Premier League Transfer News

အာဂျင်တီးနားသားသတ်သမားကို လိုချင်လာတဲ့ ဥရောပစူပါပါဝါအသင်းကြီး

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီကမှ အိုင်းယက်စ်ကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

အာဂျင်တီးနားလက်ရွေးစင်နောက်ခံကစားသမား မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ပေါင် ၅၆ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက မန်ချက်စတာယူနိုက်တက်အတွက် အလွန်ပြောင်မြောက်တဲ့ခြေစွမ်း ပြသနေခဲ့တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် နောက်ခံကစားသမားဟာ အိုးထရက်ဖို့ဒ်မှာ လျင်လျင်မြန်မြန်ပဲ ပရိသတ်တွေရဲ့ အချစ်တော်ကစားသမားဖြစ်လာခဲ့သူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်း ရာဖေးလ် ဗာရွမ်းနဲ့အတူ အလွန်ကောင်းမွန်တဲ့ ခံစစ်အတွဲကို ပုံဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အချိန်တော်တော်များများမှာ မာတီနက်ဇ်နဲ့ ဗာရွမ်းတို့ဟာ ကျော်ဖြတ်ဖို့ ခက်ခဲတဲ့ပုံ ပေါ်ခဲ့ပေမယ့်လည်း ပြင်သစ်နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဒဏ်ရာရရှိခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နောက်ဆုံးပွဲစဉ်အနည်းငယ်ကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ အရင်တုန်းကလည်း အပြောင်းအရွှေ့ အများအပြား လုပ်ခဲ့ဖူးပြီး စပိန်လာလီဂါထိပ်သီးအသင်းကြီးဟာ အိုးထရက်ဖို့ဒ်က ပါရမီရှင်အများအပြားကို ခေါ်ယူခဲ့ဖူးတာ ဖြစ်ပါတယ်။

ကက်စမီရိုနဲ့ ဗာရွမ်းတို့ဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ မန်ချက်စတာယူနိုက်တက်ကို နောက်ဆုံး ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားတွေဖြစ်ပြီး Defensa Central က ရီးရဲလ်မက်ဒရစ်ဟာ အာဂျင်တီးနားနောက်ခံလူအပေါ် အမှန်တကယ်စိတ်ဝင်စားနေတာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဂျာနယ်လစ်တစ်ဦးက မက်ဒရစ်ဟာ မန်ချက်စတာယူနိုက်တက်နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို စောင့်ကြည့်နေတယ်လို့ ပြောကြားခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းအနေနဲ့ နီမန်ညာ ဗီဒစ်နောက်ပိုင်း ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ ၎င်းတို့ရဲ့ အကောင်းဆုံးဗဟိုခံစစ်ကစားသမားကို ရောင်းချဖို့က မဖြစ်နိုင်ဖို့ များပါတယ်။

အဲရစ် တန်ဟက်ဟာ မာတီနက်ဇ်ကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ် ခေါ်ယူခဲ့တာဖြစ်ပြီး ဒတ်ချ်လူမျိုးနည်းပြဟာ အာဂျင်တီးနားနောက်ခံလူနဲ့ တွဲကစားနိုင်မယ့် နောက်ထပ် ဗဟိုခံစစ်ကစားသမားကို ထပ်မံခေါ်ယူချင်နေတယ်လို့ Tuttomercatoweb က ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီကမွ အိုင္းယက္စ္ကေန မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕လာခဲ့တဲ့ လီဆန္ဒ႐ို မာတီနက္ဇ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြအရ သိရပါတယ္။

အာဂ်င္တီးနားလက္ေ႐ြးစင္ေနာက္ခံကစားသမား မာတီနက္ဇ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကို ေပါင္ ၅၆ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက မန္ခ်က္စတာယူႏိုက္တက္အတြက္ အလြန္ေျပာင္ေျမာက္တဲ့ေျခစြမ္း ျပသေနခဲ့တာျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ အိုးထရက္ဖို႔ဒ္မွာ လ်င္လ်င္ျမန္ျမန္ပဲ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ကစားသမားျဖစ္လာခဲ့သူျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ေနာက္ခံလူေဟာင္း ရာေဖးလ္ ဗာ႐ြမ္းနဲ႔အတူ အလြန္ေကာင္းမြန္တဲ့ ခံစစ္အတြဲကို ပုံေဖာ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ မာတီနက္ဇ္နဲ႔ ဗာ႐ြမ္းတို႔ဟာ ေက်ာ္ျဖတ္ဖို႔ ခက္ခဲတဲ့ပုံ ေပၚခဲ့ေပမယ့္လည္း ျပင္သစ္ေနာက္ခံကစားသမားဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ဒဏ္ရာရရွိခဲ့တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ ေနာက္ဆုံးပြဲစဥ္အနည္းငယ္ကို လြဲေခ်ာ္ခဲ့တာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ဟာ အရင္တုန္းကလည္း အေျပာင္းအေ႐ႊ႕ အမ်ားအျပား လုပ္ခဲ့ဖူးၿပီး စပိန္လာလီဂါထိပ္သီးအသင္းႀကီးဟာ အိုးထရက္ဖို႔ဒ္က ပါရမီရွင္အမ်ားအျပားကို ေခၚယူခဲ့ဖူးတာ ျဖစ္ပါတယ္။

ကက္စမီ႐ိုနဲ႔ ဗာ႐ြမ္းတို႔ဟာ ရီးရဲလ္မက္ဒရစ္အသင္းကေန မန္ခ်က္စတာယူႏိုက္တက္ကို ေနာက္ဆုံး ေျပာင္းေ႐ႊ႕ခဲ့တဲ့ ကစားသမားေတြျဖစ္ၿပီး Defensa Central က ရီးရဲလ္မက္ဒရစ္ဟာ အာဂ်င္တီးနားေနာက္ခံလူအေပၚ အမွန္တကယ္စိတ္ဝင္စားေနတာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဂ်ာနယ္လစ္တစ္ဦးက မက္ဒရစ္ဟာ မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ လီဆန္ဒ႐ို မာတီနက္ဇ္ကို ေစာင့္ၾကည့္ေနတယ္လို႔ ေျပာၾကားခဲ့ၿပီး ပရီးမီးယားလိဂ္ကလပ္အသင္းအေနနဲ႔ နီမန္ညာ ဗီဒစ္ေနာက္ပိုင္း ၂၀၂၇ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးတဲ့ ၎တို႔ရဲ႕ အေကာင္းဆုံးဗဟိုခံစစ္ကစားသမားကို ေရာင္းခ်ဖို႔က မျဖစ္ႏိုင္ဖို႔ မ်ားပါတယ္။

အဲရစ္ တန္ဟက္ဟာ မာတီနက္ဇ္ကို ထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္ ေခၚယူခဲ့တာျဖစ္ၿပီး ဒတ္ခ်္လူမ်ိဳးနည္းျပဟာ အာဂ်င္တီးနားေနာက္ခံလူနဲ႔ တြဲကစားႏိုင္မယ့္ ေနာက္ထပ္ ဗဟိုခံစစ္ကစားသမားကို ထပ္မံေခၚယူခ်င္ေနတယ္လို႔ Tuttomercatoweb က ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.