Match Report Premier League

ဂိုးသြင္းဖို႔ အႀကိမ္ႀကိမ္ႀကဳိးစားခဲ့ၾကေပမယ့္ အဲဗာတန္ရဲ႕ တစ္ဂိုးနဲ႔ပဲ ပြဲၿပီးခဲ့တဲ့ နည္းျပႏွစ္ဦးရဲ႕ တုိက္ပြဲ

ပရီးမီးယားလိဂ္ရဲ႕ ေအာင္ျမင္မွဳအမ်ားဆုံးအသင္းေတြကို ဖယ္လုိက္ရင္ ဒုတိယတန္းထဲမွာ ရွိေနၾကတဲ့ အသင္းႏွစ္သင္းကို ျပဳျပင္ေျပာင္းလဲမွဳေတြနဲ႔အတူ ကမာၻ႕အဆင့္ နည္းျပႏွစ္ဦးက ကိုင္တြယ္ေနခဲ့ၿပီး သူတုိ႔ႏွစ္သင္းရဲ႕ ေစာေစာစီးစီး ဆုံေတြ႕တဲ့ ပြဲကို စိတ္ဝင္စားစရာအျဖစ္ ပရိသတ္ေတြက ေစာင့္ၾကည့္ခဲ့ၾကေပမယ့္ ထင္သလိုမျဖစ္ခဲ့ဘဲ တစ္လုံးတည္းေသာဂိုးနဲ႔ ပြဲၿပီးသြားခဲ့ပါတယ္။

အိမ္ရွင္စပါးစ္တုိ႔ရဲ႕ ကစားကြက္ကေတာ့ ေမာ္ရင္ညဳိရဲ႕ပုံစံအတုိင္း ခံစစ္ကေန တုိက္စစ္ကို လ်င္လ်င္ျမန္ျမန္ကူးေျပာင္းတဲ့ ေကာင္တာေတြနဲ႔ ကစားလာခဲ့ၿပီး အဲဗာတန္ကေတာ့ ကြင္းလယ္မွာ ကစားအားအေကာင္းဆုံးလုိ႔ ဆုိႏုိင္တဲ့ သုံးဦးကို အထိုင္ခ်လာခဲ့လို႔ ဂိုးမရခင္ အခ်ိန္အထိ အိမ္ရွင္တုိ႔အေပၚ ကြင္းလယ္မွာ အသာစီးယူႏုိင္ခဲ့ၿပီး တုိက္စစ္ေတြကေတာ့ ႏွစ္ဖက္စလုံး အၿပဳိင္အဆုိင္ ျဖဳန္းတီးခဲ့ၾကပါတယ္။

ဆြန္ေဟာင္မင္နဲ႔ ဟာရီကိန္းတုိ႔ရဲ႕ အတြဲအဖက္က နားလည္မွဳ မရွိတာထက္ အေစးမကပ္တဲ့ ပုံစံျဖစ္ေနခဲ့ၿပီး တစ္ဦးခ်င္းသာ ကန္သြင္းေနခဲ့ၾကသလို အဲဗာတန္ဘက္ကလည္း ရစ္ခ်ာလစ္ဆန္ရဲ႕ ဒီအသင္းမွာ ငါဆရာဆုိတဲ့ မက္ေဆ့ကို ေပးၿပီး ဟားမက္စ္ ႐ိုဒရီရက္ဇ္အေပၚမွာ ခဏခဏ မ႑ပ္တုိင္တက္ျပေနမွဳက မရင့္က်က္တဲ့ ပုံစံနဲ႔အတူ ရယ္စရာျဖစ္ခဲ့ၿပီး ျဖဳန္းတီးမွဳေတြအျဖစ္ပဲ တစ္ကိုယ္ေကာင္းဆန္စြာနဲ႔ ၿပီးဆုံးသြားခဲ့ပါတယ္။

