La Liga Premier League Transfer News

စပိန်ကြယ်ပွင့်ကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ထားတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ စပိန်လက်ရွေးစင်ကြယ်ပွင့် နီကို ဝီလီယံစ်ရဲ့ ကမ္ဘာ့ဖလားက စွမ်းဆောင်ရည်ကို အနီးကပ်စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ညမှာ နစ်ကလပ်စ် ဖူးလ်ခရုဂ်က စပိန်နဲ့ပွဲစဉ်မှာ ဂျာမနီအတွက် အဖိုးတန် သရေ ၁ မှတ်ကို ရယူပေးနိုင်ခဲ့တာကြောင့် ဟန်ဆီ ဖလစ်ရဲ့အသင်းဟာ ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့တာဖြစ်ပါတယ်။ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တာကြောင့် စပိန်အသင်းဟာ အုပ်စု E မှာ ရမှတ် ၄ မှတ်နဲ့ အဆင့် ၁ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး လူးဝစ္စ အန်နရီကေးရဲ့အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ကော်စတာရီကာအသင်းကို ၇-၀ နဲ့ အပြတ်အသတ် ချေမှုန်းနိုင်ခဲ့တာဖြစ်ပါတယ်။

စပိန်အသင်းဟာ လူငယ်သွေးသစ်ကစားသမားတွေနဲ့ အတွေ့အကြုံရင့်ကစားသမားတွေကို ရောစပ်ထားတာဖြစ်ပြီး ကွင်းလယ်မှာ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံ ဆာဂီယို ဘူးစ်ကတ်နဲ့အတူ အသက် ၁၈ နှစ်အရွယ် ဂါဗီ၊ အသက် ၂၀ အရွယ် ပယ်ဒရီတို့က တွဲဖက်ကစားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဂျာမနီ နောက်တန်းကို ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမားကတော့ အသက် ၂၀ အရွယ် အက်သလက်တစ် ဘီလ်ဘာအိုတောင်ပံကစားသမား နီကို ဝီလီယံစ်ဖြစ်ခဲ့ပြီး လီဗာပူးလ်အသင်းက စပိန်တောင်ပံကစားသမားကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

စပိန်သတင်းဌာန Fichajes ရဲ့ ဖော်ပြချက်အရ ယာဂန် ကလော့ပ်ရဲ့ အသင်းဟာ နီကို ဝီလီယံစ်ကို ခေါ်ယူနိုင်ဖို့အတွက် နည်းလမ်းရှာနေတဲ့ အသင်း ၂ သင်းထဲက တစ်သင်းဖြစ်တယ်လို့ သိရပြီး စီးရီးအေထိပ်သီးအသင်းကြီး ဂျူဗင်တပ်ကလည်း အသက် ၂၀အရွယ်ကစားသမားကို စိတ်တဝင်စားကြောင်း ပြသထားခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ အက်သလက်တစ် ဘီလ်ဘာအိုက ဝီလီယံစ်ရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေခဲ့ပြီး စပိန်တောင်ပံကစားသမားဟာ ယခုရာသီ လာလီဂါ ၁၄ ပွဲမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပေးထားတဲ့ကစားသမားဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ဝီလီယံရဲ့ တိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေဖို့ အသင်းကို ပြောကြားခဲ့တာကြောင့် မာဆေးဆိုဒ်အသင်းဟာ စပိန်လူငယ်ကြယ်ပွင့်ရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်ဖို့ ကာတာကို ကင်းထောက်တွေ စေလွှတ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

