La Liga Premier League Transfer News

နည်းပြနဲ့ ပြဿနာတက်ပြီး အသင်းကထွက်တော့မယ့် တန်ဟက်နဲ့အာတီတာတို့ရဲ့ပစ်မှတ်

မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ ပစ်မှတ် ဂျာအို ဖီလစ်ဟာ နည်းပြ ဒီယေဂို ဆီမီယွန်နီနဲ့ ဆက်ဆံရေး လုံးဝ ပြိုကွဲသွားပြီးနောက် အက်သလက်တီကို မက်ဒရစ်အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ အက်သလက်တီကို မက်ဒရစ်အသင်းအတွက် လာလီဂါ ၁၄ ပွဲမှာ ၅ ပွဲသာ ပွဲထွက်ပါဝင်ကစားပေးခွင့် ရရှိခဲ့တာဖြစ်ပြီး ပွဲကစားချိန်အကန့်အသတ်သာ ရရှိခဲ့ပေမယ့်လည်း ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ကိုယ်စားပြု ကစားပေးနေတဲ့ ဖီလစ်ဟာ ၂၀၁၉ ခုနှစ်မှာ ဘင်ဖီကာအသင်းကနေ အက်သလက်တီကို မက်ဒရစ်ကို ကြီးမားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၁၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

နည်းပြနဲ့ ဆက်ဆံရေး ဆိုးရွားခဲ့ပြီးကတည်းက ပွဲကစားချိန် ရုန်းကန်ခဲ့ရပေမယ့်လည်း ဂျာအို ဖီလစ်ဟာ အက်သလက်တီကို မက်ဒရစ်အတွက် ၁၂၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၅၁ ဂိုးအထိ ပါဝင်ပတ်သက်ခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ဟာ ပြီးခဲ့တဲ့အပတ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လမ်းခွဲခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အတွက် ပြီးပြည့်စုံတဲ့ ရွေးချယ်စရာ ဖြစ်နိုင်ပြီး တစ်ဆက်တည်းမှာပဲ အာဆင်နယ်ကလည်း ပေါ်တူဂီတိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ ယုံကြည်ရပါတယ်။

Marca ရဲ့ ဖော်ပြချက်အရ ဂျာအို ဖီလစ်နဲ့ အက်သလက်တီကို မက်ဒရစ်နည်းပြ ဒီယေဂို ဆီမီယွန်နီတို့ကြားက ဆက်ဆံရေးဟာ လုံးဝကို ပျက်စီးသွားခဲ့ပြီဖြစ်တယ်လို့ သိရပြီး ပေါ်တူဂီတိုက်စစ်မှူးဟာ ၎င်းရဲ့အေးဂျင့်ကို လာမယ့်ဇန်နဝါရီမှာ အသင်းသစ်ရှာဖွေပေးဖို့ တောင်းဆိုခဲ့တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။ အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုကလည်း ဆီမီယွန်နီနဲ့ ဂျာအို ဖီလစ်တို့ကြားမှာ တင်းမာမှုတွေ ရှိနေတယ်လို့ ပြောကြားခဲ့ပေမယ့်လည်း ကစးသမားက မက်ထရိုပိုလီတာနိုကို စွန့်ခွာဖို့ ပြောကြားခံခဲ့ရခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

“ဂျာအို ဖီလစ်က ထူးခြားတဲ့ အရည်အချင်းရှိသူပါ။ ဒါပေမယ့် သူ့ရဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ အခြေအနေက မလွယ်ကူခဲ့ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူက အသင်း၊ ပရိသတ်တွေနဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပေမယ့်လည်း ဆီမီယွန်နီနဲ့ တင်းမာမှုတွေ ရှိနေပါတယ်။ အဲဒါကြောင့်ပဲ အခု ၂၀၂၃ ခုနှစ်မှာ သူ အက်သလက်တီကို မက်ဒရစ်ကို စွန့်ခွာချင်နေတာဖြစ်ပြီး အဲဒါက ဇန်နဝါရီလဖြစ်မလား ဒါမှမဟုတ် နွေရာသီမှာလားဆိုတာ ကျွန်တော်တို့ ကြည့်ရမှာပါ။ ဖီလစ်က ထွက်ခွာဖို့ တောင်းဆိုခြင်းခံခဲ့ရတယ်ဆိုတာ မမှန်ပါဘူး။ သူက အပြောင်းအရွှေ့ပြုလုပ်ချင်နေတာပါ”

“အက်သလက်တီကို မက်ဒရစ်အသင်းက လူငယ်တိုက်စစ်မှူးအတွက် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့တယ်။ အဲဒီတော့ ဘုတ်အဖွဲ့က ကစားသမားကို ကာကွယ်ချင်နေဆဲဖြစ်ပြီး သူ အသင်းမှာ ဆက်နေနိုင်အောင် လုပ်နိုင်မလား ကြည့်ရမှာပါ။ အဲဒါက ဖီလစ်ကို ရောင်းချချင်လာအောင် သူတို့ကို အရေးပါတဲ့ ကမ်းလှမ်းမှုပြုလုပ်ပြီး အသင်းသစ်ဖြစ်လာမယ့်အသင်းက စည်းရုံးရမယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔ရဲ႕ ပစ္မွတ္ ဂ်ာအို ဖီလစ္ဟာ နည္းျပ ဒီေယဂို ဆီမီယြန္နီနဲ႔ ဆက္ဆံေရး လုံးဝ ၿပိဳကြဲသြားၿပီးေနာက္ အက္သလက္တီကို မက္ဒရစ္အသင္းကေန ထြက္ခြာဖို႔ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ကစားသမားဟာ အက္သလက္တီကို မက္ဒရစ္အသင္းအတြက္ လာလီဂါ ၁၄ ပြဲမွာ ၅ ပြဲသာ ပြဲထြက္ပါဝင္ကစားေပးခြင့္ ရရွိခဲ့တာျဖစ္ၿပီး ပြဲကစားခ်ိန္အကန႔္အသတ္သာ ရရွိခဲ့ေပမယ့္လည္း ၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာ ေပၚတူဂီလက္ေ႐ြးစင္အသင္းအတြက္ ကိုယ္စားျပဳ ကစားေပးေနတဲ့ ဖီလစ္ဟာ ၂၀၁၉ ခုႏွစ္မွာ ဘင္ဖီကာအသင္းကေန အက္သလက္တီကို မက္ဒရစ္ကို ႀကီးမားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၁၃ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

