Match Report Premier League

ဘရာဇီးလ္သားေတြ ေျခစြမ္းျပၿပီး အေဝးကြင္းမွာ အဖြင့္လွခဲ့တဲ့ အာဆင္နယ္ရဲ႕ႏုိင္ပြဲ

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာေတာ့ လန္ဒန္ဒါဘီ အေသးစားတစ္ပြဲျဖစ္တဲ့ တစ္ၿမဳိ႕တည္းသားၿပဳိင္ဘက္ တန္းတက္ ဖူလ္ဟမ္ကို သုံးဂိုး-ဂိုးမရွိနဲ႔ အႏုိင္ယူၿပီး ရာသီသစ္မွာ အဖြင့္လွႏိုင္ခဲ့ၾကပါတယ္။ ဒီေန႔ပြဲမွာ ဂန္းနားေတြအတြက္ ကစားသမားသစ္ႏွစ္ဦးျဖစ္တဲ့ ဂါဘရီယယ္လ္ မာဂါလိုင္စ္နဲ႔ ဝီလီယန္တုိ႔ ပြဲထြက္ခဲ့ၾကပါတယ္။

အာတီတာရဲ႕ ၃-၄-၃ နဲ႔ ၄-၃-၃ ကို လိုအပ္သလို ေျပာင္းလဲကစားခဲ့တဲ့ ကစားကြက္ကို ေက်ညက္ခဲ့ၾကတဲ့ အာဆင္နယ္တို႔ကို ဖူလ္ဟမ္တုိ႔အေနနဲ႔ အိမ္ကြင္းေပမယ့္ ဒုကၡေပးႏုိင္စြမ္း နည္းခဲ့ၿပီး ပြဲခ်ိန္ ၈ မိနစ္မွာေတာ့ ခ်ာကာရဲ႕ ကန္ခ်က္က လွ်ံထြက္လာတာကို ဝီလီယန္ပိတ္လို႔ ျပန္ထြက္လာတာကို လာကာဇက္က အလိုက္သင့္ ကန္သြင္းၿပီး ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ဖူလ္ဟမ္တုိ႔ ျပန္လည္တုိက္စစ္ဆင္ေပမယ့္ အခြင့္အေရးနည္းခဲ့ၿပီး အယ္လ္နန္နီ၊ ခ်ာကာ၊ ဝီလီယန္နဲ႔ အူဘာမီယန္းတုိ႔ရဲ႕ အခြင့္အေရးေတြက ဂိုးမျဖစ္ခဲ့လို႔သာ အိမ္ရွင္ေတြ သက္သာခဲ့ရတာျဖစ္သလို ဝီလီယန္ရဲ႕ ၂၇ မိနစ္ ဖရီးကစ္က လွပခဲ့ေပမယ့္ တုိင္ထိထြက္ခဲ့လို႔ သူ႕ရဲ႕ ပြဲဦးထြက္ဂိုးနဲ႔ေတာ့ ေဝးခဲ့ရၿပီး ပထမပုိင္းကို အာဆင္နယ္တုိ႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပုိင္းစၿပီး မၾကာခင္မွာပဲ ဒုတိယဦးေဆာင္ဂိုးကို ဧည့္သည္ေတြ ရယူႏုိင္ခဲ့ၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ ဒီေန႔အတြက္ သူတုိ႔ရဲ႕ ပထမဆုံးေထာင့္ကန္ေဘာကေန ဘရာဇီးလ္သားခ်င္း ဆက္သြယ္မွဳအျဖစ္ ဝီလီယန္ ကန္တင္ေပးတာကို ဂါဘရီယယ္လ္ မာဂါလိုင္စ္က ေနရာယူမွန္မွန္နဲ႔ ေခါင္းတုိက္သြင္းယူႏုိင္ခဲ့လို႔ အာဆင္နယ္တုိ႔ ယုံၾကည္မွဳကို ခုိင္ခိုင္မာမာ တည္ေဆာက္ႏုိင္ခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ အာဆင္နယ္တုိ႔ ကစားပုံ ပုိေကာင္းလာခဲ့ၿပီး တုိက္စစ္တြဲလုံးေတြ ပိုေကာင္းလာခဲ့သလုိ ညာျခမ္းက ဝီလီယန္နဲ႔ ဘယ္လာရင္တုိ႔ကေတာ့ အဓိက ၿခိမ္းေျခာက္ႏုိင္တဲ့ လက္နက္ျဖစ္ခဲ့ၿပီး ကြင္းလယ္နဲ႔ ေနာက္တန္းကို ဖူလ္ဟမ္တုိ႔ မထိုးေဖာက္ႏုိင္တာနဲ႔အမွ် တန္ျပန္ တုိက္စစ္ကေန ဧည့္သည္ေတြ ပုိမို တုိက္စစ္ဆင္ႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန ညာျခမ္းကို ေဘာလုံးဆင္းယူတဲ့ လာကာဇက္ကို ဖူလ္ဟမ္ရဲ႕ ဟက္တာ ဆြဲလွဲခဲ့ခ်ိန္မွာ ဒိုင္လူႀကီးက ဆက္ကစားဖို႔ အခ်က္ျပလုိက္တာက အာဆင္နယ္အတြက္ အခြင့္အေရးျဖစ္သြားခဲ့ၿပီး ဝီလီယန္က ဘယ္ေတာင္ပံမွာ လြတ္ေနတဲ့ အူဘာမီယန္းဆီ ျဖတ္တင္ေပးလုိက္တာမွာ ဂါဘြန္တုိက္စစ္မွဴးက သူ႕ရဲ႕ ကန္ေနက်ပုံစံအတုိင္းပဲ အေဝးတုိင္ဘက္ကို ကန္သြင္းယူႏုိင္ခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ဖူလ္ဟမ္တုိ႔ ကစားအားတင္ဖို႔ ႀကဳိးစားခဲ့ေပမယ့္ အာဆင္နယ္ေနာက္တန္းက ဂါဘရီယယ္လ္ရဲ႕ ေျခစြမ္းျပမွဳေတြနဲ႔ ထိန္းခ်ဳပ္သြားႏိုင္ခဲ့သလို တန္ျပန္တုိက္စစ္က အခြင့္အေရးေတြ ဂိုးမျဖစ္ခဲ့လို႔သာ သုံးဂိုး-ဂိုးမရွိနဲ႔ ပြဲၿပီးခဲ့ရတာျဖစ္ၿပီး ၂၀၀၉-၁၀ ရာသီေနာက္ပုိင္း ပထမဆုံး အဖြင့္ပြဲကို ႏွစ္ရာသီထက္ အႏုိင္ရတဲ့ မွတ္တမ္းနဲ႔အတူ မန္ေနဂ်ာ အာတီတာရဲ႕အသင္းအတြက္ အစေကာင္းႏုိင္ခဲ့ပါေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာတော့ လန်ဒန်ဒါဘီ အသေးစားတစ်ပွဲဖြစ်တဲ့ တစ်မြို့တည်းသားပြိုင်ဘက် တန်းတက် ဖူလ်ဟမ်ကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီး ရာသီသစ်မှာ အဖွင့်လှနိုင်ခဲ့ကြပါတယ်။ ဒီနေ့ပွဲမှာ ဂန်းနားတွေအတွက် ကစားသမားသစ်နှစ်ဦးဖြစ်တဲ့ ဂါဘရီယယ်လ် မာဂါလိုင်စ်နဲ့ ဝီလီယန်တို့ ပွဲထွက်ခဲ့ကြပါတယ်။

အာတီတာရဲ့ ၃-၄-၃ နဲ့ ၄-၃-၃ ကို လိုအပ်သလို ပြောင်းလဲကစားခဲ့တဲ့ ကစားကွက်ကို ကျေညက်ခဲ့ကြတဲ့ အာဆင်နယ်တို့ကို ဖူလ်ဟမ်တို့အနေနဲ့ အိမ်ကွင်းပေမယ့် ဒုက္ခပေးနိုင်စွမ်း နည်းခဲ့ပြီး ပွဲချိန် ၈ မိနစ်မှာတော့ ချာကာရဲ့ ကန်ချက်က လျှံထွက်လာတာကို ဝီလီယန်ပိတ်လို့ ပြန်ထွက်လာတာကို လာကာဇက်က အလိုက်သင့် ကန်သွင်းပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။

