Premier League Transfer News

ပရီးမီးယားလိဂ္အသင္းတခ်ဳိ႕ရဲ႕ အေျပာင္းအေရႊ႕သတင္းေတြနဲ႔ လက္က်န္သတင္းမ်ား – ၁၃.၉.၂၀၂၀

– ၿပီးခဲ့တဲ့ ရာသီက ရပ္တည္မွဳေၾကာင့္ အသင္းကို အားျဖည့္မွဳေတြ ျပဳလုပ္ေနတဲ့ အက္စတန္ဗီလာအသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ ေတာင္ပံကစားသမားေဟာင္း ဘာထရန္ ထရာအုိေရးကို လီယြန္ကေန ေခၚယူဖို႔ ယူ႐ိုသန္း ၂၀ နဲ႔ သေဘာတူညီမွဳရ။

– အာဆင္နယ္ဂိုးသမား အီမီလီယာႏုိ မာတီနက္ဇ္ကိုလည္း အက္စတန္ဗီလာက ေဆးစစ္ေအာင္ျမင္ႏုိင္ခဲ့ၿပီျဖစ္ၿပီး ေလးႏွစ္စာခ်ဳပ္၊ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၂၀ နဲ႔ ေခၚယူႏုိင္မယ့္အေၾကာင္းကို မၾကာခင္မွာပဲ တရားဝင္ေၾကျငာသြားႏုိင္ဖို႔ရွိေန။

– ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းကို အေကာင္းဆုံးကိုင္တြယ္ လမ္းညႊန္ေနခဲ့တဲ့ နည္းျပ ႏူႏို အက္စ္ပရီစီတုိ ဆန္တုိကို အသင္းက သုံးႏွစ္စာခ်ဳပ္သက္တမ္းတိုးလုိက္ၿပီး ၂၀၂၃ ခုႏွစ္ ဇြန္လကုန္အထိ မိုလီေနာ့စ္မွာ ဆက္ရွိဖို႔ျဖစ္လာ။

– ေႏြရာသီပစ္မွတ္ ဗဟိုေနာက္ခံလူေတြအတြက္ အဆင္မေျပခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ခံစစ္မွာ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြဳိင္းယားနဲ႔ တြဲဖက္ကစားဖို႔ မုိနာကိုအသင္းရဲ႕ လူငယ္ေနာက္ခံလူ ဘီႏြား ဘာဒီယာရွီးလ္ကို ေပါင္ ၂၃ သန္းနဲ႔ ေခၚယူႏုိင္ဖို႔ ျပင္ဆင္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ မာတီနက္ဇ္နဲ႔ ေနရာအတြက္ အစားထိုးဖို႔ ဂိုးနည္းျပ အီညာကီ ကာညာကို အလုံးစုံ လႊဲအပ္ထားပုံေပၚေနၿပီး သူ႕ရဲ႕ ပထမအႀကံျပဳမွဳျဖစ္တဲ့ ဘရန္႔ဖို႔ဒ္ရဲ႕ ရာယာကို ေခၚယူဖို႔ ခက္ခဲေနခ်ိန္မွာ ေနာက္ထပ္ပစ္မွတ္အျဖစ္ ဒိန္းမတ္ကလပ္ ေနာ့ဒ္စ္ေဂ်းလန္းမွာ လက္တြဲခဲ့ဖူးတဲ့ ျပင္သစ္ကလပ္ ဒီဂၽြန္ဂိုးသမား အဲလက္စ္ ရန္နာဆန္ကို ေျပာင္းလဲႀကဳိးစားဖြယ္ရွိ။

– ဝက္စ္ဟမ္းယူႏုိက္တက္နဲ႔ စာခ်ဳပ္ဖ်က္သိမ္းဖို႔ သတင္းထြက္ေနခဲ့တဲ့ အာဆင္နယ္ကြင္းလယ္လူေဟာင္း ဂ်က္ခ္ ဝီလ္ရွီးယားကို စီးရီးေအကလပ္အသင္း ဂ်ီႏိုအာက စိတ္ဝင္စားေန။

