Premier League

ရီးရဲလ်နဲ့ဘိုင်ယန်တို့ခေါ်ချင်နေတဲ့ ကြယ်ပွင့်ကို ရူးသွပ်ချင်စရာစာချုပ်ကမ်းလှမ်းမယ့် စပါးစ်

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ သတင်းတွေထွက်ပေါ်နေတဲ့ ဟာရီ ကိန်းကို စာချုပ်သစ် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

သြဂုတ်လတုန်းက Defensa Central ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်နွေရာသီမှာ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ ရှာဖွေနေတယ်လို့ သိရပါတယ်။

တစ်ဆက်တည်းမှာပဲ Football365 ရဲ့ သတင်းအရ ဟာရီ ကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေတယ်လို့ သိရပြီး အင်္ဂလန်တိုက်စစ်မှူးရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

အဲဒါကြောင့် တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဟာရီ ကိန်းကို ကြီးမားတဲ့ စာချုပ်သစ် ကမ်းလှမ်းမှု ပြုလုပ်ဖို့ လိုအပ်မယ်ဆိုတာကို သိရှိနေတာဖြစ်တယ်လို့ Football Insider က ဖော်ပြခဲ့ပြီး အင်္ဂလန်အသင်းခေါင်းဆောင်ဟာ လက်ရှိမှာ တပတ်လုပ်ခလစာ ပေါင် ၂ သိန်းရရှိနေတဲ့အတွက် တခြားကလပ်အသင်းတွေက အင်္ဂလန်အသင်းဖော်တွေနဲ့နှိုင်းယှဉ်ရင် တော်တော်လေးနည်းပါးနေတာဖြစ်ပါတယ်။

ရာဟင်း စတားလင်းဟာ ချဲလ်ဆီးအသင်းမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၃ သိန်း၊ ဂျက်ခ် ဂရီးလစ်ရှ်က မန်စီးတီးမှာ တစ်ပတ်လုပ်ခလစာပေါင် ၃၅၀၀၀၀ ရရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် တော့တင်ဟမ်ဟော့စပါးဟာ ဟာရီ ကိန်းကို ကြီးမားတဲ့စာချုပ်သစ် ကမ်းလှမ်းသွားဖို့ ကြိုးပမ်းနေတာဖြစ်ပေမယ့်လည်း အင်္ဂလန်ကြယ်ပွင့်ဟာ ကမ္ဘာ့ဖလားအပြီးမှာ ဖြစ်လာဖို့ ရှိတဲ့ ပြောဆိုဆွေးနွေးမှုတွေအတွက် တွန်းအားပေးခဲ့တာဖြစ်ပါတယ်။

ဟာရီ ကိန်းရဲ့ အနာဂတ်ဟာ လာမယ့် ၂၀၂၃ ခုနှစ် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် နည်းပြ အန်တိုနီယို ကွန်တီရဲ့အပေါ်မှာလည်း မူတည်နေတာဖြစ်ပြီး စပါးစ်တိုက်စစ်မှူးရဲ့ ကိုယ်စားလှယ်တွေဟာ ၎င်းတို့ စာချုပ်သစ် မချုပ်ဆိုခင် ကွန်တီရဲ့ စာချုပ်သစ်အခြေအနေကို စောင့်ကြည့်သွားချင်နေတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ဘိုင္ယန္ျမဴးနစ္၊ ရီးရဲလ္မက္ဒရစ္တို႔နဲ႔ သတင္းေတြထြက္ေပၚေနတဲ့ ဟာရီ ကိန္းကို စာခ်ဳပ္သစ္ ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ၾသဂုတ္လတုန္းက Defensa Central ရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္ဟာ လာမယ့္ေႏြရာသီမွာ ဂိုးသြင္းေကာင္းတဲ့ တိုက္စစ္မႉးတစ္ဦး ေခၚယူဖို႔ ရွာေဖြေနတယ္လို႔ သိရပါတယ္။

တစ္ဆက္တည္းမွာပဲ Football365 ရဲ႕ သတင္းအရ ဟာရီ ကိန္းဟာ ဘိုင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ အခိုင္အမာထြက္ေပၚေနတယ္လို႔ သိရၿပီး အဂၤလန္တိုက္စစ္မႉးရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းဟာ ၂၀၂၄ ခုႏွစ္မွာ သက္တမ္းကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ဟာရီ ကိန္းကို ႀကီးမားတဲ့ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈ ျပဳလုပ္ဖို႔ လိုအပ္မယ္ဆိုတာကို သိရွိေနတာျဖစ္တယ္လို႔ Football Insider က ေဖာ္ျပခဲ့ၿပီး အဂၤလန္အသင္းေခါင္းေဆာင္ဟာ လက္ရွိမွာ တပတ္လုပ္ခလစာ ေပါင္ ၂ သိန္းရရွိေနတဲ့အတြက္ တျခားကလပ္အသင္းေတြက အဂၤလန္အသင္းေဖာ္ေတြနဲ႔ႏႈိင္းယွဥ္ရင္ ေတာ္ေတာ္ေလးနည္းပါးေနတာျဖစ္ပါတယ္။

ရာဟင္း စတားလင္းဟာ ခ်ဲလ္ဆီးအသင္းမွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၃ သိန္း၊ ဂ်က္ခ္ ဂရီးလစ္ရွ္က မန္စီးတီးမွာ တစ္ပတ္လုပ္ခလစာေပါင္ ၃၅၀၀၀၀ ရရွိေနတာျဖစ္ပါတယ္။

ဒါေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးဟာ ဟာရီ ကိန္းကို ႀကီးမားတဲ့စာခ်ဳပ္သစ္ ကမ္းလွမ္းသြားဖို႔ ႀကိဳးပမ္းေနတာျဖစ္ေပမယ့္လည္း အဂၤလန္ၾကယ္ပြင့္ဟာ ကမာၻ႔ဖလားအၿပီးမွာ ျဖစ္လာဖို႔ ရွိတဲ့ ေျပာဆိုေဆြးေႏြးမႈေတြအတြက္ တြန္းအားေပးခဲ့တာျဖစ္ပါတယ္။

ဟာရီ ကိန္းရဲ႕ အနာဂတ္ဟာ လာမယ့္ ၂၀၂၃ ခုႏွစ္ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ နည္းျပ အန္တိုနီယို ကြန္တီရဲ႕အေပၚမွာလည္း မူတည္ေနတာျဖစ္ၿပီး စပါးစ္တိုက္စစ္မႉးရဲ႕ ကိုယ္စားလွယ္ေတြဟာ ၎တို႔ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုခင္ ကြန္တီရဲ႕ စာခ်ဳပ္သစ္အေျခအေနကို ေစာင့္ၾကည့္သြားခ်င္ေနတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.