပိုလန္တိုက္စစ္မႉးအေနနဲ႔ တစ္ႀကိမ္ ရပ္တန႔္ၿပီးမွ ဂိုးသမား လိုရစ္ ဒိုက္ပစ္တဲ့ ဘက္နဲ႔ ဆန႔္က်င္ဘက္ကို ကန္သြင္းၿပီး ပင္နယ္တီက ေခ်ပဂိုးကို ႐ုပ္ပ်က္ဆင္းပ်က္ ရယူသြားႏိုင္ခဲ့တာေၾကာင့္ သိကၡာဆည္ဂိုးက သိပ္ၿပီးေတာ့ သိကၡာမရွိတဲ့ ဂိုးတစ္ဂိုးပဲ ျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ျပင္သစ္တို႔က ပိုလန္တို႔ကို သုံးဂိုး-တစ္ဂိုးနဲ႔ ထိုက္ထိုက္တန္တန္ ေအာင္ပြဲခံ ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့ၾကသလို လက္ရွိအခ်ိန္အထိ ျပသထားခဲ့တဲ့ တိုက္စစ္မႉး အမ္ဘာေပရဲ႕ သူမတူတဲ့ ေျခစြမ္းေၾကာင့္ ၂၀၂၂ ကမာၻ႔ဖလားမွာ ခ်န္ပီယံ ကာကြယ္ခြင့္ကို ပိုင္ဆိုင္သြားႏိုင္ဖို႔ပါ ေရပန္းစားေနခဲ့ၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.