– ခရစၥတယ္လ္ပဲေလ့စ္အသင္းကေန ထရက္ဘ္ဇြန္စေပါအသင္းကို ႏွစ္ရာသီ အငွားခ်ထားခဲ့ရမွာ ပထမရာသီမွာ ၿပဳိင္ပြဲစုံ ၄၉ ပြဲမွာ ၃၃ ဂိုး ရရွိခဲ့တဲ့ တုိက္စစ္မွဴး အလက္ဇန္းဒါး ေဆာ္ေလာ့သ္ကို ေခၚယူဖို႔ RB လိုက္ပ္ဇ္က ယူ႐ို ၂၄ သန္းနဲ႔ ကမ္းလွမ္းထားၿပီး ကလပ္အသင္းသုံးသင္းၾကား အေက်အလည္ ေဆြးေႏြးရဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ပြီးခဲ့တဲ့ ရာသီက ရပ်တည်မှုကြောင့် အသင်းကို အားဖြည့်မှုတွေ ပြုလုပ်နေတဲ့ အက်စတန်ဗီလာအသင်းအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမားဟောင်း ဘာထရန် ထရာအိုရေးကို လီယွန်ကနေ ခေါ်ယူဖို့ ယူရိုသန်း ၂၀ နဲ့ သဘောတူညီမှုရ။

– အာဆင်နယ်ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကိုလည်း အက်စတန်ဗီလာက ဆေးစစ်အောင်မြင်နိုင်ခဲ့ပြီဖြစ်ပြီး လေးနှစ်စာချုပ်၊ ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ နဲ့ ခေါ်ယူနိုင်မယ့်အကြောင်းကို မကြာခင်မှာပဲ တရားဝင်ကြေငြာသွားနိုင်ဖို့ရှိနေ။

– ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းကို အကောင်းဆုံးကိုင်တွယ် လမ်းညွှန်နေခဲ့တဲ့ နည်းပြ နူနို အက်စ်ပရီစီတို ဆန်တိုကို အသင်းက သုံးနှစ်စာချုပ်သက်တမ်းတိုးလိုက်ပြီး ၂၀၂၃ ခုနှစ် ဇွန်လကုန်အထိ မိုလီနော့စ်မှာ ဆက်ရှိဖို့ဖြစ်လာ။

– နွေရာသီပစ်မှတ် ဗဟိုနောက်ခံလူတွေအတွက် အဆင်မပြေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ခံစစ်မှာ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားနဲ့ တွဲဖက်ကစားဖို့ မိုနာကိုအသင်းရဲ့ လူငယ်နောက်ခံလူ ဘီနွား ဘာဒီယာရှီးလ်ကို ပေါင် ၂၃ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေ။

– အာဆင်နယ်အသင်းအနေနဲ့ မာတီနက်ဇ်နဲ့ နေရာအတွက် အစားထိုးဖို့ ဂိုးနည်းပြ အီညာကီ ကာညာကို အလုံးစုံ လွှဲအပ်ထားပုံပေါ်နေပြီး သူ့ရဲ့ ပထမအကြံပြုမှုဖြစ်တဲ့ ဘရန့်ဖို့ဒ်ရဲ့ ရာယာကို ခေါ်ယူဖို့ ခက်ခဲနေချိန်မှာ နောက်ထပ်ပစ်မှတ်အဖြစ် ဒိန်းမတ်ကလပ် နော့ဒ်စ်ဂျေးလန်းမှာ လက်တွဲခဲ့ဖူးတဲ့ ပြင်သစ်ကလပ် ဒီဂျွန်ဂိုးသမား အဲလက်စ် ရန်နာဆန်ကို ပြောင်းလဲကြိုးစားဖွယ်ရှိ။

– ဝက်စ်ဟမ်းယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းဖို့ သတင်းထွက်နေခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း ဂျက်ခ် ဝီလ်ရှီးယားကို စီးရီးအေကလပ်အသင်း ဂျီနိုအာက စိတ်ဝင်စားနေ။

– ခရစ္စတယ်လ်ပဲလေ့စ်အသင်းကနေ ထရက်ဘ်ဇွန်စပေါအသင်းကို နှစ်ရာသီ အငှားချထားခဲ့ရမှာ ပထမရာသီမှာ ပြိုင်ပွဲစုံ ၄၉ ပွဲမှာ ၃၃ ဂိုး ရရှိခဲ့တဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး ဆော်လော့သ်ကို ခေါ်ယူဖို့ RB လိုက်ပ်ဇ်က ယူရို ၂၄ သန်းနဲ့ ကမ်းလှမ်းထားပြီး ကလပ်အသင်းသုံးသင်းကြား အကျေအလည် ဆွေးနွေးရဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.