International World Cup

နေမာပုံစံနဲ့ ကွင်းလုံခြုံရေးနဲ့သတင်းဌာနကြီးကိုပါ တစ်ပတ်ရိုက်သွားတဲ့ ဘောလုံးပရိသတ်

နေမာနဲ့ ခွဲမရအောင် တော်တော်လေးတူတဲ့ လူတစ်ယောက်ဟာ ကွင်းလုံခြုံရေးတွေကိုပါ ဘရာဇီးလ်ကြယ်ပွင့်လို့ ထင်သွားအောင် တစ်ပတ်ရိုက်သွားပြီး ကွင်းထဲကို ဝင်ခွင့် ရရှိခဲ့ပါတယ်။

ဘရာဇီးလ်အသင်းဟာ တနင်္လာနေ့က ဆွစ်ဇာလန်ကို ၎င်းတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူးမပါဝင်ဘဲ ၁-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ကက်စမီရိုက ဘရာဇီးလ်အတွက် နောက်ကျအနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ နေမာဟာ ဆားဘီးယားကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး အုပ်စုနောက်ဆုံး ၂ ပွဲကို လွဲချော်မှာဖြစ်တယ်လို့ အသင်းဆရာဝန်တွေက အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် နေမာဟာ ညာဘက်ခြေကျင်းဝတ်ကို ကုသမှုတွေ ခံယူနေပြီး ဆွစ်ဇာလန်နဲ့ပွဲစဉ်ကို ပွဲကြည့်ပရိသတ်အဖြစ်နဲ့သာ အနားယူရင်း ကြည့်ရှုခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်ကြယ်ပွင့်နဲ့ ခွဲလို့မရအောင်တူတဲ့ လူတစ်ယောက်ကတော့ ဆွစ်ဇာလန်နဲ့ပွဲကို တက်ရောက်လာခဲ့ပြီး ဆံပင်ပုံစံ၊ မုတ်ဆိတ်နဲ့ တက်တူးတွေကအစ တစ်ပုံစံတည်းဖြစ်သလို ဘရာဇီးလ်အသင်းရဲ့ တရားဝင် ထရက်ဆုကို အကျအနဝတ်ဆင်ထားပြီး Louis Vuitton အိတ်ကို ချိုင်းကြားညှပ်ထားတာဖြစ်ပါတယ်။

ကွင်းလုံခြုံရေးတွေဟာ ဘရာဇီးလ်ကြယ်ပွင့် နေမာအမှတ်နဲ့ ပွဲမတိုင်ခင် 974 ကွင်းထဲကို အစောင့်အရှောက်လိုက်ပေးခဲ့ပြီး နေမာအယောင်ဆောင်ထားတဲ့လူဟာ ကွင်းထဲ စောရောက်နေတဲ့ ပရိသတ်တွေနဲ့တောင် ဆယ်လ်ဖီပုံတွေ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အဲဒီဗီဒီယိုကို နေမာ အယောင်ဆောင်ထားတဲ့သူကပဲ လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ပြီး ကြည့်ရှုသူပေါင်း ၆.၈ သန်းအထိ ရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ နေမာ အယောင်ဆောင်ထားတဲ့လူဟာ အားလုံးကို အောင်မြင်စွာ တစ်ပတ်ရိုက်နိုင်ခဲ့ပြီးနောက် ပွဲကြည့်စင်မှာ သွားထိုင်ခဲ့ပြီး နေမာအစစ်လို့ ထင်ပြီး အလုအယက် ဆယ်လ်ဖီဆွဲနေတဲ့ ပရိသတ်တွေနဲ့ အလုပ်ရှုပ်နေခဲ့တာ ဖြစ်ပါတယ်။

နေမာ အယောင်ဆောင်ထားတဲ့လူရဲ့ တစ်ပတ်ရိုက်ခြင်းကို ခံခဲ့ရတာက ကွင်းထဲက လုံခြုံရေးတွေနဲ့ ပရိသတ်တွေသာမက ကမ္ဘာ့ဖလားအတွက် တရားဝင် ရုပ်သံထုတ်လွှင့်ခွင့်ရရှိထားတဲ့ အားကစားသတင်းဌာနကြီးတစ်ခုဖြစ်တဲ့ Fox Soccer လည်း အပါအဝင်ဖြစ်ခဲ့ပြီး ဒိုဟာမြို့က လမ်းပေါ်မှာ နေမာ လျှောက်သွားနေတယ်လို့ ထင်မြင်ပြီး ဗီဒီယိုဖိုင်တောင် တင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နေမာ အစစ်မဟုတ်တဲ့အကြောင်း တုံ့ပြန်မှုတွေ ရရှိခဲ့ပြီးနောက်မှာတော့ ပရိသတ်တွေကို ၎င်းတို့ အညာမိသွားကြောင်းနဲ့ နေမာနဲ့ အလွန်ရုပ်ချင်းဆင်တူတဲ့သူရှိနေတာသာဖြစ်ကြောင်း ထပ်လောင်း ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေနမာနဲ႔ ခြဲမရေအာင္ ေတာ္ေတာ္ေလးတူတဲ့ လူတစ္ေယာက္ဟာ ကြင္းလုံၿခဳံေရးေတြကိုပါ ဘရာဇီးလ္ၾကယ္ပြင့္လို႔ ထင္သြားေအာင္ တစ္ပတ္႐ိုက္သြားၿပီး ကြင္းထဲကို ဝင္ခြင့္ ရရွိခဲ့ပါတယ္။

