La Liga Premier League

မန်ယူနိုက်တက်တစ်သင်းတည်းကိုပဲ ပြောင်းရွှေ့ချင်တယ်ဆိုတဲ့ ဘာဆာလူငယ်ကြယ်ပွင့်

ဘာစီလိုနာလူငယ်ကြယ်ပွင့် အလက်ဟန်းဒရိုး ဘာလ်ဒီက အခြားလာလီဂါထိပ်သီးအသင်းကြီးတွေထက် ကစားပေးချင်တဲ့အသင်းအဖြစ် မန်ချက်စတာယူနိုက်တက်ကို သတ်မှတ်ခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် ဘယ်နောက်ခံလူဟာ ယခုရာသီမှာ ဇာဗီရဲ့ ပွဲထွက် လူစာရင်းထဲမှာ ယော်ဒီ အယ်လ်ဘာရဲ့နေရာကနေ လာလီဂါ ၁၄ ပွဲမှာ ၁၂ ပွဲအထိ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး ကိုယ့်ကိုကိုယ် သက်သေပြသနေသူဖြစ်ပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဘာလ်ဒီရဲ့ အထင်ကြီးဖွယ်ခြေစွမ်းက ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စပိန်လက်ရွေးစင်လူစာရင်းမှာ တစ်နေရာရရှိစေခဲ့တာဖြစ်ပြီး နူးကမ့်က အနာဂတ်ဟာ တောက်ပနေပုံပေါ်နေချိန်မှာ အဲရစ် တန်ဟက်ရဲ့ အသင်းအတွက် ကစားပေးချင်တဲ့ဆန္ဒရှိတယ်လို့ ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။

Mundo Deportivo နဲ့ TikTok လျှပ်တပြက် အမေးအဖြေကဏ္ဍမှာ ဘာလ်ဒီက ‘ဘာစီလိုနာအသင်းထက် ကစားပေးချင်တဲ့တခြားအသင်း’ကို မေးမြန်းခြင်းခံခဲ့ရချိန်မှာ ‘မန်ယူနိုက်တက်’လို့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဘာလ်ဒီရဲ့ ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့်လည်း အလွန်ကောင်းမွန်တဲ့ရာသီပိုင်ဆိုင်နေမှုက အသင်းအများအပြားကို ၎င်းရဲ့ တိုးတက်မှုအပေါ် စောင့်ကြည့်လာစေခဲ့တာဖြစ်ပါတယ်။

စပိန်က မကြာသေးမီက သတင်းတွေအရ ကစားသမားရဲ့ အေးဂျင့် ဂျော့ဂျ် မန်းဒက်စ်ဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပြီး ကတ်တလန်ထိပ်သီးအသင်းကြီးဟာ ကလပ်အသင်းပြိုင်ပွဲတွေ ပြန်လည်စတင်မယ့် ၂၀၂၃ ခုနှစ်အစောပိုင်းပိုင်းမှာ သဘောတူညီမှု ရရှိနိုင်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဇာဗီက ယခုရာသီ လူငယ်ကြယ်ပွင့်ရဲ့ အကျိုးသက်ရောက်မှုကို ချီးကျူး ပြောဆိုခဲ့ပြီး ဒီလို ငယ်ရွယ်တဲ့အသက်အရွယ်မှာ ပြသခဲ့တဲ့ အရည်အချင်းတွေကြောင့် အံ့အားသင့်ခဲ့ရတာ ဖြစ်ပါတယ်။

“ကျွန်တော် သူ့အတွက် ပျော်ရွှင်မိပါတယ်။ သူ့မှာ အရမ်းကောင်းတဲ့ အရည်အသွေးနဲ့ အမူအကျင့်မျိုးရှိပါတယ်။ အသက် ၁၈ နှစ်အရွယ်ကစားသမားက ဒီလို အဆင့်အတန်းမှာ ကစားနိုင်တယ်ဆိုတာက ကျွန်တော့်ကို အံ့အားသင့်စေတာ ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရလည်း သူက အံ့အားသင့်စရာကောင်းပြီး သူက ကျွန်တော်တို့ကို အများကြီး ပေးသွားတော့မှာပါ။ ကျွန်တော်တို့မှာ သူမတူအောင်ထူးခြားတဲ့အဆင့်အတန်းရှိတဲ့ ဘယ်နောက်ခံလူ ၃ ဦးရှိပြီး ယော်ဒီနဲ့ မားကို့စ်တို့လည်း ရှိနေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အလက်ဟန်းဒရိုး ဘာလ်ဒီကို ဆက်လက်ထိန်းသိမ်းထားဖို့ ဘာစီလိုနာအသင်းက ဆုံးဖြတ်ထားတာကြောင့် ၎င်းရဲ့ စာချုပ်ထဲမှာ စာချုပ်လျော်ကြေး ယူရိုသန်း ၅၀၀ ကို ထည့်သွင်းချုပ်ဆိုသွားမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာလည်း လုခ်ရှောနဲ့ နွေရာသီခေါ်ယူမှု တိုင်ရဲလ် မာလာစီယာတို့လို ကစားသမားကောင်းတွေ ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာလူငယ္ၾကယ္ပြင့္ အလက္ဟန္းဒ႐ိုး ဘာလ္ဒီက အျခားလာလီဂါထိပ္သီးအသင္းႀကီးေတြထက္ ကစားေပးခ်င္တဲ့အသင္းအျဖစ္ မန္ခ်က္စတာယူႏိုက္တက္ကို သတ္မွတ္ခဲ့ပါတယ္။

