Premier League

ရော်နယ်လ်ဒိုထွက်ခွာမှုကို ပထမဆုံးအကြိမ် တုံ့ပြန်လိုက်တဲ့ ကက်စမီရို

ကက်စမီရိုဟာ ခရစ္စတီယာနို ရော်နယ်လ်ဒို မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာတာ မြင်တွေ့ရလို့ ဝမ်းနည်းတယ်လို့ ပြောကြားခဲ့ပေမယ့် ၎င်းရဲ့အသင်းဖော်ဟောင်း ဘာက သူ့အတွက် အကောင်းဆုံးလဲဆိုတာကို သိတယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်က ပီးယာ့စ် မော်ဂန်နဲ့ အငြင်းပွားဖွယ်အင်တာဗျူး ဖြေဆိုခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ စာချုပ်ကို လျင်လျင်မြန်မြန်ပဲ ဖျက်သိမ်းခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ လက်ရှိမှတော့ အသင်းသစ်ကို အလွတ်နဲ့ ပြောင်းရွှေ့နိုင်ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကလည်း လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးရဲ့နေရာမှာ အစားထိုးခေါ်ယူမှု ပြုလုပ်ဖို့အတွက် ရှာဖွေနေတာဖြစ်ပြီး ကက်စမီရိုက ရီးရဲလ်မက်ဒရစ်မှာ နှစ်ပေါင်းများစွာ အတူတူ တွဲကစားခဲ့ပြီးနောက်ပိုင်း ရော်နယ်လ်ဒိုနဲ့ ပြန်လည်ဆုံစည်းမှုက ခဏသာ ခံခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကစားသမားက မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုအပတ်မှာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးကို ဆုံးရှုံးလိုက်ရတာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပြီး ရော်နယ်လ်ဒိုထွက်ခွာမှုနဲ့ပတ်သက်ပြီး အသင်းဖော်ကို စကားပြောခဲ့လားလို့ မေးမြန်းခဲ့ချိန်မှာ အခုလိုပဲ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် သူနဲ့ စကားဘာမှ မပြောခဲ့ရပါဘူး ဒါပေမယ့် ခရစ္စတီယာနိုက တကယ်ကို အတွေ့အကြုံရှိတဲ့သူဖြစ်ပြီး သူ့ကစားသမားဘဝအတွက် ဘာကောင်းလဲဆိုတာကို သိပါတယ်။ ကျွန်တော်တို့ ဝမ်းနည်းနေကြတာ အမှန်ပါပဲ။ အထူးသဖြင့် မန်ချက်စတာမှာပေါ့။ ဘာလို့လဲဆိုတော့ ခင်ဗျားက သမိုင်းမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအကြောင်း ပြောနေတာမို့လို့ပါ”

“ခရစ္စတီယာနိုက အရွယ်ရောက်ပြီးသားဖြစ်ပြီး သူ့အတွက် ဘာက အကောင်းဆုံးလဲဆိုတာကို သိပါတယ်။ သူငယ်ချင်းတစ်ယောက်အနေနဲ့ သူ့ကို ကမ္ဘာပေါ်က အကောင်းဆုံးတွေ ဖြစ်လာပါစေလို့ ဆုတောင်းပေးပြီး ဘောလုံးနဲ့ပတ်သက်ပြီး အရာအားလုံး ကောင်းကောင်း ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့နဲ့ ရင်ဆိုင်ကစားတဲ့အချိန်တော့ မပါဘူးပေါ့”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကက္စမီ႐ိုဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒို မန္ခ်က္စတာယူႏိုက္တက္ကို စြန႔္ခြာတာ ျမင္ေတြ႕ရလို႔ ဝမ္းနည္းတယ္လို႔ ေျပာၾကားခဲ့ေပမယ့္ ၎ရဲ႕အသင္းေဖာ္ေဟာင္း ဘာက သူ႔အတြက္ အေကာင္းဆုံးလဲဆိုတာကို သိတယ္လို႔ ယုံၾကည္ေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့အပတ္က ပီးယာ့စ္ ေမာ္ဂန္နဲ႔ အျငင္းပြားဖြယ္အင္တာဗ်ဴး ေျဖဆိုခဲ့တဲ့ ေရာ္နယ္လ္ဒိုရဲ႕ စာခ်ဳပ္ကို လ်င္လ်င္ျမန္ျမန္ပဲ ဖ်က္သိမ္းခဲ့တာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ လက္ရွိမွေတာ့ အသင္းသစ္ကို အလြတ္နဲ႔ ေျပာင္းေ႐ႊ႕ႏိုင္ၿပီျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းကလည္း လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးရဲ႕ေနရာမွာ အစားထိုးေခၚယူမႈ ျပဳလုပ္ဖို႔အတြက္ ရွာေဖြေနတာျဖစ္ၿပီး ကက္စမီ႐ိုက ရီးရဲလ္မက္ဒရစ္မွာ ႏွစ္ေပါင္းမ်ားစြာ အတူတူ တြဲကစားခဲ့ၿပီးေနာက္ပိုင္း ေရာ္နယ္လ္ဒိုနဲ႔ ျပန္လည္ဆုံစည္းမႈက ခဏသာ ခံခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္ကြင္းလယ္ကစားသမားက မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယခုအပတ္မွာ ကမာၻေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးကို ဆုံးရႈံးလိုက္ရတာျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ၿပီး ေရာ္နယ္လ္ဒိုထြက္ခြာမႈနဲ႔ပတ္သက္ၿပီး အသင္းေဖာ္ကို စကားေျပာခဲ့လားလို႔ ေမးျမန္းခဲ့ခ်ိန္မွာ အခုလိုပဲ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ သူနဲ႔ စကားဘာမွ မေျပာခဲ့ရပါဘူး ဒါေပမယ့္ ခရစၥတီယာႏိုက တကယ္ကို အေတြ႕အႀကဳံရွိတဲ့သူျဖစ္ၿပီး သူ႔ကစားသမားဘဝအတြက္ ဘာေကာင္းလဲဆိုတာကို သိပါတယ္။ ကြၽန္ေတာ္တို႔ ဝမ္းနည္းေနၾကတာ အမွန္ပါပဲ။ အထူးသျဖင့္ မန္ခ်က္စတာမွာေပါ့။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားက သမိုင္းမွာ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအေၾကာင္း ေျပာေနတာမို႔လို႔ပါ”

“ခရစၥတီယာႏိုက အ႐ြယ္ေရာက္ၿပီးသားျဖစ္ၿပီး သူ႔အတြက္ ဘာက အေကာင္းဆုံးလဲဆိုတာကို သိပါတယ္။ သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ သူ႔ကို ကမာၻေပၚက အေကာင္းဆုံးေတြ ျဖစ္လာပါေစလို႔ ဆုေတာင္းေပးၿပီး ေဘာလုံးနဲ႔ပတ္သက္ၿပီး အရာအားလုံး ေကာင္းေကာင္း ျဖစ္ပါေစလို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္တို႔နဲ႔ ရင္ဆိုင္ကစားတဲ့အခ်ိန္ေတာ့ မပါဘူးေပါ့”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.