Match Report Premier League

ဆာလားၿပီးေတာ့ ဗာဒီ၊ ဂါဘရီယယ္လ္ၿပီးေတာ့ ကက္စတာညာ၊ အာဆင္နယ္ၿပီးေတာ့ လက္စတာရဲ႕ႏုိင္ပြဲ

ခ်န္ပီယံရွစ္ကေန ဒုတိယေနရာရၿပီး တန္းျပန္တက္လာခဲ့တဲ့ ဝက္စ္ဘရြန္းနဲ႔ ၿပီးခဲ့တဲ့ႏွစ္က ကံမေကာင္း အေၾကာင္းမလွလို႔ ဒဏ္ရာမ်ားခဲ့တဲ့ အသင္းကို နည္းျပအတတ္ဆန္းမွဳနဲ႔ ယူ႐ိုပါလိဂ္ကိုသာ ကစားခြင့္ရခဲ့တဲ့ လက္စတာတုိ႔ရဲ႕ ပြဲမွာေတာ့ ဧည့္သည္ ေျမေခြးေတြက အိမ္ရွင္ဘက္ဂီေတြကို တစ္စစီ ဆုတ္ျဖဲႏုိင္ခဲ့ၾကပါတယ္။

ဝက္စ္ဟမ္းက ေခၚထားတဲ့ ဒိုင္ယန္ဂါနာ၊ ရွက္ဖီးလ္ဒ္ယူႏိုက္တက္က ေျပာင္းလာတဲ့ ကယ္လမ္ ေရာ္ဘင္ဆန္တုိ႔ရဲ႕ အတုိးအလွဳပ္ေတြနဲ႔ လက္စတာကို ရင္ဆုိင္ခဲ့တာကေတာ့ အတုိင္းအတာတစ္ခုအထိ ထိေရာက္ခဲ့ေပမယ့္ အေထာင္တုိက္စစ္မွဴးေကာင္းေကာင္း ပါမလာတဲ့ တုိက္စစ္က ဗဟိုေနာက္ခံလူစစ္စစ္အျဖစ္ ဆုိယြန္က်ဴတစ္ဦးတည္းပါတဲ့ ေနာက္တန္းကုိ ထိုးႏွက္ႏုိင္ျခင္းေတာ့ မရွိခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ အျပန္အလွန္ ေသြးတုိးစမ္းခဲ့ၾကၿပီး အခ်ိန္ၾကာလာတာနဲ႔အမွ် လက္စတာက ပုိစီးမိလာခဲ့သလို ေဘာလုံးပုိင္ဆုိင္မွဳ အမ်ားစုကိုပါ ရယူခဲ့ၿပီး ပရီးမီးယားလိဂ္အေၾကာင္း ဝက္စ္ဘရြန္းကို ျပန္လည္မိတ္ဆက္ေပးခဲ့သလို ကစားသမားခ်င္း အရည္အေသြး ကြာဟမွဳကလည္း စကားေျပာခဲ့လို႔ အိမ္ရွင္ေတြ အမွားမ်ားလာခဲ့တဲ့ ပထမပုိင္းကေတာ့ ကံၾကမၼာေဖးမမွဳေၾကာင့္ ဂိုးမရွိသေရနဲ႔ ၿပီးဆုံးခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ ေျမေခြးေတြရဲ႕ သြားစြယ္ေတြက ခၽြန္ထက္မွဳကို ပုိမုိျပသလာခဲ့ၿပီး ညာသန္ေနာက္ခံလူ ဂ်ပ္စတင္ဝင္ကစားတဲ့ ဘယ္ျခမ္းက ထိုးေဖာက္မွဳ ပုိမ်ားလာခဲ့သလို ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ ဘယ္ေတာင္ပံက ပရက္ရဲ႕ ျဖတ္တင္မွဳကို ညာေနာက္ခံလူအျဖစ္ ပါဝင္ကစားတဲ့ ကစားသမားသစ္ ကက္စတာညာက သူ႕ရဲ႕ ပြဲဦးထြက္မွာပဲ ေနရာယူမွန္မွန္နဲ႔ ေခါင္းတုိက္ၿပီး အဖြင့္ဂိုးကို ရယူႏုိင္ခဲ့ပါတယ္။

