International Match Report World Cup

အရန်တွေနဲ့ ပြင်သစ်ဆီက သုံးမှတ် အလှူခံနိုင်ခဲ့ပေမယ့် အဆုံးမှာ ငိုပွဲဆင်ခဲ့ရတဲ့ တူနီးရှား

အုပ်စု(D)ကနေ နောက်တစ်ဆင့်ကို တက်ခဲ့ပြီးဖြစ်တဲ့ ပြင်သစ်အသင်းအနေနဲ့ ဒီနေ့မှာတော့ အရန်တွေကို ထုတ်သုံးခဲ့ပြီး ဂိုးသမား မွန်ဒွန်ဒါ၊ ခံစစ်မှာ ဗာရွန်း၊ ကိုနာတေ၊ ဒီဆာဆီနဲ့ ကာမာဗင်ဂါတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ချွာမင်နီ၊ ဗယ်ဟယ်တူနဲ့ ဖိုဖာနာတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဂန်ဒူဇီ၊ ကိုမွန်နဲ့ ကိုလို မူအာနီတို့ကို ပွဲထွက်စေခဲ့တာဖြစ်ပါတယ်။

ဒီပွဲနိုင်ရင် မျှော်လင့်ချက်ရှိနေခဲ့တဲ့ တူနီးရှားတို့ကတော့ ဂိုးသမား ဒါမန်၊ ခံစစ်မှာ ဂန်ဒရီ၊ တယ်လ်ဘီနဲ့ မယ်ရီယားတို့ကို ထားခဲ့ပြီး ကွင်းလယ်မှာ စခီရီ၊ လိုင်ဒူနီ၊ မားလူးလ်၊ ကက်ရှ်ဒရီးယား၊ ဆလီမာနီနဲ့ ဘင်ရွမ်ဒါနီတို့ကို သုံးခဲ့သလို တိုက်စစ်မှာတော့ အသင်းခေါင်းဆောင် ခါဇရီ တစ်ဦးတည်းကို False 9 ဆန်ဆန်နဲ့ ကစားကွက်ဖော်လာခဲ့တာပါ။

ပွဲချိန် ၁၁ မိနစ်မှာ တူနီးရှားနောက်ခံလူ ဂန်ဒရီက ဖရီးကစ်ကနေ အနီးကပ် ကန်သွင်းပြီး ဂိုးရယူခဲ့ပေမယ့် အနည်းငယ် လူကျွံနေတာကြောင့် ပြင်သစ်တို့ သက်သာခဲ့ရပြီး ဘယ်နောက်ခံလူ မဟုတ်ဘဲ ဝင်ကစားနေရတဲ့ ကာမာဗင်ဂါရဲ့ နေရာကို ပြိုင်ဘက်တွေက ဦးတည်ကစားနေခဲ့ကြသလို ပွဲချိန် ၁၃ မိနစ်မှာ တူနီးရှားကပ္ပတိန် ခါဇရီ ဒိုက်ထိုးခဲ့ပေမယ့် ပင်နယ်တီမရသလို အဝါလည်း မထိခဲ့ဘဲ ဘဲစားဘဲချေဖြစ်ခဲ့ပါတယ်။

ပြင်သစ်တို့ရဲ့ အရန်တိုက်စစ်သမားတွေကတော့ သုံးစားမရကြောင်းကိုပဲ နည်းပြ ဒေးရွှမ့်စ်အနေနဲ့ သဘောပေါက်နားလည်ခဲ့ရပြီး ဂိုးသမား မွန်ဒွန်ဒါရဲ့ လက်စွမ်းက အသင်းခေါင်းဆောင် လိုရစ်ထက် ဆိုးရွားခဲ့သလို ခံစစ်က ဗာရွန်းကလည်း ဒဏ်ရာကနေ ပြန်လာပြီး ပုံမှန်ခြေ မရှိတာကြောင့် ခံစစ်မှာ ဟောင်းလောင်းပေါက်နေပြီး ပထမပိုင်းမှာ တူနီးရှားတို့ ညံ့လို့သာ ဂိုးမရှိ သရေကျနေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၈ မိနစ်မှာတော့ တူနီးရှားတို့ တစ်လုံးတည်းသောဂိုးကို ရယူသွားနိုင်ခဲ့ပြီး ကွင်းလယ်က ဆရာကြီးလိုလိုနဲ့ ဘောလုံး လှည့်တဲ့ ဖိုဖာနာ ဖောင်းအဖြစ်မှာ တစ်ဖက်ကွင်းလယ်လူ လိုင်ဒူနီက ဘောလုံးကို အမြန်ပေးခဲ့တာကို အသင်းကပ္ပတိန် ခါဇရီက တစ်ကိုယ်တော်အစွမ်းနဲ့ ဗာရွန်းကို ကျော်ဖြတ်ပြီးမှ ဒီဆာဆီ ဝင်မဖျက်နိုင်ခင် အမြန်ကန်သွင်းနိုင်ခဲ့လို့ ပြင်သစ်တို့ အငိုက်မိသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ ပြင်သစ်တို့ဘက်က နာမည်ပဲရှိတဲ့ ဗာရွန်းနဲ့ စုတ်ပြတ်နေတဲ့ ဗယ်ဟယ်တူ၊ ကိုမွန်၊ ဖိုဖာနာ၊ ဂန်ဒူဇီတို့အစား ဆာလီဘာ၊ ဟာဗျို၊ အမ်ဘာပေ၊ ဂရစ်ဇ်မန်းနဲ့ ဒမ်ဘီလီတို့ကို လူစားလဲသွားခဲ့ပြီး သိက္ခာဆည်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ဂရစ်ဇ်မန်းရဲ့ သွင်းဂိုးကို လူကျွံနေတယ် ဆိုပြီး ပယ်ဖျက်ခံခဲ့ရတာကြောင့် လက်ရှိချန်ပီယံတွေ ဘဲဥမကွဲဘဲ အမှတ်လှူခဲ့ရတာပါ။

