Premier League Transfer News

နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု – ၁၃.၉.၂၀၂၀

– မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းက စိတ်ဝင်စားနေပြီး လာမယ့် နွေရာသီမှာ ခေါ်ယူသွားဖို့ အစီအစဉ်ချထားတဲ့ RB လိုက်ပ်ဇစ်နောက်ခံလူ ဒါယို အူပါမီကာနိုအတွက် မန်ချက်စတာစီးတီးကတော့ စောင့်ဆိုင်းမနေတော့ဘဲ နှစ်သင်းကြားက ဆက်ဆံရေးကို အသုံးပြုပြီး လက်ရှိအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ ကြိုးစားလာ။

– ဘီယယ်လ်ဆာနဲ့ သူ့အသင်းကို ကြည့်ရတာ အမြဲတမ်း စိတ်ဝင်စားစရာကောင်းတယ်လို့ နောက်ခံလူ ဘင်ဂျမင် မန်ဒီက ချီးကျူးလိုက်ပြီး သူနဲ့ မာဆေးလ်မှာ လက်တွဲဖူးခဲ့တဲ့နည်းပြအတွက် တွစ်တာမှာ ချီးကျူးရေးသားသွားခဲ့။

– အင်္ဂလန်နိုင်ငံရဲ့ ဂုဏ်ထူးဆောင် MBE ဘွဲ့ရ မန်ချက်စတာစီးတီးတိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ရှောင် ဂုတ်တာက လီဗာပူးလ်အသင်းရဲ့ ခြေစွမ်းကို ကြည့်ရတာ စီးတီးအတွက် ပြိုင်ဘက်ဖြစ်မလာနိုင်ကြောင်းနဲ့ သူ့ရဲ့ အမြင့်ဆုံး ရပ်တည်မှုက ဒီရာသီမှာ အဆင့်သုံးပဲလို့ ပြောကြား။

– မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ လိုချင်နေတဲ့ကြားထဲက သူတို့ရဲ့ တိုက်စစ်မှူးသစ် တီမို ဗာနာကို ခေါ်ယူနိုင်ခဲ့တာဟာ အသင်းရဲ့ နည်းစနစ်အကြံပေး ပီတာချက်ရဲ့ အဓိက စည်းရုံးမှုကြောင့်ဖြစ်တယ်လို့ ပြိုင်ဘက်တွေကို ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ် တူးဆွသွားခဲ့။

– ဝုလ်ဗ်စ်နဲ့ စက်တင်ဘာလ ၂၁ ရက်နေ့၊ အဝေးကွင်း မိုလီနော့စ်မှာ ကစားရမယ့် ပွဲအမီ အသင်းရဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရို ပြန်လည် ပါဝင်လာနိုင်ဖို့ နည်းပြ ဂွါဒီယိုလာက မျှော်လင့်နေပြီး ဒူးဒဏ်ရာ ခွဲစိတ်မှုနောက်ပိုင်း ပထမဆုံး ပြန်ကစားမယ့် ပွဲဖြစ်လာဖို့ရှိနေ။

– ခါလီဒူး ကူလီဘေလီအတွက် ဆွေးနွေးမှုတွေ အေးစက်သွားခဲ့ပေမယ့် လုံးဝပြီးဆုံးသွားတာမျိုးတော့ မဟုတ်ဘူးလို့ သိရပြီး နောက်ခံလူ ဇင်ချန်ကိုရဲ့ အေးဂျင့်ဖြစ်သူက သူ့ရဲ့ကစားသမားဟာ နာပိုလီကို အလိုက်ပေးတဲ့အနေနဲ့ ရောက်ရှိသွားနိုင်တယ်လို့ ထုတ်ဖော်။

– လိဒ်စ်ယူနိုက်တက်ကွင်းလယ်မှာ ခြေစွမ်းပြသနေတဲ့ ကယ်လ်ဗင် ဖိလစ်က သူ့အနေနဲ့ မန်ချက်စတာစီးတီးကွင်းလယ်လူ ဒီဘရိုင်းနားကို လေးစားအားကျသလို ကမ္ဘာ့အကောင်းဆုံးလို့ မှတ်ယူထားတာဖြစ်ပြီး သူနဲ့ ရင်ဆိုင်ကစားရမယ့် အောက်တိုဘာလပွဲစဉ်အတွက် ကြိုတင်ရင်ခုန်နေတယ်လို့ ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.