အိမ္ကြင္းမွာ ဂိုးလိုခ်င္လုိ႔ ဖိကစားခဲ့တဲ့ ဝက္စ္ဘရြန္းရဲ႕ ကစားပုံကေတာ့ တျဖည္းျဖည္းနဲ႔ ေတာင္ပံေတြ အားေကာင္းတဲ့ လက္စတာတို႔ စိတ္ႀကဳိက္ျဖစ္လာခဲ့ၿပီး ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန ဘန္းစ္ဆြဲေျပးသြားခ်ိန္မွာ ဂိုးဧရိယာထဲ အသင့္ေနရာယူဝင္ေရာက္လာတဲ့ ဗာဒီကို ဘတ္တလီက တြန္းလွဲခဲ့လုိ႔ ပင္နယ္တီရခဲ့ၿပီး ဒါကို ပရီးမီးယားလိဂ္ရဲ႕ ေရႊဖိနပ္ရွင္က ကိုယ္တုိင္ပဲ ကန္သြင္းခဲ့လို႔ ဒုတိယဂိုး ရခဲ့ပါတယ္။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ တည္ၿငိမ္မွဳ နည္းပါးလာတဲ့ ဝက္စ္ဘရြန္းေနာက္တန္းက ဒါရာ အုိရွီးယားက ဂိုးဧရိယာထဲ ဝင္လာတဲ့ ဂ်ပ္စတင္ကို ကန္ခဲ့မိလို႔ ပင္နယ္တီ ထပ္ရခဲ့ၿပီး ဒါကိုလည္း ဗာဒီကပဲ ဂိုးသမား ဂၽြန္စတုန္းကို လွည့္စားကန္သြင္းႏုိင္ခဲ့လုိ႔ အဖြင့္ပြဲမွာ ပင္နယ္တီႏွစ္ဂုိးသြင္းႏုိင္တဲ့ တုိက္စစ္မွဴးအျဖစ္ လီဗာပူးလ္ရဲ႕ မိုဟာမက္ ဆာလားေနာက္ကို ကပ္လိုက္ႏုိင္ခဲ့ပါတယ္။

သုံးဂိုး-ဂိုးမရွိနဲ႔ စိုးမိုးႏုိင္ခဲ့တဲ့ ပြဲအၿပီးမွာေတာ့ အာဆင္နယ္နဲ႔ ရဂိုးေပးဂိုး တူညီခဲ့သလို ေနာက္ခံလူသစ္ ဂိုးသြင္းၿပီး အေဝးကြင္းမွာ အႏုိင္ရခဲ့တဲ့ ရလဒ္ခ်င္းလည္း တူညီခဲ့တဲ့ လက္စတာတို႔ နာမည္ကြာျခားခ်က္နဲ႔ ဒုတိယေနရာမွာ ရပ္တည္ႏုိင္ခဲ့ၿပီး ရာသီသစ္အတြက္ အဖြင့္လွခဲ့ပါေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချန်ပီယံရှစ်ကနေ ဒုတိယနေရာရပြီး တန်းပြန်တက်လာခဲ့တဲ့ ဝက်စ်ဘရွန်းနဲ့ ပြီးခဲ့တဲ့နှစ်က ကံမကောင်း အကြောင်းမလှလို့ ဒဏ်ရာများခဲ့တဲ့ အသင်းကို နည်းပြအတတ်ဆန်းမှုနဲ့ ယူရိုပါလိဂ်ကိုသာ ကစားခွင့်ရခဲ့တဲ့ လက်စတာတို့ရဲ့ ပွဲမှာတော့ ဧည့်သည် မြေခွေးတွေက အိမ်ရှင်ဘက်ဂီတွေကို တစ်စစီ ဆုတ်ဖြဲနိုင်ခဲ့ကြပါတယ်။