ဘရာဇီးလ္အသင္းဟာ တနလၤာေန႔က ဆြစ္ဇာလန္ကို ၎တို႔ရဲ႕ ၾကယ္ပြင့္တိုက္စစ္မႉးမပါဝင္ဘဲ ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ကက္စမီ႐ိုက ဘရာဇီးလ္အတြက္ ေနာက္က်အႏိုင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။ ေနမာဟာ ဆားဘီးယားကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ေျခက်င္းဝတ္ဒဏ္ရာ ရရွိသြားခဲ့တာျဖစ္ၿပီး အုပ္စုေနာက္ဆုံး ၂ ပြဲကို လြဲေခ်ာ္မွာျဖစ္တယ္လို႔ အသင္းဆရာဝန္ေတြက အတည္ျပဳခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ေနမာဟာ ညာဘက္ေျခက်င္းဝတ္ကို ကုသမႈေတြ ခံယူေနၿပီး ဆြစ္ဇာလန္နဲ႔ပြဲစဥ္ကို ပြဲၾကည့္ပရိသတ္အျဖစ္နဲ႔သာ အနားယူရင္း ၾကည့္ရႈခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဘရာဇီးလ္ၾကယ္ပြင့္နဲ႔ ခြဲလို႔မရေအာင္တူတဲ့ လူတစ္ေယာက္ကေတာ့ ဆြစ္ဇာလန္နဲ႔ပြဲကို တက္ေရာက္လာခဲ့ၿပီး ဆံပင္ပုံစံ၊ မုတ္ဆိတ္နဲ႔ တက္တူးေတြကအစ တစ္ပုံစံတည္းျဖစ္သလို ဘရာဇီးလ္အသင္းရဲ႕ တရားဝင္ ထရက္ဆုကို အက်အနဝတ္ဆင္ထားၿပီး Louis Vuitton အိတ္ကို ခ်ိဳင္းၾကားညႇပ္ထားတာျဖစ္ပါတယ္။

ကြင္းလုံၿခဳံေရးေတြဟာ ဘရာဇီးလ္ၾကယ္ပြင့္ ေနမာအမွတ္နဲ႔ ပြဲမတိုင္ခင္ 974 ကြင္းထဲကို အေစာင့္အေရွာက္လိုက္ေပးခဲ့ၿပီး ေနမာအေယာင္ေဆာင္ထားတဲ့လူဟာ ကြင္းထဲ ေစာေရာက္ေနတဲ့ ပရိသတ္ေတြနဲ႔ေတာင္ ဆယ္လ္ဖီပုံေတြ ႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။ အဲဒီဗီဒီယိုကို ေနမာ အေယာင္ေဆာင္ထားတဲ့သူကပဲ လူမႈကြန္ရက္ေပၚမွာ တင္ခဲ့ၿပီး ၾကည့္ရႈသူေပါင္း ၆.၈ သန္းအထိ ရွိခဲ့တာ ျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ ေနမာ အေယာင္ေဆာင္ထားတဲ့လူဟာ အားလုံးကို ေအာင္ျမင္စြာ တစ္ပတ္႐ိုက္ႏိုင္ခဲ့ၿပီးေနာက္ ပြဲၾကည့္စင္မွာ သြားထိုင္ခဲ့ၿပီး ေနမာအစစ္လို႔ ထင္ၿပီး အလုအယက္ ဆယ္လ္ဖီဆြဲေနတဲ့ ပရိသတ္ေတြနဲ႔ အလုပ္ရႈပ္ေနခဲ့တာ ျဖစ္ပါတယ္။

ေနမာ အေယာင္ေဆာင္ထားတဲ့လူရဲ႕ တစ္ပတ္႐ိုက္ျခင္းကို ခံခဲ့ရတာက ကြင္းထဲက လုံၿခဳံေရးေတြနဲ႔ ပရိသတ္ေတြသာမက ကမာၻ႔ဖလားအတြက္ တရားဝင္ ႐ုပ္သံထုတ္လႊင့္ခြင့္ရရွိထားတဲ့ အားကစားသတင္းဌာနႀကီးတစ္ခုျဖစ္တဲ့ Fox Soccer လည္း အပါအဝင္ျဖစ္ခဲ့ၿပီး ဒိုဟာၿမိဳ႕က လမ္းေပၚမွာ ေနမာ ေလွ်ာက္သြားေနတယ္လို႔ ထင္ျမင္ၿပီး ဗီဒီယိုဖိုင္ေတာင္ တင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေနမာ အစစ္မဟုတ္တဲ့အေၾကာင္း တုံ႔ျပန္မႈေတြ ရရွိခဲ့ၿပီးေနာက္မွာေတာ့ ပရိသတ္ေတြကို ၎တို႔ အညာမိသြားေၾကာင္းနဲ႔ ေနမာနဲ႔ အလြန္႐ုပ္ခ်င္းဆင္တူတဲ့သူရွိေနတာသာျဖစ္ေၾကာင္း ထပ္ေလာင္း ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.