ဖူလ်ဟမ်တို့ ပြန်လည်တိုက်စစ်ဆင်ပေမယ့် အခွင့်အရေးနည်းခဲ့ပြီး အယ်လ်နန်နီ၊ ချာကာ၊ ဝီလီယန်နဲ့ အူဘာမီယန်းတို့ရဲ့ အခွင့်အရေးတွေက ဂိုးမဖြစ်ခဲ့လို့သာ အိမ်ရှင်တွေ သက်သာခဲ့ရတာဖြစ်သလို ဝီလီယန်ရဲ့ ၂၇ မိနစ် ဖရီးကစ်က လှပခဲ့ပေမယ့် တိုင်ထိထွက်ခဲ့လို့ သူ့ရဲ့ ပွဲဦးထွက်ဂိုးနဲ့တော့ ဝေးခဲ့ရပြီး ပထမပိုင်းကို အာဆင်နယ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းစပြီး မကြာခင်မှာပဲ ဒုတိယဦးဆောင်ဂိုးကို ဧည့်သည်တွေ ရယူနိုင်ခဲ့ပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ ဒီနေ့အတွက် သူတို့ရဲ့ ပထမဆုံးထောင့်ကန်ဘောကနေ ဘရာဇီးလ်သားချင်း ဆက်သွယ်မှုအဖြစ် ဝီလီယန် ကန်တင်ပေးတာကို ဂါဘရီယယ်လ် မာဂါလိုင်စ်က နေရာယူမှန်မှန်နဲ့ ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ အာဆင်နယ်တို့ ယုံကြည်မှုကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်တို့ ကစားပုံ ပိုကောင်းလာခဲ့ပြီး တိုက်စစ်တွဲလုံးတွေ ပိုကောင်းလာခဲ့သလို ညာခြမ်းက ဝီလီယန်နဲ့ ဘယ်လာရင်တို့ကတော့ အဓိက ခြိမ်းခြောက်နိုင်တဲ့ လက်နက်ဖြစ်ခဲ့ပြီး ကွင်းလယ်နဲ့ နောက်တန်းကို ဖူလ်ဟမ်တို့ မထိုးဖောက်နိုင်တာနဲ့အမျှ တန်ပြန် တိုက်စစ်ကနေ ဧည့်သည်တွေ ပိုမို တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ညာခြမ်းကို ဘောလုံးဆင်းယူတဲ့ လာကာဇက်ကို ဖူလ်ဟမ်ရဲ့ ဟက်တာ ဆွဲလှဲခဲ့ချိန်မှာ ဒိုင်လူကြီးက ဆက်ကစားဖို့ အချက်ပြလိုက်တာက အာဆင်နယ်အတွက် အခွင့်အရေးဖြစ်သွားခဲ့ပြီး ဝီလီယန်က ဘယ်တောင်ပံမှာ လွတ်နေတဲ့ အူဘာမီယန်းဆီ ဖြတ်တင်ပေးလိုက်တာမှာ ဂါဘွန်တိုက်စစ်မှူးက သူ့ရဲ့ ကန်နေကျပုံစံအတိုင်းပဲ အဝေးတိုင်ဘက်ကို ကန်သွင်းယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဖူလ်ဟမ်တို့ ကစားအားတင်ဖို့ ကြိုးစားခဲ့ပေမယ့် အာဆင်နယ်နောက်တန်းက ဂါဘရီယယ်လ်ရဲ့ ခြေစွမ်းပြမှုတွေနဲ့ ထိန်းချုပ်သွားနိုင်ခဲ့သလို တန်ပြန်တိုက်စစ်က အခွင့်အရေးတွေ ဂိုးမဖြစ်ခဲ့လို့သာ သုံးဂိုး-ဂိုးမရှိနဲ့ ပွဲပြီးခဲ့ရတာဖြစ်ပြီး ၂၀၀၉-၁၀ ရာသီနောက်ပိုင်း ပထမဆုံး အဖွင့်ပွဲကို နှစ်ရာသီထက် အနိုင်ရတဲ့ မှတ်တမ်းနဲ့အတူ မန်နေဂျာ အာတီတာရဲ့အသင်းအတွက် အစကောင်းနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.