ဝက်စ်ဟမ်းက ခေါ်ထားတဲ့ ဒိုင်ယန်ဂါနာ၊ ရှက်ဖီးလ်ဒ်ယူနိုက်တက်က ပြောင်းလာတဲ့ ကယ်လမ် ရော်ဘင်ဆန်တို့ရဲ့ အတိုးအလှုပ်တွေနဲ့ လက်စတာကို ရင်ဆိုင်ခဲ့တာကတော့ အတိုင်းအတာတစ်ခုအထိ ထိရောက်ခဲ့ပေမယ့် အထောင်တိုက်စစ်မှူးကောင်းကောင်း ပါမလာတဲ့ တိုက်စစ်က ဗဟိုနောက်ခံလူစစ်စစ်အဖြစ် ဆိုယွန်ကျူတစ်ဦးတည်းပါတဲ့ နောက်တန်းကို ထိုးနှက်နိုင်ခြင်းတော့ မရှိခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ အပြန်အလှန် သွေးတိုးစမ်းခဲ့ကြပြီး အချိန်ကြာလာတာနဲ့အမျှ လက်စတာက ပိုစီးမိလာခဲ့သလို ဘောလုံးပိုင်ဆိုင်မှု အများစုကိုပါ ရယူခဲ့ပြီး ပရီးမီးယားလိဂ်အကြောင်း ဝက်စ်ဘရွန်းကို ပြန်လည်မိတ်ဆက်ပေးခဲ့သလို ကစားသမားချင်း အရည်အသွေး ကွာဟမှုကလည်း စကားပြောခဲ့လို့ အိမ်ရှင်တွေ အမှားများလာခဲ့တဲ့ ပထမပိုင်းကတော့ ကံကြမ္မာဖေးမမှုကြောင့် ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မြေခွေးတွေရဲ့ သွားစွယ်တွေက ချွန်ထက်မှုကို ပိုမိုပြသလာခဲ့ပြီး ညာသန်နောက်ခံလူ ဂျပ်စတင်ဝင်ကစားတဲ့ ဘယ်ခြမ်းက ထိုးဖောက်မှု ပိုများလာခဲ့သလို ပွဲချိန် ၅၆ မိနစ်မှာတော့ ဘယ်တောင်ပံက ပရက်ရဲ့ ဖြတ်တင်မှုကို ညာနောက်ခံလူအဖြစ် ပါဝင်ကစားတဲ့ ကစားသမားသစ် ကက်စတာညာက သူ့ရဲ့ ပွဲဦးထွက်မှာပဲ နေရာယူမှန်မှန်နဲ့ ခေါင်းတိုက်ပြီး အဖွင့်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။

အိမ်ကွင်းမှာ ဂိုးလိုချင်လို့ ဖိကစားခဲ့တဲ့ ဝက်စ်ဘရွန်းရဲ့ ကစားပုံကတော့ တဖြည်းဖြည်းနဲ့ တောင်ပံတွေ အားကောင်းတဲ့ လက်စတာတို့ စိတ်ကြိုက်ဖြစ်လာခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဘန်းစ်ဆွဲပြေးသွားချိန်မှာ ဂိုးဧရိယာထဲ အသင့်နေရာယူဝင်ရောက်လာတဲ့ ဗာဒီကို ဘတ်တလီက တွန်းလှဲခဲ့လို့ ပင်နယ်တီရခဲ့ပြီး ဒါကို ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ရှင်က ကိုယ်တိုင်ပဲ ကန်သွင်းခဲ့လို့ ဒုတိယဂိုး ရခဲ့ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာတော့ တည်ငြိမ်မှု နည်းပါးလာတဲ့ ဝက်စ်ဘရွန်းနောက်တန်းက ဒါရာ အိုရှီးယားက ဂိုးဧရိယာထဲ ဝင်လာတဲ့ ဂျပ်စတင်ကို ကန်ခဲ့မိလို့ ပင်နယ်တီ ထပ်ရခဲ့ပြီး ဒါကိုလည်း ဗာဒီကပဲ ဂိုးသမား ဂျွန်စတုန်းကို လှည့်စားကန်သွင်းနိုင်ခဲ့လို့ အဖွင့်ပွဲမှာ ပင်နယ်တီနှစ်ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူးအဖြစ် လီဗာပူးလ်ရဲ့ မိုဟာမက် ဆာလားနောက်ကို ကပ်လိုက်နိုင်ခဲ့ပါတယ်။

သုံးဂိုး-ဂိုးမရှိနဲ့ စိုးမိုးနိုင်ခဲ့တဲ့ ပွဲအပြီးမှာတော့ အာဆင်နယ်နဲ့ ရဂိုးပေးဂိုး တူညီခဲ့သလို နောက်ခံလူသစ် ဂိုးသွင်းပြီး အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ရလဒ်ချင်းလည်း တူညီခဲ့တဲ့ လက်စတာတို့ နာမည်ကွာခြားချက်နဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ရာသီသစ်အတွက် အဖွင့်လှခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.