Premier League Transfer News

ဂက်ခ်ပို ပြောင်းရွှေ့မယ့်အသင်းကို ပြောပြလိုက်တဲ့ ပီအက်စ်ဗွီအကြီးအကဲဟောင်း

ပီအက်စ်ဗွီ နည်းစနစ် ဒါရိုက်တာဟောင်း ဂျွန် ဒီ ယုံးက ကိုဒီ ဂက်ခ်ပိုဟာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် စောင့်ဆိုင်းနေတာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဂက်ခ်ပိုဟာ ယခုရာသီမှာ လက်ရှိအချိန်အထိ သွင်းဂိုး ၁၂ ဂိုး၊ ဂိုးဖန်တီးမှု ၁၅ ကြိမ်နဲ့ အထင်ကြီးဖွယ်ခြေစွမ်း ပြသထားတဲ့ ကစားသမားဖြစ်ပြီး နယ်သာလန်ရဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ် ၂ ပွဲစလုံးမှာလည်း ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီမှာ လိဒ်စ်ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့မှာ လေယာဉ်ပေါ် မတက်ဘဲ အိုင်ဟိုဗင်မှာ ဆက်နေဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းကလည်း ပြီးခဲ့တဲ့နွေရာသီမှာ ဂက်ခ်ပိုကို ခေါ်ယူဖို့အတွက် ၎င်းတို့ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးကို ချိုးဖျက်ဖို့ ဆန္ဒရှိခဲ့တာဖြစ်ပေမယ့်လည်း သဘောတူညီမှုက အမှန်တကယ် ဖြစ်ပေါ်လာခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ်သတင်းတွေရဲ့ ဖော်ပြချက်အရ အဲရစ် တန်ဟက်ဟာ ဂက်ခ်ပိုကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ နေရာအတွက် အစားထိုးခေါ်ယူဖို့ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလမှာ ယုံကြည်မှု ချိုးဖောက်မှုအတွက် ပီအက်စ်ဗွီရဲ့ ရာထူးကနေ ထုတ်ပြယ်ခင်းကို ခံခဲ့ရတဲ့ နည်းစနစ် ဒါရိုက်တာဟောင်း ဂျွန် ဒီ ယုံးက ဂက်ခ်ပိုဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ ဦးစားပေးအဖြစ် သတ်မှတ်ထားတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကိုဒီက မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီး အဲဒါက တကယ်ဖြစ်လာတော့မယ့်ပုံပေါ်ခဲ့ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် တစ်ပတ်လောက်မှာ အဲဒီအပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့တယ်”

“အဲဒီကိစ္စအပြီးမှာ သူ့အတွက် ပရီးမီးယားလိဂ်မှာ ရွေးချယ်စရာ ၂ ခုရှိခဲ့ပေမယ့် ခင်ဗျား အဲဒါက ဘယ်လို ဖြစ်လာမလဲဆိုတာကို ကြိုမသိနိုင်ပါဘူး။ သူက သူ့ဘာသာ ရွေးချယ်မှု ပြုလုပ်ခဲ့တယ်။ အဆုံးမှာ ကျွန်တော် ဘုတ်အဖွဲ့နဲ့ ဆွေးနွေးခဲ့တယ်။ ရောင်းမလား၊ မရောင်းဘူးလားဆိုတာကိုပေါ့”

“သူဆက်နေခဲ့တာက သူ့အတွက် တကယ်ပိုကောင်းခဲ့တယ်လို့ ထင်ပါတယ်။ သူ တိုးတက်လာနေတဲ့ပုံက အရမ်းကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ သူ ဒီရာသီ ပီအက်စ်ဗွီမှာ ပွဲထွက်စတင်ပြီး ဆက်ပြီး တိုးတက်နေတယ်။ သူက အရမ်းကို အကျိုးသက်ရောက်မှုရှိပြီး အဆုံးအဖြတ်ပေးနိုင်စွမ်းရှိပါတယ်။ ကမ္ဘာ့ဖလားမှာလည်း အဲဒီအတိုင်းပါပဲ။ ကျွန်တော် အဲဒါကို ကြည့်ရှုရတာ တကယ်ကို ပျော်ရွှင်မိပါတယ်။ ကောင်းကောင်း လုပ်နိုင်နေတာက အထူးသဖြင့် ကိုဒီ ဂက်ခ်ပိုအတွက် အရမ်းကောင်းပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ပီအက်စ်ဗွီနဲ့ ဒတ်ချ်ဘောလုံးအတွက်လည်း ပါပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဗြီ နည္းစနစ္ ဒါ႐ိုက္တာေဟာင္း ဂြၽန္ ဒီ ယုံးက ကိုဒီ ဂက္ခ္ပိုဟာ မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ ေစာင့္ဆိုင္းေနတာျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဂက္ခ္ပိုဟာ ယခုရာသီမွာ လက္ရွိအခ်ိန္အထိ သြင္းဂိုး ၁၂ ဂိုး၊ ဂိုးဖန္တီးမႈ ၁၅ ႀကိမ္နဲ႔ အထင္ႀကီးဖြယ္ေျခစြမ္း ျပသထားတဲ့ ကစားသမားျဖစ္ၿပီး နယ္သာလန္ရဲ႕ ကမာၻ႔ဖလား အုပ္စုပြဲစဥ္ ၂ ပြဲစလုံးမွာလည္း ဂိုးသြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ လိဒ္စ္ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ခဲ့ေပမယ့္လည္း အေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးေန႔မွာ ေလယာဥ္ေပၚ မတက္ဘဲ အိုင္ဟိုဗင္မွာ ဆက္ေနဖို႔ ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