တူနီးရှားတို့အနေနဲ့ ပြင်သစ်ကို ခါဇရီရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ကစားနိုင်ခဲ့ပြီး ပထမဆုံးနိုင်ပွဲနဲ့ ရမှတ် ၄ မှတ်အထိ စုဆောင်းနိုင်ခဲ့ပေမယ့် ကံက ကိုယ့်ဘက်မှာ ရှိမနေဘဲ တစ်ဖက်က ဒိန်းမတ်ကို အနိုင်ရသွားတဲ့ ဩစတေးလျက ၆ မှတ်အထိ ရသွားခဲ့လို့ အုပ်စု တတိယနေရာကနေ လှည့်ပြန်ဖို့ပဲ ဖြစ်လာခဲ့သလို ပြင်သစ်တို့ကတော့ ရှုံးနိမ့်ခဲ့ပေမယ့် အုပ်စုဗိုလ်အဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အုပ္စု(D)ကေန ေနာက္တစ္ဆင့္ကို တက္ခဲ့ၿပီးျဖစ္တဲ့ ျပင္သစ္အသင္းအေနနဲ႔ ဒီေန႔မွာေတာ့ အရန္ေတြကို ထုတ္သုံးခဲ့ၿပီး ဂိုးသမား မြန္ဒြန္ဒါ၊ ခံစစ္မွာ ဗာ႐ြန္း၊ ကိုနာေတ၊ ဒီဆာဆီနဲ႔ ကာမာဗင္ဂါတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ခြၽာမင္နီ၊ ဗယ္ဟယ္တူနဲ႔ ဖိုဖာနာတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂန္ဒူဇီ၊ ကိုမြန္နဲ႔ ကိုလို မူအာနီတို႔ကို ပြဲထြက္ေစခဲ့တာျဖစ္ပါတယ္။

ဒီပြဲႏိုင္ရင္ ေမွ်ာ္လင့္ခ်က္ရွိေနခဲ့တဲ့ တူနီးရွားတို႔ကေတာ့ ဂိုးသမား ဒါမန္၊ ခံစစ္မွာ ဂန္ဒရီ၊ တယ္လ္ဘီနဲ႔ မယ္ရီယားတို႔ကို ထားခဲ့ၿပီး ကြင္းလယ္မွာ စခီရီ၊ လိုင္ဒူနီ၊ မားလူးလ္၊ ကက္ရွ္ဒရီးယား၊ ဆလီမာနီနဲ႔ ဘင္႐ြမ္ဒါနီတို႔ကို သုံးခဲ့သလို တိုက္စစ္မွာေတာ့ အသင္းေခါင္းေဆာင္ ခါဇရီ တစ္ဦးတည္းကို False 9 ဆန္ဆန္နဲ႔ ကစားကြက္ေဖာ္လာခဲ့တာပါ။