လီဗာပူးလ်ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကလည်း အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ နီကို ဝီလီယံစ်ကို ခေါ်ယူဖို့အတွက် သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းဟာ စပိန္လက္ေ႐ြးစင္ၾကယ္ပြင့္ နီကို ဝီလီယံစ္ရဲ႕ ကမာၻ႔ဖလားက စြမ္းေဆာင္ရည္ကို အနီးကပ္ေစာင့္ၾကည့္ဖို႔ ကင္းေထာက္ေတြ ေစလႊတ္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့ညမွာ နစ္ကလပ္စ္ ဖူးလ္ခ႐ုဂ္က စပိန္နဲ႔ပြဲစဥ္မွာ ဂ်ာမနီအတြက္ အဖိုးတန္ သေရ ၁ မွတ္ကို ရယူေပးႏိုင္ခဲ့တာေၾကာင့္ ဟန္ဆီ ဖလစ္ရဲ႕အသင္းဟာ ရႈံးထြက္အဆင့္တက္ေရာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္သန္းလာခဲ့တာျဖစ္ပါတယ္။ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တာေၾကာင့္ စပိန္အသင္းဟာ အုပ္စု E မွာ ရမွတ္ ၄ မွတ္နဲ႔ အဆင့္ ၁ ေနရာမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ၿပီး လူးဝစၥ အန္နရီေကးရဲ႕အသင္းဟာ အုပ္စုအဖြင့္ပြဲစဥ္မွာ ေကာ္စတာရီကာအသင္းကို ၇-၀ နဲ႔ အျပတ္အသတ္ ေခ်မႈန္းႏိုင္ခဲ့တာျဖစ္ပါတယ္။

စပိန္အသင္းဟာ လူငယ္ေသြးသစ္ကစားသမားေတြနဲ႔ အေတြ႕အႀကဳံရင့္ကစားသမားေတြကို ေရာစပ္ထားတာျဖစ္ၿပီး ကြင္းလယ္မွာ ၂၀၁၀ ကမာၻ႔ဖလားခ်န္ပီယံ ဆာဂီယို ဘူးစ္ကတ္နဲ႔အတူ အသက္ ၁၈ ႏွစ္အ႐ြယ္ ဂါဗီ၊ အသက္ ၂၀ အ႐ြယ္ ပယ္ဒရီတို႔က တြဲဖက္ကစားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ဂ်ာမနီ ေနာက္တန္းကို ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ႏိုင္ခဲ့တဲ့ ကစားသမားကေတာ့ အသက္ ၂၀ အ႐ြယ္ အက္သလက္တစ္ ဘီလ္ဘာအိုေတာင္ပံကစားသမား နီကို ဝီလီယံစ္ျဖစ္ခဲ့ၿပီး လီဗာပူးလ္အသင္းက စပိန္ေတာင္ပံကစားသမားကို စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

စပိန္သတင္းဌာန Fichajes ရဲ႕ ေဖာ္ျပခ်က္အရ ယာဂန္ ကေလာ့ပ္ရဲ႕ အသင္းဟာ နီကို ဝီလီယံစ္ကို ေခၚယူႏိုင္ဖို႔အတြက္ နည္းလမ္းရွာေနတဲ့ အသင္း ၂ သင္းထဲက တစ္သင္းျဖစ္တယ္လို႔ သိရၿပီး စီးရီးေအထိပ္သီးအသင္းႀကီး ဂ်ဴဗင္တပ္ကလည္း အသက္ ၂၀အ႐ြယ္ကစားသမားကို စိတ္တဝင္စားေၾကာင္း ျပသထားခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ အက္သလက္တစ္ ဘီလ္ဘာအိုက ဝီလီယံစ္ရဲ႕ အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနခဲ့ၿပီး စပိန္ေတာင္ပံကစားသမားဟာ ယခုရာသီ လာလီဂါ ၁၄ ပြဲမွာ သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္ ျပဳလုပ္ေပးထားတဲ့ကစားသမားျဖစ္ပါတယ္။

လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က ဝီလီယံရဲ႕ တိုးတက္မႈကို အနီးကပ္ေစာင့္ၾကည့္ေနဖို႔ အသင္းကို ေျပာၾကားခဲ့တာေၾကာင့္ မာေဆးဆိုဒ္အသင္းဟာ စပိန္လူငယ္ၾကယ္ပြင့္ရဲ႕ စြမ္းေဆာင္ရည္ကို ေစာင့္ၾကည့္ဖို႔ ကာတာကို ကင္းေထာက္ေတြ ေစလႊတ္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

လီဗာပူးလ္ရဲ႕ ပရီးမီးယားလိဂ္ၿပိဳင္ဘက္အသင္းျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္ကလည္း အက္သလက္တီကို မက္ဒရစ္အသင္းနဲ႔ ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးတဲ့ နီကို ဝီလီယံစ္ကို ေခၚယူဖို႔အတြက္ သတင္းေတြ ထြက္ေပၚေနခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.