အန္ဆယ္ေလာ့တီရဲ႕ ကြင္းလယ္အတြဲအဖက္ အလုပ္ျဖစ္ေပမယ့္ ရစ္ခ်ာလစ္ဆန္အေပၚ ၾသဇာမေညာင္းတဲ့ ပုံစံမ်ဳိးကို ျမင္ရၿပီး ဟားမက္စ္ကလည္း ေျခမွန္မရေသးတာေၾကာင့္ ကန္ခ်က္ေတြက ပုံမလာခဲ့ဘဲ ေနာက္ဆုံးမွာေတာ့ Low Profile နဲ႔ ကိုယ့္အလုပ္ကိုယ္လုပ္ေနခဲ့တဲ့ အေထာင္တုိက္စစ္မွဴး ကဲလ္ဗတ္-လူဝင္ကပဲ ေတာက္ပခဲ့ရတာပါ။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ကြင္းလယ္ဘယ္ျခမ္းမွာ ရရွိတဲ့ ဖရီးကစ္ကို ေနာက္ခံလူ ဒီညီ ကန္တင္ေပးတာကို တုိက္စစ္မွာ အေထာင္ေပမယ့္ ဆရာႏွစ္ပါးကို Supporting Role နဲ႔ ပံ့ပုိးေပးေနတဲ့ ကဲလ္ဗတ္-လူဝင္က ခုန္ဖို႔ ေမ့ေနတဲ့ စပါးစ္ေနာက္ခံလူႏွစ္ဦးၾကားထဲကေန ေခါင္းတုိက္ၿပီး ဂိုးသမား လုိရစ္ လွဳပ္ခြင့္မရွိေအာင္ ေခါင္းတုိက္သြင္းယူႏုိင္ခဲ့လို႔ ဒီပြဲရဲ႕ တစ္လုံးတည္းေသာ အႏုိင္ဂိုးကို ရယူႏုိင္ခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာ စပါးစ္က ပုိဖိကစားႏုိင္ခဲ့ေပမယ့္ က်စ္လ်စ္တဲ့ အဲဗာတန္ခံစစ္နဲ႔ ဂိုးသမားတုိ႔ ပိတ္ဆို႔ကာကြယ္ႏုိင္ခဲ့ၿပီး အဲဗာတန္ဘက္က ဟားမက္စ္အေနနဲ႔ အခြင့္အေရးေတြ ဖန္တီးႏုိင္ခဲ့ေပမယ့္လည္း ရစ္ခ်ာလစ္ဆန္တုိ႔အုပ္စုရဲ႕ ထိုးေဖာက္မွဳေတြက ပုံမလာခဲ့လုိ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္ကြင္းႀကီးမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဒီေန႔ပြဲမွာေတာ့ အိမ္ရွင္စပါးစ္တုိ႔ဘက္က တုိက္စစ္အတြဲအဖက္ေတြကို ေမာ္ရင္ညဳိအေနနဲ႔ ပုိမုိတုိးတက္မွဳနဲ႔ နားလည္မွဳရွိေအာင္ လုပ္ေဆာင္ဖို႔ လိုအပ္ေနတယ္လုိ႔ သုံးသပ္ရၿပီး အီတလီမွာ နာမည္ေက်ာ္ခဲ့တဲ့ အန္ဆယ္ေလာ့တီကေတာ့ အဂၤလန္မွာ ကစားသမားေတြကို ၾသဇာေညာင္းဖို႔ လိုေသးၿပီး အသင္းႀကီးတစ္သင္းအျဖစ္ တစ္သမတ္တည္း ရပ္တည္ႏုိင္ဖို႔ဆုိတာ ကစားသမားေတြရဲ႕ နားလည္မွဳနဲ႔ စည္းလုံးမွဳရွိမွပဲ ျဖစ္လိမ့္မယ္ဆုိတဲ့ အခ်က္ကိုေတာ့ ႏွစ္သင္းစလုံး သင္ယူဖို႔ လိုအပ္ေနေသးေၾကာင္းလည္း သုံးသပ္လုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ရဲ့ အောင်မြင်မှုအများဆုံးအသင်းတွေကို ဖယ်လိုက်ရင် ဒုတိယတန်းထဲမှာ ရှိနေကြတဲ့ အသင်းနှစ်သင်းကို ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ကမ္ဘာ့အဆင့် နည်းပြနှစ်ဦးက ကိုင်တွယ်နေခဲ့ပြီး သူတို့နှစ်သင်းရဲ့ စောစောစီးစီး ဆုံတွေ့တဲ့ ပွဲကို စိတ်ဝင်စားစရာအဖြစ် ပရိသတ်တွေက စောင့်ကြည့်ခဲ့ကြပေမယ့် ထင်သလိုမဖြစ်ခဲ့ဘဲ တစ်လုံးတည်းသောဂိုးနဲ့ ပွဲပြီးသွားခဲ့ပါတယ်။

အိမ်ရှင်စပါးစ်တို့ရဲ့ ကစားကွက်ကတော့ မော်ရင်ညိုရဲ့ပုံစံအတိုင်း ခံစစ်ကနေ တိုက်စစ်ကို လျင်လျင်မြန်မြန်ကူးပြောင်းတဲ့ ကောင်တာတွေနဲ့ ကစားလာခဲ့ပြီး အဲဗာတန်ကတော့ ကွင်းလယ်မှာ ကစားအားအကောင်းဆုံးလို့ ဆိုနိုင်တဲ့ သုံးဦးကို အထိုင်ချလာခဲ့လို့ ဂိုးမရခင် အချိန်အထိ အိမ်ရှင်တို့အပေါ် ကွင်းလယ်မှာ အသာစီးယူနိုင်ခဲ့ပြီး တိုက်စစ်တွေကတော့ နှစ်ဖက်စလုံး အပြိုင်အဆိုင် ဖြုန်းတီးခဲ့ကြပါတယ်။

ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့ရဲ့ အတွဲအဖက်က နားလည်မှု မရှိတာထက် အစေးမကပ်တဲ့ ပုံစံဖြစ်နေခဲ့ပြီး တစ်ဦးချင်းသာ ကန်သွင်းနေခဲ့ကြသလို အဲဗာတန်ဘက်ကလည်း ရစ်ချာလစ်ဆန်ရဲ့ ဒီအသင်းမှာ ငါဆရာဆိုတဲ့ မက်ဆေ့ကို ပေးပြီး ဟားမက်စ် ရိုဒရီရက်ဇ်အပေါ်မှာ ခဏခဏ မဏ္ဍပ်တိုင်တက်ပြနေမှုက မရင့်ကျက်တဲ့ ပုံစံနဲ့အတူ ရယ်စရာဖြစ်ခဲ့ပြီး ဖြုန်းတီးမှုတွေအဖြစ်ပဲ တစ်ကိုယ်ကောင်းဆန်စွာနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

အန်ဆယ်လော့တီရဲ့ ကွင်းလယ်အတွဲအဖက် အလုပ်ဖြစ်ပေမယ့် ရစ်ချာလစ်ဆန်အပေါ် သြဇာမညောင်းတဲ့ ပုံစံမျိုးကို မြင်ရပြီး ဟားမက်စ်ကလည်း ခြေမှန်မရသေးတာကြောင့် ကန်ချက်တွေက ပုံမလာခဲ့ဘဲ နောက်ဆုံးမှာတော့ Low Profile နဲ့ ကိုယ့်အလုပ်ကိုယ်လုပ်နေခဲ့တဲ့ အထောင်တိုက်စစ်မှူး ကဲလ်ဗတ်-လူဝင်ကပဲ တောက်ပခဲ့ရတာပါ။

ပွဲချိန် ၅၅ မိနစ်မှာတော့ ကွင်းလယ်ဘယ်ခြမ်းမှာ ရရှိတဲ့ ဖရီးကစ်ကို နောက်ခံလူ ဒီညီ ကန်တင်ပေးတာကို တိုက်စစ်မှာ အထောင်ပေမယ့် ဆရာနှစ်ပါးကို Supporting Role နဲ့ ပံ့ပိုးပေးနေတဲ့ ကဲလ်ဗတ်-လူဝင်က ခုန်ဖို့ မေ့နေတဲ့ စပါးစ်နောက်ခံလူနှစ်ဦးကြားထဲကနေ ခေါင်းတိုက်ပြီး ဂိုးသမား လိုရစ် လှုပ်ခွင့်မရှိအောင် ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ဒီပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ စပါးစ်က ပိုဖိကစားနိုင်ခဲ့ပေမယ့် ကျစ်လျစ်တဲ့ အဲဗာတန်ခံစစ်နဲ့ ဂိုးသမားတို့ ပိတ်ဆို့ကာကွယ်နိုင်ခဲ့ပြီး အဲဗာတန်ဘက်က ဟားမက်စ်အနေနဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့်လည်း ရစ်ချာလစ်ဆန်တို့အုပ်စုရဲ့ ထိုးဖောက်မှုတွေက ပုံမလာခဲ့လို့ တော့တင်ဟမ်ဟော့စပါးစ်ကွင်းကြီးမှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီနေ့ပွဲမှာတော့ အိမ်ရှင်စပါးစ်တို့ဘက်က တိုက်စစ်အတွဲအဖက်တွေကို မော်ရင်ညိုအနေနဲ့ ပိုမိုတိုးတက်မှုနဲ့ နားလည်မှုရှိအောင် လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ သုံးသပ်ရပြီး အီတလီမှာ နာမည်ကျော်ခဲ့တဲ့ အန်ဆယ်လော့တီကတော့ အင်္ဂလန်မှာ ကစားသမားတွေကို သြဇာညောင်းဖို့ လိုသေးပြီး အသင်းကြီးတစ်သင်းအဖြစ် တစ်သမတ်တည်း ရပ်တည်နိုင်ဖို့ဆိုတာ ကစားသမားတွေရဲ့ နားလည်မှုနဲ့ စည်းလုံးမှုရှိမှပဲ ဖြစ်လိမ့်မယ်ဆိုတဲ့ အချက်ကိုတော့ နှစ်သင်းစလုံး သင်ယူဖို့ လိုအပ်နေသေးကြောင်းလည်း သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.