ေဆာက္သမ္တန္အသင္းကလည္း ၿပီးခဲ့တဲ့ေႏြရာသီမွာ ဂက္ခ္ပိုကို ေခၚယူဖို႔အတြက္ ၎တို႔ရဲ႕ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးကို ခ်ိဳးဖ်က္ဖို႔ ဆႏၵရွိခဲ့တာျဖစ္ေပမယ့္လည္း သေဘာတူညီမႈက အမွန္တကယ္ ျဖစ္ေပၚလာျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။ ယခုအပတ္သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ အဲရစ္ တန္ဟက္ဟာ ဂက္ခ္ပိုကို လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ေနရာအတြက္ အစားထိုးေခၚယူဖို႔ ထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္လိုက္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့စက္တင္ဘာလမွာ ယုံၾကည္မႈ ခ်ိဳးေဖာက္မႈအတြက္ ပီအက္စ္ဗြီရဲ႕ ရာထူးကေန ထုတ္ျပယ္ခင္းကို ခံခဲ့ရတဲ့ နည္းစနစ္ ဒါ႐ိုက္တာေဟာင္း ဂြၽန္ ဒီ ယုံးက ဂက္ခ္ပိုဟာ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ဖို႔ ဦးစားေပးအျဖစ္ သတ္မွတ္ထားတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ကိုဒီက မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ အခ်ိန္အေတာ္ၾကာ ေစာင့္ဆိုင္းေနခဲ့ၿပီး အဲဒါက တကယ္ျဖစ္လာေတာ့မယ့္ပုံေပၚခဲ့ပါတယ္။ အေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္ခင္ တစ္ပတ္ေလာက္မွာ အဲဒီအေျပာင္းအေ႐ႊ႕က ပ်က္ျပယ္သြားခဲ့တယ္”

“အဲဒီကိစၥအၿပီးမွာ သူ႔အတြက္ ပရီးမီးယားလိဂ္မွာ ေ႐ြးခ်ယ္စရာ ၂ ခုရွိခဲ့ေပမယ့္ ခင္ဗ်ား အဲဒါက ဘယ္လို ျဖစ္လာမလဲဆိုတာကို ႀကိဳမသိႏိုင္ပါဘူး။ သူက သူ႔ဘာသာ ေ႐ြးခ်ယ္မႈ ျပဳလုပ္ခဲ့တယ္။ အဆုံးမွာ ကြၽန္ေတာ္ ဘုတ္အဖြဲ႕နဲ႔ ေဆြးေႏြးခဲ့တယ္။ ေရာင္းမလား၊ မေရာင္းဘူးလားဆိုတာကိုေပါ့”

“သူဆက္ေနခဲ့တာက သူ႔အတြက္ တကယ္ပိုေကာင္းခဲ့တယ္လို႔ ထင္ပါတယ္။ သူ တိုးတက္လာေနတဲ့ပုံက အရမ္းေကာင္းတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူ ဒီရာသီ ပီအက္စ္ဗြီမွာ ပြဲထြက္စတင္ၿပီး ဆက္ၿပီး တိုးတက္ေနတယ္။ သူက အရမ္းကို အက်ိဳးသက္ေရာက္မႈရွိၿပီး အဆုံးအျဖတ္ေပးႏိုင္စြမ္းရွိပါတယ္။ ကမာၻ႔ဖလားမွာလည္း အဲဒီအတိုင္းပါပဲ။ ကြၽန္ေတာ္ အဲဒါကို ၾကည့္ရႈရတာ တကယ္ကို ေပ်ာ္႐ႊင္မိပါတယ္။ ေကာင္းေကာင္း လုပ္ႏိုင္ေနတာက အထူးသျဖင့္ ကိုဒီ ဂက္ခ္ပိုအတြက္ အရမ္းေကာင္းပါတယ္။ ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ ပီအက္စ္ဗြီနဲ႔ ဒတ္ခ်္ေဘာလုံးအတြက္လည္း ပါပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.