နည္းျပနဲ႔ ဆက္ဆံေရး ဆိုး႐ြားခဲ့ၿပီးကတည္းက ပြဲကစားခ်ိန္ ႐ုန္းကန္ခဲ့ရေပမယ့္လည္း ဂ်ာအို ဖီလစ္ဟာ အက္သလက္တီကို မက္ဒရစ္အတြက္ ၁၂၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၅၁ ဂိုးအထိ ပါဝင္ပတ္သက္ခဲ့တာ ျဖစ္ပါတယ္။

ေပၚတူဂီၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့အပတ္မွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လမ္းခြဲခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အတြက္ ၿပီးျပည့္စုံတဲ့ ေ႐ြးခ်ယ္စရာ ျဖစ္ႏိုင္ၿပီး တစ္ဆက္တည္းမွာပဲ အာဆင္နယ္ကလည္း ေပၚတူဂီတိုက္စစ္မႉးကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတယ္လို႔ ယုံၾကည္ရပါတယ္။

Marca ရဲ႕ ေဖာ္ျပခ်က္အရ ဂ်ာအို ဖီလစ္နဲ႔ အက္သလက္တီကို မက္ဒရစ္နည္းျပ ဒီေယဂို ဆီမီယြန္နီတို႔ၾကားက ဆက္ဆံေရးဟာ လုံးဝကို ပ်က္စီးသြားခဲ့ၿပီျဖစ္တယ္လို႔ သိရၿပီး ေပၚတူဂီတိုက္စစ္မႉးဟာ ၎ရဲ႕ေအးဂ်င့္ကို လာမယ့္ဇန္နဝါရီမွာ အသင္းသစ္ရွာေဖြေပးဖို႔ ေတာင္းဆိုခဲ့တယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။ အေျပာင္းအေ႐ႊ႕အထူးကြၽမ္းက်င္သူ ဖက္ဘရီဇီယို ႐ိုမာႏိုကလည္း ဆီမီယြန္နီနဲ႔ ဂ်ာအို ဖီလစ္တို႔ၾကားမွာ တင္းမာမႈေတြ ရွိေနတယ္လို႔ ေျပာၾကားခဲ့ေပမယ့္လည္း ကစးသမားက မက္ထ႐ိုပိုလီတာႏိုကို စြန႔္ခြာဖို႔ ေျပာၾကားခံခဲ့ရျခင္းမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“ဂ်ာအို ဖီလစ္က ထူးျခားတဲ့ အရည္အခ်င္းရွိသူပါ။ ဒါေပမယ့္ သူ႔ရဲ႕ အက္သလက္တီကို မက္ဒရစ္နဲ႔ အေျခအေနက မလြယ္ကူခဲ့ဘူးဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္။ သူက အသင္း၊ ပရိသတ္ေတြနဲ႔ အလြန္ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိခဲ့ေပမယ့္လည္း ဆီမီယြန္နီနဲ႔ တင္းမာမႈေတြ ရွိေနပါတယ္။ အဲဒါေၾကာင့္ပဲ အခု ၂၀၂၃ ခုႏွစ္မွာ သူ အက္သလက္တီကို မက္ဒရစ္ကို စြန႔္ခြာခ်င္ေနတာျဖစ္ၿပီး အဲဒါက ဇန္နဝါရီလျဖစ္မလား ဒါမွမဟုတ္ ေႏြရာသီမွာလားဆိုတာ ကြၽန္ေတာ္တို႔ ၾကည့္ရမွာပါ။ ဖီလစ္က ထြက္ခြာဖို႔ ေတာင္းဆိုျခင္းခံခဲ့ရတယ္ဆိုတာ မမွန္ပါဘူး။ သူက အေျပာင္းအေ႐ႊ႕ျပဳလုပ္ခ်င္ေနတာပါ”

“အက္သလက္တီကို မက္ဒရစ္အသင္းက လူငယ္တိုက္စစ္မႉးအတြက္ ႀကီးမားတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳလုပ္ခဲ့တယ္။ အဲဒီေတာ့ ဘုတ္အဖြဲ႕က ကစားသမားကို ကာကြယ္ခ်င္ေနဆဲျဖစ္ၿပီး သူ အသင္းမွာ ဆက္ေနႏိုင္ေအာင္ လုပ္ႏိုင္မလား ၾကည့္ရမွာပါ။ အဲဒါက ဖီလစ္ကို ေရာင္းခ်ခ်င္လာေအာင္ သူတို႔ကို အေရးပါတဲ့ ကမ္းလွမ္းမႈျပဳလုပ္ၿပီး အသင္းသစ္ျဖစ္လာမယ့္အသင္းက စည္း႐ုံးရမယ္ဆိုတဲ့ အဓိပၸာယ္လည္း ျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.