Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၁၃.၉.၂၀၂၀

– ျပင္သစ္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါအတြက္ လာမယ့္ ၄၈ နာရီအတြင္းမွာ အာဆင္နယ္နဲ႔ လီယြန္တာဝန္ရွိသူေတြ ေတြ႕ဆုံေဆြးေႏြးသြားဖို႔ ရွိေနၿပီး လန္ဒန္ကလပ္ဘက္က အျမန္ဆုံး ေခၚယူႏုိင္ဖုိ႔ ဆႏၵရွိေနတယ္လုိ႔ဆုိ။

– အာဆင္နယ္အသင္းရဲ႕ ဖူလ္ဟမ္နဲ႔ ရာသီအဖြင့္ႏုိင္ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ ဝီလီယန္အတြက္ ခ်ဲလ္ဆီးအသင္းကို ေက်းဇူးတင္ေနမွာျဖစ္ေၾကာင္း ပရိသတ္ေတြက တြစ္တာမွာ ေရးသားခဲ့ၾကၿပီး နည္းျပ မီခယ္လ္ အာတီတာကေတာ့ ဘရာဇီးလ္သားရဲ႕ စြမ္းေဆာင္ရည္အတြက္ မအံ့ၾသဘူးလို႔ဆုိ။

– ဖူလ္ဟမ္အသင္းနဲ႔ ေတြ႕တုိင္း ဂိုးသြင္းႏုိင္ခဲ့တဲ့ အာဆင္နယ္အသင္းေခါင္းေဆာင္ အူဘာမီယန္းအေနနဲ႔ ဒီပြဲမွာ သြင္းယူခဲ့တဲ့ ဂိုးေၾကာင့္ ႏွစ္ရာသီဆက္တုိက္ အဖြင့္ပြဲစဥ္ေတြမွာ ဂိုးသြင္းႏုိင္သူျဖစ္လာၿပီး ကစားသမားေဟာင္း ေရာဘတ္ ပီရက္စ္ရဲ႕ မွတ္တမ္းကို လုိက္မီႏုိင္ခဲ့။

– အာဆင္နယ္ရဲ႕ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ ပါဝင္လာျခင္းမရွိခဲ့တဲ့ ဂိုးသမား အီမီလီယာႏုိ မာတီနက္ဇ္အေနနဲ႔ အက္စတန္ဗီလာအသင္းနဲ႔ ေဆးစစ္ေနၿပီလို႔ဆုိၿပီး ခံစားခြင့္+ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၂၀ နဲ႔ ေျပာင္းေရႊ႕သြားဖြယ္ရွိေန။

– ဖူလ္ဟမ္နဲ႔ပြဲမွာ ေျခစြမ္းျပခဲ့ၿပီး ဂါဘရီယယ္လ္ရဲ႕ ဂိုးရေစမယ့္ ေထာင့္ကန္ေဘာကို ေဘာလုံးအထိန္းအသိမ္းေကာင္းမြန္စြာနဲ႔ ရရွိေစခဲ့တဲ့ ေနာက္ခံလူ ေရာ့ဘ္ ဟိုးလ္ဒင္းကို အသင္းကေန ထြက္ဖို႔ ေမ့လုိက္ေတာ့လုိ႔ နည္းျပ အာတီတာက ေျပာၾကားထားခဲ့တယ္လို႔ ပြဲအၿပီး အင္တာဗ်ဴးမွာ ထုတ္ေဖာ္။

– အေဝးကြင္းမွာ ဂ်ီးလ္ ေရာ့ဒ္ ေျခစြမ္းျပ ဟက္ထရစ္သြင္းယူခဲ့ၿပီး၊ မီဒမ္မာ ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့တဲ့ အာဆင္နယ္အမ်ဳိးသမီးအသင္းက အိမ္ရွင္ ဆယ္ေယာက္က်န္ ဝက္စ္ဟမ္းအမ်ဳိးသမီးအသင္းကို ကိုးဂိုး-တစ္ဂိုးနဲ႔ အႏုိင္ယူ။