အသက္ ၁၉ ႏွစ္အ႐ြယ္ ဘယ္ေနာက္ခံလူဟာ ယခုရာသီမွာ ဇာဗီရဲ႕ ပြဲထြက္ လူစာရင္းထဲမွာ ေယာ္ဒီ အယ္လ္ဘာရဲ႕ေနရာကေန လာလီဂါ ၁၄ ပြဲမွာ ၁၂ ပြဲအထိ ပြဲထြက္ပါဝင္ကစားေပးခဲ့ၿပီး ကိုယ့္ကိုကိုယ္ သက္ေသျပသေနသူျဖစ္ၿပီး ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘာလ္ဒီရဲ႕ အထင္ႀကီးဖြယ္ေျခစြမ္းက ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ စပိန္လက္ေ႐ြးစင္လူစာရင္းမွာ တစ္ေနရာရရွိေစခဲ့တာျဖစ္ၿပီး ႏူးကမ့္က အနာဂတ္ဟာ ေတာက္ပေနပုံေပၚေနခ်ိန္မွာ အဲရစ္ တန္ဟက္ရဲ႕ အသင္းအတြက္ ကစားေပးခ်င္တဲ့ဆႏၵရွိတယ္လို႔ ဝန္ခံ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Mundo Deportivo နဲ႔ TikTok လွ်ပ္တျပက္ အေမးအေျဖက႑မွာ ဘာလ္ဒီက ‘ဘာစီလိုနာအသင္းထက္ ကစားေပးခ်င္တဲ့တျခားအသင္း’ကို ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ‘မန္ယူႏိုက္တက္’လို႔ တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။ ဘာလ္ဒီရဲ႕ ဘာစီလိုနာအသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ လက္ရွိစာခ်ဳပ္သက္တမ္းဟာ ၂၀၂၄ ခုႏွစ္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္လည္း အလြန္ေကာင္းမြန္တဲ့ရာသီပိုင္ဆိုင္ေနမႈက အသင္းအမ်ားအျပားကို ၎ရဲ႕ တိုးတက္မႈအေပၚ ေစာင့္ၾကည့္လာေစခဲ့တာျဖစ္ပါတယ္။

စပိန္က မၾကာေသးမီက သတင္းေတြအရ ကစားသမားရဲ႕ ေအးဂ်င့္ ေဂ်ာ့ဂ်္ မန္းဒက္စ္ဟာ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၿပီးျဖစ္တယ္လို႔ သိရၿပီး ကတ္တလန္ထိပ္သီးအသင္းႀကီးဟာ ကလပ္အသင္းၿပိဳင္ပြဲေတြ ျပန္လည္စတင္မယ့္ ၂၀၂၃ ခုႏွစ္အေစာပိုင္းပိုင္းမွာ သေဘာတူညီမႈ ရရွိႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။ ဇာဗီက ယခုရာသီ လူငယ္ၾကယ္ပြင့္ရဲ႕ အက်ိဳးသက္ေရာက္မႈကို ခ်ီးက်ဴး ေျပာဆိုခဲ့ၿပီး ဒီလို ငယ္႐ြယ္တဲ့အသက္အ႐ြယ္မွာ ျပသခဲ့တဲ့ အရည္အခ်င္းေတြေၾကာင့္ အံ့အားသင့္ခဲ့ရတာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ သူ႔အတြက္ ေပ်ာ္႐ႊင္မိပါတယ္။ သူ႔မွာ အရမ္းေကာင္းတဲ့ အရည္အေသြးနဲ႔ အမူအက်င့္မ်ိဳးရွိပါတယ္။ အသက္ ၁၈ ႏွစ္အ႐ြယ္ကစားသမားက ဒီလို အဆင့္အတန္းမွာ ကစားႏိုင္တယ္ဆိုတာက ကြၽန္ေတာ့္ကို အံ့အားသင့္ေစတာ ဘယ္ေတာ့မွ ရပ္တန႔္မွာ မဟုတ္ပါဘူး။ ႐ုပ္ပိုင္းဆိုင္ရာအရလည္း သူက အံ့အားသင့္စရာေကာင္းၿပီး သူက ကြၽန္ေတာ္တို႔ကို အမ်ားႀကီး ေပးသြားေတာ့မွာပါ။ ကြၽန္ေတာ္တို႔မွာ သူမတူေအာင္ထူးျခားတဲ့အဆင့္အတန္းရွိတဲ့ ဘယ္ေနာက္ခံလူ ၃ ဦးရွိၿပီး ေယာ္ဒီနဲ႔ မားကို႔စ္တို႔လည္း ရွိေနပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အလက္ဟန္းဒ႐ိုး ဘာလ္ဒီကို ဆက္လက္ထိန္းသိမ္းထားဖို႔ ဘာစီလိုနာအသင္းက ဆုံးျဖတ္ထားတာေၾကာင့္ ၎ရဲ႕ စာခ်ဳပ္ထဲမွာ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ိုသန္း ၅၀၀ ကို ထည့္သြင္းခ်ဳပ္ဆိုသြားမွာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းမွာလည္း လုခ္ေရွာနဲ႔ ေႏြရာသီေခၚယူမႈ တိုင္ရဲလ္ မာလာစီယာတို႔လို ကစားသမားေကာင္းေတြ ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.