ပြဲခ်ိန္ ၁၁ မိနစ္မွာ တူနီးရွားေနာက္ခံလူ ဂန္ဒရီက ဖရီးကစ္ကေန အနီးကပ္ ကန္သြင္းၿပီး ဂိုးရယူခဲ့ေပမယ့္ အနည္းငယ္ လူကြၽံေနတာေၾကာင့္ ျပင္သစ္တို႔ သက္သာခဲ့ရၿပီး ဘယ္ေနာက္ခံလူ မဟုတ္ဘဲ ဝင္ကစားေနရတဲ့ ကာမာဗင္ဂါရဲ႕ ေနရာကို ၿပိဳင္ဘက္ေတြက ဦးတည္ကစားေနခဲ့ၾကသလို ပြဲခ်ိန္ ၁၃ မိနစ္မွာ တူနီးရွားကပၸတိန္ ခါဇရီ ဒိုက္ထိုးခဲ့ေပမယ့္ ပင္နယ္တီမရသလို အဝါလည္း မထိခဲ့ဘဲ ဘဲစားဘဲေခ်ျဖစ္ခဲ့ပါတယ္။

ျပင္သစ္တို႔ရဲ႕ အရန္တိုက္စစ္သမားေတြကေတာ့ သုံးစားမရေၾကာင္းကိုပဲ နည္းျပ ေဒး႐ႊမ့္စ္အေနနဲ႔ သေဘာေပါက္နားလည္ခဲ့ရၿပီး ဂိုးသမား မြန္ဒြန္ဒါရဲ႕ လက္စြမ္းက အသင္းေခါင္းေဆာင္ လိုရစ္ထက္ ဆိုး႐ြားခဲ့သလို ခံစစ္က ဗာ႐ြန္းကလည္း ဒဏ္ရာကေန ျပန္လာၿပီး ပုံမွန္ေျခ မရွိတာေၾကာင့္ ခံစစ္မွာ ေဟာင္းေလာင္းေပါက္ေနၿပီး ပထမပိုင္းမွာ တူနီးရွားတို႔ ညံ့လို႔သာ ဂိုးမရွိ သေရက်ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ တူနီးရွားတို႔ တစ္လုံးတည္းေသာဂိုးကို ရယူသြားႏိုင္ခဲ့ၿပီး ကြင္းလယ္က ဆရာႀကီးလိုလိုနဲ႔ ေဘာလုံး လွည့္တဲ့ ဖိုဖာနာ ေဖာင္းအျဖစ္မွာ တစ္ဖက္ကြင္းလယ္လူ လိုင္ဒူနီက ေဘာလုံးကို အျမန္ေပးခဲ့တာကို အသင္းကပၸတိန္ ခါဇရီက တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ဗာ႐ြန္းကို ေက်ာ္ျဖတ္ၿပီးမွ ဒီဆာဆီ ဝင္မဖ်က္ႏိုင္ခင္ အျမန္ကန္သြင္းႏိုင္ခဲ့လို႔ ျပင္သစ္တို႔ အငိုက္မိသြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ ျပင္သစ္တို႔ဘက္က နာမည္ပဲရွိတဲ့ ဗာ႐ြန္းနဲ႔ စုတ္ျပတ္ေနတဲ့ ဗယ္ဟယ္တူ၊ ကိုမြန္၊ ဖိုဖာနာ၊ ဂန္ဒူဇီတို႔အစား ဆာလီဘာ၊ ဟာဗ်ိဳ၊ အမ္ဘာေပ၊ ဂရစ္ဇ္မန္းနဲ႔ ဒမ္ဘီလီတို႔ကို လူစားလဲသြားခဲ့ၿပီး သိကၡာဆည္ႏိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ နာက်င္အခ်ိန္ပိုမွာ ဂရစ္ဇ္မန္းရဲ႕ သြင္းဂိုးကို လူကြၽံေနတယ္ ဆိုၿပီး ပယ္ဖ်က္ခံခဲ့ရတာေၾကာင့္ လက္ရွိခ်န္ပီယံေတြ ဘဲဥမကြဲဘဲ အမွတ္လႉခဲ့ရတာပါ။

တူနီးရွားတို႔အေနနဲ႔ ျပင္သစ္ကို ခါဇရီရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ကစားႏိုင္ခဲ့ၿပီး ပထမဆုံးႏိုင္ပြဲနဲ႔ ရမွတ္ ၄ မွတ္အထိ စုေဆာင္းႏိုင္ခဲ့ေပမယ့္ ကံက ကိုယ့္ဘက္မွာ ရွိမေနဘဲ တစ္ဖက္က ဒိန္းမတ္ကို အႏိုင္ရသြားတဲ့ ဩစေတးလ်က ၆ မွတ္အထိ ရသြားခဲ့လို႔ အုပ္စု တတိယေနရာကေန လွည့္ျပန္ဖို႔ပဲ ျဖစ္လာခဲ့သလို ျပင္သစ္တို႔ကေတာ့ ရႈံးနိမ့္ခဲ့ေပမယ့္ အုပ္စုဗိုလ္အျဖစ္ ဆက္လက္ရပ္တည္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.