– အသင္းကေန စာခ်ဳပ္ဖ်က္သိမ္းေပးေစဖို႔ ေနာက္ခံလူ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္ တြန္းအားေပးေနၿပီး အူႏုိင္း အမ္မရီလက္ထက္က ေခၚယူခဲ့တဲ့ ဂရိကစားသမားအေနနဲ႔ အီတလီေတာင္ပုိင္းကလပ္ နာပိုလီကို အျမန္ဆုံး ေျပာင္းေရႊ႕ႏုိင္ဖို႔ ေမွ်ာ္လင့္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ပြင်သစ်ကွင်းလယ်လူ ဟူဆင်းမ် အောဝါအတွက် လာမယ့် ၄၈ နာရီအတွင်းမှာ အာဆင်နယ်နဲ့ လီယွန်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေပြီး လန်ဒန်ကလပ်ဘက်က အမြန်ဆုံး ခေါ်ယူနိုင်ဖို့ ဆန္ဒရှိနေတယ်လို့ဆို။

– အာဆင်နယ်အသင်းရဲ့ ဖူလ်ဟမ်နဲ့ ရာသီအဖွင့်နိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဝီလီယန်အတွက် ချဲလ်ဆီးအသင်းကို ကျေးဇူးတင်နေမှာဖြစ်ကြောင်း ပရိသတ်တွေက တွစ်တာမှာ ရေးသားခဲ့ကြပြီး နည်းပြ မီခယ်လ် အာတီတာကတော့ ဘရာဇီးလ်သားရဲ့ စွမ်းဆောင်ရည်အတွက် မအံ့သြဘူးလို့ဆို။

– ဖူလ်ဟမ်အသင်းနဲ့ တွေ့တိုင်း ဂိုးသွင်းနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းအနေနဲ့ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် နှစ်ရာသီဆက်တိုက် အဖွင့်ပွဲစဉ်တွေမှာ ဂိုးသွင်းနိုင်သူဖြစ်လာပြီး ကစားသမားဟောင်း ရောဘတ် ပီရက်စ်ရဲ့ မှတ်တမ်းကို လိုက်မီနိုင်ခဲ့။

– အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ပါဝင်လာခြင်းမရှိခဲ့တဲ့ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်အနေနဲ့ အက်စတန်ဗီလာအသင်းနဲ့ ဆေးစစ်နေပြီလို့ဆိုပြီး ခံစားခွင့်+ ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ နဲ့ ပြောင်းရွှေ့သွားဖွယ်ရှိနေ။

– ဖူလ်ဟမ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့ပြီး ဂါဘရီယယ်လ်ရဲ့ ဂိုးရစေမယ့် ထောင့်ကန်ဘောကို ဘောလုံးအထိန်းအသိမ်းကောင်းမွန်စွာနဲ့ ရရှိစေခဲ့တဲ့ နောက်ခံလူ ရော့ဘ် ဟိုးလ်ဒင်းကို အသင်းကနေ ထွက်ဖို့ မေ့လိုက်တော့လို့ နည်းပြ အာတီတာက ပြောကြားထားခဲ့တယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ထုတ်ဖော်။

– အဝေးကွင်းမှာ ဂျီးလ် ရော့ဒ် ခြေစွမ်းပြ ဟက်ထရစ်သွင်းယူခဲ့ပြီး၊ မီဒမ်မာ နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ အာဆင်နယ်အမျိုးသမီးအသင်းက အိမ်ရှင် ဆယ်ယောက်ကျန် ဝက်စ်ဟမ်းအမျိုးသမီးအသင်းကို ကိုးဂိုး-တစ်ဂိုးနဲ့ အနိုင်ယူ။

– အသင်းကနေ စာချုပ်ဖျက်သိမ်းပေးစေဖို့ နောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ် တွန်းအားပေးနေပြီး အူနိုင်း အမ်မရီလက်ထက်က ခေါ်ယူခဲ့တဲ့ ဂရိကစားသမားအနေနဲ့ အီတလီတောင်ပိုင်းကလပ် နာပိုလီကို အမြန်ဆုံး ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.